Premier League

အာဆင်နယ်ရဲ့ ဆုဖလားမျှော်လင့်ချက် ဇာတ်သိမ်းမယ့်အချိန်ကို ပြောပြခဲ့တဲ့ စပါးစ်ကြယ်ပွင့်ဟောင်း

တော့တင်ဟမ်ဟော့စပါးကြယ်ပွင့်ဟောင်း ဂျေမီ အိုဟားရားက ပရီးမီးယားလိဂ်အမှတ်ပေါ်ဇယားဦးဆောင်သူတွေဖြစ်တဲ့ အာဆင်နယ်အနေနဲ့ ဧပြီလ ၂၉ ရက်နေ့ကနေ မေလ ၆ ရက်ကြားမှာ ခက်ခဲတဲ့အချိန်တွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ ထင်မြင်နေပါတယ်။’

အာတီတာရဲ့အသင်းဟာ ၂၇ ပွဲ ကစားပြီးချိန်မှာ မန်ချက်စတာစီးတီးထက် ၅ မှတ်အသာနဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေပေမယ့်လည်း လာမယ့်ရက်သတ္တပတ်အတွင်းမှာ လီဗာပူးလ်၊ မန်စီးတီး၊ နယူးကာဆယ်လ်တို့နဲ့ ကစားရမယ့် အဝေးကွင်းပွဲတွေအပါအဝင် ခက်ခဲတဲ့ ပွဲစဉ်အချို့နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ဂန်းနားတွေဟာ ဖူလ်ဟမ်ကို ၃-၀ နဲ့ အနိုင်ရခဲ့တဲ့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ပွဲစဉ်အပါအဝင် ပရီးမီးယားလိဂ် ၅ ပွဲဆက်တိုက် နိုင်ပွဲ ရယူနိုင်ခဲ့ပြီးနောက် ယုံကြည်ချက်အပြည့်ရှိနေမှာ သေချာပြီး အများစုက အာတီတာရဲ့အသင်းဟာ ဆယ်စုနှစ် ၂ ခုနီးပါး စောင့်ဆိုင်းခဲ့ရတဲ့ အမှတ်ပေးဖလားကို ကိုင်မြှောက်နိုင်တော့မယ်ုလိ့ ယုံကြည်နေတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း စပါးစ်ကွင်းလယ်ကစားသမားဟောင်းဖြစ်တဲ့ talkSPORT ဘောလုံးဝေဖန်သုံးသပ်သူ ဂျေမီ အိုဟားရားက အယုံအကြည်မရှိတာဖြစ်ပြီး အာဆင်နယ်အနေနဲ့ ချဲလ်ဆီးကို အိမ်ကွင်း၊ နယူးကာဆယ်လ်ကို အဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရမယ့် မေလ ၆ ရက်နေ့ပွဲစဉ်တွေမှာ ခြေချော်သွားလိမ့်မယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

“ကစားဖို့ ပွဲတွေအများကြီး ကျန်ပါသေးတယ်။ သူတို့တွေ မန်စီးတီးနဲ့ ကစားရဦးမှာဖြစ်ပြီး အဲဒီပွဲအပြီးကျတော့ ချဲလ်ဆီးနဲ့ ကစားရမှာပါ။ ပြီးတော့ သူတို့တွေ နယူးကာဆယ်လ် အိမ်ကွင်းကို သွားကစားရမှာပါ။ ကြီးမားတဲ့ ပွဲစဉ် ၃ ပွဲဖြစ်ပြီး အာဆင်နယ်အနေနဲ့ ဆုဖလားကို လက်လွှတ်ရမှာပါ။ အဲဒီအပတ်က အာဆင်နယ် လိဂ်ဖလားပြိုင်ပွဲမှာ ရှုံးနိမ့်မယ့် အချိန်ပါ။”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

အိုဟားရားက ပြီးတဲ့နောက်မှာ ဂန်းနားတွေအနေနဲ့ ပရီးမိးယားလိဂ်ဖလားကို အနိုင်ရရှိသွားလိမ့်မယ်လို့ ဘယ်အချိန်ကျမှ လက်ခံမှာလဲဆိုတာကိုလည်း ဝန်ခံ ပြောကြားခဲ့ပြီး “အခုတော့ မဟုတ်သေးဘူး။ မေလ ၆ ရက်​နေ့ကျရင်တော့ ကျွန်တော် လက်ခံမှာပါ။”လို့ ပြောကြားခဲ့ပါတယ်။

လူမှုကွန်ရက်ပေါ်က အာဆင်နယ်ပရိသတ်တွေဟာ ဂျေမီ အိုဟားရားရဲ့ မှတ်ချက်ကို ဒေါသတကြီး တုံ့ပြန်ခဲ့ကြပြီး ပရိသတ်တစ်ဦးက “၁၂ ပွဲပဲ ကျန်တော့တဲ့အချိန်မှာ ၅ မှတ်ဖြတ်ထားတာကို ခြေချော်မယ်ဆိုတဲ့ ယူဆချက်ကို မြင်ရတာ ရယ်ချင်စရာကောင်းတယ်။ တစ်ပွဲရှုံးပြီး တစ်ပွဲသရေမှသာ ဦးဆောင်မှုက လက်လွှတ်ရမှာ။ အဲဒီလိုဖြစ်လာရင်လည်း လုံးဝ လက်လွှတ်လိုက်ရတာမဟုတ်ဘူး။ ငါတို့တွေ ခက်ခဲတဲ့ပွဲစဉ်နဲ့ ကြုံခဲ့ရတာပဲဖြစ်မယ်”လို့ ပြောကြားခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးကလည်း “စပါးစ်ကစားသမားဟောင်းဆိုတော့ ခြေချော်တာနဲ့ပတ်သက်ပြီးအများကြီးသိမှာပေါ့။ မေလကျရင် တွေ့ကြတာပေါ့”လို့ မှတ်ချက်ပေးခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေတာ့တင္ဟမ္ေဟာ့စပါးၾကယ္ပြင့္ေဟာင္း ေဂ်မီ အိုဟားရားက ပရီးမီးယားလိဂ္အမွတ္ေပၚဇယားဦးေဆာင္သူေတြျဖစ္တဲ့ အာဆင္နယ္အေနနဲ႔ ဧၿပီလ ၂၉ ရက္ေန႔ကေန ေမလ ၆ ရက္ၾကားမွာ ခက္ခဲတဲ့အခ်ိန္ေတြနဲ႔ ရင္ဆိုင္ရလိမ့္မယ္လို႔ ထင္ျမင္ေနပါတယ္။’

အာတီတာရဲ႕အသင္းဟာ ၂၇ ပြဲ ကစားၿပီးခ်ိန္မွာ မန္ခ်က္စတာစီးတီးထက္ ၅ မွတ္အသာနဲ႔ အမွတ္ေပးဇယားကို ဦးေဆာင္ေနေပမယ့္လည္း လာမယ့္ရက္သတၱပတ္အတြင္းမွာ လီဗာပူးလ္၊ မန္စီးတီး၊ နယူးကာဆယ္လ္တို႔နဲ႔ ကစားရမယ့္ အေဝးကြင္းပြဲေတြအပါအဝင္ ခက္ခဲတဲ့ ပြဲစဥ္အခ်ိဳ႕နဲ႔ ရင္ဆိုင္ရမွာ ျဖစ္ပါတယ္။

ဂန္းနားေတြဟာ ဖူလ္ဟမ္ကို ၃-၀ နဲ႔ အႏိုင္ရခဲ့တဲ့ ၿပီးခဲ့တဲ့ တနဂၤေႏြေန႔ပြဲစဥ္အပါအဝင္ ပရီးမီးယားလိဂ္ ၅ ပြဲဆက္တိုက္ ႏိုင္ပြဲ ရယူႏိုင္ခဲ့ၿပီးေနာက္ ယုံၾကည္ခ်က္အျပည့္ရွိေနမွာ ေသခ်ာၿပီး အမ်ားစုက အာတီတာရဲ႕အသင္းဟာ ဆယ္စုႏွစ္ ၂ ခုနီးပါး ေစာင့္ဆိုင္းခဲ့ရတဲ့ အမွတ္ေပးဖလားကို ကိုင္ေျမႇာက္ႏိုင္ေတာ့မယ္ုလိ့ ယုံၾကည္ေနတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း စပါးစ္ကြင္းလယ္ကစားသမားေဟာင္းျဖစ္တဲ့ talkSPORT ေဘာလုံးေဝဖန္သုံးသပ္သူ ေဂ်မီ အိုဟားရားက အယုံအၾကည္မရွိတာျဖစ္ၿပီး အာဆင္နယ္အေနနဲ႔ ခ်ဲလ္ဆီးကို အိမ္ကြင္း၊ နယူးကာဆယ္လ္ကို အေဝးကြင္းမွာ သြားေရာက္ယွဥ္ၿပိဳင္ရမယ့္ ေမလ ၆ ရက္ေန႔ပြဲစဥ္ေတြမွာ ေျခေခ်ာ္သြားလိမ့္မယ္လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

“ကစားဖို႔ ပြဲေတြအမ်ားႀကီး က်န္ပါေသးတယ္။ သူတို႔ေတြ မန္စီးတီးနဲ႔ ကစားရဦးမွာျဖစ္ၿပီး အဲဒီပြဲအၿပီးက်ေတာ့ ခ်ဲလ္ဆီးနဲ႔ ကစားရမွာပါ။ ၿပီးေတာ့ သူတို႔ေတြ နယူးကာဆယ္လ္ အိမ္ကြင္းကို သြားကစားရမွာပါ။ ႀကီးမားတဲ့ ပြဲစဥ္ ၃ ပြဲျဖစ္ၿပီး အာဆင္နယ္အေနနဲ႔ ဆုဖလားကို လက္လႊတ္ရမွာပါ။ အဲဒီအပတ္က အာဆင္နယ္ လိဂ္ဖလားၿပိဳင္ပြဲမွာ ရႈံးနိမ့္မယ့္ အခ်ိန္ပါ။”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

အိုဟားရားက ၿပီးတဲ့ေနာက္မွာ ဂန္းနားေတြအေနနဲ႔ ပရီးမိးယားလိဂ္ဖလားကို အႏိုင္ရရွိသြားလိမ့္မယ္လို႔ ဘယ္အခ်ိန္က်မွ လက္ခံမွာလဲဆိုတာကိုလည္း ဝန္ခံ ေျပာၾကားခဲ့ၿပီး “အခုေတာ့ မဟုတ္ေသးဘူး။ ေမလ ၆ ရက္​ေန႔က်ရင္ေတာ့ ကြၽန္ေတာ္ လက္ခံမွာပါ။”လို႔ ေျပာၾကားခဲ့ပါတယ္။

လူမႈကြန္ရက္ေပၚက အာဆင္နယ္ပရိသတ္ေတြဟာ ေဂ်မီ အိုဟားရားရဲ႕ မွတ္ခ်က္ကို ေဒါသတႀကီး တုံ႔ျပန္ခဲ့ၾကၿပီး ပရိသတ္တစ္ဦးက “၁၂ ပြဲပဲ က်န္ေတာ့တဲ့အခ်ိန္မွာ ၅ မွတ္ျဖတ္ထားတာကို ေျခေခ်ာ္မယ္ဆိုတဲ့ ယူဆခ်က္ကို ျမင္ရတာ ရယ္ခ်င္စရာေကာင္းတယ္။ တစ္ပြဲရႈံးၿပီး တစ္ပြဲသေရမွသာ ဦးေဆာင္မႈက လက္လႊတ္ရမွာ။ အဲဒီလိုျဖစ္လာရင္လည္း လုံးဝ လက္လႊတ္လိုက္ရတာမဟုတ္ဘူး။ ငါတို႔ေတြ ခက္ခဲတဲ့ပြဲစဥ္နဲ႔ ႀကဳံခဲ့ရတာပဲျဖစ္မယ္”လို႔ ေျပာၾကားခဲ့ၿပီး ေနာက္ထပ္ပရိသတ္တစ္ဦးကလည္း “စပါးစ္ကစားသမားေဟာင္းဆိုေတာ့ ေျခေခ်ာ္တာနဲ႔ပတ္သက္ၿပီးအမ်ားႀကီးသိမွာေပါ့။ ေမလက်ရင္ ေတြ႕ၾကတာေပါ့”လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.