Premier League

ဇယားထိပ်ဆုံးနေရာကို လုယူခံခဲ့ရတယ်လို့ ပြောဆိုနေကြတဲ့ မန်ယူနိုက်တက်ပရိသတ်များ

မန်ချက်စတာယူနိုက်တက်ပရိသတ်တစ်ဦးဟာ ယခုရာသီမှာ သရဲနီတွေကို အငြင်းပွားဖွယ် ချမှတ်ခဲ့တဲ့ ဆိုးရွားတဲ့ဆုံးဖြတ်ချက်တွေကို ပြသထားတဲ့ ဗီဒီယိုတစ်ခုကို ဖန်တီးခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ နည်းပြ တန်ဟက်လက်အောက် ယခုရာသီမှာ ထူးခြားကောင်းမွန်တဲ့ ခြေစွမ်း ရရှိနေတာဖြစ်ပြီး သရဲနီတွေဟာ ထိပ်ဆုံး ၄ နေရာအတွင်း ရာသီပြီးဆုံးနိုင်ဖို့အတွက် အားကောင်းတဲ့ရပ်တည်မှုမှာ ရှိနေတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရပ်တည်နေပြီး အဆင့် ၄ နေရာက တစ်ပွဲ ပိုကစားထားတဲ့ တော့တင်ဟမ်ဟော့စပါးအသင်းကို ၂ မှတ်ဖြတ်ထားနိုင်တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နွေရာသီကမှ အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့လာခဲ့တဲ့ အိုင်းယက်စ်နည်းပြဟောင်း တန်ဟက်ဟာ မကြာသေးမီကမှ မန်ချက်စတာယူနိုက်တက်ကို ၆ နှစ်အတွင်း ပထမဆုံး ဆုဖလားအဖြစ် ကာရာဘောင်းဖလားရရှိအောင် စွမ်းဆောင်ပေးထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်နည်းပြဟာ ယခုရာသီမှာ နောက်ထပ် ဆုဖလားတွေ ရယူပေးနိုင်ဆဲဖြစ်ပြိး သရဲနီတွေဟာ အက်ဖ်အေဖလား ကွာတားဖိုင်နယ်နဲ့ ယူရိုပါလိဂ် ၁၆ သင်းရှုံးထွက်အဆင့်ကို တက်လှမ်းထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း တွစ်တာအသုံးပြုသူ UtdDanny က မန်ချက်စတာယူနိုက်တက်အသင်းကို ချမှတ်ခဲ့တဲ့ အငြင်းပွားဖွယ်ဆုံးဖြတ်ချက်တွေလို့ ယုံကြည်ရတဲ့ ဖြစ်စဉ်တွေကို စုစည်းထားတဲ့ ဗီဒီယိုဖိုင်ကို လူမှုကွန်ရက်ပေါ်မှာ မျှဝေခဲ့တာဖြစ်ပြီး မန်ယူနိုက်တက်ပရိသတ်အချို့က အဲဒီ ဗီဒီယိုကို အပြည့်အဝ ထောက်ခံခဲ့ပြီး ဇယားထိပ်ဆုံးနေရာကို လုယူခြင်းခံခဲ့ရတယ်လို့ ပြောဆိုခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပြိုင်ဘက်ပရိသတ်တွေကလည်း အဲဒီဗီဒီယိုကို လျင်လျင်မြန်မြန် ပြစ်တင်ကြိမ်းမောင်းခဲ့ပြီး တွစ်တာအသုံးပြုသူတစ်ဦးက ဒီဗီဒီယိုဟာ မြင်ဖူးခဲ့သမျှထဲမှာ အရှက်ရစရာ အကောင်းဆုံးအရာဖြစ်တယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

“လက်ဝါးချင်းရိုက် စီစဉ်ထားတယ်ဆိုတာ အစစ်အမှန်ပဲ”လို့ ပရိသတ်တစ်ဦးက မှတ်ချက်ပေးခဲ့ပြီး နောက်ထပ်တွစ်တာအသုံးပြုသူတစ်ဦးက “ဪ နောက်ဆုံးတော့ မင်းတို့လည်း အငြင်းပွားဖွယ်ဆုံးဖြတ်ချက်တွေရခဲ့ပြီး ကျန်တဲ့ငါတို့တွေအားလုံးနဲ့အတူတူဖြစ်လာပြီပေါ့။ ပြီးခဲ့တဲ့ နှစ် ၂၀ စလုံး မင်းတို့ကို ဒိုင်ကူခဲ့တဲ့အကြောင်းလေးလည်း ပြောပါဦး”လို့ ပြန်လည်တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။ နောက်ထပ် တွစ်တာအသုံးပြုသူတစ်ဦးကတော့ အငြင်းပွားဖွယ် ဆုံးဖြတ်ချက်တွေကို ပြသထားတဲ့ ဗီဒီယိုကို ထောက်ခံခဲ့ပြီး “လုယူခြင်းသာ မခံခဲ့ရရင် ငါတို့တွေက အမှတ်ပေးဇယားအဆင့် ၁ နေရာမှာ ရှိနေမှာ”လို့ ပြောဆိုခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္ပရိသတ္တစ္ဦးဟာ ယခုရာသီမွာ သရဲနီေတြကို အျငင္းပြားဖြယ္ ခ်မွတ္ခဲ့တဲ့ ဆိုး႐ြားတဲ့ဆုံးျဖတ္ခ်က္ေတြကို ျပသထားတဲ့ ဗီဒီယိုတစ္ခုကို ဖန္တီးခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ နည္းျပ တန္ဟက္လက္ေအာက္ ယခုရာသီမွာ ထူးျခားေကာင္းမြန္တဲ့ ေျခစြမ္း ရရွိေနတာျဖစ္ၿပီး သရဲနီေတြဟာ ထိပ္ဆုံး ၄ ေနရာအတြင္း ရာသီၿပီးဆုံးႏိုင္ဖို႔အတြက္ အားေကာင္းတဲ့ရပ္တည္မႈမွာ ရွိေနတာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ ပရီးမီးယားလိဂ္အမွတ္ေပးဇယား အဆင့္ ၃ ေနရာမွာ ရပ္တည္ေနၿပီး အဆင့္ ၄ ေနရာက တစ္ပြဲ ပိုကစားထားတဲ့ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းကို ၂ မွတ္ျဖတ္ထားႏိုင္တာ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ေႏြရာသီကမွ အိုးထရက္ဖို႔ဒ္ကို ေျပာင္းေ႐ႊ႕လာခဲ့တဲ့ အိုင္းယက္စ္နည္းျပေဟာင္း တန္ဟက္ဟာ မၾကာေသးမီကမွ မန္ခ်က္စတာယူႏိုက္တက္ကို ၆ ႏွစ္အတြင္း ပထမဆုံး ဆုဖလားအျဖစ္ ကာရာေဘာင္းဖလားရရွိေအာင္ စြမ္းေဆာင္ေပးထားႏိုင္ခဲ့တာ ျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္နည္းျပဟာ ယခုရာသီမွာ ေနာက္ထပ္ ဆုဖလားေတြ ရယူေပးႏိုင္ဆဲျဖစ္ၿပိး သရဲနီေတြဟာ အက္ဖ္ေအဖလား ကြာတားဖိုင္နယ္နဲ႔ ယူ႐ိုပါလိဂ္ ၁၆ သင္းရႈံးထြက္အဆင့္ကို တက္လွမ္းထားႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း တြစ္တာအသုံးျပဳသူ UtdDanny က မန္ခ်က္စတာယူႏိုက္တက္အသင္းကို ခ်မွတ္ခဲ့တဲ့ အျငင္းပြားဖြယ္ဆုံးျဖတ္ခ်က္ေတြလို႔ ယုံၾကည္ရတဲ့ ျဖစ္စဥ္ေတြကို စုစည္းထားတဲ့ ဗီဒီယိုဖိုင္ကို လူမႈကြန္ရက္ေပၚမွာ မွ်ေဝခဲ့တာျဖစ္ၿပီး မန္ယူႏိုက္တက္ပရိသတ္အခ်ိဳ႕က အဲဒီ ဗီဒီယိုကို အျပည့္အဝ ေထာက္ခံခဲ့ၿပီး ဇယားထိပ္ဆုံးေနရာကို လုယူျခင္းခံခဲ့ရတယ္လို႔ ေျပာဆိုခဲ့ၾကတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ၿပိဳင္ဘက္ပရိသတ္ေတြကလည္း အဲဒီဗီဒီယိုကို လ်င္လ်င္ျမန္ျမန္ ျပစ္တင္ႀကိမ္းေမာင္းခဲ့ၿပီး တြစ္တာအသုံးျပဳသူတစ္ဦးက ဒီဗီဒီယိုဟာ ျမင္ဖူးခဲ့သမွ်ထဲမွာ အရွက္ရစရာ အေကာင္းဆုံးအရာျဖစ္တယ္လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

“လက္ဝါးခ်င္း႐ိုက္ စီစဥ္ထားတယ္ဆိုတာ အစစ္အမွန္ပဲ”လို႔ ပရိသတ္တစ္ဦးက မွတ္ခ်က္ေပးခဲ့ၿပီး ေနာက္ထပ္တြစ္တာအသုံးျပဳသူတစ္ဦးက “ဪ ေနာက္ဆုံးေတာ့ မင္းတို႔လည္း အျငင္းပြားဖြယ္ဆုံးျဖတ္ခ်က္ေတြရခဲ့ၿပီး က်န္တဲ့ငါတို႔ေတြအားလုံးနဲ႔အတူတူျဖစ္လာၿပီေပါ့။ ၿပီးခဲ့တဲ့ ႏွစ္ ၂၀ စလုံး မင္းတို႔ကို ဒိုင္ကူခဲ့တဲ့အေၾကာင္းေလးလည္း ေျပာပါဦး”လို႔ ျပန္လည္တုံ႔ျပန္ခဲ့တာ ျဖစ္ပါတယ္။ ေနာက္ထပ္ တြစ္တာအသုံးျပဳသူတစ္ဦးကေတာ့ အျငင္းပြားဖြယ္ ဆုံးျဖတ္ခ်က္ေတြကို ျပသထားတဲ့ ဗီဒီယိုကို ေထာက္ခံခဲ့ၿပီး “လုယူျခင္းသာ မခံခဲ့ရရင္ ငါတို႔ေတြက အမွတ္ေပးဇယားအဆင့္ ၁ ေနရာမွာ ရွိေနမွာ”လို႔ ေျပာဆိုခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.