Premier League

လီဗာပူးလ်ကို အသင်းသေးလို့ ပြောလိုက်တဲ့ မန်ချက်စတာယူနိုက်တက်ဂန္တဝင်

မန်ချက်စတာယူနိုက်တက်ဂန္တဝင် ရီယို ဖာဒီနန်က ဘုန်းမောက်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ လီဗာပူးလ်ကို အသင်းသေးစိတ်ဓာတ်လို့ ပြစ်တင်ဝေဖန်လိုက်ပါတယ်။

လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့တုန်းက အန်းဖီးမှာ မန်ချက်စတာယူနိုက်တက်ကို ၇-၀ နဲ့ အပြတ်အသတ် ချေမှုန်းခဲ့တာဖြစ်ပြီး ကာရာဘောင်းဖလား လတ်လတ်ဆတ်ဆတ် ရထားတဲ့ အဓိကပြိုင်ဘက်ကို သမိုင်းတလျှောက် အကြီးမားဆုံးနိုင်ပွဲ ရရှိခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ယာဂန် ကလော့ပ်ရဲ့အသင်းဟာ စနေနေ့မှာ ဘုန်းမောက်အသင်းအိမ်ကွင်း ဗီတာလတီကွင်းမှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအောက်ခြေအသင်းကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီး စိတ်ပျက်စရာ ရလဒ်နဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။

လီဗာပူးလ်အသင်းက အန်းဖီးမှာ မန်ချက်စတာယူနိုက်တက်ကို ကြီးမားတဲ့ နိုင်ပွဲရရှိခဲ့ပြီးနောက် အောင်ပွဲခံခဲ့ပုံကို ပြန်ကြည့်ခဲ့တဲ့ ဖာဒီနန်က “ဒါက အသင်းသေး စိတ်ဓာတ်ပဲ။ ဒီအော်ဟစ်က အသင်းသေးလို့ ပြောနေတာပဲ။ ခင်ဗျား မန်ယူနိုက်တက်ကို အနိုင်ယူနိုင်တဲ့အချိန်မှာ အော်ဟစ်ပြီး အောင်ပွဲခံနေတယ်။”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်ဂန္တဝင်တွေဖြစ်တဲ့ ဂရေမီ ဆောင်းနက်စ်နဲ့ ဂျေမီ ကာရေဂါတို့ကလည်း လီဗာပူးလ်က ၇-၀ နဲ့ အနိုင်ရရှိခဲ့မှုကို Sky Sports စတူဒီယိုထဲက မန်ချက်စတာယူနိုက်တက်ဂန္တဝင်တွေဖြစ်တဲ့ ရွိုင် ကီးန်နဲ့ ဂယ်ရီ နဗီးတို့ရှေ့မှာ အားပါးတရ အောင်ပွဲခံခဲ့ကြတာဖြစ်ပါတယ်။

ဖာဒီနန်က လီဗာပူးလ်ဂန္တဝင် ၂ ဦးနဲ့ပတ်သက်ပြီး “ဆောင်းနက်စ်နဲ့ ကာရေဂါတို့ အောင်ပွဲခံနေတဲ့ပုံစံက ရွိုင် ကီးန်နဲ့ နဗီးတို့ကို စိတ်အနှောင့်အယှက်ဖြစ်အောင် ကြိုးပမ်းနေတဲ့ပုံစံပါ။ ပြီးတော့ သူတို့အသင်းက နောက်အပတ်ကျတော့ ရှုံးတာပဲ။ သူတို့ကိုယ် သူတို့ အရှက်ရသင့်တယ်“လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဘုန်းမောက်ကို ရှုံးနိမ့်ခဲ့မှုကြောင့် ယာဂန် ကလော့ပ်ရဲ့ အသင်းဟာ ထိပ်ဆုံး ၄ နေရာနဲ့ ၆ မှတ်အကွာ၊ မန်ယူနိုက်တက်နဲ့ ၈ မှတ်အကွာ ဆင့် ၆ နေရာမှာသာ ဆက်လက်ရပ်တည်နိုင်ခဲ့ပြီး စပါးစ်နဲ့ နယူးကာဆယ်လ်တို့ ၂ သင်းစလုံးကတော့ နိုင်ပွဲကိုယ်စီ ရရှိခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္ ရီယို ဖာဒီနန္က ဘုန္းေမာက္ကို ရႈံးနိမ့္ခဲ့တဲ့ပြဲအၿပီးမွာ လီဗာပူးလ္ကို အသင္းေသးစိတ္ဓာတ္လို႔ ျပစ္တင္ေဝဖန္လိုက္ပါတယ္။

လီဗာပူးလ္အသင္းဟာ ၿပီးခဲ့တဲ့ မတ္လ ၅ ရက္ေန႔တုန္းက အန္းဖီးမွာ မန္ခ်က္စတာယူႏိုက္တက္ကို ၇-၀ နဲ႔ အျပတ္အသတ္ ေခ်မႈန္းခဲ့တာျဖစ္ၿပီး ကာရာေဘာင္းဖလား လတ္လတ္ဆတ္ဆတ္ ရထားတဲ့ အဓိကၿပိဳင္ဘက္ကို သမိုင္းတေလွ်ာက္ အႀကီးမားဆုံးႏိုင္ပြဲ ရရွိခဲ့တာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း ယာဂန္ ကေလာ့ပ္ရဲ႕အသင္းဟာ စေနေန႔မွာ ဘုန္းေမာက္အသင္းအိမ္ကြင္း ဗီတာလတီကြင္းမွာ ပရီးမီးယားလိဂ္အမွတ္ေပးဇယားေအာက္ေျခအသင္းကို ၁-၀ နဲ႔ ရႈံးနိမ့္ခဲ့ၿပီး စိတ္ပ်က္စရာ ရလဒ္နဲ႔ ရင္ဆိုင္ခဲ့ရတာ ျဖစ္ပါတယ္။

လီဗာပူးလ္အသင္းက အန္းဖီးမွာ မန္ခ်က္စတာယူႏိုက္တက္ကို ႀကီးမားတဲ့ ႏိုင္ပြဲရရွိခဲ့ၿပီးေနာက္ ေအာင္ပြဲခံခဲ့ပုံကို ျပန္ၾကည့္ခဲ့တဲ့ ဖာဒီနန္က “ဒါက အသင္းေသး စိတ္ဓာတ္ပဲ။ ဒီေအာ္ဟစ္က အသင္းေသးလို႔ ေျပာေနတာပဲ။ ခင္ဗ်ား မန္ယူႏိုက္တက္ကို အႏိုင္ယူႏိုင္တဲ့အခ်ိန္မွာ ေအာ္ဟစ္ၿပီး ေအာင္ပြဲခံေနတယ္။”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

လီဗာပူးလ္ဂႏၲဝင္ေတြျဖစ္တဲ့ ဂေရမီ ေဆာင္းနက္စ္နဲ႔ ေဂ်မီ ကာေရဂါတို႔ကလည္း လီဗာပူးလ္က ၇-၀ နဲ႔ အႏိုင္ရရွိခဲ့မႈကို Sky Sports စတူဒီယိုထဲက မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္ေတြျဖစ္တဲ့ ႐ြိဳင္ ကီးန္နဲ႔ ဂယ္ရီ နဗီးတို႔ေရွ႕မွာ အားပါးတရ ေအာင္ပြဲခံခဲ့ၾကတာျဖစ္ပါတယ္။

ဖာဒီနန္က လီဗာပူးလ္ဂႏၲဝင္ ၂ ဦးနဲ႔ပတ္သက္ၿပီး “ေဆာင္းနက္စ္နဲ႔ ကာေရဂါတို႔ ေအာင္ပြဲခံေနတဲ့ပုံစံက ႐ြိဳင္ ကီးန္နဲ႔ နဗီးတို႔ကို စိတ္အေႏွာင့္အယွက္ျဖစ္ေအာင္ ႀကိဳးပမ္းေနတဲ့ပုံစံပါ။ ၿပီးေတာ့ သူတို႔အသင္းက ေနာက္အပတ္က်ေတာ့ ရႈံးတာပဲ။ သူတို႔ကိုယ္ သူတို႔ အရွက္ရသင့္တယ္“လို႔ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

ဘုန္းေမာက္ကို ရႈံးနိမ့္ခဲ့မႈေၾကာင့္ ယာဂန္ ကေလာ့ပ္ရဲ႕ အသင္းဟာ ထိပ္ဆုံး ၄ ေနရာနဲ႔ ၆ မွတ္အကြာ၊ မန္ယူႏိုက္တက္နဲ႔ ၈ မွတ္အကြာ ဆင့္ ၆ ေနရာမွာသာ ဆက္လက္ရပ္တည္ႏိုင္ခဲ့ၿပီး စပါးစ္နဲ႔ နယူးကာဆယ္လ္တို႔ ၂ သင္းစလုံးကေတာ့ ႏိုင္ပြဲကိုယ္စီ ရရွိခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.