Premier League

ပရီးမီးယားလိဂ်ရောက်တော့မယ့် ဆိုးလ်ရှားနေရာအတွက် ရော်နယ်လ်ဒိုရွေးချယ်ခဲ့တဲ့ နည်းပြ

အိုလေဂန်နာ ဆိုးလ်ရှားနေရာကို ဆက်ခံဖို့ ခရစ္စတီယာနို ရော်နယ်လ်ဒို ရွေးချယ်ခဲ့တဲ့ နည်းပြဖြစ်တဲ့ လူးဝစ္စ အန်နရီကေးဟာ တော့တင်ဟမ်ဟော့စပါးနည်းပြ အန်တိုနီယို ကွန်တီရဲ့နေရာမှာ ဆက်ခံသွားချင်နေတယ်လို့ သိရပါတယ်။

အီတလီလူမျိုးနည်းပြဟာ တော့တင်ဟမ်ဟော့စပါးအသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုခြင်း မရှိသေးသူဖြစ်ပြီး ယခုနွေရာသီမှာ မြောက်လန်ဒန်ကနေ ထွက်ခွာဖွယ် ရှိနေတာ ဖြစ်ပါတယ်။

The Times ရဲ့ ဖော်ပြချက်အရ အန်နရီကေးဟာ အန်တိုနီယို ကွန်တီ ထွက်ခွာမှာဖြစ်တာကြောင့် တော့တင်ဟမ်ဟော့စပါးအသင်းတာဝန်ရှိသူတွေနဲ့ စာချုပ်ချုပ်ဆိုဖို့ ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်သွားချင်တဲ့ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

Mirror ရဲ့ ဖော်ပြချက်အရ ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ စပိန်လူမျိုးနည်းပြကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလတုန်းက မန်ချက်စတာယူနိုက်တက်အသင်းက နည်းပြ ဆိုးလ်ရှားကို ထုတ်ပယ်ချိန်တုန်းက နည်းပြသစ်ဖြစ်လာစေချင်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း မန်ချက်စတာယူနိုက်တက်က ရာသီကုန်မှာ အဲရစ် တန်ဟက်ကို နည်းပြသစ်အဖြစ် မခန့်အပ်ခင် ရန်းနစ်ခ်ကို ယာယီနည်းပြအဖြစ် ခန့်အပ်ခဲ့တာဖြစ်ပါတယ်။

အဲဒီဆုံးဖြတ်ချက်ဟာ ခရစ္စတီယာနို ရော်နယ်လ်ဒိုကို မကျေမနပ်ဖြစ်စေခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလတုန်းက ပီးယာ့စ် မော်ဂန်နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ နည်းပြ တန်ဟက်နဲ့ ရန်းနစ်ခ်တို့ကို ပြစ်တင်ကြိမ်းမောင်းခဲ့တာဖြစ်ပါတယ်။

နော်ဝေလူမျိုးနည်းပြကို မန်ချက်စတာယူနိုက်တက်က နည်းပြရာထူးကနေ ထုတ်ပယ်ခဲ့တဲ့အချိန်တုန်းက လူးဝစ္စ အန်နရီကေးဟာ စပိန်လက်ရွေးစင်အသင်းနည်းပြအဖြစ် ကိုင်တွယ်နေဆဲဖြစ်ပြီး ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မော်ရိုကိုအသင်းကို ရှုံးနိမ့်ပြီး ၁၆ သင်းရှုံးထွက်အဆင့်ကနေ လှည့်ပြန်ခဲ့ရပြီးနောက်ပိုင်း ရာထူးကနေ နုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။

ကွန်တီသာ မြောက်လန်ဒန်ကလပ်အသင်းကို စွန့်ခွာခဲ့မယ်ဆိုရင် စပိန်လူမျိုးနည်းပြက တော့တင်ဟမ်ဟော့စပါးအသင်းနည်းပြသစ်ဖြစ်လာဖွယ်ရှိနေပြီး ဘာစီလိုနာမှာတုန်းက အန်ဆူ ဖာတီ၊ ဂါဗီ၊ ပယ်ဒရီ၊ ဖာရန် တောရက်စ်တို့လို လူငယ်ကစားသမားတွေကို ယုံကြည်မှုပေးခဲ့တဲ့အတိုင်း တိုက်စစ်အသားပေးကစားဟန်နဲ့ လူငယ်ကစားသမားအများအပြားကို နေရာပေးသွားမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အိုေလဂန္နာ ဆိုးလ္ရွားေနရာကို ဆက္ခံဖို႔ ခရစၥတီယာႏို ေရာ္နယ္လ္ဒို ေ႐ြးခ်ယ္ခဲ့တဲ့ နည္းျပျဖစ္တဲ့ လူးဝစၥ အန္နရီေကးဟာ ေတာ့တင္ဟမ္ေဟာ့စပါးနည္းျပ အန္တိုနီယို ကြန္တီရဲ႕ေနရာမွာ ဆက္ခံသြားခ်င္ေနတယ္လို႔ သိရပါတယ္။

အီတလီလူမ်ိဳးနည္းျပဟာ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းနဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုျခင္း မရွိေသးသူျဖစ္ၿပီး ယခုေႏြရာသီမွာ ေျမာက္လန္ဒန္ကေန ထြက္ခြာဖြယ္ ရွိေနတာ ျဖစ္ပါတယ္။

The Times ရဲ႕ ေဖာ္ျပခ်က္အရ အန္နရီေကးဟာ အန္တိုနီယို ကြန္တီ ထြက္ခြာမွာျဖစ္တာေၾကာင့္ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းတာဝန္ရွိသူေတြနဲ႔ စာခ်ဳပ္ခ်ဳပ္ဆိုဖို႔ ေျပာဆိုေဆြးေႏြးမႈေတြ ျပဳလုပ္သြားခ်င္တဲ့ဆႏၵရွိေနတယ္လို႔ သိရပါတယ္။

Mirror ရဲ႕ ေဖာ္ျပခ်က္အရ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ စပိန္လူမ်ိဳးနည္းျပကို ၂၀၂၁ ခုႏွစ္ ႏိုဝင္ဘာလတုန္းက မန္ခ်က္စတာယူႏိုက္တက္အသင္းက နည္းျပ ဆိုးလ္ရွားကို ထုတ္ပယ္ခ်ိန္တုန္းက နည္းျပသစ္ျဖစ္လာေစခ်င္ခဲ့တယ္လို႔ သိရပါတယ္။ ဒါေပမယ့္လည္း မန္ခ်က္စတာယူႏိုက္တက္က ရာသီကုန္မွာ အဲရစ္ တန္ဟက္ကို နည္းျပသစ္အျဖစ္ မခန႔္အပ္ခင္ ရန္းနစ္ခ္ကို ယာယီနည္းျပအျဖစ္ ခန႔္အပ္ခဲ့တာျဖစ္ပါတယ္။

အဲဒီဆုံးျဖတ္ခ်က္ဟာ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကို မေက်မနပ္ျဖစ္ေစခဲ့တာျဖစ္ၿပီး ၿပီးခဲ့တဲ့ႏွစ္ ႏိုဝင္ဘာလတုန္းက ပီးယာ့စ္ ေမာ္ဂန္နဲ႔ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးမွာ နည္းျပ တန္ဟက္နဲ႔ ရန္းနစ္ခ္တို႔ကို ျပစ္တင္ႀကိမ္းေမာင္းခဲ့တာျဖစ္ပါတယ္။

ေနာ္ေဝလူမ်ိဳးနည္းျပကို မန္ခ်က္စတာယူႏိုက္တက္က နည္းျပရာထူးကေန ထုတ္ပယ္ခဲ့တဲ့အခ်ိန္တုန္းက လူးဝစၥ အန္နရီေကးဟာ စပိန္လက္ေ႐ြးစင္အသင္းနည္းျပအျဖစ္ ကိုင္တြယ္ေနဆဲျဖစ္ၿပီး ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ေမာ္႐ိုကိုအသင္းကို ရႈံးနိမ့္ၿပီး ၁၆ သင္းရႈံးထြက္အဆင့္ကေန လွည့္ျပန္ခဲ့ရၿပီးေနာက္ပိုင္း ရာထူးကေန ႏုတ္ထြက္ခဲ့တာ ျဖစ္ပါတယ္။

ကြန္တီသာ ေျမာက္လန္ဒန္ကလပ္အသင္းကို စြန႔္ခြာခဲ့မယ္ဆိုရင္ စပိန္လူမ်ိဳးနည္းျပက ေတာ့တင္ဟမ္ေဟာ့စပါးအသင္းနည္းျပသစ္ျဖစ္လာဖြယ္ရွိေနၿပီး ဘာစီလိုနာမွာတုန္းက အန္ဆူ ဖာတီ၊ ဂါဗီ၊ ပယ္ဒရီ၊ ဖာရန္ ေတာရက္စ္တို႔လို လူငယ္ကစားသမားေတြကို ယုံၾကည္မႈေပးခဲ့တဲ့အတိုင္း တိုက္စစ္အသားေပးကစားဟန္နဲ႔ လူငယ္ကစားသမားအမ်ားအျပားကို ေနရာေပးသြားမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.