Premier League

ကြမ်းတမ်းစွာ ဖျက်ထုတ်မှုတွေ ခံနေရလည်း တောသားကြီးထုံး နှလုံးမူထားတယ်လို့ ဖွင့်ဟပြောခဲ့တဲ့ ဆာကာ

အာဆင်နယ်ကြယ်ပွင့် ဘူကာယို ဆာကာက ကြီးပြင်းလာချိန်မှာ ဂန်းနားကြယ်ပွင့် အလက်ဆစ် ဆန်းချက်ဇ်ရဲ့ အပြင်းအထန် လွှမ်းမိုးခြင်းခံခဲ့ရတယ်လို့ ထုတ်ဖော် ပြောကြားခဲ့ပြီး အင်္ဂလန်တောင်ပံကစားသမားဟာ ယခုရာသီမှာ ကြမ်းတမ်းတဲ့ ဖျက်ထုတ်မှုတွေ ခံခဲ့ရပြီးနောက် ချီလီကြယ်ပွင့်ရဲ့ တိုက်ပွဲဝင်စိတ်ဓာတ်အတိုင်း ပြသနေတာဖြစ်ပါတယ်။

ဟေးအမ်းအကယ်ဒမီထွက် ဆာကာဟာ ယခုရာသီမှာ အာတီတာရဲ့အသင်းအတွက် သွင်းဂိုး ၁၀ ဂိုးနဲ့ ဂိုးဖန်တီးမှု ၉ ကြိမ်ပြုလုပ်ပေးထားပြီး ဂန်းနားတွေရဲ့ အံ့အားသင့်ဖွယ် ဆုဖလား စိန်ခေါ်မှုမှာ အဓိက ဦးဆောင်နေတာဖြစ်ပါတယ်။

ဆာကာရဲ့ ယခုရာသီ အာဆင်နယ်အသင်းအတွက် လွှမ်းမိုးမှုဟာ သွင်းဂိုးတွေနဲ့ ဂိုးဖန်တီးမှုထက်တောင် ကျော်လွန်နေပြီး ယခုနှစ် ထူးခြားကောင်းမွန်တဲ့ ပုံစံကောင်း မပြသနိုင်ခင်ကတည်းက နည်းပြအာတီတာလက်အေက် အသင်းရဲ့ ပြန်လည်သက်ဝင်လာမှုမှာ အဓိကကျခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း လူသိများကျော်ကြားတဲ့ လူငယ်ကြယ်ပွင့်ဟာ အမ်းမရိတ်စ်က ပထမအသင်းထဲမှာ ပါဝင်ကစားခွင့်ရရှိခဲ့တဲ့အချိန်ကတည်းက ၎င်းရဲ့ လျင်မြန်သွက်လက်တဲ့ ကစားပုံကြောင့် ကြီးမားတဲ့ ပေးဆပ်မှုတွေလည်း ရှိခဲ့တာဖြစ်ပါတယ်။

ဆာကာရဲ့ နောက်ခံလူတွေကို ဖြတ်ကျော်ပြေးလွှားတဲ့ကစားပုံကြောင့် မကြာခဏ ကြမ်းတမ်းတဲ့ ဖျက်ထုတ်မှုတွေ အများအပြား ခံခဲ့ရတာဖြစ်ပြီး တကယ်တော့ အာဆင်နယ်ကြယ်ပွင့်ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ၄၅ ကြိမ်အထိ ပြစ်ဒဏ်ကျူးလွန်ခြင်းခံခဲ့ရပြီးနောက် ပစ်မှတ်အထားခံရဆုံး ကစားသမားတွေထဲမှာ အဆင့် ၈ နေရာမှာ ပူးတွဲရပ်တည်နေတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ထူးထူးခြားခြား ဆာကာကို ဖျက်ထုတ်ခဲ့တဲ့ပြိုင်ဘက်တွေဟာ အဝါကတ်ပြား ၄ ကြိမ်သာ ပြသခြင်းခံခဲ့ရတာကြောင့် ပျမ်းမျှ ၁၁.၂၅ ကြိမ်အထိ ဖျက်ထုတ်မှု ပြုလုပ်ခဲ့ချိန်မှ တစ်ဝါသာ ပြသခြင်းခံခဲ့ရတာဖြစ်ပါတယ်။ ဒီအရေအတွက်ဟာ ပရီးမီးယားလိဂ်မှာ ၄.၉ ကြိမ်နဲ့ ဒုတိယပစ်မှတ်အထားခံရဆုံးကစားသမားဖြစ်တဲ့ ဂျက်ခ် ဂရီးလစ်ရှ်ကို ဖျက်ထုတ်ချိန်မှာ ပြသခဲ့တဲ့ အဝါကတ်နဲ့ယှဉ်ရင် တော်တော်လေး နည်းပါးနေပြီး ဆာကာဟာ ဒိုင်လူကြီးတွေရဲ့ အကာအကွယ် ရရှိမှု အလွန်နည်းပါးတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။

ဆာကာက ၎င်းရဲ့ ကစားပုံဟာ ကြမ်းတမ်းတဲ့ ဖျက်ထုတ်မှုတွေကို လက်ယပ်ခေါ်နေတယ်ဆိုတာကို သတိပြုမိနေပြီး ငယ်ငယ်ကတည်းက ကြည့်ရင်း ကြီးပြင်းခဲ့ရတဲ့ ဂန်းနားကြယ်ပွင့်အတိုင်းပဲ တုံ့ပြန်နေတယ်လို့ ပြောကြားသွားခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် ဒီကိုလာပြီး ပြစ်ဒဏ်ကျူးလွန်ခြင်းခံခဲ့ရတယ်လို့ စောဒတက်လို့ မရနိုင်ပါဘူး။ အဲဒါက အဓိပ္ပာယ်မရှိပါဘူး။ ကျွန်တော် အဲဒီစကားကို ဘယ်မှာမှ ပြောမှာမဟုတ်ပါဘူး။ အာဆင်နယ်က ဒိုင်လူကြီးတွေနဲ့ ဒီလိုမျိုး ကိစ္စတွေအတွက် ပြောဖို့လိုလို့ အစည်းအဝေးလုပ်ခဲ့ပါတယ်။ ကျွန်တော်ကတော့ အဲဒီကြမ်းတမ်းတဲ့ဖျက်ထုတ်မှုတွေကနေ သင်ယူပြီး အဲဒါက ကျွန်တော်တို့ကို ဘယ်နေရာကို ရရှိစေနိုင်မလဲဆိုတာကို ကြည့်ရမယ်လို့ ခံစားရပါတယ်။ ကျွန်တော် ကစားတဲ့ပုံစံက အမြဲတမ်း ထိတွေ့မှုတွေကို ဆွဲဆောင်နေတာပါ။ ကျွန်တော် အလက်ဆစ် ဆန်းချက်ဇ်ကစားတာကို ကြည့်ပြီး ကြီးပြင်းခဲ့တာပါ။ သူက ထူးခြားတဲ့ကစားသမားပါ။ ကျွန်တော် သူနဲ့ပတ်သက်ပြီး အရာတော်တော်များများကို နှစ်သက်မိပါတယ်။ သူ အမြဲတမ်း လဲနေရာကနေ ပြန်ထခဲ့ပြီး အဆုံးအထိ တိုက်ပွဲဝင်ခဲ့တယ်။ အဲဒါက သူ့ဆီမှာ ရှိတဲ့ အရည်အချင်းတွေထဲက တစ်ခုပါ။ ခင်ဗျား ကျွန်တော် သူ့ဆီကနေ လေ့လာသင်ယူခဲ့တယ်လို့ ပြောလို့ရတယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ ကျွန်တော့်မှာ ကိုယ်ပိုင် ရည်မှန်းချက်နဲ့ ပန်းတိုင်တွေ ရှိပါတယ်။ အဲဒါတွေကလည်း ကျွန်တော့်ရဲ့ မောင်းနှင်အားထဲမှာ တစ်စိတ်တပိုင်းပါ။”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္ၾကယ္ပြင့္ ဘူကာယို ဆာကာက ႀကီးျပင္းလာခ်ိန္မွာ ဂန္းနားၾကယ္ပြင့္ အလက္ဆစ္ ဆန္းခ်က္ဇ္ရဲ႕ အျပင္းအထန္ လႊမ္းမိုးျခင္းခံခဲ့ရတယ္လို႔ ထုတ္ေဖာ္ ေျပာၾကားခဲ့ၿပီး အဂၤလန္ေတာင္ပံကစားသမားဟာ ယခုရာသီမွာ ၾကမ္းတမ္းတဲ့ ဖ်က္ထုတ္မႈေတြ ခံခဲ့ရၿပီးေနာက္ ခ်ီလီၾကယ္ပြင့္ရဲ႕ တိုက္ပြဲဝင္စိတ္ဓာတ္အတိုင္း ျပသေနတာျဖစ္ပါတယ္။

ေဟးအမ္းအကယ္ဒမီထြက္ ဆာကာဟာ ယခုရာသီမွာ အာတီတာရဲ႕အသင္းအတြက္ သြင္းဂိုး ၁၀ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၉ ႀကိမ္ျပဳလုပ္ေပးထားၿပီး ဂန္းနားေတြရဲ႕ အံ့အားသင့္ဖြယ္ ဆုဖလား စိန္ေခၚမႈမွာ အဓိက ဦးေဆာင္ေနတာျဖစ္ပါတယ္။

ဆာကာရဲ႕ ယခုရာသီ အာဆင္နယ္အသင္းအတြက္ လႊမ္းမိုးမႈဟာ သြင္းဂိုးေတြနဲ႔ ဂိုးဖန္တီးမႈထက္ေတာင္ ေက်ာ္လြန္ေနၿပီး ယခုႏွစ္ ထူးျခားေကာင္းမြန္တဲ့ ပုံစံေကာင္း မျပသႏိုင္ခင္ကတည္းက နည္းျပအာတီတာလက္ေအက္ အသင္းရဲ႕ ျပန္လည္သက္ဝင္လာမႈမွာ အဓိကက်ခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း လူသိမ်ားေက်ာ္ၾကားတဲ့ လူငယ္ၾကယ္ပြင့္ဟာ အမ္းမရိတ္စ္က ပထမအသင္းထဲမွာ ပါဝင္ကစားခြင့္ရရွိခဲ့တဲ့အခ်ိန္ကတည္းက ၎ရဲ႕ လ်င္ျမန္သြက္လက္တဲ့ ကစားပုံေၾကာင့္ ႀကီးမားတဲ့ ေပးဆပ္မႈေတြလည္း ရွိခဲ့တာျဖစ္ပါတယ္။

ဆာကာရဲ႕ ေနာက္ခံလူေတြကို ျဖတ္ေက်ာ္ေျပးလႊားတဲ့ကစားပုံေၾကာင့္ မၾကာခဏ ၾကမ္းတမ္းတဲ့ ဖ်က္ထုတ္မႈေတြ အမ်ားအျပား ခံခဲ့ရတာျဖစ္ၿပီး တကယ္ေတာ့ အာဆင္နယ္ၾကယ္ပြင့္ဟာ ဒီရာသီ ပရီးမီးယားလိဂ္မွာ ၄၅ ႀကိမ္အထိ ျပစ္ဒဏ္က်ဴးလြန္ျခင္းခံခဲ့ရၿပီးေနာက္ ပစ္မွတ္အထားခံရဆုံး ကစားသမားေတြထဲမွာ အဆင့္ ၈ ေနရာမွာ ပူးတြဲရပ္တည္ေနတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ထူးထူးျခားျခား ဆာကာကို ဖ်က္ထုတ္ခဲ့တဲ့ၿပိဳင္ဘက္ေတြဟာ အဝါကတ္ျပား ၄ ႀကိမ္သာ ျပသျခင္းခံခဲ့ရတာေၾကာင့္ ပ်မ္းမွ် ၁၁.၂၅ ႀကိမ္အထိ ဖ်က္ထုတ္မႈ ျပဳလုပ္ခဲ့ခ်ိန္မွ တစ္ဝါသာ ျပသျခင္းခံခဲ့ရတာျဖစ္ပါတယ္။ ဒီအေရအတြက္ဟာ ပရီးမီးယားလိဂ္မွာ ၄.၉ ႀကိမ္နဲ႔ ဒုတိယပစ္မွတ္အထားခံရဆုံးကစားသမားျဖစ္တဲ့ ဂ်က္ခ္ ဂရီးလစ္ရွ္ကို ဖ်က္ထုတ္ခ်ိန္မွာ ျပသခဲ့တဲ့ အဝါကတ္နဲ႔ယွဥ္ရင္ ေတာ္ေတာ္ေလး နည္းပါးေနၿပီး ဆာကာဟာ ဒိုင္လူႀကီးေတြရဲ႕ အကာအကြယ္ ရရွိမႈ အလြန္နည္းပါးတယ္ဆိုတဲ့အဓိပၸာယ္ျဖစ္ပါတယ္။

ဆာကာက ၎ရဲ႕ ကစားပုံဟာ ၾကမ္းတမ္းတဲ့ ဖ်က္ထုတ္မႈေတြကို လက္ယပ္ေခၚေနတယ္ဆိုတာကို သတိျပဳမိေနၿပီး ငယ္ငယ္ကတည္းက ၾကည့္ရင္း ႀကီးျပင္းခဲ့ရတဲ့ ဂန္းနားၾကယ္ပြင့္အတိုင္းပဲ တုံ႔ျပန္ေနတယ္လို႔ ေျပာၾကားသြားခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္ ဒီကိုလာၿပီး ျပစ္ဒဏ္က်ဴးလြန္ျခင္းခံခဲ့ရတယ္လို႔ ေစာဒတက္လို႔ မရႏိုင္ပါဘူး။ အဲဒါက အဓိပၸာယ္မရွိပါဘူး။ ကြၽန္ေတာ္ အဲဒီစကားကို ဘယ္မွာမွ ေျပာမွာမဟုတ္ပါဘူး။ အာဆင္နယ္က ဒိုင္လူႀကီးေတြနဲ႔ ဒီလိုမ်ိဳး ကိစၥေတြအတြက္ ေျပာဖို႔လိုလို႔ အစည္းအေဝးလုပ္ခဲ့ပါတယ္။ ကြၽန္ေတာ္ကေတာ့ အဲဒီၾကမ္းတမ္းတဲ့ဖ်က္ထုတ္မႈေတြကေန သင္ယူၿပီး အဲဒါက ကြၽန္ေတာ္တို႔ကို ဘယ္ေနရာကို ရရွိေစႏိုင္မလဲဆိုတာကို ၾကည့္ရမယ္လို႔ ခံစားရပါတယ္။ ကြၽန္ေတာ္ ကစားတဲ့ပုံစံက အၿမဲတမ္း ထိေတြ႕မႈေတြကို ဆြဲေဆာင္ေနတာပါ။ ကြၽန္ေတာ္ အလက္ဆစ္ ဆန္းခ်က္ဇ္ကစားတာကို ၾကည့္ၿပီး ႀကီးျပင္းခဲ့တာပါ။ သူက ထူးျခားတဲ့ကစားသမားပါ။ ကြၽန္ေတာ္ သူနဲ႔ပတ္သက္ၿပီး အရာေတာ္ေတာ္မ်ားမ်ားကို ႏွစ္သက္မိပါတယ္။ သူ အၿမဲတမ္း လဲေနရာကေန ျပန္ထခဲ့ၿပီး အဆုံးအထိ တိုက္ပြဲဝင္ခဲ့တယ္။ အဲဒါက သူ႔ဆီမွာ ရွိတဲ့ အရည္အခ်င္းေတြထဲက တစ္ခုပါ။ ခင္ဗ်ား ကြၽန္ေတာ္ သူ႔ဆီကေန ေလ့လာသင္ယူခဲ့တယ္လို႔ ေျပာလို႔ရတယ္။ ဒါေပမယ့္ တစ္ခ်ိန္တည္းမွာပဲ ကြၽန္ေတာ့္မွာ ကိုယ္ပိုင္ ရည္မွန္းခ်က္နဲ႔ ပန္းတိုင္ေတြ ရွိပါတယ္။ အဲဒါေတြကလည္း ကြၽန္ေတာ့္ရဲ႕ ေမာင္းႏွင္အားထဲမွာ တစ္စိတ္တပိုင္းပါ။”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.