Ligue1

ပီအက်စ်ဂျီကြယ်ပွင့် ၃ ဦးအတူတူ ကစားလို့ရနိုင်လားဆိုတာ အဖြေပေးခဲ့တဲ့ ပလာတီနီ

ဘလွန်ဒေါဆုရှင်ဟောင်း ပလာတီနီက လီယွန်နယ် မက်ဆီ၊ ခီလီယန် အမ်ဘာပေ၊ နေမာတို့ ၃ ဦး ပီအက်စ်ဂျီအသင်းအတွက် အတူတူ ကစားပေးလို့ မရနိုင်ဘူးဆိုတဲ့ ပြောဆိုမှုတွေကို ငြင်းပယ်ခဲ့ပါတယ်။

ပလာတီနီက ချန်ပီယံလိဂ်ဖလား မရရှိမှုနဲ့ ကြယ်ပွင့်တိုက်စစ်မှူး ၃ ဦးကို သတ်မှတ်လို့ မရနိုင်ဘူးလို့ ယုံကြည်နေတာဖြစ်ပြီး ပီအက်စ်ဂျီအသင်းဟာ ယခုလာမယ့်နွေရာသီမှာ အသင်းကို ပြန်လည်တည်ဆောက်ဖို့ ကြိုးပမ်းသွားမှာဖြစ်တာကြောင့် တိုက်စစ် ၃ ဦးအတွဲထဲက တစ်ဦး သို့မဟုတ် နှစ်ဦးကို ထွက်ခွာခွင့်ပေးသွားဖို့ စဉ်းစားနေတာဖြစ်ပါတယ်။

သတင်းတွေရဲ့ ဖော်ပြချက်အရ လီယွန်နယ် မက်ဆီဟာ ပီအက်စ်ဂျီအသင်းကို စွန့်ခွာနိုင်ခြေရှိတဲ့ ကစားသမားတစ်ဦး ဖြစ်ပြီး ရီးရဲလ်မက်ဒရစ်အသင်းကလည်း ခီလီယန် အမ်ဘာပေကို ခေါ်ယူဖို့ အနီးကပ် စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

RMC Sport ကို စကားပြောဆိုရာမှာ ပလာတီနီက ပီအက်စ်ဂျီကြယ်ပွင့် ၃ ဦးဟာ အတူတူ ကစားတဲ့အချိန်မှာ သူမတူအောင် ထူးခြားပြီး ချန်ပီယံလိဂ်မှာ အောင်မြင်မှု မရရှိခဲ့တာနဲ့ သတ်မှတ်လို့ မရနိင်ဘူးလို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“ဒါပေမယ့် ဟုတ်ပါတယ်။ မက်ဆီ၊ နေမာနဲ့ အမ်ဘာပေတို့ အတူတူ ကစားနိုင်ပါတယ်။ သူတို့တွေက ထူးခြားပါတယ်။ သူတို့တွေ ကောင်းကောင်း ကစားနိုင်ပါတယ်။ ပီအက်စ်ဂျီအသင်း ကစားတာကို မြင်ရတာက အံ့အားသင့်စရာကောင်းပါတယ်။ ပြီးတော့ ခင်ဗျား ဥရောပဖလားပွဲတွေ ကစားရတယ်။ ခင်ဗျား ရီးရဲလ်မက်ဒရစ်နဲ့ ရင်ဆိုင်ကစားရတယ်။ အဲဒါက ဆိုးဆိုးရွားရွားဖြစ်ခ့တယ်။ ခင်ဗျား ဘိုင်ယန်နဲ့ ကစားရတယ်။ အရမ်းကို ကြီးမားတဲ့ ဥရောပအသင်းပါ။ အဲဒါလည်း ဆိုးဆိုးရွားရွားဖြစ်ခဲ့တယ်။ အဲဒီလိုပဲ ဖြစ်ခဲ့ပါတယ်။ ဒါက ဘောလုံးပါ။ ဘာစီလိုနာမှာတောင်မှ နေမာနဲ့ မက်ဆီက နှစ်တိုင်း ဥရောပဖလား ရခဲ့တာမဟုတ်ပါဘူး။”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်လက်ရွေးစင်နောက်ခံကစားသမားဟောင်း ဒန်နီ မေးလ်ကလည်း ပီအက်စ်ဂျီရဲ့ ကျရှုံးမှုက နည်းပြနဲ့ သက်ဆိုင်တယ်လို့ ခံစားနေရတာကြောင့် ယခုရာသီကုန်မှာ ဂယ်လ်တီယေးကို ရာထူးကနေ ဖြုတ်ဖို့ လိဂန်းကလပ်အသင်းကို တောင်းဆိုခဲ့ပါတယ်။ ဒန်နီ မေးလ်က ဒီယေဂို ဆီမီယွန်နီနဲ့ မော်ရင်ညိုတို့ဟာ ပီအက်စ်ဂျီကစားသမားတွေဆီက အကောင်းဆုံးပုံစံကို ရရှိအောင်နဲ့ ဥရောပအောင်မြင်မှု ရရှိအောင် လုပ်ဆောင်ပေးနိုင်မယ့် ပြီးပြည့်စုံတဲ့ နည်းပြတွေဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ပီအက်စ်ဂျီအသင်းဟာ ချန်ပီယံလိဂ်ဖလားရရှိချင်တယ်ဆိုရင် သူတို့တွေ ခေါ်ရမယ့် နည်းပြ ၂ ဦးရှိနေပါတယ်။ တစ်ဦးက ဒီယေဂို ဆီမီယွန်နီဖြစ်ပြီး နောက်တစ်ယောက်က မော်ရင်ညိုပါ။ ဆီမီယွန်နီကို နည်းပြခန့်မယ်ဆိုရင် သူတို့တွေ ခံစစ်ပိုင်း အရမ်းကောင်းမွန်လာပါလိမ့်မယ်။ သူတို့မှာ တိုက်စစ်ပိုင်း အရည်အချင်းက ရှိပြီးသားဆိုတော့ ဘာလိုသေးလို့လဲ။ မော်ရင်ညိုကို နည်းပြခန့်မယ်ဆိုရင်လည်း သူက အသင်းကို ၂ ရာသီလောက် တည်ဆောက်ပြီး တသက်တာအကောင်းဆုံးအသင်းတွေထဲက တစ်သင်းဖြစ်လာအောင် လုပ်ပါလိမ့်မယ်။ သူက ပီအက်စ်ဂျီကို အနိုင်ယူဖို့ မယုံနိုင်အောင် ခက်ခဲတဲ့အသင်းဖြစ်အောင် လုပ်မှာဖြစ်ပြီး သူက အနိုင်ရရှိသူပါ။ အဲဒီလောက်ကို ရှင်းပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘလြန္ေဒါဆုရွင္ေဟာင္း ပလာတီနီက လီယြန္နယ္ မက္ဆီ၊ ခီလီယန္ အမ္ဘာေပ၊ ေနမာတို႔ ၃ ဦး ပီအက္စ္ဂ်ီအသင္းအတြက္ အတူတူ ကစားေပးလို႔ မရႏိုင္ဘူးဆိုတဲ့ ေျပာဆိုမႈေတြကို ျငင္းပယ္ခဲ့ပါတယ္။

ပလာတီနီက ခ်န္ပီယံလိဂ္ဖလား မရရွိမႈနဲ႔ ၾကယ္ပြင့္တိုက္စစ္မႉး ၃ ဦးကို သတ္မွတ္လို႔ မရႏိုင္ဘူးလို႔ ယုံၾကည္ေနတာျဖစ္ၿပီး ပီအက္စ္ဂ်ီအသင္းဟာ ယခုလာမယ့္ေႏြရာသီမွာ အသင္းကို ျပန္လည္တည္ေဆာက္ဖို႔ ႀကိဳးပမ္းသြားမွာျဖစ္တာေၾကာင့္ တိုက္စစ္ ၃ ဦးအတြဲထဲက တစ္ဦး သို႔မဟုတ္ ႏွစ္ဦးကို ထြက္ခြာခြင့္ေပးသြားဖို႔ စဥ္းစားေနတာျဖစ္ပါတယ္။

သတင္းေတြရဲ႕ ေဖာ္ျပခ်က္အရ လီယြန္နယ္ မက္ဆီဟာ ပီအက္စ္ဂ်ီအသင္းကို စြန႔္ခြာႏိုင္ေျခရွိတဲ့ ကစားသမားတစ္ဦး ျဖစ္ၿပီး ရီးရဲလ္မက္ဒရစ္အသင္းကလည္း ခီလီယန္ အမ္ဘာေပကို ေခၚယူဖို႔ အနီးကပ္ ေစာင့္ၾကည့္ေနတယ္လို႔ သိရပါတယ္။

RMC Sport ကို စကားေျပာဆိုရာမွာ ပလာတီနီက ပီအက္စ္ဂ်ီၾကယ္ပြင့္ ၃ ဦးဟာ အတူတူ ကစားတဲ့အခ်ိန္မွာ သူမတူေအာင္ ထူးျခားၿပီး ခ်န္ပီယံလိဂ္မွာ ေအာင္ျမင္မႈ မရရွိခဲ့တာနဲ႔ သတ္မွတ္လို႔ မရနိင္ဘူးလို႔ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

“ဒါေပမယ့္ ဟုတ္ပါတယ္။ မက္ဆီ၊ ေနမာနဲ႔ အမ္ဘာေပတို႔ အတူတူ ကစားႏိုင္ပါတယ္။ သူတို႔ေတြက ထူးျခားပါတယ္။ သူတို႔ေတြ ေကာင္းေကာင္း ကစားႏိုင္ပါတယ္။ ပီအက္စ္ဂ်ီအသင္း ကစားတာကို ျမင္ရတာက အံ့အားသင့္စရာေကာင္းပါတယ္။ ၿပီးေတာ့ ခင္ဗ်ား ဥေရာပဖလားပြဲေတြ ကစားရတယ္။ ခင္ဗ်ား ရီးရဲလ္မက္ဒရစ္နဲ႔ ရင္ဆိုင္ကစားရတယ္။ အဲဒါက ဆိုးဆိုး႐ြား႐ြားျဖစ္ခ့တယ္။ ခင္ဗ်ား ဘိုင္ယန္နဲ႔ ကစားရတယ္။ အရမ္းကို ႀကီးမားတဲ့ ဥေရာပအသင္းပါ။ အဲဒါလည္း ဆိုးဆိုး႐ြား႐ြားျဖစ္ခဲ့တယ္။ အဲဒီလိုပဲ ျဖစ္ခဲ့ပါတယ္။ ဒါက ေဘာလုံးပါ။ ဘာစီလိုနာမွာေတာင္မွ ေနမာနဲ႔ မက္ဆီက ႏွစ္တိုင္း ဥေရာပဖလား ရခဲ့တာမဟုတ္ပါဘူး။”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

အဂၤလန္လက္ေ႐ြးစင္ေနာက္ခံကစားသမားေဟာင္း ဒန္နီ ေမးလ္ကလည္း ပီအက္စ္ဂ်ီရဲ႕ က်ရႈံးမႈက နည္းျပနဲ႔ သက္ဆိုင္တယ္လို႔ ခံစားေနရတာေၾကာင့္ ယခုရာသီကုန္မွာ ဂယ္လ္တီေယးကို ရာထူးကေန ျဖဳတ္ဖို႔ လိဂန္းကလပ္အသင္းကို ေတာင္းဆိုခဲ့ပါတယ္။ ဒန္နီ ေမးလ္က ဒီေယဂို ဆီမီယြန္နီနဲ႔ ေမာ္ရင္ညိဳတို႔ဟာ ပီအက္စ္ဂ်ီကစားသမားေတြဆီက အေကာင္းဆုံးပုံစံကို ရရွိေအာင္နဲ႔ ဥေရာပေအာင္ျမင္မႈ ရရွိေအာင္ လုပ္ေဆာင္ေပးႏိုင္မယ့္ ၿပီးျပည့္စုံတဲ့ နည္းျပေတြျဖစ္တယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ပီအက္စ္ဂ်ီအသင္းဟာ ခ်န္ပီယံလိဂ္ဖလားရရွိခ်င္တယ္ဆိုရင္ သူတို႔ေတြ ေခၚရမယ့္ နည္းျပ ၂ ဦးရွိေနပါတယ္။ တစ္ဦးက ဒီေယဂို ဆီမီယြန္နီျဖစ္ၿပီး ေနာက္တစ္ေယာက္က ေမာ္ရင္ညိဳပါ။ ဆီမီယြန္နီကို နည္းျပခန႔္မယ္ဆိုရင္ သူတို႔ေတြ ခံစစ္ပိုင္း အရမ္းေကာင္းမြန္လာပါလိမ့္မယ္။ သူတို႔မွာ တိုက္စစ္ပိုင္း အရည္အခ်င္းက ရွိၿပီးသားဆိုေတာ့ ဘာလိုေသးလို႔လဲ။ ေမာ္ရင္ညိဳကို နည္းျပခန႔္မယ္ဆိုရင္လည္း သူက အသင္းကို ၂ ရာသီေလာက္ တည္ေဆာက္ၿပီး တသက္တာအေကာင္းဆုံးအသင္းေတြထဲက တစ္သင္းျဖစ္လာေအာင္ လုပ္ပါလိမ့္မယ္။ သူက ပီအက္စ္ဂ်ီကို အႏိုင္ယူဖို႔ မယုံႏိုင္ေအာင္ ခက္ခဲတဲ့အသင္းျဖစ္ေအာင္ လုပ္မွာျဖစ္ၿပီး သူက အႏိုင္ရရွိသူပါ။ အဲဒီေလာက္ကို ရွင္းပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.