Ligue1 Premier League

GOAT အငြင်းအခုံမှာ အသင်းဖော်ဟောင်းရဲ့ ပလစ်ခြင်းခံခဲ့ရတဲ့ ရော်နယ်လ်ဒို

ခရစ္စတီယာနို ရော်နယ်လ်ိဒုနဲ့ လီယွန်နယ် မက်ဆီတို့ထဲက ဘယ်သူက တသက်တာအကောင်းဆုံးကစားသမားလဲဆိုတဲ့ အငြင်းအခုံဟာ ကာလရှည်တည်ရှိနေခဲ့တာဖြစ်ပါတယ်။

ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ပိုမို နှစ်သက်သူတွေကတော့ ပေါ်တူဂီကြယ်ပွင့်သာ တသက်တာအကောင်းဆုံးကစားသမားလို့ ယူဆကြပြီး အာဂျင်တီးနားကြယ်ပွင့်ကို ပိုမိုနှစ်သက်သူတွေကတော့ မက်ဆီသာ အကောင်းဆုံးလို့ သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းမှာ ပီအက်စ်ဂျီအသင်း ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီးနောက် ကစားသမားတစ်ဦးက လီယွန်နယ် မက်ဆီသာ ရော်နယ်လ်ဒိုလိုမျိုး ဇွဲလုံ့လသာရှိရင် ဘလွန်ဒေါ ၁၅ ဆုလောက် ရှိနေခဲ့လိမ့်မယ် ပြောကြားခဲ့တာဖြစ်ပါတယ်။

နောက်ထပ်ရက်အနည်းငယ်အကြာမှာ အယ်လ် အစ်တီဟတ်ပရိသတ်တွေဟာ အယ်လ်နာဆာကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ခရစ္စတီယာနို ရော်နယ်လ်ဒိုကို အာဂျင်တီးနားကြယ်ပွင့်ရဲ့နာမည်ကို အော်ဟစ်ပြီး စိတ်အနှောင့်အယှက်ပေးခဲ့ကြတာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုနဲ့ လီယွန်နယ် မက်ဆီတို့ ၂ ဦးစလုံးဟာ ကစားသမားဘဝတလျှောက်လုံး အကောင်းဆုံးကစားသမား ၂ ဦးဖြစ်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ပေါ်တူဂီကြယ်ပွင့်ရဲ့ အသင်းဖော်ဟောင်းဖြစ်တဲ့ ကီရန် ရစ်ချက်ဆင်က ၎င်းရဲ့ ထင်မြင်ချက်ကို ပြောကြားလိုက်ပြီဖြစ်ပါတယ်။

“သူတို့ ၂ ယောက်စလုံးက GOAT တွေပါ။ ဒါပေမယ့် ကျွန်တော် တစ်ယောက်ကို ရွေးချယ်ရမယ်ဆိုရင် မက်ဆီကိုပဲ ရွေးချယ်ရမှာပါ။ ကျွန်တော် ရော်နယ်လ်ဒိုကို သိနေပေမယ့်လည်း သူနဲ့ အတူတူ ကစားခဲ့ပေမယ့်လည်း သူ့ကို ချစ်မြတ်နိုးပေမယ့်လည်းပေါ့။”လို့ ပြောကြားခဲ့ပါတယ်။

လီယွန်နယ် မက်ဆီဟာ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းကို ၂၆ နှစ်ကြာ ဝေးကွာနေတဲ့ ကမ္ဘာ့ဖလားအောင်မြင်မှု ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီးနောက် တသက်တာအကောင်းဆုံးကစားသမားလို့ အများစုရဲ့ သတ်မှတ်ခြင်း ခံခဲ့ရတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခရစၥတီယာႏို ေရာ္နယ္လ္ိဒုနဲ႔ လီယြန္နယ္ မက္ဆီတို႔ထဲက ဘယ္သူက တသက္တာအေကာင္းဆုံးကစားသမားလဲဆိုတဲ့ အျငင္းအခုံဟာ ကာလရွည္တည္ရွိေနခဲ့တာျဖစ္ပါတယ္။

ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကို ပိုမို ႏွစ္သက္သူေတြကေတာ့ ေပၚတူဂီၾကယ္ပြင့္သာ တသက္တာအေကာင္းဆုံးကစားသမားလို႔ ယူဆၾကၿပီး အာဂ်င္တီးနားၾကယ္ပြင့္ကို ပိုမိုႏွစ္သက္သူေတြကေတာ့ မက္ဆီသာ အေကာင္းဆုံးလို႔ သတ္မွတ္ခဲ့တာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ပီအက္စ္ဂ်ီအသင္း ခ်န္ပီယံလိဂ္ၿပိဳင္ပြဲကေန ထြက္ခြာခဲ့ရၿပီးေနာက္ ကစားသမားတစ္ဦးက လီယြန္နယ္ မက္ဆီသာ ေရာ္နယ္လ္ဒိုလိုမ်ိဳး ဇြဲလုံ႔လသာရွိရင္ ဘလြန္ေဒါ ၁၅ ဆုေလာက္ ရွိေနခဲ့လိမ့္မယ္ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ေနာက္ထပ္ရက္အနည္းငယ္အၾကာမွာ အယ္လ္ အစ္တီဟတ္ပရိသတ္ေတြဟာ အယ္လ္နာဆာကို အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကို အာဂ်င္တီးနားၾကယ္ပြင့္ရဲ႕နာမည္ကို ေအာ္ဟစ္ၿပီး စိတ္အေႏွာင့္အယွက္ေပးခဲ့ၾကတာျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုနဲ႔ လီယြန္နယ္ မက္ဆီတို႔ ၂ ဦးစလုံးဟာ ကစားသမားဘဝတေလွ်ာက္လုံး အေကာင္းဆုံးကစားသမား ၂ ဦးျဖစ္ခဲ့တာျဖစ္ၿပီး လက္ရွိမွာေတာ့ ေပၚတူဂီၾကယ္ပြင့္ရဲ႕ အသင္းေဖာ္ေဟာင္းျဖစ္တဲ့ ကီရန္ ရစ္ခ်က္ဆင္က ၎ရဲ႕ ထင္ျမင္ခ်က္ကို ေျပာၾကားလိုက္ၿပီျဖစ္ပါတယ္။

“သူတို႔ ၂ ေယာက္စလုံးက GOAT ေတြပါ။ ဒါေပမယ့္ ကြၽန္ေတာ္ တစ္ေယာက္ကို ေ႐ြးခ်ယ္ရမယ္ဆိုရင္ မက္ဆီကိုပဲ ေ႐ြးခ်ယ္ရမွာပါ။ ကြၽန္ေတာ္ ေရာ္နယ္လ္ဒိုကို သိေနေပမယ့္လည္း သူနဲ႔ အတူတူ ကစားခဲ့ေပမယ့္လည္း သူ႔ကို ခ်စ္ျမတ္ႏိုးေပမယ့္လည္းေပါ့။”လို႔ ေျပာၾကားခဲ့ပါတယ္။

လီယြန္နယ္ မက္ဆီဟာ ၿပီးခဲ့တဲ့ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ အာဂ်င္တီးနားအသင္းကို ၂၆ ႏွစ္ၾကာ ေဝးကြာေနတဲ့ ကမာၻ႔ဖလားေအာင္ျမင္မႈ ရရွိေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့ၿပီးေနာက္ တသက္တာအေကာင္းဆုံးကစားသမားလို႔ အမ်ားစုရဲ႕ သတ္မွတ္ျခင္း ခံခဲ့ရတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.