Premier League

ချန်ပီယံလိဂ်မှာ စီးတီးရှောင်ရမယ့် ၂ သင်းကို ပြောပြလိုက်တဲ့ ဖာဒီနန်

မန်ချက်စတာယူနိုက်တက်ဂန္တဝင် ရီယို ဖာဒီနန်က ချန်ပီယံလိဂ်မဲခွဲပွဲမှာ မန်ချက်စတာစီးတီး ရှောင်လွှဲဖို့ မျှော်လင့်ရမယ့် အသင်း ၂ သင်းပဲ ရှိတယ်လို့ ယုံကြည်နေပါတယ်။

မန်ချက်စတာစီးတီးအသင်းဟာ အင်္ဂါနေ့ညက အစ်တီဟတ်မှာ လိုက်ပ်ဇစ်ကို ၇-၀ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ၂ ကျော့ပေါင်း ၈-၁ နဲ့ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဂွါဒီယိုလာရဲ့အသင်းဟာ ပြီးခဲ့တဲ့ ၂ ရာသီမှာ အလွန်နီးစပ်ခဲ့ပြီးနောက် ယခုရာသီမှာ ချန်ပီယံလိဂ်ဖလားကို ကိုင်မြှောက်သွားနိုင်မယ်လို့ တစ်ကြိုပေးခြင်းခံခဲ့ရတာဖြစ်ပေမယ့်လည်း ပြိုင်ပွဲက အခုအဆင့်ကနေစပြီး ပြိုင်ဆိုင်မှုပိုမိုပြင်းထန်လာတော့မှာ ဖြစ်ပါတယ်။

မန်ချက်စတာစီးတီးအသင်းဟာ လာမယ့်သောကြာနေ့မှာ ပြိုင်ဘက်ကို သိရတော့မှာဖြစ်ပြီး ချဲလ်ဆီး၊ ဘိုင်ယန်မြူးနစ်၊ အေစီမီလန်၊ ဘင်ဖီကာ၊ အင်တာမီလန်တို့က မဲအိုးထဲမှာ ရှိနေတာ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ် သို့မဟုတ် လီဗာပူးလ်၊ နာပိုလီ သို့မဟုတ် ဖရန့်ဖွတ်တို့ကလည်း ယနေ့ည ချန်ပီယံလိဂ်ပွဲစဉ်တွေအပြီးမှာ မဲအိုးထဲ ရောက်ရှိလာမှာဖြစ်ပြီး လိုက်ပ်ဇစ်နဲ့ ပွဲမှာ စိတ်လှုပ်ရှားဖွယ် စွမ်းဆောင်ရည်ပြသခဲ့ပြီးနောက် ဖာဒီနန်က အသင်း ၂ သင်းသာ စီးတီးကို ဆီမီးဖိုင်နယ်မတက်နိုင်အောင် တားဆီးနိုင်မယ်လို့ ထင်မြင်နေတာဖြစ်ပါတယ်။

“သူတို့တွေ စဉ်းစားနေပါလိမ့်မယ်။ ဘိုင်ယန်နဲ့ ဝေးဝေးနေရမယ်။ နာပိုလီနဲ့ ဝေးဝေးနေရမယ်လို့ဆိုပြီးပေါ့။ သူတို့က ကောင်းမွန်တဲ့အသင်းတစ်သင်းပါ။ သူတို့တွေမှာ ဒီအဆင့်အတွက် အတွေ့အကြုံရှိပြီး ကမ္ဘာပေါ်က ဘယ်လိုအသင်းမျိုးကိုမဆို နာကျင်စေနိုင်တဲ့ ကစားသမားတွေရှိပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။

ဂွါဒီယိုလာဟာ ဘာစီလိုနာအသင်းနဲ့ ၂၀၀၈-၂၀၀၉၊ ၂၀၁၀-၂၀၁၁ ရာသီမှာ ချန်ပီယံလိဂ်အောင်မြင်မှု ရရှိခဲ့ပြီးနောက်ပိုင်းကတည်းက ဥရောပဖလားနဲ့ ဝေးကွာနေခဲ့တာဖြစ်ပြီး မန်ချက်စတာစီးတီးနဲ့အတူ ၂၀၂၁ တုန်းက ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့ပေမယ့်လည်း ခိုင် ဟာဗတ်ဇ်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးကြောင့် ချဲလ်ဆီးကို ရှုံးနိမ့်ခဲ့ရတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္ ရီယို ဖာဒီနန္က ခ်န္ပီယံလိဂ္မဲခြဲပြဲမွာ မန္ခ်က္စတာစီးတီး ေရွာင္လႊဲဖို႔ ေမွ်ာ္လင့္ရမယ့္ အသင္း ၂ သင္းပဲ ရွိတယ္လို႔ ယုံၾကည္ေနပါတယ္။

မန္ခ်က္စတာစီးတီးအသင္းဟာ အဂၤါေန႔ညက အစ္တီဟတ္မွာ လိုက္ပ္ဇစ္ကို ၇-၀ နဲ႔ အႏိုင္ရရွိခဲ့ၿပီးေနာက္ ၂ ေက်ာ့ေပါင္း ၈-၁ နဲ႔ ကြာတားဖိုင္နယ္အဆင့္ကို တက္ေရာက္သြားႏိုင္ခဲ့ၿပီ ျဖစ္ပါတယ္။

ဂြါဒီယိုလာရဲ႕အသင္းဟာ ၿပီးခဲ့တဲ့ ၂ ရာသီမွာ အလြန္နီးစပ္ခဲ့ၿပီးေနာက္ ယခုရာသီမွာ ခ်န္ပီယံလိဂ္ဖလားကို ကိုင္ေျမႇာက္သြားႏိုင္မယ္လို႔ တစ္ႀကိဳေပးျခင္းခံခဲ့ရတာျဖစ္ေပမယ့္လည္း ၿပိဳင္ပြဲက အခုအဆင့္ကေနစၿပီး ၿပိဳင္ဆိုင္မႈပိုမိုျပင္းထန္လာေတာ့မွာ ျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးအသင္းဟာ လာမယ့္ေသာၾကာေန႔မွာ ၿပိဳင္ဘက္ကို သိရေတာ့မွာျဖစ္ၿပီး ခ်ဲလ္ဆီး၊ ဘိုင္ယန္ျမဴးနစ္၊ ေအစီမီလန္၊ ဘင္ဖီကာ၊ အင္တာမီလန္တို႔က မဲအိုးထဲမွာ ရွိေနတာ ျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္ သို႔မဟုတ္ လီဗာပူးလ္၊ နာပိုလီ သို႔မဟုတ္ ဖရန႔္ဖြတ္တို႔ကလည္း ယေန႔ည ခ်န္ပီယံလိဂ္ပြဲစဥ္ေတြအၿပီးမွာ မဲအိုးထဲ ေရာက္ရွိလာမွာျဖစ္ၿပီး လိုက္ပ္ဇစ္နဲ႔ ပြဲမွာ စိတ္လႈပ္ရွားဖြယ္ စြမ္းေဆာင္ရည္ျပသခဲ့ၿပီးေနာက္ ဖာဒီနန္က အသင္း ၂ သင္းသာ စီးတီးကို ဆီမီးဖိုင္နယ္မတက္ႏိုင္ေအာင္ တားဆီးႏိုင္မယ္လို႔ ထင္ျမင္ေနတာျဖစ္ပါတယ္။

“သူတို႔ေတြ စဥ္းစားေနပါလိမ့္မယ္။ ဘိုင္ယန္နဲ႔ ေဝးေဝးေနရမယ္။ နာပိုလီနဲ႔ ေဝးေဝးေနရမယ္လို႔ဆိုၿပီးေပါ့။ သူတို႔က ေကာင္းမြန္တဲ့အသင္းတစ္သင္းပါ။ သူတို႔ေတြမွာ ဒီအဆင့္အတြက္ အေတြ႕အႀကဳံရွိၿပီး ကမာၻေပၚက ဘယ္လိုအသင္းမ်ိဳးကိုမဆို နာက်င္ေစႏိုင္တဲ့ ကစားသမားေတြရွိပါတယ္။”လို႔ ေျပာၾကားခဲ့ပါတယ္။

ဂြါဒီယိုလာဟာ ဘာစီလိုနာအသင္းနဲ႔ ၂၀၀၈-၂၀၀၉၊ ၂၀၁၀-၂၀၁၁ ရာသီမွာ ခ်န္ပီယံလိဂ္ေအာင္ျမင္မႈ ရရွိခဲ့ၿပီးေနာက္ပိုင္းကတည္းက ဥေရာပဖလားနဲ႔ ေဝးကြာေနခဲ့တာျဖစ္ၿပီး မန္ခ်က္စတာစီးတီးနဲ႔အတူ ၂၀၂၁ တုန္းက ဗိုလ္လုပြဲအထိ တက္ေရာက္ႏိုင္ခဲ့ေပမယ့္လည္း ခိုင္ ဟာဗတ္ဇ္ရဲ႕ တစ္လုံးတည္းေသာ သြင္းဂိုးေၾကာင့္ ခ်ဲလ္ဆီးကို ရႈံးနိမ့္ခဲ့ရတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.