Premier League

ရော်နယ်လ်ဒိုက အလိမ်အခေါက်မှာ မက်ဆီထက်ပိုကောင်းတယ်ဆိုတဲ့အချက်ကို တုံ့ပြန်ခဲ့တဲ့ ပရိသတ်များ

လီယွန်နယ် မက်ဆီ ပရိသတ်တွေဟာ ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ကစားသမားဘဝ အကောင်းဆုံးအချိန်တုန်းက အာဂျင်တီးနားကြယ်ပွင့်တွေထက် ပိုမိုကောင်းမွန်တဲ့ လိမ်ခေါက်သူဖြစ်ခဲ့တယ်ဆိုတဲ့ တွစ်တာက ပို့စ်ကို တုံ့ပြန်ခဲ့ကြပါတယ်။

EuroFoot က ၎င်းတို့ရဲ့ ပရိသတ်တွေကို အငြင်းပွားဖွယ် ဘောလုံးနဲ့ပတ်သက်တဲ့ ထင်မြင်ယူဆချက်ကို အဖြေပေးဖို့ တောင်းဆိုခဲ့တာဖြစ်ပြီး တွစ်တာအသုံးပြုသူတစ်ဦးက ပေါ်တူဂီကြယ်ပွင့် ဒူးဒဏ်ရာမရရှိခင်က မက်ဆီထက် ပိုမိုကောင်းမွန်တဲ့ လိမ်ခေါက်သူဖြစ်တယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်တုန်းက ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ကုသလို့မရတဲ့ ဒူးဒဏ်ရာ ရရှိခဲ့တာကို ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပေမယ့် တွစ်တာအသုံးပြုသူ မှတ်ချက်က လူမှုကွန်ရက်ပေါ်က မက်ဆီ ပရိသတ်တွေကြားမှာ ပွဲဆူစေခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာပရိသတ်တစ်ဦးက ရော်နယ်လ်ဒိုဟာ ဘယ်တုန်းကမှ အလိမ်အခေါက်မှာ မက်ဆီကို မမီခဲ့ဘူးလို့ တုံ့ပြန်ခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးက အလွန်မှားယွင်းတဲ့ ပြောဆိုမှုလို့ ပြောကြားခဲ့ပါတယ်။

ပေါ်တူဂီကြယ်ပွင့်ဟာ ကစားသမားဘဝအစောပိုင်းတုန်းက တောင်ပံတကြောမှာ အလွန်လျင်မြန်ပြီး ကောင်းမွန်တဲ့ အလိမ်အခေါက်တွေနဲ့ ပရိသတ်တွေကို ဖမ်းစားနိုင်ခဲ့သူဖြစ်ပေမယ့်လည်း အထောင်တိုက်စစ်မှူးအဖြစ် ပြောင်းလဲကစားခဲ့တဲ့အချိန်ကတည်းက အလိမ်အခေါက် စွမ်းရည်တွေက တဖြည်းဖြည်း ကျဆင်းသွားခဲ့တာဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီကတော့ လက်ရှိအချိန်အထိ ၎င်းရဲ့ အလိမ်အခေါက်စွမ်းရည်ကို ထိန်းသိမ်းထားနိုင်ဆဲဖြစ်ပြီး အသက် ၃၅ နှစ်အရွယ်ရှိနေပြီဖြစ်ပေမယ့်လည်း ခံစစ်ကစားသမား ၂ ယောက်၊ ၃ ယောက်လောက်ကို အလွယ်တကူ ဖြတ်ကျော်နိုင်တဲ့ အရည်အချင်းရှိနေဆဲ ဖြစ်ပါတယ်။

ဒါကြောင့်လည်း လီယွန်နယ် မက်ဆီရဲ့ ပရိသတ်တွေဟာ ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ ပရိသတ်တစ်ဦး ပြောဆိုမှုကို ရယ်မောခဲ့ကြပြီး လျင်လျင်မြန်မြန်ပဲ ငြင်းချက်ထုတ်ခဲ့ကြတာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီယြန္နယ္ မက္ဆီ ပရိသတ္ေတြဟာ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ ကစားသမားဘဝ အေကာင္းဆုံးအခ်ိန္တုန္းက အာဂ်င္တီးနားၾကယ္ပြင့္ေတြထက္ ပိုမိုေကာင္းမြန္တဲ့ လိမ္ေခါက္သူျဖစ္ခဲ့တယ္ဆိုတဲ့ တြစ္တာက ပို႔စ္ကို တုံ႔ျပန္ခဲ့ၾကပါတယ္။

EuroFoot က ၎တို႔ရဲ႕ ပရိသတ္ေတြကို အျငင္းပြားဖြယ္ ေဘာလုံးနဲ႔ပတ္သက္တဲ့ ထင္ျမင္ယူဆခ်က္ကို အေျဖေပးဖို႔ ေတာင္းဆိုခဲ့တာျဖစ္ၿပီး တြစ္တာအသုံးျပဳသူတစ္ဦးက ေပၚတူဂီၾကယ္ပြင့္ ဒူးဒဏ္ရာမရရွိခင္က မက္ဆီထက္ ပိုမိုေကာင္းမြန္တဲ့ လိမ္ေခါက္သူျဖစ္တယ္လို႔ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

၂၀၁၄ ခုႏွစ္တုန္းက ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ ကုသလို႔မရတဲ့ ဒူးဒဏ္ရာ ရရွိခဲ့တာကို ရွာေဖြေတြ႕ရွိခဲ့တာျဖစ္ေပမယ့္ တြစ္တာအသုံးျပဳသူ မွတ္ခ်က္က လူမႈကြန္ရက္ေပၚက မက္ဆီ ပရိသတ္ေတြၾကားမွာ ပြဲဆူေစခဲ့တာျဖစ္ပါတယ္။

ဘာစီလိုနာပရိသတ္တစ္ဦးက ေရာ္နယ္လ္ဒိုဟာ ဘယ္တုန္းကမွ အလိမ္အေခါက္မွာ မက္ဆီကို မမီခဲ့ဘူးလို႔ တုံ႔ျပန္ခဲ့ၿပီး ေနာက္ထပ္ပရိသတ္တစ္ဦးက အလြန္မွားယြင္းတဲ့ ေျပာဆိုမႈလို႔ ေျပာၾကားခဲ့ပါတယ္။

ေပၚတူဂီၾကယ္ပြင့္ဟာ ကစားသမားဘဝအေစာပိုင္းတုန္းက ေတာင္ပံတေၾကာမွာ အလြန္လ်င္ျမန္ၿပီး ေကာင္းမြန္တဲ့ အလိမ္အေခါက္ေတြနဲ႔ ပရိသတ္ေတြကို ဖမ္းစားႏိုင္ခဲ့သူျဖစ္ေပမယ့္လည္း အေထာင္တိုက္စစ္မႉးအျဖစ္ ေျပာင္းလဲကစားခဲ့တဲ့အခ်ိန္ကတည္းက အလိမ္အေခါက္ စြမ္းရည္ေတြက တျဖည္းျဖည္း က်ဆင္းသြားခဲ့တာျဖစ္ပါတယ္။

လီယြန္နယ္ မက္ဆီကေတာ့ လက္ရွိအခ်ိန္အထိ ၎ရဲ႕ အလိမ္အေခါက္စြမ္းရည္ကို ထိန္းသိမ္းထားႏိုင္ဆဲျဖစ္ၿပီး အသက္ ၃၅ ႏွစ္အ႐ြယ္ရွိေနၿပီျဖစ္ေပမယ့္လည္း ခံစစ္ကစားသမား ၂ ေယာက္၊ ၃ ေယာက္ေလာက္ကို အလြယ္တကူ ျဖတ္ေက်ာ္ႏိုင္တဲ့ အရည္အခ်င္းရွိေနဆဲ ျဖစ္ပါတယ္။

ဒါေၾကာင့္လည္း လီယြန္နယ္ မက္ဆီရဲ႕ ပရိသတ္ေတြဟာ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုရဲ႕ ပရိသတ္တစ္ဦး ေျပာဆိုမႈကို ရယ္ေမာခဲ့ၾကၿပီး လ်င္လ်င္ျမန္ျမန္ပဲ ျငင္းခ်က္ထုတ္ခဲ့ၾကတာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.