Other Leagues

ရှုံးပွဲအပြီး ဒေါသတကြီးနဲ့ ကွင်းဘေးမြင်သမျှ အကုန်ကန်ခဲ့တဲ့ ရော်နယ်လ်ဒို

စိတ်ပျက်ဒေါသထွက်နေတဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ အယ်လ်နာဆာအသင်းက ဆော်ဒီ ပရိုလိဂ်ဆုဖလားပြိုင်ပွဲမှာ ခြေချော်ခဲ့ပြီးနောက် ကွင်းထဲကနေ ဒေါသတကြီးနဲ့ ထွက်ခွာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း ရူဒီ ဂါစီယာရဲ့အသင်းအတွက် ၄ ပွဲအတွင်း ၈ ဂိုးအထိ သွင်းယူပေးခဲ့တဲ့ အသက် ၃၈ နှစ်အရွယ် တိုက်စစ်မှူးဟာ ကြာသပတေးနေ့ညက အယ်လ် အစ်တီဟတ်နဲ့ကစားခဲ့တဲ့ အရေးကြီးတဲ့ပွဲစဉ်မှာ ၎င်းရဲ့ အထင်ကြီးဖွယ် ဂိုးအရေအတွက်ကို တိုးမြှင့်နိုင်ဖို့ ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။

ကြာသပတေးနေ့ည ပွဲစဉ်မတိုင်ခင် အချိန်အထိ ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ အယ်လ်နာဆာ ဂျာစီနဲ့ ရှုံးပွဲ တစ်ပွဲသာ ကြုံတွေ့ခဲ့ရသေးတာဖြစ်ပြီး အယ်လ် အစ်တီဟတ်ကိုပဲ ဆော်ဒီ စူပါဖလားပြိုင်ပွဲမှာ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ အယ်လ် အစ်တီဟတ်နဲ့ပွဲမတိုင်ခင် ပြိုင်ဘက်ပရိသတ်တွေရဲ့ လှောင်ပြောင်သံတွေကို လက်ခံရရှိခဲ့ပြီး ခေါင်းတဆိတ်ဆတ်ငြိမ့်ရင်း အပြုံးနဲ့ တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်ဟောင်းဟာ ကြာသပတေးနေ့ညက အယ်လ်နာဆာရဲ့ အဓိက ဆုဖလားပြိုင်ဘက်ဖြစ်တဲ့ အယ်လ် အစ်တီဟတ်အသင်းကို နောက်ထပ်တစ်ကြိမ် ရှုံးနိမ့်မှုနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး ဘလွန်ဒေါ ၅ ဆုရှင်ဟာ ဂိုးအဖြစ် ပြောင်းလဲပေးနိုင်ခြင်း မရှိခဲ့တာ ဖြစ်ပါတယ်။

ပွဲအပြီး ဝီစီမှုတ်ပြီးနောက်မှာ ခရစ္စတီယာနို ရော်နယ်ဒိုက ဥမင်လျှောက်လမ်းထဲကို မဆင်းခင်မှာ ကွင်းဘေးစည်းမှာ ရှိသမျှ ရေဗူးတွေကို ကန်ကျောက်ပြီး ၎င်းရဲ့ စိတ်ပျက်ဒေါသထွက်မှုကို ဖော်ပြခဲ့တာဖြစ်ပြီး အဲဒီဗီဒီယိုဖိုင်ဟာ သိပ်မကြာခင်မှာပဲ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့လာခဲ့တာဖြစ်ပါတယ်။

လူမှုကွန်ရက်ပေါ်က ပရိသတ်တွေက အယ်လ်နာဆာအသင်းက ဆော်ဒီ ပရိုလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာ ၅ မှတ်ဖြတ် ဦးဆောင်နိုင်မယ့် အခွင့်အရေးကို ဖြုန်းတီးခဲ့ပြီးနောက် ပေါ်တူဂီကြယ်ပွင့်ရဲ့ ဒေါသတကြီး တုံ့ပြန်မှုကို မြင်တွေ့ခဲ့ရတာဖြစ်ပြီး အယ်လ် အစ်တီဟတ်အသင်းဟာ ရိုမာရင်ညိုရဲ့ တစ်လုံးတည်းသော သွင်းဂိုးကြောင့် အမှတ်ပေးဇယားထိပ်ဆုံးနေရာကို တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

စိတ္ပ်က္ေဒါသထြက္ေနတဲ့ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ အယ္လ္နာဆာအသင္းက ေဆာ္ဒီ ပ႐ိုလိဂ္ဆုဖလားၿပိဳင္ပြဲမွာ ေျခေခ်ာ္ခဲ့ၿပီးေနာက္ ကြင္းထဲကေန ေဒါသတႀကီးနဲ႔ ထြက္ခြာခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလအတြင္း ႐ူဒီ ဂါစီယာရဲ႕အသင္းအတြက္ ၄ ပြဲအတြင္း ၈ ဂိုးအထိ သြင္းယူေပးခဲ့တဲ့ အသက္ ၃၈ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ ၾကာသပေတးေန႔ညက အယ္လ္ အစ္တီဟတ္နဲ႔ကစားခဲ့တဲ့ အေရးႀကီးတဲ့ပြဲစဥ္မွာ ၎ရဲ႕ အထင္ႀကီးဖြယ္ ဂိုးအေရအတြက္ကို တိုးျမႇင့္ႏိုင္ဖို႔ ႀကိဳးပမ္းခဲ့တာျဖစ္ပါတယ္။

ၾကာသပေတးေန႔ည ပြဲစဥ္မတိုင္ခင္ အခ်ိန္အထိ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ အယ္လ္နာဆာ ဂ်ာစီနဲ႔ ရႈံးပြဲ တစ္ပြဲသာ ႀကဳံေတြ႕ခဲ့ရေသးတာျဖစ္ၿပီး အယ္လ္ အစ္တီဟတ္ကိုပဲ ေဆာ္ဒီ စူပါဖလားၿပိဳင္ပြဲမွာ ရႈံးနိမ့္ခဲ့တာ ျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုဟာ အယ္လ္ အစ္တီဟတ္နဲ႔ပြဲမတိုင္ခင္ ၿပိဳင္ဘက္ပရိသတ္ေတြရဲ႕ ေလွာင္ေျပာင္သံေတြကို လက္ခံရရွိခဲ့ၿပီး ေခါင္းတဆိတ္ဆတ္ၿငိမ့္ရင္း အၿပဳံးနဲ႔ တုံ႔ျပန္ခဲ့တာ ျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ၾကယ္ပြင့္ေဟာင္းဟာ ၾကာသပေတးေန႔ညက အယ္လ္နာဆာရဲ႕ အဓိက ဆုဖလားၿပိဳင္ဘက္ျဖစ္တဲ့ အယ္လ္ အစ္တီဟတ္အသင္းကို ေနာက္ထပ္တစ္ႀကိမ္ ရႈံးနိမ့္မႈနဲ႔ ရင္ဆိုင္ခဲ့ရတာျဖစ္ၿပီး ဘလြန္ေဒါ ၅ ဆုရွင္ဟာ ဂိုးအျဖစ္ ေျပာင္းလဲေပးႏိုင္ျခင္း မရွိခဲ့တာ ျဖစ္ပါတယ္။

ပြဲအၿပီး ဝီစီမႈတ္ၿပီးေနာက္မွာ ခရစၥတီယာႏို ေရာ္နယ္ဒိုက ဥမင္ေလွ်ာက္လမ္းထဲကို မဆင္းခင္မွာ ကြင္းေဘးစည္းမွာ ရွိသမွ် ေရဗူးေတြကို ကန္ေက်ာက္ၿပီး ၎ရဲ႕ စိတ္ပ်က္ေဒါသထြက္မႈကို ေဖာ္ျပခဲ့တာျဖစ္ၿပီး အဲဒီဗီဒီယိုဖိုင္ဟာ သိပ္မၾကာခင္မွာပဲ လူမႈကြန္ရက္ေပၚမွာ ပ်ံ႕ႏွံ႔လာခဲ့တာျဖစ္ပါတယ္။

လူမႈကြန္ရက္ေပၚက ပရိသတ္ေတြက အယ္လ္နာဆာအသင္းက ေဆာ္ဒီ ပ႐ိုလိဂ္အမွတ္ေပးဇယားထိပ္ဆုံးမွာ ၅ မွတ္ျဖတ္ ဦးေဆာင္ႏိုင္မယ့္ အခြင့္အေရးကို ျဖဳန္းတီးခဲ့ၿပီးေနာက္ ေပၚတူဂီၾကယ္ပြင့္ရဲ႕ ေဒါသတႀကီး တုံ႔ျပန္မႈကို ျမင္ေတြ႕ခဲ့ရတာျဖစ္ၿပီး အယ္လ္ အစ္တီဟတ္အသင္းဟာ ႐ိုမာရင္ညိဳရဲ႕ တစ္လုံးတည္းေသာ သြင္းဂိုးေၾကာင့္ အမွတ္ေပးဇယားထိပ္ဆုံးေနရာကို တက္လွမ္းႏိုင္ခဲ့တာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.