Premier League

မန်စီးတီး ၇ ဂိုးနဲ့နိုင်တာကို မဆီမဆိုင် မန်ယူနိုက်တက်ကို လှောင်ခဲ့တဲ့ ကာရေဂါ

လီဗာပူးလ်ဂန္တဝင် ဂျေမီ ကာရေဂါက အင်္ဂါနေ့ညက ချန်ပီယံလိဂ်ပွဲစဉ်မှာ မန်ချက်စတာစီးတီးက လိုက်ပ်ဇစ်ကို ၇-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်အပြီးမှာ မန်ချက်စတာယူနိုက်တက်ကို လှောင်ပြောင်ခဲ့ပါတယ်။

လီဗာပူးလ်ဟာ မတ်လ ၅ ရက်နေ့က အန်းဖီးမှာ ခါးသီးပြိုင်ဘက်တွေဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်ကို ၇-၀ နဲ့ စံချိန်တင် နိုင်ပွဲရရှိခဲ့တာဖြစ်ပြီး ဂက်ခ်ပို၊ နူးညက်ဇ်၊ ဆာလား၊ ဖာမီနိုတို့က ဂိုးတွေ သွင်းယူပေးခဲ့ကြတာဖြစ်ပါတယ်။

အဲဒီနိုင်ပွဲဟာ ပရီးမီးယားလိဂ်သမိုင်းမှာ လီဗာပူးလ်အသင်းက မန်ချက်စတာယူနိုက်တက်ကို အကြီးမားဆုံးနိုင်ပွဲ ရရှိခဲ့တာဖြစ်ပြီး တန်ဟက်ရဲ့အသင်းကလည်း အဆိုးရွားဆုံးရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။

လီဗာပူးလ်နောက်ခံလူဟောင်း ကာရေဂါဟာ အဲဒီပွဲအပြီးကတည်းက အခွင့်ကြုံတိုင်း မန်ချက်စတာယူနိုက်တက်ရဲ့ ရှုံးပွဲကို လှောင်ပြောင်ခဲ့တာဖြစ်ပြီး မကြာသေးမီက ရုပ်သံတင်ဆက်မှုတွေမှာ 7up အချိုရည် သောက်ပြတာ၊ နံပါတ် ၇ အကြောင်းကို ဆိုင်ဆိုင်၊ မဆိုင်ဆိုင် ထည့်ပြောတာမျိုးတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းက မတ်လ ၇ ရက်နေ့မှာ ဒေါ့မွန်အသင်းကို အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်အပြီးမှာ မန်ချက်စတာယူနိုက်တက်ဂန္တဝင် ပီတာ ရှမိုက်ကယ်နဲ့ စကားပြောဆိုရာမှာ “ကျွန်တော်တို့ မတ်လထဲကို ဝင်လာပြီ။ မတ်လ ၇ ရက်ပေါ့။ ဒီလိုပွဲစဉ်တွေက ပြင်းထန်တယ်လို့ ခံစားရတယ်။ ကျွန်တော်ပြောခဲ့သလိုပဲပေါ့ မတ်လ ၇ ရက်နေ့မှာပေါ့။ စတမ်းဖို့ဒ် ဘရစ်ချ်မှာ ရှိနေရတယ်လို့ ခံစားရတာ ဘယ်လောက်အထိ အရေးပါလိုက်လဲ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

အင်္ဂါနေ့မှာ မန်ချက်စတာစီးတီးက လိုက်ပ်ဇစ်ကို ၇-၀ နဲ့ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက် ဒုတိယအကျော့ပွဲစဉ်မှာ အနိုင်ရရှိခဲ့ပြီးနောက် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပြီဖြစ်ပြီး ကာရေဂါအတွက်တော့ နောက်ထပ်တစ်ကြိမ် မန်ယူနိုက်တက်ကို လှောင်ဖို့ အကွက်ဝင်သွားခဲ့ပြန်တာဖြစ်ပါတယ်။

“၇-၀ နဲ့ ရှုံးနိမ့်တာက ဟာသပဲ”ဆိုတဲ့ စာသားအဆုံးမှာ မျက်လုံးမှိတ်ပြနေတဲ့ အီမိုဂျီနဲ့အတူ လီဗာပူးလ်နောက်ခံလူဟောင်းက တွစ်တာပေါ်မှာ ရေးသားခဲ့တာဖြစ်ပြီး လီဗာပူးလ်အသင်းဟာ ယနေ့ညမှာ ပထမအကျော့တုန်းက အန်းဖီးမှာ ၅-၂ နဲ့ အနိင်ယူခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အသင်းအိမ်ကွင်း ဘာနေဗျူးကို ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက် ဒုတိယအကျော့ပွဲစဉ်အဖြစ် သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်တာကြောင့် အူမြူးနေတဲ့ ကာရေဂါအတွက်တော့ စိတ်လှုပ်ရှားစရာပွဲစဉ်ဖြစ်လာမှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီဗာပူးလ္ဂႏၲဝင္ ေဂ်မီ ကာေရဂါက အဂၤါေန႔ညက ခ်န္ပီယံလိဂ္ပြဲစဥ္မွာ မန္ခ်က္စတာစီးတီးက လိုက္ပ္ဇစ္ကို ၇-၀ နဲ႔ အႏိုင္ရရွိခဲ့တဲ့ ပြဲစဥ္အၿပီးမွာ မန္ခ်က္စတာယူႏိုက္တက္ကို ေလွာင္ေျပာင္ခဲ့ပါတယ္။

လီဗာပူးလ္ဟာ မတ္လ ၅ ရက္ေန႔က အန္းဖီးမွာ ခါးသီးၿပိဳင္ဘက္ေတြျဖစ္တဲ့ မန္ခ်က္စတာယူႏိုက္တက္ကို ၇-၀ နဲ႔ စံခ်ိန္တင္ ႏိုင္ပြဲရရွိခဲ့တာျဖစ္ၿပီး ဂက္ခ္ပို၊ ႏူးညက္ဇ္၊ ဆာလား၊ ဖာမီႏိုတို႔က ဂိုးေတြ သြင္းယူေပးခဲ့ၾကတာျဖစ္ပါတယ္။

အဲဒီႏိုင္ပြဲဟာ ပရီးမီးယားလိဂ္သမိုင္းမွာ လီဗာပူးလ္အသင္းက မန္ခ်က္စတာယူႏိုက္တက္ကို အႀကီးမားဆုံးႏိုင္ပြဲ ရရွိခဲ့တာျဖစ္ၿပီး တန္ဟက္ရဲ႕အသင္းကလည္း အဆိုး႐ြားဆုံးရႈံးပြဲနဲ႔ ရင္ဆိုင္ခဲ့ရတာ ျဖစ္ပါတယ္။

လီဗာပူးလ္ေနာက္ခံလူေဟာင္း ကာေရဂါဟာ အဲဒီပြဲအၿပီးကတည္းက အခြင့္ႀကဳံတိုင္း မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ရႈံးပြဲကို ေလွာင္ေျပာင္ခဲ့တာျဖစ္ၿပီး မၾကာေသးမီက ႐ုပ္သံတင္ဆက္မႈေတြမွာ 7up အခ်ိဳရည္ ေသာက္ျပတာ၊ နံပါတ္ ၇ အေၾကာင္းကို ဆိုင္ဆိုင္၊ မဆိုင္ဆိုင္ ထည့္ေျပာတာမ်ိဳးေတြ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းက မတ္လ ၇ ရက္ေန႔မွာ ေဒါ့မြန္အသင္းကို အႏိုင္ရရွိခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္အၿပီးမွာ မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္ ပီတာ ရွမိုက္ကယ္နဲ႔ စကားေျပာဆိုရာမွာ “ကြၽန္ေတာ္တို႔ မတ္လထဲကို ဝင္လာၿပီ။ မတ္လ ၇ ရက္ေပါ့။ ဒီလိုပြဲစဥ္ေတြက ျပင္းထန္တယ္လို႔ ခံစားရတယ္။ ကြၽန္ေတာ္ေျပာခဲ့သလိုပဲေပါ့ မတ္လ ၇ ရက္ေန႔မွာေပါ့။ စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ ရွိေနရတယ္လို႔ ခံစားရတာ ဘယ္ေလာက္အထိ အေရးပါလိုက္လဲ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

အဂၤါေန႔မွာ မန္ခ်က္စတာစီးတီးက လိုက္ပ္ဇစ္ကို ၇-၀ နဲ႔ ခ်န္ပီယံလိဂ္ ၁၆ သင္းရႈံးထြက္ ဒုတိယအေက်ာ့ပြဲစဥ္မွာ အႏိုင္ရရွိခဲ့ၿပီးေနာက္ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္ကို တက္ေရာက္ႏိုင္ခဲ့ၿပီျဖစ္ၿပီး ကာေရဂါအတြက္ေတာ့ ေနာက္ထပ္တစ္ႀကိမ္ မန္ယူႏိုက္တက္ကို ေလွာင္ဖို႔ အကြက္ဝင္သြားခဲ့ျပန္တာျဖစ္ပါတယ္။

“၇-၀ နဲ႔ ရႈံးနိမ့္တာက ဟာသပဲ”ဆိုတဲ့ စာသားအဆုံးမွာ မ်က္လုံးမွိတ္ျပေနတဲ့ အီမိုဂ်ီနဲ႔အတူ လီဗာပူးလ္ေနာက္ခံလူေဟာင္းက တြစ္တာေပၚမွာ ေရးသားခဲ့တာျဖစ္ၿပီး လီဗာပူးလ္အသင္းဟာ ယေန႔ညမွာ ပထမအေက်ာ့တုန္းက အန္းဖီးမွာ ၅-၂ နဲ႔ အနိင္ယူခဲ့တဲ့ ရီးရဲလ္မက္ဒရစ္အသင္းအိမ္ကြင္း ဘာေနဗ်ဴးကို ခ်န္ပီယံလိဂ္ ၁၆ သင္းရႈံးထြက္ ဒုတိယအေက်ာ့ပြဲစဥ္အျဖစ္ သြားေရာက္ယွဥ္ၿပိဳင္ရမွာျဖစ္တာေၾကာင့္ အူျမဴးေနတဲ့ ကာေရဂါအတြက္ေတာ့ စိတ္လႈပ္ရွားစရာပြဲစဥ္ျဖစ္လာမွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.