Premier League

အားအကိုးရဆုံးကစားသမားကိုပါ ပြစ်တင်ဝေဖန်လိုက်တဲ့ ဂွါဒီယိုလာ

မန်ချက်စတာစီးတီးနည်းပြ ပက် ဂွါဒီယိုလာက ယခုရာသီမှာ ရိုးရှားတဲ့အရာတွေကိုတောင် လုပ်နိုင်ခြင်းမရှိခဲ့တဲ့ ကီဗင် ဒီဘရိုင်းနားကို ပြစ်တင်ဝေဖန်ခဲ့ပါတယ်။

ဘယ်လ်ဂျီယမ်ကွင်းလယ်ဖန်တီးရှင်ဟာ ပရီးမီးယားလိဂ် ဂိုးဖန်တီးမှုစာရင်းမှာ ၁၃ ကြိမ်နဲ့ ထိပ်ဆုံးက ဦးဆောင်နေပေမယ့်လည်း မန်ချက်စတာစီးတီးရဲ့ နောက်ဆုံးလိဂ်ပွဲစဉ် ၇ ပွဲထဲက ၃ ပွဲမှာ အရန်ခုံ ပို့ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။

ဒီဘရိုင်းနားဟာ ယခုရာသီ ၃၄ ပွဲမှာ သွင်းဂိုး ၅ ဂိုးအထိလည်း သွင်းယူထားနိုင်သူဖြစ်ပြီး ချန်ပီယံလိဂ်နဲ့ ကာရာဘောင်းဖလားပြိုင်ပွဲတွေမှာလည်း နောက်ထပ် ဂိုးဖန်တီးမှု ၅ ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဂွါဒီယိုလာက စနေနေ့က ခရစ္စတယ်ပဲလေ့စ်ကို မဖြစ်မနေ အနိုင်ကစားရမယ့်ပွဲစဉ်မှာ ဒီဘရိုင်းနားကို ပွဲကစားချိန် ၁၁ မိနစ်သာ ပေးခဲ့ပြီး အာလင်း ဟာလန်းက ပင်နယ်တီကနေ စီးတီးကို ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပြီးနောက်မှ အရန်ခုံကနေ လူစားဝင်ကစားခွင့် ရရှိခဲ့တာဖြစ်ပါတယ်။

လိုက်ပ်ဇစ်နဲ့ ယှဉ်ပြိုင်ကစားရမယ့် ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့် ဒုတိယအကျော့ပွဲစဉ်မတိုင်ခင် စကားပြောဆိုရာမှာ ဂွါဒီယိုလာက ဒီဘရိုင်းနားအနေနဲ့ ၎င်းရဲ့ ပွဲထွက်ခွင့်နေရာကို ပြန်လည် ရရှိချင်ရင် ရိုးရှင်းတဲ့အရာတွေကို တိုးတက်အောင်လုပ်ရမယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ကမ္ဘာ့ဖလားနဲ့ အခြားအရာတွေအများကြီးကြောင့် ကျွန်​တော်တို့အားလုံးအတွက် ခက်ခဲတဲ့ ရာသီဖြစ်ခဲ့ပါတယ်။ ကီဗင် ဘယ်လောက်ကောင်းမွန်လဲဆိုတာကို ကျွန်တော် ရှာဖွေသွားမှာမဟုတ်ပါဘူး။ ကျွန်တော် ဖြစ်စေချင်တာက သူ့ကို အကြိမ်ပေါင်းများစွာ ပြောခဲ့တယ်။ လွယ်ကူတဲ့ အခြေခံမူတွေကို ကောင်းကောင်း လုပ်ဖို့ပါ။ သူ့မှာ ဂိုးဖန်တီးမှု၊ ဂိုးသွင်းယူဖို့နဲ့ ဘယ်သူမှ မလုပ်နိုင်တဲ့ ပေးပို့မှုတွေကို ပြုလုပ်ဖို့အတွက် မယုံနိုင်လောက်စရာ အရည်အချင်းရှိပါတယ်”

“ဒါပေမယ့် ရိုးရှင်းတဲ့အရာတွေကို လုပ်ဆောင်နိုင်ခဲ့တဲ့အချိန်ကျရင် သူတို့တွေ တိုးမြင့်လာပြီး ပိုကောင်းမွန်လာမယ်လို့ ယုံကြည်မှု အမြဲတမ်း ရှိပါတယ်။ ရိုးရှားတဲ့အရာတွေက ဘောလုံးကို ဆုံးရှုံးမခံတာ၊ ရွေ့လျားနိုင်စွမ်း၊ ရွေ့လျားမှုမှာ တက်ကြွနေဖို့ မယုံနိုင်စရာ လုပ်နိုင်စွမ်းတွေပါ။ အဲဒီရိုးရှင်းတဲ့အရာတွေကို ကောင်းသည်ထက် ပိုကောင်းအောင် ထပ်ပြီး လုပ်ဆောင်ရမယ်။ ဒီဟာတွေ ဖြစ်အောင် လုပ်နိုင်ရင် ကျန်တဲ့ကိစ္စတွေပါ အလိုလို ဖြစ်လာလိမ့်မယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာစီးတီးနည္းျပ ပက္ ဂြါဒီယိုလာက ယခုရာသီမွာ ႐ိုးရွားတဲ့အရာေတြကိုေတာင္ လုပ္ႏိုင္ျခင္းမရွိခဲ့တဲ့ ကီဗင္ ဒီဘ႐ိုင္းနားကို ျပစ္တင္ေဝဖန္ခဲ့ပါတယ္။

ဘယ္လ္ဂ်ီယမ္ကြင္းလယ္ဖန္တီးရွင္ဟာ ပရီးမီးယားလိဂ္ ဂိုးဖန္တီးမႈစာရင္းမွာ ၁၃ ႀကိမ္နဲ႔ ထိပ္ဆုံးက ဦးေဆာင္ေနေပမယ့္လည္း မန္ခ်က္စတာစီးတီးရဲ႕ ေနာက္ဆုံးလိဂ္ပြဲစဥ္ ၇ ပြဲထဲက ၃ ပြဲမွာ အရန္ခုံ ပို႔ျခင္း ခံခဲ့ရတာ ျဖစ္ပါတယ္။

ဒီဘ႐ိုင္းနားဟာ ယခုရာသီ ၃၄ ပြဲမွာ သြင္းဂိုး ၅ ဂိုးအထိလည္း သြင္းယူထားႏိုင္သူျဖစ္ၿပီး ခ်န္ပီယံလိဂ္နဲ႔ ကာရာေဘာင္းဖလားၿပိဳင္ပြဲေတြမွာလည္း ေနာက္ထပ္ ဂိုးဖန္တီးမႈ ၅ ႀကိမ္အထိ ျပဳလုပ္ထားႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ဂြါဒီယိုလာက စေနေန႔က ခရစၥတယ္ပဲေလ့စ္ကို မျဖစ္မေန အႏိုင္ကစားရမယ့္ပြဲစဥ္မွာ ဒီဘ႐ိုင္းနားကို ပြဲကစားခ်ိန္ ၁၁ မိနစ္သာ ေပးခဲ့ၿပီး အာလင္း ဟာလန္းက ပင္နယ္တီကေန စီးတီးကို ဦးေဆာင္ဂိုး သြင္းယူေပးခဲ့ၿပီးေနာက္မွ အရန္ခုံကေန လူစားဝင္ကစားခြင့္ ရရွိခဲ့တာျဖစ္ပါတယ္။

လိုက္ပ္ဇစ္နဲ႔ ယွဥ္ၿပိဳင္ကစားရမယ့္ ခ်န္ပီယံလိဂ္ ၁၆ သင္းရႈံးထြက္အဆင့္ ဒုတိယအေက်ာ့ပြဲစဥ္မတိုင္ခင္ စကားေျပာဆိုရာမွာ ဂြါဒီယိုလာက ဒီဘ႐ိုင္းနားအေနနဲ႔ ၎ရဲ႕ ပြဲထြက္ခြင့္ေနရာကို ျပန္လည္ ရရွိခ်င္ရင္ ႐ိုးရွင္းတဲ့အရာေတြကို တိုးတက္ေအာင္လုပ္ရမယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ကမာၻ႔ဖလားနဲ႔ အျခားအရာေတြအမ်ားႀကီးေၾကာင့္ ကြၽန္​ေတာ္တို႔အားလုံးအတြက္ ခက္ခဲတဲ့ ရာသီျဖစ္ခဲ့ပါတယ္။ ကီဗင္ ဘယ္ေလာက္ေကာင္းမြန္လဲဆိုတာကို ကြၽန္ေတာ္ ရွာေဖြသြားမွာမဟုတ္ပါဘူး။ ကြၽန္ေတာ္ ျဖစ္ေစခ်င္တာက သူ႔ကို အႀကိမ္ေပါင္းမ်ားစြာ ေျပာခဲ့တယ္။ လြယ္ကူတဲ့ အေျခခံမူေတြကို ေကာင္းေကာင္း လုပ္ဖို႔ပါ။ သူ႔မွာ ဂိုးဖန္တီးမႈ၊ ဂိုးသြင္းယူဖို႔နဲ႔ ဘယ္သူမွ မလုပ္ႏိုင္တဲ့ ေပးပို႔မႈေတြကို ျပဳလုပ္ဖို႔အတြက္ မယုံႏိုင္ေလာက္စရာ အရည္အခ်င္းရွိပါတယ္”

“ဒါေပမယ့္ ႐ိုးရွင္းတဲ့အရာေတြကို လုပ္ေဆာင္ႏိုင္ခဲ့တဲ့အခ်ိန္က်ရင္ သူတို႔ေတြ တိုးျမင့္လာၿပီး ပိုေကာင္းမြန္လာမယ္လို႔ ယုံၾကည္မႈ အၿမဲတမ္း ရွိပါတယ္။ ႐ိုးရွားတဲ့အရာေတြက ေဘာလုံးကို ဆုံးရႈံးမခံတာ၊ ေ႐ြ႕လ်ားႏိုင္စြမ္း၊ ေ႐ြ႕လ်ားမႈမွာ တက္ႂကြေနဖို႔ မယုံႏိုင္စရာ လုပ္ႏိုင္စြမ္းေတြပါ။ အဲဒီ႐ိုးရွင္းတဲ့အရာေတြကို ေကာင္းသည္ထက္ ပိုေကာင္းေအာင္ ထပ္ၿပီး လုပ္ေဆာင္ရမယ္။ ဒီဟာေတြ ျဖစ္ေအာင္ လုပ္ႏိုင္ရင္ က်န္တဲ့ကိစၥေတြပါ အလိုလို ျဖစ္လာလိမ့္မယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z