Premier League UCL&UEL

ဟက်ထရစ် ၂ ခုရမယ့်အခွင့်အရေးမပေးခဲ့တဲ့ ဂွါဒီယိုလာကို ဟာလန်း ဘာပြောခဲ့သလဲ

ဟာလန်းဟာ မန်ချက်စတာစီးတီးက လိုက်ပ်ဇစ်ကို ၇-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ၅ ဂိုးအထိ အံ့အားသင့်ဖွယ်သွင်းယူနိုင်ခဲ့ပြီးနောက် အလွန်ကောင်းမွန်တဲ့ပွဲပြီး အင်တာဗျူးကို ပြုလုပ်ခဲ့ပါတယ်။

ဂန်ဒိုဝမ်နဲ့ ဒီဘရိုင်းနားတို့လည်း ဂိုးသွင်းယူနိုင်ခဲ့ကြပေမယ့်လည်း ဟာလန်းက မိနစ် ၆၀ အတွင်းမှာ တစ်ဦးတည်း သွင်းဂိုး ၅ ဂိုးအထိ သွင်းယူနိုင်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ယခုရာသီ သွင်းဂိုး ၃၉ ဂိုးအထိ ရှိလာခဲ့ပြီဖြစ်တာကြောင့် တစ်ရာသီအတွင်း ဂိုးအများဆုံးသွင်းယူနိုင်တဲ့ မန်စီးတီးကစားသမားဖြစ်လာခဲ့ပြီဖြစ်ပါတယ်။

ဟာလန်းအတွက် စိတ်ပျက်စရာဖြစ်ခဲ့တာက နောက်ထပ် သမိုင်းတွင်မယ့် စံချိန်တစ်ခုဖြစ်တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဟက်ထရစ် ၂ ကြိမ်အထိ သွင်းယူနိုင်တဲ့ ပထမဆုံးကစားသမားဖြစ်လာမယ့် အခွင့်အရေးကို ၆၄ မိနစ်မှာ လူစားလဲလှယ်ခံရမှုကြောင့် ငြင်းပယ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ဟာလန်းဟာ ဒီဘရိုင်းနားနဲ့ စကားပြောဆိုနေခဲ့တာကို မြင်တွေ့ခဲ့ရပြီးနောက် စိတ်ပျက်နေပုံပေါ်ခဲ့ပြီး ၎င်းရဲ့ နည်းပြ ပက် ဂွါဒီယိုလာကို တစ်စုံတခု ပြောဆိုနေခဲ့တာကို တွေ့ခဲ့ရတာဖြစ်ပါတယ်။

ပွဲအပြီးမှာ BT Sport က ဂျိတ်ခ် ဟမ်းဖရီး၊ ဖာဒိနန်၊ အိုနူအိုဟာ၊ လက်စ်ကော့တ်တို့နဲ့ ပြုလုပ်ခဲ့တဲ့ ကွင်းဘေးအင်တာဗျူးမှာ ဟာလန်းက ဂွါဒီယိုလာကို ဘာပြောခဲ့လဲဆိုတာကို ဖွင့်ဟခဲ့တာ ဖြစ်ပါတယ်။

“ကျွန်တော် ချန်ပီယံလိဂ်မှာ ကစားရတာ တကယ်ကို ဂုဏ်ယူမိပါတယ်။ ကျွန်တော် ဒီပြိုင်ပွဲကို ချစ်မြတ်နိုးတယ်။ ကျွန်တော့်ရဲ့ စူပါပါဝါလား။ ၅ ဂိုးသွင်းပြီးနောက်မှာ ကျွန်တော်တွေးမိတာက ကျွန်တော် ဂိုးတွေ သွင်းယူဖို့ ပြောရမယ်။ ဒီနေ့ ဂိုးတွေအများကြီးသွင်းယူခဲ့တယ်လို့ ကျွန်တော် မထင်ပါဘူ။ ကျွန်တော် ဂိုးတွေ သွင်းယူနေခဲ့တာပါ။ ကျွန်တော် လူစားလဲခံရချိန်မှာ သူ့ကို(ဂွါဒီယိုလာ)ပြောခဲ့တယ်။ ကျွန်တော် ဟက်ထရစ် ၂ ကြိမ် သွင်းယူချင်တယ်လို့။ ဒါပေမယ့် ကျွန်တော် ဘာလုပ်နိုင်မှာလဲဗျာ”လို့ ပြောကြားခဲ့ပါတယ်။

ဟာလန်းဟာ ယူ-၂၀ အဆင့်တုန်းက ဟွန်ဒူးရပ်စ်ကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ နော်ဝေအသင်းအတွက် ၉ ဂိုးအထိ သွင်းယူခဲ့ဖူးပြီး  အင်္ဂါနေ့ညပွဲစဉ်မှာ ဘောလုံးအကြိမ် ၃၀ သာ ထိခဲ့ပေမယ့်လည်း ၅ ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့ မန်စီးတီးတိုက်စစ်မှူးရဲ့ သွင်းဂိုးဆာလောင်မှုက ကြောက်မက်ဖွယ် ကောင်းခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဟာလန္းဟာ မန္ခ်က္စတာစီးတီးက လိုက္ပ္ဇစ္ကို ၇-၀ နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲမွာ ၅ ဂိုးအထိ အံ့အားသင့္ဖြယ္သြင္းယူႏိုင္ခဲ့ၿပီးေနာက္ အလြန္ေကာင္းမြန္တဲ့ပြဲၿပီး အင္တာဗ်ဴးကို ျပဳလုပ္ခဲ့ပါတယ္။

ဂန္ဒိုဝမ္နဲ႔ ဒီဘ႐ိုင္းနားတို႔လည္း ဂိုးသြင္းယူႏိုင္ခဲ့ၾကေပမယ့္လည္း ဟာလန္းက မိနစ္ ၆၀ အတြင္းမွာ တစ္ဦးတည္း သြင္းဂိုး ၅ ဂိုးအထိ သြင္းယူႏိုင္ခဲ့တာျဖစ္ၿပီး လက္ရွိမွာေတာ့ ယခုရာသီ သြင္းဂိုး ၃၉ ဂိုးအထိ ရွိလာခဲ့ၿပီျဖစ္တာေၾကာင့္ တစ္ရာသီအတြင္း ဂိုးအမ်ားဆုံးသြင္းယူႏိုင္တဲ့ မန္စီးတီးကစားသမားျဖစ္လာခဲ့ၿပီျဖစ္ပါတယ္။

ဟာလန္းအတြက္ စိတ္ပ်က္စရာျဖစ္ခဲ့တာက ေနာက္ထပ္ သမိုင္းတြင္မယ့္ စံခ်ိန္တစ္ခုျဖစ္တဲ့ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ဟက္ထရစ္ ၂ ႀကိမ္အထိ သြင္းယူႏိုင္တဲ့ ပထမဆုံးကစားသမားျဖစ္လာမယ့္ အခြင့္အေရးကို ၆၄ မိနစ္မွာ လူစားလဲလွယ္ခံရမႈေၾကာင့္ ျငင္းပယ္ျခင္းခံခဲ့ရတာျဖစ္ပါတယ္။

ဟာလန္းဟာ ဒီဘ႐ိုင္းနားနဲ႔ စကားေျပာဆိုေနခဲ့တာကို ျမင္ေတြ႕ခဲ့ရၿပီးေနာက္ စိတ္ပ်က္ေနပုံေပၚခဲ့ၿပီး ၎ရဲ႕ နည္းျပ ပက္ ဂြါဒီယိုလာကို တစ္စုံတခု ေျပာဆိုေနခဲ့တာကို ေတြ႕ခဲ့ရတာျဖစ္ပါတယ္။

ပြဲအၿပီးမွာ BT Sport က ဂ်ိတ္ခ္ ဟမ္းဖရီး၊ ဖာဒိနန္၊ အိုႏူအိုဟာ၊ လက္စ္ေကာ့တ္တို႔နဲ႔ ျပဳလုပ္ခဲ့တဲ့ ကြင္းေဘးအင္တာဗ်ဴးမွာ ဟာလန္းက ဂြါဒီယိုလာကို ဘာေျပာခဲ့လဲဆိုတာကို ဖြင့္ဟခဲ့တာ ျဖစ္ပါတယ္။

“ကြၽန္ေတာ္ ခ်န္ပီယံလိဂ္မွာ ကစားရတာ တကယ္ကို ဂုဏ္ယူမိပါတယ္။ ကြၽန္ေတာ္ ဒီၿပိဳင္ပြဲကို ခ်စ္ျမတ္ႏိုးတယ္။ ကြၽန္ေတာ့္ရဲ႕ စူပါပါဝါလား။ ၅ ဂိုးသြင္းၿပီးေနာက္မွာ ကြၽန္ေတာ္ေတြးမိတာက ကြၽန္ေတာ္ ဂိုးေတြ သြင္းယူဖို႔ ေျပာရမယ္။ ဒီေန႔ ဂိုးေတြအမ်ားႀကီးသြင္းယူခဲ့တယ္လို႔ ကြၽန္ေတာ္ မထင္ပါဘူ။ ကြၽန္ေတာ္ ဂိုးေတြ သြင္းယူေနခဲ့တာပါ။ ကြၽန္ေတာ္ လူစားလဲခံရခ်ိန္မွာ သူ႔ကို(ဂြါဒီယိုလာ)ေျပာခဲ့တယ္။ ကြၽန္ေတာ္ ဟက္ထရစ္ ၂ ႀကိမ္ သြင္းယူခ်င္တယ္လို႔။ ဒါေပမယ့္ ကြၽန္ေတာ္ ဘာလုပ္ႏိုင္မွာလဲဗ်ာ”လို႔ ေျပာၾကားခဲ့ပါတယ္။

ဟာလန္းဟာ ယူ-၂၀ အဆင့္တုန္းက ဟြန္ဒူးရပ္စ္ကို အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ ေနာ္ေဝအသင္းအတြက္ ၉ ဂိုးအထိ သြင္းယူခဲ့ဖူးၿပီး  အဂၤါေန႔ညပြဲစဥ္မွာ ေဘာလုံးအႀကိမ္ ၃၀ သာ ထိခဲ့ေပမယ့္လည္း ၅ ဂိုးအထိ သြင္းယူႏိုင္ခဲ့တဲ့ မန္စီးတီးတိုက္စစ္မႉးရဲ႕ သြင္းဂိုးဆာေလာင္မႈက ေၾကာက္မက္ဖြယ္ ေကာင္းခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.