UCL&UEL

လီဗာပူးလ်ကို စပရိုက်တိုက်ခဲ့တဲ့အကြောင်းကိုရှင်းပြခဲ့တဲ့ အန်ချယ်လော့တီ

ရီးရဲလ်မက်ဒရစ်အသင်းဟာ ဗုဒ္ဓဟူးနေ့ညမှာ လီဗာပူးလ်အသင်းကို ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက် ဒုတိယအကျော့မှာ ၁-၀ နဲ့ အနိုင်ရရှိခဲ့ပြီး ၂ ကျော့ပေါင်း ၆-၂ နဲ့ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ပြီးနောက် You’ll Never Walk Alone’ သီချင်းကို ဖွင့်ခဲ့တာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်နည်းပြ အန်ချယ်လော့တီဟာ အဲဒီဆုံးဖြတ်ချက်ဟာ အိမ်ရှင်အသင်းဆီကနေ လီဗာပူးလ်ကို လေးစားမှု ပြသတာဖြစ်တယ်လီု့ ပြောကြားခဲ့ပြီး လာလီဂါချန်ပီယံတွေဟာ ၇၈ မိနစ်မှာ ကာရင် ဘန်ဇီးမားသွင်းယူပေးခဲ့တဲ့ ဂိုးကြောင့် ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့ည ပွဲမကစားခင်ကတည်းကတောင်မှ ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်ဟာ ပထမအကျော့တုန်းက ရီးရဲလ်မက်ဒရစ်အသင်းက လီဗာပူးလ်အိမ်ကွင်းမှာ ၅-၂ နဲ့ အပြတ်အသတ် အနိုင်ယူနိုင်ခ့ပြီးနောက် အဖြေထွက်နေခဲ့ပြီးသား ဖြစ်ပါတယ်။

အိမ်ရှင်အသင်းဟာ ပွဲအပြီးမှာတော့ ကွင်းထဲမှာ You’ll Never Walk Alone’ သီချင်းကို ဖွင့်ပေးခဲ့ပြီး ၎င်းတို့ရဲ့ ပြိုင်ဘက်အသင်းကို အဆင့်အတန်းရှိတဲ့ ဂုဏ်ပြုမှု ပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

အစပိုင်းတုန်းက ပရိသတ်အချို့ကြားထဲမှာ ၂ ကျော့ပေါင်း ၆-၂ နဲ့ အနိုင်ယူခဲ့တဲ့ ပြိုင်ဘက်တွေအပေါ် လေးစားမှု မရှိတဲ့လုပ်ရပ်အဖြစ် ရှုမြင်ခဲ့ကြတာဖြစ်ပေမယ့် ပွဲပြီး အင်တာဗျူးမှာ အန်ချယ်လော့တီက ပွဲအပြီးမှာ လီဗာပူးလ်ရဲ့သီချင်းဖွင့်ခဲ့တဲ့အကြောင်းကို ရှင်းလင်းခဲ့တာဖြစ်ပါတယ်။

“အရမ်းကောင်းခဲ့တဲ့ လီဗာပူးလ်အသင်းကို ဂုဏ်ပြုတာပါ။ ဘာလို့လဲဆိုတော့ သူတို့က လူကြီးလူကောင်း ကလပ်အသင်းမို့လို့ပါ။ သူတို့တွေက ပထမအကျော့တုန်းက အာမန်စီယိုကို ဂုဏ်ပြုပေးခဲ့ပြီး ကျွန်တော်တို့ကလပ်ကလည်း ကောင်းမွန်တဲ့ အပြုအမူ သူတို့ကို ပြန်လုပ်ပေးခဲ့တာပါ။ ”လို့ ပြောကြားခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလတုန်းက အန်းဖီးမှာ ကစားခဲ့တဲ့ ပထမအကျော့ပွဲစဉ်တုန်းက အသက် ၈၃ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့တဲ့ ရီးရဲလ်မက်ဒရစ်ဂန္တဝင် အာမန်စီယို အာမာရိုအတွက် ဂုဏ်ပြုတဲ့အနေနဲ့ ပန်းခွေချပေးခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ရီးရဲလ္မက္ဒရစ္အသင္းဟာ ဗုဒၶဟူးေန႔ညမွာ လီဗာပူးလ္အသင္းကို ခ်န္ပီယံလိဂ္ ၁၆ သင္းရႈံးထြက္ ဒုတိယအေက်ာ့မွာ ၁-၀ နဲ႔ အႏိုင္ရရွိခဲ့ၿပီး ၂ ေက်ာ့ေပါင္း ၆-၂ နဲ႔ ကြာတားဖိုင္နယ္အဆင့္ကို တက္ေရာက္ႏိုင္ခဲ့ၿပီးေနာက္ You’ll Never Walk Alone’ သီခ်င္းကို ဖြင့္ခဲ့တာျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္နည္းျပ အန္ခ်ယ္ေလာ့တီဟာ အဲဒီဆုံးျဖတ္ခ်က္ဟာ အိမ္ရွင္အသင္းဆီကေန လီဗာပူးလ္ကို ေလးစားမႈ ျပသတာျဖစ္တယ္လီု႔ ေျပာၾကားခဲ့ၿပီး လာလီဂါခ်န္ပီယံေတြဟာ ၇၈ မိနစ္မွာ ကာရင္ ဘန္ဇီးမားသြင္းယူေပးခဲ့တဲ့ ဂိုးေၾကာင့္ ကြာတားဖိုင္နယ္အဆင့္ကို တက္လွမ္းသြားႏိုင္ခဲ့ၿပီ ျဖစ္ပါတယ္။

ဗုဒၶဟူးေန႔ည ပြဲမကစားခင္ကတည္းကေတာင္မွ ၁၆ သင္းရႈံးထြက္အဆင့္ပြဲစဥ္ဟာ ပထမအေက်ာ့တုန္းက ရီးရဲလ္မက္ဒရစ္အသင္းက လီဗာပူးလ္အိမ္ကြင္းမွာ ၅-၂ နဲ႔ အျပတ္အသတ္ အႏိုင္ယူႏိုင္ခ့ၿပီးေနာက္ အေျဖထြက္ေနခဲ့ၿပီးသား ျဖစ္ပါတယ္။

အိမ္ရွင္အသင္းဟာ ပြဲအၿပီးမွာေတာ့ ကြင္းထဲမွာ You’ll Never Walk Alone’ သီခ်င္းကို ဖြင့္ေပးခဲ့ၿပီး ၎တို႔ရဲ႕ ၿပိဳင္ဘက္အသင္းကို အဆင့္အတန္းရွိတဲ့ ဂုဏ္ျပဳမႈ ျပဳလုပ္ဖို႔ ဆုံးျဖတ္ခဲ့တာ ျဖစ္ပါတယ္။

အစပိုင္းတုန္းက ပရိသတ္အခ်ိဳ႕ၾကားထဲမွာ ၂ ေက်ာ့ေပါင္း ၆-၂ နဲ႔ အႏိုင္ယူခဲ့တဲ့ ၿပိဳင္ဘက္ေတြအေပၚ ေလးစားမႈ မရွိတဲ့လုပ္ရပ္အျဖစ္ ရႈျမင္ခဲ့ၾကတာျဖစ္ေပမယ့္ ပြဲၿပီး အင္တာဗ်ဴးမွာ အန္ခ်ယ္ေလာ့တီက ပြဲအၿပီးမွာ လီဗာပူးလ္ရဲ႕သီခ်င္းဖြင့္ခဲ့တဲ့အေၾကာင္းကို ရွင္းလင္းခဲ့တာျဖစ္ပါတယ္။

“အရမ္းေကာင္းခဲ့တဲ့ လီဗာပူးလ္အသင္းကို ဂုဏ္ျပဳတာပါ။ ဘာလို႔လဲဆိုေတာ့ သူတို႔က လူႀကီးလူေကာင္း ကလပ္အသင္းမို႔လို႔ပါ။ သူတို႔ေတြက ပထမအေက်ာ့တုန္းက အာမန္စီယိုကို ဂုဏ္ျပဳေပးခဲ့ၿပီး ကြၽန္ေတာ္တို႔ကလပ္ကလည္း ေကာင္းမြန္တဲ့ အျပဳအမူ သူတို႔ကို ျပန္လုပ္ေပးခဲ့တာပါ။ ”လို႔ ေျပာၾကားခဲ့ပါတယ္။

လီဗာပူးလ္အသင္းဟာ ၿပီးခဲ့တဲ့ေဖေဖာ္ဝါရီလတုန္းက အန္းဖီးမွာ ကစားခဲ့တဲ့ ပထမအေက်ာ့ပြဲစဥ္တုန္းက အသက္ ၈၃ ႏွစ္အ႐ြယ္မွာ ကြယ္လြန္သြားခဲ့တဲ့ ရီးရဲလ္မက္ဒရစ္ဂႏၲဝင္ အာမန္စီယို အာမာ႐ိုအတြက္ ဂုဏ္ျပဳတဲ့အေနနဲ႔ ပန္းေခြခ်ေပးခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.