Match Report Premier League UCL&UEL

ဟားလန်းနဲ့အတူ တိုက်တိုက်ဆိုင်ဆိုင် ခုနစ်ဂိုးမိုးရွာပြပြီး ကွာတားတက်တဲ့ မန်စီးတီး

မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အီဒါဆန်၊ ခံစစ်မှာ အာကန်ဂျီ၊ ရူဘင် ဒီယက်စ်၊ ဂျွန်စတုန်းစ်နဲ့ အာကေတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ရိုဒရီ၊ ဂွန်ဒိုးဝမ်နဲ့ ဒီဘရိုင်းနားတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဂရီးလစ်ရှ်၊ ဘာနာဒို ဆေးလ်ဗားနဲ့ ဟားလန်းတို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် RB လိုက်ပ်ဇစ်တို့ကတော့ ဂိုးသမား ဘလာစ်ဗစ်ချ်၊ ခံစစ်မှာ အော်ဘန်၊ ဂွါဒီယောလ်၊ ဟိုင်းန်ရစ်ချ်နဲ့ ရောင်းမ်တို့ကို အထိုင်ချခဲ့ပြီး ကွင်းလယ်မှာတော့ ဟိုက်ဒါရာ၊ ကမ်ပယ်လ်၊ ဆိုဘော့ဆ်လိုင်း၊ ဖော့စ်ဘတ်နဲ့ လိုင်မာတို့ကို စုဖွဲ့ပေးခဲ့သလို တိုက်စစ်မှာတော့ တီမို ဗာနာ တစ်ဦးတည်းကို တင်ကစားလာခဲ့တာပါ။

ခံစစ်မှာ အပေးအယူလုပ်ပြီး မန်စီးတီးတို့ကို လျှပ်တစ်ပြက် ထိုးဖောက်ဖို့ ရည်ရွယ်ပုံရတဲ့ လိုက်ပ်ဇစ်တို့ရဲ့ ဗျူဟာက ဒီအသင်းနဲ့ ဒီအသင်း၊ ဒီအဆင့်နဲ့ ဒီအဆင့်ကို နောက်နေတာလားလို့ မေးရမလိုဖြစ်ခဲ့ပြီး နည်းပြ မာကို ရိုဆာအနေနဲ့ ဥရောပအဆင့်မှာ အလုပ်မဖြစ်ခဲ့သလို မွန်ချန်ဂလာဘက်ချ်က ထွက်လာပြီး ဒေါ့မွန်မှာ ကျရှုံးခဲ့ပေမယ့် Red Bull အုပ်စုကတော့ ဆာ့လ်ဇ်ဘတ်က သံယောဇဉ်နဲ့ အလုပ်ခန့်ခဲ့ပုံပေါ်ပါတယ်။

ပွဲချိန် ၂၂ မိနစ်မှာ မန်စီးတီးတို့ အဖွင့်ဂိုး စတင်သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ထောင့်ကန်ဘောကနေ ရိုဒရီ ခေါင်းတိုက်တာက လိုက်ပ်ဇစ်နောက်ခံလူ ဟိုင်းန်ရစ်ချ်ရဲ့ ဆန့်ထုတ်ထားတဲ့ လက်ကို ထိမိခဲ့လို့ ရခဲ့တဲ့ ပင်နယ်တီကို ဟားလန်းက ဂိုးသမား ဘလာစ်ဗစ်ချ် မဖမ်းနိုင်အောင် ညာဘက်တိုင်ခြေကို အပြင်းကန်သွင်းယူသွားခဲ့တာပါ။

ပွဲချိန် ၂၄ မိနစ်မှာ မန်စီးတီးတို့ပဲ ဒုတိယဂိုး ရခဲ့ပြီး ခံစစ်ကနေ အာကန်ဂျီ ကန်တင်ပေးတဲ့ ဘောလုံးကို ဟားလန်းက ရယူပြီး နောက်ကို ပြန်ချပေးရာမှာ ပြေးဝင်လာတဲ့ ဒီဘရိုင်းနားကို ဘယ်ခြေနဲ့ ကြုံသလို ကန်သွင်းချက်ကနေ ဘားထိပြီး ပြန်ထွက်အလာမှာ ဟားလန်းကပဲ ခေါင်းတိုက်သွင်းပြီး နှစ်ဂိုး-ဂိုးမရှိဖြစ်စေခဲ့ပါတယ်။

လိုက်ပ်ဇ်တို့အနေနဲ့ ခြေထဲမှာ ဘောလုံးထားရတာ သက်တောင့်သက်သာမရှိတဲ့ ဂိုးသမား ဘလာစ်ဗစ်ချ်ဆီ ပေးတိုင်း ဟားလန်းက မခိုမကပ် အားထုတ်ပြီး လိုက်လုဖို့ ကြိုးစားနေခဲ့တာကြောင့် မန်စီးတီးတို့အနေနဲ့ အိမ်ကွင်းမှာ ကလေးတွေကို အနိုင်ကျင့်သလိုဖြစ်နေခဲ့ပြီး တိုက်စစ်က ပြန်လာရင်လဲ တီမို ဗာနာဖြစ်နေတာကြောင့် အိမ်ရှင်တွေ နဘယံ ဘေးမရှိပဲဖြစ်နေခဲ့တာပါ။

နာကျင်အချိန်ပို ၂ မိနစ်မှာ မန်စီးတီးတို့ တတိယ ဦးဆောင်ဂိုးကို သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာထောင့်ကန်ဘောကနေ ဒီဘရိုင်းနား ကန်တင်ပေးတာကို ရူဘင် ဒီယက်စ်က ခေါင်းတိုက်သွင်းရာမှာ လိုက်ပ်ဇစ်ဂိုးသမား ပုတ်ထုတ်နိုင်ခဲ့ပေမယ့် ဂိုးစည်းပေါ် ကြိုးတန်းလျှောက်သလို လိမ့်လာတဲ့ ဘောလုံးကို ဟားလန်းက သူ့ရဲ့ ဟက်ထရစ်အဖြစ် ရှင်းထုတ်တဲ့ နောက်ခံလူနဲ့အပြိုင် ပြေးပိတ်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမှာ မန်စီးတီးတို့က လိုက်ပ်ဇစ်တို့ကို ဟားလန်းရဲ့ ဟက်ထရစ်ကြောင့် သုံးဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပြီး ဒုတိယပိုင်းမှာလည်း ဧည့်သည်နည်းပြ မာကို ရိုဆာအနေနဲ့ ဂွါဒီယိုလာရဲ့ ကစားကွက်ကို တားဆီးနိုင်ဖို့ ဘာမှ အပြောင်းအလဲ မလုပ်တတ်ခဲ့တာကြောင့် သနားစရာကောင်းလှတဲ့ ဂိုးသမား ဘလာစ်ဗစ်ချ်ရဲ့ ဒရာမာ အလွမ်းဇာတ်ကိုပဲ ဆက်ပြီး မြင်ခဲ့ရတာပါ။

ပွဲချိန် ၄၉ မိနစ်မှာတော့ မန်စီးတီးတို့ကပဲ စတုတ္ထ အနိုင်ဂိုးကို ထပ်မံရှာဖွေသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဟားလန်းက ဘယ်ခြမ်းကို ဖြန့်ပေးတဲ့ ဘောလုံးကို ဂရီးလစ်ရှ်က ကန်မလိုနဲ့ ဧရိယာထိပ်ကို ပြန်ခင်းပေးရာမှာ ဂွန်ဒိုးဝမ်က တစ်ချက်ခေါက်ပြီး ဘယ်ခြေနဲ့ အနိမ့်ဘော ကန်သွင်းခဲ့ရာမှာ ရှေ့ကနေ ပိတ်ဆို့နေခဲ့တဲ့ လိုက်ပ်ဇစ်နောက်ခံလူနှစ်ယောက်ကြောင့် ဂိုးသမား ကာကွယ်ဖို့ မမီလိုက်ဘဲ ဂိုးဖြစ်သွားခဲ့ရပါတယ်။

ပွဲချိန် ၅၃ မိနစ်မှာ မန်စီးတီးတို့ပဲ ပဉ္စမမြောက်ဂိုးကို ရယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ညာထောင့်ကန်ဘောကနေ ဒီဘရိုင်းနား တင်ပေးရာမှာ ဘာနာဒို ဆေးလ်ဗားက ခေါင်းတိုက်ပြီး ပို့ပေးတာကို ဟားလန်းရဲ့ ခေါင်းတိုက်ချက်ကို ဂိုးသမား ပုတ်ထုတ်ခဲ့ပြီး ဘေးက ရှိနေတဲ့ အာကန်ဂျီ ပိတ်သွင်းတာ မအောင်မြင်ဘဲ ပြန်ထွက်လာရာမှာ ဟားလန်းကပဲ နောက်တစ်ကြိမ် ကန်သွင်းနိုင်ခဲ့လို့ ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့တာပါ။

ပွဲချိန် ၅၅ မိနစ်မှာတော့ ဂွန်ဒိုးဝမ်နဲ့ ဂရီးလစ်ရှ်တို့ကို မန်စီးတီးတို့ အနားပေးသွားခဲ့ကြသလို မာရက်ဇ်နဲ့ ဖိုဒန်တို့ကို ထည့်သွင်းလာခဲ့ပြီး လိုက်ပ်ဇစ်တို့ကတော့ ဘာမှ တုံ့ပြန်နိုင်ခြင်း မရှိဘဲ ဆက်ကစားနေခဲ့သလို တစ်မိနစ်အကြာမှာ ဂျွန်စတုန်းစ်ရဲ့ ဖြတ်တင်ဘောကနေ မာရက်ဇ်က ခေါင်းတိုက်သွင်းဖို့ ကြိုးစားခဲ့တာကို ဂိုးသမား ပုတ်ထုတ်သွားနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၅၇ မိနစ်မှာတော့ မန်စီးတီးတို့ပဲ ဂိုးဒါဇင်ဝက် ပြည့်မြောက်သွားခဲ့ပြီး ဒီဂိုးကိုတော့ ညာထောင့်ကန်ဘောကနေ အတိုပေးပြီး မာရက်ဇ်က ဂိုးရှေ့ ဖြတ်တင်ပေးရာမှာ အာကန်ဂျီ ပိတ်သွင်းတဲ့ ဘောလုံးကို ဂိုးသမား ဘလာစ်ဗစ်ချ်က ပုတ်ထုတ်နိုင်ခဲ့ပေမယ့် ကျားရှေ့ မှောက်လျက်လဲတာထက် ဆိုးခဲ့ပြီး ဟားလန်းရှေ့ ဘောလုံးရောက်သွားခဲ့ရာမှာတော့ အားလုံးသိတော်မူကြသည့်အတိုင်းလို့ ပြောရမလိုပဲ ဂိုးဖြစ်သွားခဲ့တာပါ။

ခြောက်ဂိုးရအပြီးမှာတော့ မန်စီးတီးတို့က ဟားလန်းကိုပါ အနားပေးခဲ့ပြီး ရိုဒရီ၊ ဂျွန်စတုန်းစ်တို့နဲ့အတူ လူစားလဲခဲ့သလို အယ်လ်ဗာရက်ဇ်၊ ဆာဂျီယို ဂိုမက်ဇ်နဲ့ ကယ်လ်ဗင် ဖိလစ်တို့ ဝင်ကစားခဲ့ကြပြီး လိုက်ပ်ဇစ်တို့ကတော့ တီမို ဗာနာ၊ ဖော့စ်ဘတ်၊ ဟိုက်ဒါရာနဲ့ ဟိုင်းန်ရစ်ချ်တို့အစား အန်ဒရေ ဆေးလ်ဗား၊ ယူဆွတ်ဖ် ပေါလ်ဆန်၊ ဆီမာကန်နဲ့ ကလိုစတာမန်းတို့ကို ထည့်သွင်းသွားခဲ့ပါတယ်။

လက်ကျန်ပွဲချိန်တွေမှာတော့ ဒီရလဒ်နဲ့ပဲ ပွဲပြီးတော့မယ် ထင်နေတုန်း နာကျင်အချိန်ပို ၂ မိနစ်မှာ မန်စီးတီးတို့ပဲ သတ္တမဂိုး ထပ်ရသွားခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းကနေ ဘာနာဒို ဆေးလ်ဗား ချပေးတာကို မာရက်ဇ်က တောင်ပံကနေ အထဲချိုးဝင်ပြီး ခင်းပေးရာမှာ ဒီဘရိုင်းနားက ဧရိယာထိပ်ကနေ တစ်ချက်ခေါက်ပြီး အပြင်းကန်သွင်းယူနိုင်ခဲ့တာကြောင့် ဒီလောက်အထိ ဂိုးပြတ်သွားခဲ့တာပါ။

ပွဲချိန်အပြည့်မှာတော့ မန်ချက်စတာစီးတီးတို့က RB လိုက်ပ်ဇစ်တို့ကို ခုနစ်ဂိုး-ဂိုးမရှိနဲ့ အောင်ပွဲခံခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ် ရှစ်ဂိုး-တစ်ဂိုးနဲ့ ကွာတားဖိုင်နယ်အဆင့်ကို ဂိုးမိုးရွာပြီး တက်ရောက်သွားခဲ့ကြသလို ဟားလန်းကတော့ ချန်ပီယံလိဂ်ရဲ့ ပွဲတစ်ပွဲတည်းမှာ ဂိုးအများဆုံးသွင်းတဲ့ စံချိန်ကို ရှက်ခ်တာဒိုးနက်စ်တိုက်စစ်မှူးဟောင်း လူးဝစ်ဇ် အက်ဒရီယာနို၊ လီယွန်နယ် မက်ဆီတို့နဲ့ တူညီသွားနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား အီဒါဆန္၊ ခံစစ္မွာ အာကန္ဂ်ီ၊ ႐ူဘင္ ဒီယက္စ္၊ ဂြၽန္စတုန္းစ္နဲ႔ အာေကတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ႐ိုဒရီ၊ ဂြန္ဒိုးဝမ္နဲ႔ ဒီဘ႐ိုင္းနားတို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ဂရီးလစ္ရွ္၊ ဘာနာဒို ေဆးလ္ဗားနဲ႔ ဟားလန္းတို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

ဧည့္သည္ RB လိုက္ပ္ဇစ္တို႔ကေတာ့ ဂိုးသမား ဘလာစ္ဗစ္ခ်္၊ ခံစစ္မွာ ေအာ္ဘန္၊ ဂြါဒီေယာလ္၊ ဟိုင္းန္ရစ္ခ်္နဲ႔ ေရာင္းမ္တို႔ကို အထိုင္ခ်ခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဟိုက္ဒါရာ၊ ကမ္ပယ္လ္၊ ဆိုေဘာ့ဆ္လိုင္း၊ ေဖာ့စ္ဘတ္နဲ႔ လိုင္မာတို႔ကို စုဖြဲ႕ေပးခဲ့သလို တိုက္စစ္မွာေတာ့ တီမို ဗာနာ တစ္ဦးတည္းကို တင္ကစားလာခဲ့တာပါ။

ခံစစ္မွာ အေပးအယူလုပ္ၿပီး မန္စီးတီးတို႔ကို လွ်ပ္တစ္ျပက္ ထိုးေဖာက္ဖို႔ ရည္႐ြယ္ပုံရတဲ့ လိုက္ပ္ဇစ္တို႔ရဲ႕ ဗ်ဴဟာက ဒီအသင္းနဲ႔ ဒီအသင္း၊ ဒီအဆင့္နဲ႔ ဒီအဆင့္ကို ေနာက္ေနတာလားလို႔ ေမးရမလိုျဖစ္ခဲ့ၿပီး နည္းျပ မာကို ႐ိုဆာအေနနဲ႔ ဥေရာပအဆင့္မွာ အလုပ္မျဖစ္ခဲ့သလို မြန္ခ်န္ဂလာဘက္ခ်္က ထြက္လာၿပီး ေဒါ့မြန္မွာ က်ရႈံးခဲ့ေပမယ့္ Red Bull အုပ္စုကေတာ့ ဆာ့လ္ဇ္ဘတ္က သံေယာဇဥ္နဲ႔ အလုပ္ခန႔္ခဲ့ပုံေပၚပါတယ္။

ပြဲခ်ိန္ ၂၂ မိနစ္မွာ မန္စီးတီးတို႔ အဖြင့္ဂိုး စတင္သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ေထာင့္ကန္ေဘာကေန ႐ိုဒရီ ေခါင္းတိုက္တာက လိုက္ပ္ဇစ္ေနာက္ခံလူ ဟိုင္းန္ရစ္ခ်္ရဲ႕ ဆန႔္ထုတ္ထားတဲ့ လက္ကို ထိမိခဲ့လို႔ ရခဲ့တဲ့ ပင္နယ္တီကို ဟားလန္းက ဂိုးသမား ဘလာစ္ဗစ္ခ်္ မဖမ္းႏိုင္ေအာင္ ညာဘက္တိုင္ေျခကို အျပင္းကန္သြင္းယူသြားခဲ့တာပါ။

ပြဲခ်ိန္ ၂၄ မိနစ္မွာ မန္စီးတီးတို႔ပဲ ဒုတိယဂိုး ရခဲ့ၿပီး ခံစစ္ကေန အာကန္ဂ်ီ ကန္တင္ေပးတဲ့ ေဘာလုံးကို ဟားလန္းက ရယူၿပီး ေနာက္ကို ျပန္ခ်ေပးရာမွာ ေျပးဝင္လာတဲ့ ဒီဘ႐ိုင္းနားကို ဘယ္ေျခနဲ႔ ႀကဳံသလို ကန္သြင္းခ်က္ကေန ဘားထိၿပီး ျပန္ထြက္အလာမွာ ဟားလန္းကပဲ ေခါင္းတိုက္သြင္းၿပီး ႏွစ္ဂိုး-ဂိုးမရွိျဖစ္ေစခဲ့ပါတယ္။

လိုက္ပ္ဇ္တို႔အေနနဲ႔ ေျခထဲမွာ ေဘာလုံးထားရတာ သက္ေတာင့္သက္သာမရွိတဲ့ ဂိုးသမား ဘလာစ္ဗစ္ခ်္ဆီ ေပးတိုင္း ဟားလန္းက မခိုမကပ္ အားထုတ္ၿပီး လိုက္လုဖို႔ ႀကိဳးစားေနခဲ့တာေၾကာင့္ မန္စီးတီးတို႔အေနနဲ႔ အိမ္ကြင္းမွာ ကေလးေတြကို အႏိုင္က်င့္သလိုျဖစ္ေနခဲ့ၿပီး တိုက္စစ္က ျပန္လာရင္လဲ တီမို ဗာနာျဖစ္ေနတာေၾကာင့္ အိမ္ရွင္ေတြ နဘယံ ေဘးမရွိပဲျဖစ္ေနခဲ့တာပါ။

နာက်င္အခ်ိန္ပို ၂ မိနစ္မွာ မန္စီးတီးတို႔ တတိယ ဦးေဆာင္ဂိုးကို သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ညာေထာင့္ကန္ေဘာကေန ဒီဘ႐ိုင္းနား ကန္တင္ေပးတာကို ႐ူဘင္ ဒီယက္စ္က ေခါင္းတိုက္သြင္းရာမွာ လိုက္ပ္ဇစ္ဂိုးသမား ပုတ္ထုတ္ႏိုင္ခဲ့ေပမယ့္ ဂိုးစည္းေပၚ ႀကိဳးတန္းေလွ်ာက္သလို လိမ့္လာတဲ့ ေဘာလုံးကို ဟားလန္းက သူ႔ရဲ႕ ဟက္ထရစ္အျဖစ္ ရွင္းထုတ္တဲ့ ေနာက္ခံလူနဲ႔အၿပိဳင္ ေျပးပိတ္သြင္းႏိုင္ခဲ့တာျဖစ္ပါတယ္။

ပထမပိုင္းမွာ မန္စီးတီးတို႔က လိုက္ပ္ဇစ္တို႔ကို ဟားလန္းရဲ႕ ဟက္ထရစ္ေၾကာင့္ သုံးဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့ၿပီး ဒုတိယပိုင္းမွာလည္း ဧည့္သည္နည္းျပ မာကို ႐ိုဆာအေနနဲ႔ ဂြါဒီယိုလာရဲ႕ ကစားကြက္ကို တားဆီးႏိုင္ဖို႔ ဘာမွ အေျပာင္းအလဲ မလုပ္တတ္ခဲ့တာေၾကာင့္ သနားစရာေကာင္းလွတဲ့ ဂိုးသမား ဘလာစ္ဗစ္ခ်္ရဲ႕ ဒရာမာ အလြမ္းဇာတ္ကိုပဲ ဆက္ၿပီး ျမင္ခဲ့ရတာပါ။

ပြဲခ်ိန္ ၄၉ မိနစ္မွာေတာ့ မန္စီးတီးတို႔ကပဲ စတုတၳ အႏိုင္ဂိုးကို ထပ္မံရွာေဖြသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဟားလန္းက ဘယ္ျခမ္းကို ျဖန႔္ေပးတဲ့ ေဘာလုံးကို ဂရီးလစ္ရွ္က ကန္မလိုနဲ႔ ဧရိယာထိပ္ကို ျပန္ခင္းေပးရာမွာ ဂြန္ဒိုးဝမ္က တစ္ခ်က္ေခါက္ၿပီး ဘယ္ေျခနဲ႔ အနိမ့္ေဘာ ကန္သြင္းခဲ့ရာမွာ ေရွ႕ကေန ပိတ္ဆို႔ေနခဲ့တဲ့ လိုက္ပ္ဇစ္ေနာက္ခံလူႏွစ္ေယာက္ေၾကာင့္ ဂိုးသမား ကာကြယ္ဖို႔ မမီလိုက္ဘဲ ဂိုးျဖစ္သြားခဲ့ရပါတယ္။

ပြဲခ်ိန္ ၅၃ မိနစ္မွာ မန္စီးတီးတို႔ပဲ ပၪၥမေျမာက္ဂိုးကို ရယူသြားႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ညာေထာင့္ကန္ေဘာကေန ဒီဘ႐ိုင္းနား တင္ေပးရာမွာ ဘာနာဒို ေဆးလ္ဗားက ေခါင္းတိုက္ၿပီး ပို႔ေပးတာကို ဟားလန္းရဲ႕ ေခါင္းတိုက္ခ်က္ကို ဂိုးသမား ပုတ္ထုတ္ခဲ့ၿပီး ေဘးက ရွိေနတဲ့ အာကန္ဂ်ီ ပိတ္သြင္းတာ မေအာင္ျမင္ဘဲ ျပန္ထြက္လာရာမွာ ဟားလန္းကပဲ ေနာက္တစ္ႀကိမ္ ကန္သြင္းႏိုင္ခဲ့လို႔ ဂိုးအျဖစ္ ေျပာင္းလဲႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၅၅ မိနစ္မွာေတာ့ ဂြန္ဒိုးဝမ္နဲ႔ ဂရီးလစ္ရွ္တို႔ကို မန္စီးတီးတို႔ အနားေပးသြားခဲ့ၾကသလို မာရက္ဇ္နဲ႔ ဖိုဒန္တို႔ကို ထည့္သြင္းလာခဲ့ၿပီး လိုက္ပ္ဇစ္တို႔ကေတာ့ ဘာမွ တုံ႔ျပန္ႏိုင္ျခင္း မရွိဘဲ ဆက္ကစားေနခဲ့သလို တစ္မိနစ္အၾကာမွာ ဂြၽန္စတုန္းစ္ရဲ႕ ျဖတ္တင္ေဘာကေန မာရက္ဇ္က ေခါင္းတိုက္သြင္းဖို႔ ႀကိဳးစားခဲ့တာကို ဂိုးသမား ပုတ္ထုတ္သြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၅၇ မိနစ္မွာေတာ့ မန္စီးတီးတို႔ပဲ ဂိုးဒါဇင္ဝက္ ျပည့္ေျမာက္သြားခဲ့ၿပီး ဒီဂိုးကိုေတာ့ ညာေထာင့္ကန္ေဘာကေန အတိုေပးၿပီး မာရက္ဇ္က ဂိုးေရွ႕ ျဖတ္တင္ေပးရာမွာ အာကန္ဂ်ီ ပိတ္သြင္းတဲ့ ေဘာလုံးကို ဂိုးသမား ဘလာစ္ဗစ္ခ်္က ပုတ္ထုတ္ႏိုင္ခဲ့ေပမယ့္ က်ားေရွ႕ ေမွာက္လ်က္လဲတာထက္ ဆိုးခဲ့ၿပီး ဟားလန္းေရွ႕ ေဘာလုံးေရာက္သြားခဲ့ရာမွာေတာ့ အားလုံးသိေတာ္မူၾကသည့္အတိုင္းလို႔ ေျပာရမလိုပဲ ဂိုးျဖစ္သြားခဲ့တာပါ။

ေျခာက္ဂိုးရအၿပီးမွာေတာ့ မန္စီးတီးတို႔က ဟားလန္းကိုပါ အနားေပးခဲ့ၿပီး ႐ိုဒရီ၊ ဂြၽန္စတုန္းစ္တို႔နဲ႔အတူ လူစားလဲခဲ့သလို အယ္လ္ဗာရက္ဇ္၊ ဆာဂ်ီယို ဂိုမက္ဇ္နဲ႔ ကယ္လ္ဗင္ ဖိလစ္တို႔ ဝင္ကစားခဲ့ၾကၿပီး လိုက္ပ္ဇစ္တို႔ကေတာ့ တီမို ဗာနာ၊ ေဖာ့စ္ဘတ္၊ ဟိုက္ဒါရာနဲ႔ ဟိုင္းန္ရစ္ခ်္တို႔အစား အန္ဒေရ ေဆးလ္ဗား၊ ယူဆြတ္ဖ္ ေပါလ္ဆန္၊ ဆီမာကန္နဲ႔ ကလိုစတာမန္းတို႔ကို ထည့္သြင္းသြားခဲ့ပါတယ္။

လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ ဒီရလဒ္နဲ႔ပဲ ပြဲၿပီးေတာ့မယ္ ထင္ေနတုန္း နာက်င္အခ်ိန္ပို ၂ မိနစ္မွာ မန္စီးတီးတို႔ပဲ သတၱမဂိုး ထပ္ရသြားခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ညာျခမ္းကေန ဘာနာဒို ေဆးလ္ဗား ခ်ေပးတာကို မာရက္ဇ္က ေတာင္ပံကေန အထဲခ်ိဳးဝင္ၿပီး ခင္းေပးရာမွာ ဒီဘ႐ိုင္းနားက ဧရိယာထိပ္ကေန တစ္ခ်က္ေခါက္ၿပီး အျပင္းကန္သြင္းယူႏိုင္ခဲ့တာေၾကာင့္ ဒီေလာက္အထိ ဂိုးျပတ္သြားခဲ့တာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ မန္ခ်က္စတာစီးတီးတို႔က RB လိုက္ပ္ဇစ္တို႔ကို ခုနစ္ဂိုး-ဂိုးမရွိနဲ႔ ေအာင္ပြဲခံခဲ့ၿပီး ႏွစ္ေက်ာ့ေပါင္းရလဒ္ ရွစ္ဂိုး-တစ္ဂိုးနဲ႔ ကြာတားဖိုင္နယ္အဆင့္ကို ဂိုးမိုး႐ြာၿပီး တက္ေရာက္သြားခဲ့ၾကသလို ဟားလန္းကေတာ့ ခ်န္ပီယံလိဂ္ရဲ႕ ပြဲတစ္ပြဲတည္းမွာ ဂိုးအမ်ားဆုံးသြင္းတဲ့ စံခ်ိန္ကို ရွက္ခ္တာဒိုးနက္စ္တိုက္စစ္မႉးေဟာင္း လူးဝစ္ဇ္ အက္ဒရီယာႏို၊ လီယြန္နယ္ မက္ဆီတို႔နဲ႔ တူညီသြားႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.