Premier League UCL&UEL

၅ ဂိုးသွင်းထားတဲ့ ဟာလန်းကို ထုတ်ခဲ့တဲ့အကြောင်းအရင်းကို ဖော်ထုတ်ခဲ့တဲ့ ပရိသတ်များ

ပရိသတ်တွေအားလုံးဟာ လိုက်ပ်ဇစ်အသင်းကို မန်ချက်စတာစီးတီးအသင်းက ၇-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ရူးသွပ်ချင်စရာ သွင်းဂိုး ၅ ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့ ဟာလန်းရဲ့ လူစားလဲလှယ်ခံခဲ့ရမှုနဲ့ပတ်သက်ပြီး တစ်လေသံတည်း ပြောဆိုခဲ့ကြပါတယ်။

ဒုတိယအကျော့ အစ်တီဟတ်မှာ ကစားခဲ့တဲ့ ပွဲစဉ်အတွင်း ဟာလန်းဟာ ကြောက်မက်ဖွယ် ပထမပိုင်း စွမ်းဆောင်ရည်နဲ့ ဟက်ထရစ်သွင်းယူပြီးနောက် ပွဲကို အဆုံးသတ်ပေးခဲ့တာဖြစ်ပေမယ့် နော်ဝေတိုက်စစ်မှူးဟာ သွင်းဂိုးတွေ ထပ်မံသွင်းယူဖို့ ဆာလောင်နေဆဲဖြစ်ပါတယ်။ ဂန်ဒိုဝမ်က မန်စီးတီးအတွက် နောက်ထပ် ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့ပြီးနောက် ဟာလန်းဟာ ပြန်လျှံထွက်လာတဲ့ ဘောလုံးကို ၂ ကြိမ်အထိ ပိတ်သွင်းယူပြီး နောက်ထပ် သွင်းဂိုး ၂ ဂိုးကို ထပ်မံ သွင်းယူခဲ့တာဖြစ်ပါတယ်။

ဟာလန်းဟာ ယခုရာသီသွင်းဂိုး ၃၉ ဂိုးအထိ ရှိလာခဲ့ပြီဖြစ်တာကြောင့် တစ်ရာသီအတွင်း မန်ချက်စတာစီးတီးအတွက် ဂိုးအများဆုံးသွင်းယူပေးနိုင်တဲ့ ကစားသမားဖြစ်လာခဲ့ပြီဖြစ်ပြီး ဂွါဒီယိုလာက ၆၄ မိနစ်မှာ နော်ဝေတိုက်စစ်မှူးကို လူစားလဲလှယ်ခဲ့ပြီးနောက် နောက်ထပ်ထူးခြားတဲ့ မှတ်တိုင်တစ်ခုကို စိုက်ထူနိုင်မယ့် အခွင့်အရေးကို လွဲချော်ခဲ့တာဖြစ်ပါတယ်။

ယူလီယန် အယ်လ်ဗာရက်ဇ်က ချန်ပီယံလိဂ်သမိုင်းမှာ ဟက်ထရစ် ၂ ကြိမ်အထိ သွင်းယူနိုင်တဲ့ ပထမဆုံးကစားသမားဖြစ်လာမယ့် ဟာလန်းရဲ့နေရာမှာ လူစားဝင်ကစားခဲ့တာဖြစ်ပြီး နော်ဝေတိုက်စစ်မှူးဟာ နည်းပြ ဂွါဒီယိုလာရဲ့ ဆုံးဖြတ်ချက်ကြောင့် စိတ်ပျက်ခဲ့တာ ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။

ဟာလန်းဟာ ချန်ပီယံလိဂ်သမိုင်းမှာ တစ်ပွဲတည်း ၆ ဂိုးအထိ ပထမဆုံး သွင်းယူနိုင်တဲ့ကစားသမားဖြစ်လာဖို့ အကောင်းဆုံးအနေအထားမှာရှိနေပေမယ့်လည်း ဂွါဒီယိုလာက လီယွန်နယ် မက်ဆီရဲ့ စံချိန်ကို ကာကွယ်နိုင်ဖို့အတွက် လူစားလဲလှယ်ခဲ့တာဖြစ်တယ်လို့ ပရိသတ်တွေက ယုံကြည်နေကြတာဖြစ်ပါတယ်။

၂၀၁၂ ခုနှစ်တုန်းက လီယွန်နယ် မက်ဆီဟာ ဘာစီလိုနာအသင်းကို ဂွါဒီယိုလာ တာဝန်ယူကိုင်တွယ်ခဲ့ချိန်တုန်းက နူးကမ့်မှာ လေဗာကူဆင်အသင်းကို တစ်ဦးတည်း ၅ ဂိုးအထိ သွင်းယူပြခဲ့တာဖြစ်ပါတယ်။

ပရိသတ်တစ်ဦးက “ပက်က ဟာလန်းကို လူစားလဲခဲ့တယ်။ အဲဒါမှ သူက မက်ဆီရဲ့ စံချိန်ကို ချိုးလို့မရမှာလေ ဟားဟား”လို့ ပြောကြားခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးကလည်း “ပက်က ဟာလန်းကို မက်ဆီရဲ့ စံချိန် မချိုးစေချင်ဘူး။ သူက မက်ဆီရဲ့ အကြီးမားဆုံး ပရိသတ်ပဲ”လို့ မှတ်ချက်ပေးခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ပရိသတ္ေတြအားလုံးဟာ လိုက္ပ္ဇစ္အသင္းကို မန္ခ်က္စတာစီးတီးအသင္းက ၇-၀ နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ ႐ူးသြပ္ခ်င္စရာ သြင္းဂိုး ၅ ဂိုးအထိ သြင္းယူႏိုင္ခဲ့တဲ့ ဟာလန္းရဲ႕ လူစားလဲလွယ္ခံခဲ့ရမႈနဲ႔ပတ္သက္ၿပီး တစ္ေလသံတည္း ေျပာဆိုခဲ့ၾကပါတယ္။

ဒုတိယအေက်ာ့ အစ္တီဟတ္မွာ ကစားခဲ့တဲ့ ပြဲစဥ္အတြင္း ဟာလန္းဟာ ေၾကာက္မက္ဖြယ္ ပထမပိုင္း စြမ္းေဆာင္ရည္နဲ႔ ဟက္ထရစ္သြင္းယူၿပီးေနာက္ ပြဲကို အဆုံးသတ္ေပးခဲ့တာျဖစ္ေပမယ့္ ေနာ္ေဝတိုက္စစ္မႉးဟာ သြင္းဂိုးေတြ ထပ္မံသြင္းယူဖို႔ ဆာေလာင္ေနဆဲျဖစ္ပါတယ္။ ဂန္ဒိုဝမ္က မန္စီးတီးအတြက္ ေနာက္ထပ္ ဦးေဆာင္ဂိုးကို သြင္းယူသြားခဲ့ၿပီးေနာက္ ဟာလန္းဟာ ျပန္လွ်ံထြက္လာတဲ့ ေဘာလုံးကို ၂ ႀကိမ္အထိ ပိတ္သြင္းယူၿပီး ေနာက္ထပ္ သြင္းဂိုး ၂ ဂိုးကို ထပ္မံ သြင္းယူခဲ့တာျဖစ္ပါတယ္။

ဟာလန္းဟာ ယခုရာသီသြင္းဂိုး ၃၉ ဂိုးအထိ ရွိလာခဲ့ၿပီျဖစ္တာေၾကာင့္ တစ္ရာသီအတြင္း မန္ခ်က္စတာစီးတီးအတြက္ ဂိုးအမ်ားဆုံးသြင္းယူေပးႏိုင္တဲ့ ကစားသမားျဖစ္လာခဲ့ၿပီျဖစ္ၿပီး ဂြါဒီယိုလာက ၆၄ မိနစ္မွာ ေနာ္ေဝတိုက္စစ္မႉးကို လူစားလဲလွယ္ခဲ့ၿပီးေနာက္ ေနာက္ထပ္ထူးျခားတဲ့ မွတ္တိုင္တစ္ခုကို စိုက္ထူႏိုင္မယ့္ အခြင့္အေရးကို လြဲေခ်ာ္ခဲ့တာျဖစ္ပါတယ္။

ယူလီယန္ အယ္လ္ဗာရက္ဇ္က ခ်န္ပီယံလိဂ္သမိုင္းမွာ ဟက္ထရစ္ ၂ ႀကိမ္အထိ သြင္းယူႏိုင္တဲ့ ပထမဆုံးကစားသမားျဖစ္လာမယ့္ ဟာလန္းရဲ႕ေနရာမွာ လူစားဝင္ကစားခဲ့တာျဖစ္ၿပီး ေနာ္ေဝတိုက္စစ္မႉးဟာ နည္းျပ ဂြါဒီယိုလာရဲ႕ ဆုံးျဖတ္ခ်က္ေၾကာင့္ စိတ္ပ်က္ခဲ့တာ ရွင္းရွင္းလင္းလင္း ျမင္ေတြ႕ခဲ့ရတာျဖစ္ပါတယ္။

ဟာလန္းဟာ ခ်န္ပီယံလိဂ္သမိုင္းမွာ တစ္ပြဲတည္း ၆ ဂိုးအထိ ပထမဆုံး သြင္းယူႏိုင္တဲ့ကစားသမားျဖစ္လာဖို႔ အေကာင္းဆုံးအေနအထားမွာရွိေနေပမယ့္လည္း ဂြါဒီယိုလာက လီယြန္နယ္ မက္ဆီရဲ႕ စံခ်ိန္ကို ကာကြယ္ႏိုင္ဖို႔အတြက္ လူစားလဲလွယ္ခဲ့တာျဖစ္တယ္လို႔ ပရိသတ္ေတြက ယုံၾကည္ေနၾကတာျဖစ္ပါတယ္။

၂၀၁၂ ခုႏွစ္တုန္းက လီယြန္နယ္ မက္ဆီဟာ ဘာစီလိုနာအသင္းကို ဂြါဒီယိုလာ တာဝန္ယူကိုင္တြယ္ခဲ့ခ်ိန္တုန္းက ႏူးကမ့္မွာ ေလဗာကူဆင္အသင္းကို တစ္ဦးတည္း ၅ ဂိုးအထိ သြင္းယူျပခဲ့တာျဖစ္ပါတယ္။

ပရိသတ္တစ္ဦးက “ပက္က ဟာလန္းကို လူစားလဲခဲ့တယ္။ အဲဒါမွ သူက မက္ဆီရဲ႕ စံခ်ိန္ကို ခ်ိဳးလို႔မရမွာေလ ဟားဟား”လို႔ ေျပာၾကားခဲ့ၿပီး ေနာက္ထပ္ပရိသတ္တစ္ဦးကလည္း “ပက္က ဟာလန္းကို မက္ဆီရဲ႕ စံခ်ိန္ မခ်ိဳးေစခ်င္ဘူး။ သူက မက္ဆီရဲ႕ အႀကီးမားဆုံး ပရိသတ္ပဲ”လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.