La Liga Ligue1

၂၀၂၃ ခုနှစ်အတွင်း ဂူးဂဲလ် အခေါက်ခံရဆုံးကစားသမား ၅ ဦး

ဘောလုံးသမားတွေဟာ လူသိများပြီး ထင်ပေါ်ကျော်ကြားကြတဲ့သူတွေဖြစ်ပြီး လူမှုကွန်ရက်ပေါ်မှာ ကြီးမားတဲ့ ပရိသတ်ပမာဏာကို ပိုင်ဆိုင်ထားကြတာဖြစ်ပါတယ်။

ကမ္ဘာကျော်ဘောလုံးသမားတွေဟာ ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်အောင် အင်စတာဂရမ်၊ တွစ်တာ၊ ဖေ့စ်ဘွတ်ခ်တို့လို လူမှုကွန်ရက်ပလက်ဖောင်းတွေကနေတဆင့် မပြတ်ထိတွေ့နေပြီး စပွန်ဆာတွေရဲ့  အမှတ်တံဆိပ်ကို စျေးကွက်မြှင့်တင်ပေးနေကြတာဖြစ်ပါတယ်။

ပရိသတ်သန်းချီရှိတဲ့ ဘောလုံးသမားတွေဟာ လူမှုကွန်ရက်အပေါ်မှာ သိသာထင်ရှားတဲ့ အကျိုးသက်ရောက်မှုမျိုးရှိပြီး ၎င်းတို့ရဲ့ပို့စ်၊ မှတ်ချက်နဲ့ အတွေးအမြင်တွေဟာ စက္ကန့်ပိုင်းအတွင်း ကမ္ဘာတလွှားက လူတွေဆီ ပျံ့နှံ့သွားနိုင်တာဖြစ်ပါတယ်။ အခု ဖော်ပြပေးသွားမယ့်အကြောင်းအရာကတော့ ၂၀၂၃ ခုနှစ်အတွင်း ဂူးဂဲလ်မှာ အရှာဖွေအခံရဆုံးကစာသးမား ၅ ဦး ဖြစ်ပါတယ်။

၅။ ရောဘတ် လီဗန်ဒေါ့ဗ်စကီး(ဘာစီလိုနာ)- ၃.၂ သန်း

ရောဘတ် လီဗန်ဒေါ့ဗ်စကီးဟာ ၎င်းရဲ့မျိုးဆက်မှာ အကောင်းဆုံးကစားသမားတွေထဲကတစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့နွေရာသီမှာ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ ပိုလန် တိုက်စစ်မှူးဟာ အလွန်ထူးခြားကောင်းမွန်တဲ့ ဂိုးသွင်းခြေစွမ်းကို ပိုင်ဆိုင်နေခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ၂ ရာသီစလုံး ဥရောပရွှေဖိနပ်ဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။ အသက် ၃၄ နှစ်အရွယ် တိုက်စစ်မှူူးဟာ ပြီးခဲ့တဲ့နှစ် ဘလွန်ဒေါဆုပေးပွဲမှာလည်း ရေပန်းအစားဆုံးကစားသမားတွေထဲမှာ ပါဝင်ခဲ့ပြီး ၂၀၂၃ ခုနှစ်အတွင်းမှာ အကြိမ်ရေ ၃.၂ သန်းအထိ ဂူးဂဲလ်မှာ ရှာဖွေခြင်းခံခဲ့ရပါတယ်။

၄။ ခီလီယန် အမ်ဘာပေ(ပီအက်စ်ဂျီ)- ၈.၅ သန်း

ခီလီယန် အမ်ဘာပေဟာ ကမ္ဘာပေါ်က အထင်ပေါ်ဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး ပရိသတ်အများဆုံးကစားသမားတွေထဲက တစ်ဦးလည်း ဖြစ်ပါတယ်။ အမ်ဘာပေရဲ့ အနာဂတ်ဟာ ပြီးခဲ့တဲ့ နွေရာသီမှာ ပြောစရာအဖြစ်ဆုံးကိစ္စဖြစ်ခဲ့ပြီး ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ နီးစပ်ပြီးမှ ပီအကစ်ဂျီမှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ယခုရာသီမှာ ပီအက်စ်ဂျီအသင်းအတွက် ၁၉ ဂိုးအထိ သွင်းယူပြီး တောက်ပတဲ့ခြေစွမ်းကို ဆက်လက်ပြသနေတဲ့ အမ်ဘာပေဟာ ဂူးဂဲလ်မှာ အကြိမ် ၈.၅ သန်းအထိ ရှာဖွေခြင်းခံခဲ့ရတာဖြစ်ပါတယ်။

၃။ နေမာ(ပီအက်စ်ဂျီ)-၉.၂ သန်း

ချစ်သူရော မုန်းသူပါ များပြားတဲ့ နေမာဟာ ကမ္ဘာပေါ်မှာ နည်းစနစ်ပိုင်း ပါရမီအပါဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး ၎င်းရဲ့ စိတ်ဝင်စားဖွယ်ကောင်းတဲ့ လူနေမှုဘဝ ပုံစံကြောင့်ပါ အားလုံးရဲ့ စိတ်ဝင်တစား စောင့်ကြည့်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။ နေမာကို ၂၀၂၃ ခုနှစ်အတွင်းမှာ လက်ရှိအချိန်အထိ ဂူးဂဲလ်မှာ အကြိမ် ၉.၂ သန်းအထိ ရှာဖွေခဲ့ကြပါတယ်။

၂။ လီယွန်နယ် မက်ဆီ(ပီအက်စ်ဂျီ)- ၁၃.၂ သန်း

လီယွန်နယ် မက်ဆီဟာ တသက်တာအကောင်းဆုံးကစားသမားဆိုတာ ငြင်းလို့မရသူဖြစ်ပြီး ၂၀၂၂ ကမ္ဘာ့ဖလားမှာ အာဂျင်တီးနားအသင်းကို အောင်မြင်မှုရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီးနောက် ရွှေဘောလုံးဆုကို ပေးအပ်ခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။ အသက် ၃၅ နှစ်အရွယ် တိုက်စစ်မှူးဟာ ကစားသမားဘဝအတွင်း ဘလွန်ဒေါဆုကို ၇ ကြိမ်အထိ စံချိန်တင် ဆွတ်ခူးနိုင်ခဲ့ပြီး တကမ္ဘာလုံးက မက်ဆီရဲ့ ခြေလှမ်းတိုင်းကို စက္ကန့်မလပ်စောင့်ကြည့်နေတာကြောင့် ဂူးဂဲလ်မှာ အကြိမ် ၁၃.၂သန်းအထိ ရှာဖွေခြင်းခံခဲ့ရတာကတော့ အံ့အားသင့်စရာမဟုတ်တော့တာဖြစ်ပါတယ်။

၁။ ခရစ္စတီယာနို ရော်နယ်လ်ဒို(အယ်လ်နာဆာ)-၁၇.၄ သန်း

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ယခုရာသီမှာ တကမ္ဘာလုံးက အာရုံစိုက် စောင့်ကြည့်ခြင်းအခံရဆုံး ကစားသမားဖြစ်ခဲ့တာကြောင့် အံ့အားသင့်စရာတော့မဟုတ်တော့ဘဲ မန်ချက်စတာယူနိုက်တက်နဲ့ ပြဿနာတက်ခဲ့ရာကနေ အယ်လ်နာဆာကို ပြောင်းရွှေ့ကစားတဲ့အထိ သတင်းဌာနတိုင်းရဲ့ ခေါင်းစည်းမှာ နေရာယူခဲ့တာဖြစ်ပါတယ်။ ဆော်ဒီ အာရေဗျကို ရော်နယ်လ်ဒို ပြောင်းရွှေ့မှုကြောင့် ကျွဲကူးရေပါဆိုသလို ဆော်ဒီ ပရိုလိဂ်ကိုပါ ကြည့်ရှုသူ အံ့အားသင့်ဖွယ် မြင့်တက်လာခဲ့ပြီး အရှေ့အလယ်ပိုင်းမှာ ပေါ်တူဂီကြယ်ပွင့် ဘာလုပ်နေလဲဆိုတာကို ဂူးဂဲလ်ကနေ အကြိမ် ၁၇.၄ သန်းအထိ ရှာဖွေခဲ့ကြတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေဘာလုံးသမားေတြဟာ လူသိမ်ားၿပီး ထင္ေပၚေက်ာ္ၾကားၾကတဲ့သူေတြျဖစ္ၿပီး လူမႈကြန္ရက္ေပၚမွာ ႀကီးမားတဲ့ ပရိသတ္ပမာဏာကို ပိုင္ဆိုင္ထားၾကတာျဖစ္ပါတယ္။

ကမာၻေက်ာ္ေဘာလုံးသမားေတြဟာ ပရိသတ္ေတြနဲ႔ အဆက္အသြယ္မျပတ္ေအာင္ အင္စတာဂရမ္၊ တြစ္တာ၊ ေဖ့စ္ဘြတ္ခ္တို႔လို လူမႈကြန္ရက္ပလက္ေဖာင္းေတြကေနတဆင့္ မျပတ္ထိေတြ႕ေနၿပီး စပြန္ဆာေတြရဲ႕  အမွတ္တံဆိပ္ကို ေစ်းကြက္ျမႇင့္တင္ေပးေနၾကတာျဖစ္ပါတယ္။

ပရိသတ္သန္းခ်ီရွိတဲ့ ေဘာလုံးသမားေတြဟာ လူမႈကြန္ရက္အေပၚမွာ သိသာထင္ရွားတဲ့ အက်ိဳးသက္ေရာက္မႈမ်ိဳးရွိၿပီး ၎တို႔ရဲ႕ပို႔စ္၊ မွတ္ခ်က္နဲ႔ အေတြးအျမင္ေတြဟာ စကၠန႔္ပိုင္းအတြင္း ကမာၻတလႊားက လူေတြဆီ ပ်ံ႕ႏွံ႔သြားႏိုင္တာျဖစ္ပါတယ္။ အခု ေဖာ္ျပေပးသြားမယ့္အေၾကာင္းအရာကေတာ့ ၂၀၂၃ ခုႏွစ္အတြင္း ဂူးဂဲလ္မွာ အရွာေဖြအခံရဆုံးကစာသးမား ၅ ဦး ျဖစ္ပါတယ္။

၅။ ေရာဘတ္ လီဗန္ေဒါ့ဗ္စကီး(ဘာစီလိုနာ)- ၃.၂ သန္း

ေရာဘတ္ လီဗန္ေဒါ့ဗ္စကီးဟာ ၎ရဲ႕မ်ိဳးဆက္မွာ အေကာင္းဆုံးကစားသမားေတြထဲကတစ္ဦးျဖစ္ၿပီး ၿပီးခဲ့တဲ့ေႏြရာသီမွာ ဘာစီလိုနာအသင္းကို ေျပာင္းေ႐ႊ႕ခဲ့တာ ျဖစ္ပါတယ္။ ပိုလန္ တိုက္စစ္မႉးဟာ အလြန္ထူးျခားေကာင္းမြန္တဲ့ ဂိုးသြင္းေျခစြမ္းကို ပိုင္ဆိုင္ေနခဲ့တာျဖစ္ၿပီး ၿပီးခဲ့တဲ့ ၂ ရာသီစလုံး ဥေရာပေ႐ႊဖိနပ္ဆုကို ရရွိခဲ့တာ ျဖစ္ပါတယ္။ အသက္ ၃၄ ႏွစ္အ႐ြယ္ တိုက္စစ္မႉူးဟာ ၿပီးခဲ့တဲ့ႏွစ္ ဘလြန္ေဒါဆုေပးပြဲမွာလည္း ေရပန္းအစားဆုံးကစားသမားေတြထဲမွာ ပါဝင္ခဲ့ၿပီး ၂၀၂၃ ခုႏွစ္အတြင္းမွာ အႀကိမ္ေရ ၃.၂ သန္းအထိ ဂူးဂဲလ္မွာ ရွာေဖြျခင္းခံခဲ့ရပါတယ္။

၄။ ခီလီယန္ အမ္ဘာေပ(ပီအက္စ္ဂ်ီ)- ၈.၅ သန္း

ခီလီယန္ အမ္ဘာေပဟာ ကမာၻေပၚက အထင္ေပၚဆုံးကစားသမားေတြထဲက တစ္ဦးျဖစ္ၿပီး ပရိသတ္အမ်ားဆုံးကစားသမားေတြထဲက တစ္ဦးလည္း ျဖစ္ပါတယ္။ အမ္ဘာေပရဲ႕ အနာဂတ္ဟာ ၿပီးခဲ့တဲ့ ေႏြရာသီမွာ ေျပာစရာအျဖစ္ဆုံးကိစၥျဖစ္ခဲ့ၿပီး ရီးရဲလ္မက္ဒရစ္ကို ေျပာင္းေ႐ႊ႕ဖို႔ နီးစပ္ၿပီးမွ ပီအကစ္ဂ်ီမွာ ဆက္ေနဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။ ယခုရာသီမွာ ပီအက္စ္ဂ်ီအသင္းအတြက္ ၁၉ ဂိုးအထိ သြင္းယူၿပီး ေတာက္ပတဲ့ေျခစြမ္းကို ဆက္လက္ျပသေနတဲ့ အမ္ဘာေပဟာ ဂူးဂဲလ္မွာ အႀကိမ္ ၈.၅ သန္းအထိ ရွာေဖြျခင္းခံခဲ့ရတာျဖစ္ပါတယ္။

၃။ ေနမာ(ပီအက္စ္ဂ်ီ)-၉.၂ သန္း

ခ်စ္သူေရာ မုန္းသူပါ မ်ားျပားတဲ့ ေနမာဟာ ကမာၻေပၚမွာ နည္းစနစ္ပိုင္း ပါရမီအပါဆုံးကစားသမားေတြထဲက တစ္ဦးျဖစ္ၿပီး ၎ရဲ႕ စိတ္ဝင္စားဖြယ္ေကာင္းတဲ့ လူေနမႈဘဝ ပုံစံေၾကာင့္ပါ အားလုံးရဲ႕ စိတ္ဝင္တစား ေစာင့္ၾကည့္ျခင္း ခံခဲ့ရတာ ျဖစ္ပါတယ္။ ေနမာကို ၂၀၂၃ ခုႏွစ္အတြင္းမွာ လက္ရွိအခ်ိန္အထိ ဂူးဂဲလ္မွာ အႀကိမ္ ၉.၂ သန္းအထိ ရွာေဖြခဲ့ၾကပါတယ္။

၂။ လီယြန္နယ္ မက္ဆီ(ပီအက္စ္ဂ်ီ)- ၁၃.၂ သန္း

လီယြန္နယ္ မက္ဆီဟာ တသက္တာအေကာင္းဆုံးကစားသမားဆိုတာ ျငင္းလို႔မရသူျဖစ္ၿပီး ၂၀၂၂ ကမာၻ႔ဖလားမွာ အာဂ်င္တီးနားအသင္းကို ေအာင္ျမင္မႈရရွိေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့ၿပီးေနာက္ ေ႐ႊေဘာလုံးဆုကို ေပးအပ္ျခင္းခံခဲ့ရတာ ျဖစ္ပါတယ္။ အသက္ ၃၅ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ ကစားသမားဘဝအတြင္း ဘလြန္ေဒါဆုကို ၇ ႀကိမ္အထိ စံခ်ိန္တင္ ဆြတ္ခူးႏိုင္ခဲ့ၿပီး တကမာၻလုံးက မက္ဆီရဲ႕ ေျခလွမ္းတိုင္းကို စကၠန႔္မလပ္ေစာင့္ၾကည့္ေနတာေၾကာင့္ ဂူးဂဲလ္မွာ အႀကိမ္ ၁၃.၂သန္းအထိ ရွာေဖြျခင္းခံခဲ့ရတာကေတာ့ အံ့အားသင့္စရာမဟုတ္ေတာ့တာျဖစ္ပါတယ္။

၁။ ခရစၥတီယာႏို ေရာ္နယ္လ္ဒို(အယ္လ္နာဆာ)-၁၇.၄ သန္း

ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ ယခုရာသီမွာ တကမာၻလုံးက အာ႐ုံစိုက္ ေစာင့္ၾကည့္ျခင္းအခံရဆုံး ကစားသမားျဖစ္ခဲ့တာေၾကာင့္ အံ့အားသင့္စရာေတာ့မဟုတ္ေတာ့ဘဲ မန္ခ်က္စတာယူႏိုက္တက္နဲ႔ ျပႆနာတက္ခဲ့ရာကေန အယ္လ္နာဆာကို ေျပာင္းေ႐ႊ႕ကစားတဲ့အထိ သတင္းဌာနတိုင္းရဲ႕ ေခါင္းစည္းမွာ ေနရာယူခဲ့တာျဖစ္ပါတယ္။ ေဆာ္ဒီ အာေရဗ်ကို ေရာ္နယ္လ္ဒို ေျပာင္းေ႐ႊ႕မႈေၾကာင့္ ကြၽဲကူးေရပါဆိုသလို ေဆာ္ဒီ ပ႐ိုလိဂ္ကိုပါ ၾကည့္ရႈသူ အံ့အားသင့္ဖြယ္ ျမင့္တက္လာခဲ့ၿပီး အေရွ႕အလယ္ပိုင္းမွာ ေပၚတူဂီၾကယ္ပြင့္ ဘာလုပ္ေနလဲဆိုတာကို ဂူးဂဲလ္ကေန အႀကိမ္ ၁၇.၄ သန္းအထိ ရွာေဖြခဲ့ၾကတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.