Analysis Premier League UCL&UEL

မန်စီးတီး-လိုက်ပ်ဇစ်ပွဲမှာ ၅ ဂိုးသွင်းပြီး ဟားလန်းရဲ့ ချိုးဖျက်နိုင်ခဲ့တဲ့ စံချိန်များ

မန်ချက်စတာစီးတီးအသင်းက RB လိုက်ပ်ဇစ်အသင်းကို ခုနစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ အိမ်ကွင်း အစ်တီဟတ်က ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာ တိုက်စစ်မှူး အာလင်း ဟားလန်းအနေနဲ့ ၅ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ပွဲရဲ့ အကောင်းဆုံးကစားသမား Man of the Match ဆုနဲ့ ဟက်ထရစ် ဘောလုံးကို ပိုင်ဆိုင်သွားနိုင်ခဲ့သလို စံချိန်တွေကိုလည်း ချိုးဖျက်သွားနိုင်ခဲ့တာဖြစ်ပါတယ်။

သူ့ရဲ့ သွင်းဂိုး ၅ ဂိုးကတော့ ချန်ပီယံလိဂ်ရဲ့ ပွဲတစ်ပွဲတည်းမှာ သွင်းယူတဲ့ အမြင့်ဆုံးစံချိန်ကို လိုက်မီသွားခဲ့တာဖြစ်သလို ဒီလိုလိုမျိုးလုပ်ပြနိုင်တဲ့ တတိယမြောက် ကစားသမားဖြစ်လာခဲ့ပြီး ၂၀၁၁-၁၂ ရာသီမှာ စံချိန်တင်ခဲ့တဲ့ ဘာစီလိုနာတိုက်စစ်မှူး လီယွန်နယ် မက်ဆီနဲ့ ၂၀၁၄-၁၅ ရာသီမှာ လိုက်မီခဲ့တဲ့ ရှက်ခ်တာဒိုးနက်စ်ခ်တိုက်စစ်မှူး လူးဝစ်ဇ် အက်ဒရီယာနိုနဲ့ တူညီသွားနိုင်ခဲ့တာပါ။

ဟားလန်းအနေနဲ့ ချန်ပီယံလိဂ် သွင်းဂိုး ၃၀ ကို အမြန်ဆုံးရရှိခဲ့တဲ့ ကစားသမားလည်းဖြစ်လာခဲ့ပြီး သူ့ရဲ့ ၂၅ ပွဲမြောက်မှာ သွင်းယူတဲ့ ပထမ ဂိုးနှစ်ဂိုးက စံချိန်တင်ရှိခဲ့တာဖြစ်သလို နောက်မှာ သွင်းယူခဲ့တဲ့ သုံးဂိုးကြောင့် ချန်ပီယံလိဂ်မှာ ၂၅ ပွဲ ကစားအပြီးမှာ ၃၃ ဂိုးအထိ တစ်ပွဲပျမ်းမျှ ၁.၃၂ ဂိုးနဲ့ အမြင့်မားဆုံး အချိုးကိုလည်း ပိုင်ဆိုင်ထားနိုင်ခဲ့ပါတယ်။

ဒါ့အပြင် နော်ဝေသားအနေနဲ့ သွင်းဂိုး ၃၀ ကို အသက်အငယ်ဆုံး ပြည့်မြောက်ခဲ့တဲ့ စံချိန်ကို အသက် ၂၂ နှစ်နဲ့ ၂၃၆ ရက် အရွယ်မှာ တင်ရှိလိုက်ပြီး ရှေ့က အာဂျင်တီးနား GOAT မက်ဆီရဲ့ ၂၃ နှစ် ၁၃၁ ရက်စံချိန်ကိုလည်း ချိုးဖျက်နိုင်ခဲ့သလို မြို့ခံပြိုင်ဘက်တိုက်စစ်မှူးဟောင်း ရုဒ် ဗန်နစ္စတယ်လ်ရွိုင်းရဲ့ ၃၄ ပွဲနဲ့ ဂိုး ၃၀ ရတဲ့ စံချိန်ကိုလည်း ၉ ပွဲအသာနဲ့ ကျော်ဖြတ်နိုင်ခဲ့တာပါ။

ဟားလန်းဟာ သွင်းဂိုး ၁၀ ဂိုးမြောက်နဲ့ ဂိုး ၂၀ မြောက်တွေကိုလည်း အမြန်ဆုံး ရယူနိုင်ခဲ့တဲ့ ကစားသမားအဖြစ် သမိုင်းမှတ်တိုင်သစ်တွေကို စိုက်ထူခဲ့ဖူးသလို ဂိုး ၃၀ မှာလည်း ဆက်လက်လုပ်ဆောင်နိုင်ခဲ့တာဖြစ်ပြီး လက်ရှိနှုန်းထားအရဆိုရင် နောက်ထပ် ဆယ်ပြည့်သွင်းဂိုးတွေနဲ့အတူ ချန်ပီယံလိဂ်ရဲ့ ဆရာကြီးတွေဖြစ်တဲ့ ရောဘတ် လီဗန်ဒေါ့ဗ်စကီး၊ မက်ဆီနဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့ကိုလည်း ကျော်ဖြတ်သွားဖို့ရှိနေပါတယ်။

ချန်ပီယံလိဂ်စံချိန်တွေအပြင် သူ့အနေနဲ့ ဒီနေ့မှာ မန်ချက်စတာစီးတီးအသင်းရဲ့ စံချိန်ဟောင်းတစ်ခုကိုလည်း ချိုးဖျက်သွားနိုင်ခဲ့ပြီး ဒီအသင်းနဲ့အတူ ၉၄ နှစ်ကြာ တည်တံ့နေခဲ့တဲ့ ၁၉၂၈-၂၉ ရာသီက တွမ်မီ ဂျွန်ဆန် တင်ရှိခဲ့တဲ့ တစ်ရာသီသွင်းဂိုး ၃၈ ဂိုး စံချိန်ကို ဒီနေ့မှာတော့ ၃၆ ပွဲကစား ၃၉ ဂိုးနဲ့ မှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့တာပါ။

တစ်ပွဲတည်းကို ၅ ဂိုးသွင်းခဲ့တဲ့ စံချိန်ကတော့ ဆာဂျီယို အဂွေရိုရဲ့ နယူးကာဆယ်လ်နဲ့ ပရီးမီးယားလိဂ်မှာ တင်ရှိထားခဲ့တဲ့ စံချိန်ကို လိုက်မီထားခဲ့တာဖြစ်ပြီး ချန်ပီယံလိဂ်မှာ ရခဲ့တဲ့ စံချိန်တွေကို အာလင်း ဟားလန်းတစ်ယောက် ပရီးမီးယားလိဂ်ကိုပါ ယူဆောင်လာနိုင်ဦးမလားဆိုတာကိုတော့ စောင့်ကြည့်ရမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာစီးတီးအသင္းက RB လိုက္ပ္ဇစ္အသင္းကို ခုနစ္ဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရခဲ့တဲ့ အိမ္ကြင္း အစ္တီဟတ္က ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ ရႈံးထြက္ပြဲစဥ္မွာ တိုက္စစ္မႉး အာလင္း ဟားလန္းအေနနဲ႔ ၅ ဂိုးအထိ သြင္းယူႏိုင္ခဲ့ၿပီး ပြဲရဲ႕ အေကာင္းဆုံးကစားသမား Man of the Match ဆုနဲ႔ ဟက္ထရစ္ ေဘာလုံးကို ပိုင္ဆိုင္သြားႏိုင္ခဲ့သလို စံခ်ိန္ေတြကိုလည္း ခ်ိဳးဖ်က္သြားႏိုင္ခဲ့တာျဖစ္ပါတယ္။

သူ႔ရဲ႕ သြင္းဂိုး ၅ ဂိုးကေတာ့ ခ်န္ပီယံလိဂ္ရဲ႕ ပြဲတစ္ပြဲတည္းမွာ သြင္းယူတဲ့ အျမင့္ဆုံးစံခ်ိန္ကို လိုက္မီသြားခဲ့တာျဖစ္သလို ဒီလိုလိုမ်ိဳးလုပ္ျပႏိုင္တဲ့ တတိယေျမာက္ ကစားသမားျဖစ္လာခဲ့ၿပီး ၂၀၁၁-၁၂ ရာသီမွာ စံခ်ိန္တင္ခဲ့တဲ့ ဘာစီလိုနာတိုက္စစ္မႉး လီယြန္နယ္ မက္ဆီနဲ႔ ၂၀၁၄-၁၅ ရာသီမွာ လိုက္မီခဲ့တဲ့ ရွက္ခ္တာဒိုးနက္စ္ခ္တိုက္စစ္မႉး လူးဝစ္ဇ္ အက္ဒရီယာႏိုနဲ႔ တူညီသြားႏိုင္ခဲ့တာပါ။

ဟားလန္းအေနနဲ႔ ခ်န္ပီယံလိဂ္ သြင္းဂိုး ၃၀ ကို အျမန္ဆုံးရရွိခဲ့တဲ့ ကစားသမားလည္းျဖစ္လာခဲ့ၿပီး သူ႔ရဲ႕ ၂၅ ပြဲေျမာက္မွာ သြင္းယူတဲ့ ပထမ ဂိုးႏွစ္ဂိုးက စံခ်ိန္တင္ရွိခဲ့တာျဖစ္သလို ေနာက္မွာ သြင္းယူခဲ့တဲ့ သုံးဂိုးေၾကာင့္ ခ်န္ပီယံလိဂ္မွာ ၂၅ ပြဲ ကစားအၿပီးမွာ ၃၃ ဂိုးအထိ တစ္ပြဲပ်မ္းမွ် ၁.၃၂ ဂိုးနဲ႔ အျမင့္မားဆုံး အခ်ိဳးကိုလည္း ပိုင္ဆိုင္ထားႏိုင္ခဲ့ပါတယ္။

ဒါ့အျပင္ ေနာ္ေဝသားအေနနဲ႔ သြင္းဂိုး ၃၀ ကို အသက္အငယ္ဆုံး ျပည့္ေျမာက္ခဲ့တဲ့ စံခ်ိန္ကို အသက္ ၂၂ ႏွစ္နဲ႔ ၂၃၆ ရက္ အ႐ြယ္မွာ တင္ရွိလိုက္ၿပီး ေရွ႕က အာဂ်င္တီးနား GOAT မက္ဆီရဲ႕ ၂၃ ႏွစ္ ၁၃၁ ရက္စံခ်ိန္ကိုလည္း ခ်ိဳးဖ်က္ႏိုင္ခဲ့သလို ၿမိဳ႕ခံၿပိဳင္ဘက္တိုက္စစ္မႉးေဟာင္း ႐ုဒ္ ဗန္နစၥတယ္လ္႐ြိဳင္းရဲ႕ ၃၄ ပြဲနဲ႔ ဂိုး ၃၀ ရတဲ့ စံခ်ိန္ကိုလည္း ၉ ပြဲအသာနဲ႔ ေက်ာ္ျဖတ္ႏိုင္ခဲ့တာပါ။

ဟားလန္းဟာ သြင္းဂိုး ၁၀ ဂိုးေျမာက္နဲ႔ ဂိုး ၂၀ ေျမာက္ေတြကိုလည္း အျမန္ဆုံး ရယူႏိုင္ခဲ့တဲ့ ကစားသမားအျဖစ္ သမိုင္းမွတ္တိုင္သစ္ေတြကို စိုက္ထူခဲ့ဖူးသလို ဂိုး ၃၀ မွာလည္း ဆက္လက္လုပ္ေဆာင္ႏိုင္ခဲ့တာျဖစ္ၿပီး လက္ရွိႏႈန္းထားအရဆိုရင္ ေနာက္ထပ္ ဆယ္ျပည့္သြင္းဂိုးေတြနဲ႔အတူ ခ်န္ပီယံလိဂ္ရဲ႕ ဆရာႀကီးေတြျဖစ္တဲ့ ေရာဘတ္ လီဗန္ေဒါ့ဗ္စကီး၊ မက္ဆီနဲ႔ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုတို႔ကိုလည္း ေက်ာ္ျဖတ္သြားဖို႔ရွိေနပါတယ္။

ခ်န္ပီယံလိဂ္စံခ်ိန္ေတြအျပင္ သူ႔အေနနဲ႔ ဒီေန႔မွာ မန္ခ်က္စတာစီးတီးအသင္းရဲ႕ စံခ်ိန္ေဟာင္းတစ္ခုကိုလည္း ခ်ိဳးဖ်က္သြားႏိုင္ခဲ့ၿပီး ဒီအသင္းနဲ႔အတူ ၉၄ ႏွစ္ၾကာ တည္တံ့ေနခဲ့တဲ့ ၁၉၂၈-၂၉ ရာသီက တြမ္မီ ဂြၽန္ဆန္ တင္ရွိခဲ့တဲ့ တစ္ရာသီသြင္းဂိုး ၃၈ ဂိုး စံခ်ိန္ကို ဒီေန႔မွာေတာ့ ၃၆ ပြဲကစား ၃၉ ဂိုးနဲ႔ မွတ္တမ္းသစ္ ေရးထိုးႏိုင္ခဲ့တာပါ။

တစ္ပြဲတည္းကို ၅ ဂိုးသြင္းခဲ့တဲ့ စံခ်ိန္ကေတာ့ ဆာဂ်ီယို အေဂြ႐ိုရဲ႕ နယူးကာဆယ္လ္နဲ႔ ပရီးမီးယားလိဂ္မွာ တင္ရွိထားခဲ့တဲ့ စံခ်ိန္ကို လိုက္မီထားခဲ့တာျဖစ္ၿပီး ခ်န္ပီယံလိဂ္မွာ ရခဲ့တဲ့ စံခ်ိန္ေတြကို အာလင္း ဟားလန္းတစ္ေယာက္ ပရီးမီးယားလိဂ္ကိုပါ ယူေဆာင္လာႏိုင္ဦးမလားဆိုတာကိုေတာ့ ေစာင့္ၾကည့္ရမွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.