Premier League

ကာစီမီရိုကို အနီမထိအောင် လူချနည်း သင်ကြားပေးခဲ့တဲ့ အာဆင်နယ်ဂန္တဝင်

မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကြယ်ပွင့် ကာစီမီရိုဟာ ဆောက်သမ်တန်နဲ့ ဂိုးမရှိသရေကျခဲ့တဲ့ တနင်္ဂနွေနေ့ပွဲစဉ်မှာ အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပြီးနောက် ဘောလုံးဖျက်ထုတ်တဲ့နည်းစနစ်ပိုင်းကို တိုးတက်အောင်လုပ်ဖို့တောင်းဆိုခြင်းခံခဲ့ရပါတယ်။

ကာစီမီရိုဟာ ဆောက်သမ်တန်နဲ့ပွဲစဉ် ပထမပိုင်းမှာ ပြိုင်ဘက်ကွင်းလယ်လူ အယ်ကာရက်ဇ်ရဲက ခြေထောက်ကို ဝင်ပိုင်းသလို ဖြစ်ခဲ့တာကြောင့် တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒိုင်လူကြီး အန်သိုနီ တေလာဟာ အစပိုင်းတုန်းက အဝါကတ်ပြားသာ ပြသခဲ့ပေမယ့်လည်း VAR နဲ့ ပြန်လည်စစ်ဆေးခဲ့ပြိးနောက်မှာတော့ ဆုံးဖြတ်ချက်ကို ပြင်ဆင်ပြီး အနီကတ်ပြား ပြသခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်ဂန္တဝင်နောက်ခံလူ မာတင် ကီယွန်က ကာစီမီရိုကို အနီကတ်နဲ့ထုတ်ပယ်ခဲ့တဲ့ တေလာရဲ့ ဆုံးဖြတ်ချက်ကို သဘောတူခဲ့ပေမယ့်လည်း ဘရာဇီးလ်ကွင်းလယ်ကစားသမားရဲ့ ဖျက်ထုတ်ပုံက မှားယွင်းနေတယ်ဆိုတာကို ထောက်ပြခဲ့တာဖြစ်ပါတယ်။

“အတိုင်းအတာ တစ်ခုအထိတော့ သူ့မှာ ပြောစရာအချက်ရှိတယ်။ ခင်ဗျား ပရီးမီးယားလိဂ်ကို ကြည့်လိုက်ရင် ကျွန်တော်တို့ ဒီနှစ်မှာ တိုက်ရိုက်ထုတ်ပယ်မှု ၂၃ ကြိမ်သာ ရှိခဲ့ချိန်မှာ လာလီဂါက ၁၀၁ ကြိမ်တောင် ရှိနေပါတယ်။ အဲဒီတော့ ခင်ဗျား အဲဒါကို ကြည့်ပြီး လာလီဂါက လာတဲ့လူတစ်ယောက်အကြောင်း တွေးမိမှာပါ။ ဒါပေမယ့် တိုက်ရိုက်အနီကတ်သာ မဟုတ်ခဲ့ရင် ဘယ်တော့မှ ထုတ်ပယ်ခံရမှာ မဟုတ်ပါဘူး”

“ခင်ဗျား ဖြစ်စဉ်ကို ကြည့်လိုက်ရင် အငြင်းအခုံဖြစ်ဖို့ ထိုက်တန်ပါတယ်။ သူ ပါဝင်ပတ်သက်ခဲ့တာကိုတော့ ခင်ဗျား ငြင်းခုံလို့မရပါဘူး။ ခင်ဗျား ပထမဆုံးအနီကို ကြည့်ရင် သူ့ရဲ့ လက်က ပဲလေ့စ်ကစားသမားလည်မျိုပေါ် ရောက်နေခဲ့တယ်။ ကျွန်တော်ထင်တာက အနှေးပြကွက်က သူ့ကို ဒုက္ခပေးသွားခဲ့တာပါ။ ဘာလို့လဲဆိုတော့ သူက ပြိုင်ဘက်လည်ပင်းကို မညှစ်ခဲ့ဘဲ သူ့လက်က အဲဒီနေရာမှာ ရောက်နေခဲ့တာပါ။ အဲဒါက ဝီလ် ဟုချ်လို့ ထင်တယ်။ ပြီးတော့ သူက သူ့လက်ကို ပြန်ရုတ်ခဲ့ပြီး အဲဒါကြောင့်လည်း ဖြစ်ခဲ့တာထက် ပိုခဲ့တဲ့ပုံ ပေါ်ခဲ့တာပါ။ ဒီတစ်ကြိမ်မှာတော့ အနီကတ်နဲ့ ထုတ်ပယ်ခဲ့တာက မှန်တယ်လို့ ထင်ပြီး အဲဒါက ဖျက်ထုတ်တဲ့နည်းစနစ်နဲ့ ဆိုင်ပါတယ်”

“ဖျက်ထုတ်တဲ့သူတစ်ယောက်အနေနဲ့ ကျွန်တော်လည်း ဗဟိုခံစစ်ကစားသမားအဖြစ်နဲ့ ကစားခဲ့ပြီး ကျွန်တော့် ဘက်ခြမ်းကနေပဲ ဖျက်ထုတ်ခဲ့ပါတယ်။ ခုနားထောင်နေတဲ့လူအားလုံး ခင်ဗျားတို့ ကာစီမီရိုကို ကြည့်ရင် သူ့ရဲ့ဖျက်ထုတ်မှုက ကျောပေးပြီး ဝင်သွားခဲ့တာပါ။ ခင်ဗျား ကျောပေးပြီး ခြေထောက်နဲ့ ဝင်သွားတဲ့အခါမှာ သူ ဘောလုံးကို ရသွားပေမယ့် သူ့ရဲ့ ခြေထောက်က ဘောလုံးရဲ့အပေါ်မှာ ရောက်နေပြီး ပြိုင်ဘက်ကစားသမားကို ဖြတ်ပိုင်းသလို ဖြစ်နေတယ်”

“သူသာ မတူညီတဲ့ နည်းစနစ်နဲ့အတူ သူ့ဘေးဘက်ခြမ်း(ဘေးတိုက်)နဲ့ လျှောထိုးခဲ့ရင် သူ ဘောလုံးကို ကန်မိမှာဖြစ်ပြီး သူ့ပြိုင်ဘက်ကို ဒဏ်ရာရစေမှာ မဟုတ်ပါဘူး။ ခင်ဗျား အခု လူတွေက ဖျက်ထုတ်မှုတွေ လုပ်နေတာကို အများကြီး မြင်မိမှာပါ။ အဲဒါက အနှေးပြကွက်နဲ့ကြည့်ရင် ပိုပြီးဆိုးရွားတဲ့ပုံပေါ်တာကို ကျွန်တော် သိတယ်။ ကျွန်တော် PGMOL ကို ကွင်းဘေးမော်နီတာနဲ့ကြည့်ရင် ပုံမှန်မြန်နှုန်းအတိုင်း ကြည့်ပြီး နောက်ဆုံး ဖြစ်သွားတဲ့အရာကို ကြည့်စေချင်ပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္ကြင္းလယ္ၾကယ္ပြင့္ ကာစီမီ႐ိုဟာ ေဆာက္သမ္တန္နဲ႔ ဂိုးမရွိသေရက်ခဲ့တဲ့ တနဂၤေႏြေန႔ပြဲစဥ္မွာ အနီကတ္နဲ႔ ထုတ္ပယ္ခံခဲ့ရၿပီးေနာက္ ေဘာလုံးဖ်က္ထုတ္တဲ့နည္းစနစ္ပိုင္းကို တိုးတက္ေအာင္လုပ္ဖို႔ေတာင္းဆိုျခင္းခံခဲ့ရပါတယ္။

ကာစီမီ႐ိုဟာ ေဆာက္သမ္တန္နဲ႔ပြဲစဥ္ ပထမပိုင္းမွာ ၿပိဳင္ဘက္ကြင္းလယ္လူ အယ္ကာရက္ဇ္ရဲက ေျခေထာက္ကို ဝင္ပိုင္းသလို ျဖစ္ခဲ့တာေၾကာင့္ တိုက္႐ိုက္အနီကတ္နဲ႔ ထုတ္ပယ္ျခင္း ခံခဲ့ရတာ ျဖစ္ပါတယ္။ ဒိုင္လူႀကီး အန္သိုနီ ေတလာဟာ အစပိုင္းတုန္းက အဝါကတ္ျပားသာ ျပသခဲ့ေပမယ့္လည္း VAR နဲ႔ ျပန္လည္စစ္ေဆးခဲ့ၿပိးေနာက္မွာေတာ့ ဆုံးျဖတ္ခ်က္ကို ျပင္ဆင္ၿပီး အနီကတ္ျပား ျပသခဲ့တာ ျဖစ္ပါတယ္။

အာဆင္နယ္ဂႏၲဝင္ေနာက္ခံလူ မာတင္ ကီယြန္က ကာစီမီ႐ိုကို အနီကတ္နဲ႔ထုတ္ပယ္ခဲ့တဲ့ ေတလာရဲ႕ ဆုံးျဖတ္ခ်က္ကို သေဘာတူခဲ့ေပမယ့္လည္း ဘရာဇီးလ္ကြင္းလယ္ကစားသမားရဲ႕ ဖ်က္ထုတ္ပုံက မွားယြင္းေနတယ္ဆိုတာကို ေထာက္ျပခဲ့တာျဖစ္ပါတယ္။

“အတိုင္းအတာ တစ္ခုအထိေတာ့ သူ႔မွာ ေျပာစရာအခ်က္ရွိတယ္။ ခင္ဗ်ား ပရီးမီးယားလိဂ္ကို ၾကည့္လိုက္ရင္ ကြၽန္ေတာ္တို႔ ဒီႏွစ္မွာ တိုက္႐ိုက္ထုတ္ပယ္မႈ ၂၃ ႀကိမ္သာ ရွိခဲ့ခ်ိန္မွာ လာလီဂါက ၁၀၁ ႀကိမ္ေတာင္ ရွိေနပါတယ္။ အဲဒီေတာ့ ခင္ဗ်ား အဲဒါကို ၾကည့္ၿပီး လာလီဂါက လာတဲ့လူတစ္ေယာက္အေၾကာင္း ေတြးမိမွာပါ။ ဒါေပမယ့္ တိုက္႐ိုက္အနီကတ္သာ မဟုတ္ခဲ့ရင္ ဘယ္ေတာ့မွ ထုတ္ပယ္ခံရမွာ မဟုတ္ပါဘူး”

“ခင္ဗ်ား ျဖစ္စဥ္ကို ၾကည့္လိုက္ရင္ အျငင္းအခုံျဖစ္ဖို႔ ထိုက္တန္ပါတယ္။ သူ ပါဝင္ပတ္သက္ခဲ့တာကိုေတာ့ ခင္ဗ်ား ျငင္းခုံလို႔မရပါဘူး။ ခင္ဗ်ား ပထမဆုံးအနီကို ၾကည့္ရင္ သူ႔ရဲ႕ လက္က ပဲေလ့စ္ကစားသမားလည္မ်ိဳေပၚ ေရာက္ေနခဲ့တယ္။ ကြၽန္ေတာ္ထင္တာက အေႏွးျပကြက္က သူ႔ကို ဒုကၡေပးသြားခဲ့တာပါ။ ဘာလို႔လဲဆိုေတာ့ သူက ၿပိဳင္ဘက္လည္ပင္းကို မညႇစ္ခဲ့ဘဲ သူ႔လက္က အဲဒီေနရာမွာ ေရာက္ေနခဲ့တာပါ။ အဲဒါက ဝီလ္ ဟုခ်္လို႔ ထင္တယ္။ ၿပီးေတာ့ သူက သူ႔လက္ကို ျပန္႐ုတ္ခဲ့ၿပီး အဲဒါေၾကာင့္လည္း ျဖစ္ခဲ့တာထက္ ပိုခဲ့တဲ့ပုံ ေပၚခဲ့တာပါ။ ဒီတစ္ႀကိမ္မွာေတာ့ အနီကတ္နဲ႔ ထုတ္ပယ္ခဲ့တာက မွန္တယ္လို႔ ထင္ၿပီး အဲဒါက ဖ်က္ထုတ္တဲ့နည္းစနစ္နဲ႔ ဆိုင္ပါတယ္”

“ဖ်က္ထုတ္တဲ့သူတစ္ေယာက္အေနနဲ႔ ကြၽန္ေတာ္လည္း ဗဟိုခံစစ္ကစားသမားအျဖစ္နဲ႔ ကစားခဲ့ၿပီး ကြၽန္ေတာ့္ ဘက္ျခမ္းကေနပဲ ဖ်က္ထုတ္ခဲ့ပါတယ္။ ခုနားေထာင္ေနတဲ့လူအားလုံး ခင္ဗ်ားတို႔ ကာစီမီ႐ိုကို ၾကည့္ရင္ သူ႔ရဲ႕ဖ်က္ထုတ္မႈက ေက်ာေပးၿပီး ဝင္သြားခဲ့တာပါ။ ခင္ဗ်ား ေက်ာေပးၿပီး ေျခေထာက္နဲ႔ ဝင္သြားတဲ့အခါမွာ သူ ေဘာလုံးကို ရသြားေပမယ့္ သူ႔ရဲ႕ ေျခေထာက္က ေဘာလုံးရဲ႕အေပၚမွာ ေရာက္ေနၿပီး ၿပိဳင္ဘက္ကစားသမားကို ျဖတ္ပိုင္းသလို ျဖစ္ေနတယ္”

“သူသာ မတူညီတဲ့ နည္းစနစ္နဲ႔အတူ သူ႔ေဘးဘက္ျခမ္း(ေဘးတိုက္)နဲ႔ ေလွ်ာထိုးခဲ့ရင္ သူ ေဘာလုံးကို ကန္မိမွာျဖစ္ၿပီး သူ႔ၿပိဳင္ဘက္ကို ဒဏ္ရာရေစမွာ မဟုတ္ပါဘူး။ ခင္ဗ်ား အခု လူေတြက ဖ်က္ထုတ္မႈေတြ လုပ္ေနတာကို အမ်ားႀကီး ျမင္မိမွာပါ။ အဲဒါက အေႏွးျပကြက္နဲ႔ၾကည့္ရင္ ပိုၿပီးဆိုး႐ြားတဲ့ပုံေပၚတာကို ကြၽန္ေတာ္ သိတယ္။ ကြၽန္ေတာ္ PGMOL ကို ကြင္းေဘးေမာ္နီတာနဲ႔ၾကည့္ရင္ ပုံမွန္ျမန္ႏႈန္းအတိုင္း ၾကည့္ၿပီး ေနာက္ဆုံး ျဖစ္သြားတဲ့အရာကို ၾကည့္ေစခ်င္ပါတယ္။”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.