Premier League

ထရော့ဆာ့ဒ်ဆီက သင်ယူကြလို့ သရဲနီကြယ်ပွင့်တွေကို ပြောလိုက်တဲ့ ဖာဒီနန်

မန်ချက်စတာယူနိုက်တက်ဂန္တဝင်နောက်ခံလူ ဖာဒီနန်က ဘရိုက်တန်ကနေ ပေါင် ၂၇ သန်းနဲ့ ပြောင်းရွှေ့လာပြီးကတည်းက အမ်းမရိတ်စ်မှာ အကျိုးသက်ရောက်မှု ပြသနေတဲ့ ထရော့ဆာ့ဒ်ဆီကနေ အန်တိုနီနဲ့ ဆန်ချိုတို့အနေနဲ့ တိုက်စစ်ကစားရာမှာ စွန့်စားမှုတွေ ပိုမို ပြုလုပ်ဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။

ဆန်ချိုနဲ့ အန်တိုနီတို့ဟာ အိုးထရက်ဖို့ဒ်မှာ အကောင်းအဆိုးရောထွေးနေတဲ့ ရာသီကို ဖြတ်သန်းခဲ့ကြတာဖြစ်ပြီး ဖာဒီနန်က မန်ယူနိုက်တက်ကြယ်ပွင့်တွေအနေနဲ့ ဒီထက်ပိုပြီး လုပ်နိုင်စွမ်းရှိတယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။ အန်တိုနီဟာ ပြီးခဲ့တဲ့နွေရာသီမှာ အိုင်းယက်စ်ကနေ ပေါင် ၈၂ သန်းနဲ့ ပြောင်းရွှေ့လာပြီးကတည်းက ၂၉ ပွဲ ပါဝင်ကစားပေးထားရာမှာ သွင်းဂိုး ၇ ဂိုးသွင်းယူပြီး ဆန်ချိုကလည်း ၂၃ ပွဲမှာ သွင်းဂိုး ၅ ဂိုးသွင်းယူထားနိုင်ခဲ့တာဖြစ်ပါတယ်။

“တကယ်လို့ အန်တိုနီက သူ့ရဲ့ ရာသီကို ကြည့်လိုက်မယ်ုဆိရင် သူ အဲဒီမှာ ထိုင်ပြီးတော့ ‘ငါရှိချင်တဲ့နေရာမှာ မရှိနေဘူး။ အခုအချိန်အထိ ငါ တွေးထားတဲ့အတိုင်း လုပ်မနေဘူး’လို့ တွေးမိမှာပါ။ ဟုတ်ပါတယ်။ သူက အရေးကြီးတဲ့ သွင်းဂိုးအချို့နဲ့ ပေါ်လာခဲ့ပါတယ် ။ ဒါပေမယ့် သူသာ သူ့ကိုယ်သူ ရိုးသားမယ်ဆိုရင် သူ့ဆီကနေ နောက်ထပ်အများကြီး ထပ်လာဖို့ လိုသေးတယ်ဆိုတာကို သူတွေးမိလိမ်မယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ အဲဒါနဲ့ပတ်သက်ပြီး ပရိသတ်တွေအနေနဲ့ စိတ်ရှည်သည်းခံပေးရမှာပါ။ ဘယ်သူကမှ ချက်ချင်းကြီး ခြေစွမ်း တန်းမပြနိုင်ပါဘူး။ သူ လုပ်နိုင်တာတွေကို သက်သေပြသဖို့ အချိန်ရလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်”

“အန်တိုနီနဲ့ ဆန်ချိုတို့ရဲ့ ပွဲစဉ်မှာ ပိုမို တိုးတက်လာဖို့ လိုအပ်တဲ့ အစိတ်အပိုင်းတစ်ခုရှိနေပြီး အဲဒါက ပိုပြီးတော့ အရဲစွန့်ဖို့ပါ။ ခင်ဗျား ဒီပြိုင်ပွဲမှာ ဘာမှ အရဲမစွန့်ဘဲ ဘာမှ မရနိုင်ပါဘူး။ ခင်ဗျားအရဲမစွန့်ဘဲနဲ့ အောင်မြင်မှု ရနိုင်မှာမဟုတ်ဘူး။ ခင်ဗျား အရဲမစွန့်ဘဲနဲ့ ဆုဖလားတွေ အနိုင်ရမှာ မဟုတ်ပါဘူး။ အဲလက်စ် ဖာဂူဆန် ကျွန်တော်တို့အားလုံးကို တစ်ချိန်လုံး ပြောနေကျစကားက တိုက်စစ်ကနေ လုံခြုံမှု မလိုချင်ဘူးတဲ့။ ဒါနဲ့ စကားမစပ် အဲဒါက ကျွန်တော် ဘရူနို ဖာနန်ဒက်စ်နဲ့ပတ်သက်ပြီး နှစ်သက်မိတဲ့အရာပါ။ သူ့ရဲ့ရှေ့မှာ လက်နက်အချို့ လိုအပ်ပါတယ်။ သူ့ရှေ့က လူတွေကသာ ပြေးလွှားပြီး စွန့်စားမှုတွေ ပြုလုပ်မယ်ဆိုရင် သူက ဘယ်လိုအသင်းမျိုးအတွက်မဆို ပြဿနာဖြစ်လိမ့်မယ်” လို့ ပြောကြားခဲ့ပါတယ်။

အန်တိုနီနဲ့ ဆန်ချိုတို့ဟာ တိုက်စစ်မှာ လှုံ့ဆော်မှုတွေ ပြုလုပ်ပေးနိုင်ဖို့ ရုန်းကန်နေရတာဖြစ်ကောင်း ဖြစ်နိုင်ပြီး ဖာဒီနန်က မန်ချက်စတာယူနိုက်တက်ကြယ့်ပွင့် ၂ ဦးအနေနဲ့ ထရော့ဆာ့ဒ်ဆီကနေ လေ့လာသင်ယူသင့်တယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။

ဘယ်လ်ဂျီယမ်တောင်ပံကစားသမားဟာ ဖူလ်ဟမ်ကို ၃-၀ နဲ့ အနိုင်ရခဲ့တဲပွဲမှာ ဂါဘီလတ်၊ မာတီနယ်လီ၊ အော်ဒီဂွါဒ်တို့အတွက် ဂိုးဖန်တီးမှုတွေ ပြုလုပ်ပေးနိုင်ခဲ့တာဖြစ်ပြီး ဖာဒီနန်က ဂန်းနားတွေရဲ့ ဇန်နဝါရီ ခေါ်ယူမှုကို ချီးကျူးခဲ့တာ ဖြစ်ပါတယ်။

“ထရော့ဆာ့ဒ်က အရမ်းကို အောင်မြင်တဲ့ ခေါ်ယူမှုလို့ ကျွန်တော် ထင်တယ်။ ကျွန်တော်တို့ ရာသီအတွင်းမှာ ကစားသမားခေါ်ယူမှုအများကြီးနဲ့ပတ်သက်ပြီး ပြောနိုင်တယ်။ ဒါပေမယ့် သူက ခင်ဗျားလိုအပ်နေတဲ့နေရာတွေဖြစ်တဲ့ တောင်ပံဧရိယာ၊ တိုက်စစ်မှာ အရည်အသွေးတွေ ပေးနိုင်တဲ့သူလို့ ထင်တယ်။ ခင်ဗျားမှာ မာတီနယ်လီနဲ့ ဆာကာတို့လို တစ်နှစ်လုံး ထူးခြားဆန်းကြယ်မှုတွေ ပြုလုပ်ပေးနိုင်တဲ့သူတွေရှိတယ်”

“ဒါပေမယ့် သူတို့ထဲက တစ်ယောက်နာသွားရင် ဘယ်သူက ဝင်လာပြီး ပွဲအပေါ်မှာ အကျိုးသက်ရောက်မှုတွေ ပြုလုပ်ပေးနိုင်မှာလဲ။ ပထမပိုင်းမှာ ဂိုးဖန်တီးမှု ၃ ခု။ ဆာကာနဲ့ ဒီဘရိုင်းနားတို့ပဲ ဒီရာသီမှာ သူ့ထက် ဂိုးဖန်တီးမှု ပိုများနေတယ်။ သူက စောစောစီးစီး မထွက်ခွာခဲ့လို့ ကျွန်တော် အံ့အားသင့်ခဲ့ရတဲ့ ဘရိုက်တန်ကစားသမားတစ်ဦးပါ။ ဘာလို့လဲဆိုတော့ အချိန်တိုင်း သူ ကစားတာကို ကြည့်ပြီး ပွဲစဉ်ထဲမှာ သူတစ်ခုခု လုပ်နိုင်တယ်လို့ ယုံကြည်ခဲ့လို့ပါ။ ဘယ်လ်ဂျီယမ်လက်ရွေးစင်ကစားသမားဖြစ်နေလို့ပါ”

“ကျွန်တော်တို့ လွန်ခဲ့တဲ့ မိနစ်က အရဲမစွန့်တဲ့ တောင်ပံကစားသမားတွေအကြောင်း ပြောနေခဲ့ပါတယ်။ ဒီလူက အရဲစွန့်တယ်။ သူ ဘောလုံးကို ရယူမယ်။ သူ ဘောလုံးပေးပမယ်။ သူ ဝမ်းတူးရိုက်မယ်။ သူ လိမ်ခေါက်မယ်။ ဘောလုံးပေးပို့မှုကို သူ မြင်နိုင်တယ်။ အဲဒါက မျက်မြင်တွေ့ပြီးပါပြီ။ သူက အာတီတာ ရာသီဝက်မှာ ခေါ်ယူခဲ့တဲ့ ကစားသမားသစ်ဆီကနေ လိုချင်မယ့်အရာထက်ပိုတဲ့ အရာအားလုံးကို သူ လုပ်နေတယ်။ ကြီးမားတဲ့ အကျိုးသက်ရောက်မှုရှိတဲ့ကစားသမားပါ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္ေနာက္ခံလူ ဖာဒီနန္က ဘ႐ိုက္တန္ကေန ေပါင္ ၂၇ သန္းနဲ႔ ေျပာင္းေ႐ႊ႕လာၿပီးကတည္းက အမ္းမရိတ္စ္မွာ အက်ိဳးသက္ေရာက္မႈ ျပသေနတဲ့ ထေရာ့ဆာ့ဒ္ဆီကေန အန္တိုနီနဲ႔ ဆန္ခ်ိဳတို႔အေနနဲ႔ တိုက္စစ္ကစားရာမွာ စြန႔္စားမႈေတြ ပိုမို ျပဳလုပ္ဖို႔ ေတာင္းဆိုခဲ့တာျဖစ္ပါတယ္။

ဆန္ခ်ိဳနဲ႔ အန္တိုနီတို႔ဟာ အိုးထရက္ဖို႔ဒ္မွာ အေကာင္းအဆိုးေရာေထြးေနတဲ့ ရာသီကို ျဖတ္သန္းခဲ့ၾကတာျဖစ္ၿပီး ဖာဒီနန္က မန္ယူႏိုက္တက္ၾကယ္ပြင့္ေတြအေနနဲ႔ ဒီထက္ပိုၿပီး လုပ္ႏိုင္စြမ္းရွိတယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။ အန္တိုနီဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ အိုင္းယက္စ္ကေန ေပါင္ ၈၂ သန္းနဲ႔ ေျပာင္းေ႐ႊ႕လာၿပီးကတည္းက ၂၉ ပြဲ ပါဝင္ကစားေပးထားရာမွာ သြင္းဂိုး ၇ ဂိုးသြင္းယူၿပီး ဆန္ခ်ိဳကလည္း ၂၃ ပြဲမွာ သြင္းဂိုး ၅ ဂိုးသြင္းယူထားႏိုင္ခဲ့တာျဖစ္ပါတယ္။

“တကယ္လို႔ အန္တိုနီက သူ႔ရဲ႕ ရာသီကို ၾကည့္လိုက္မယ္ုဆိရင္ သူ အဲဒီမွာ ထိုင္ၿပီးေတာ့ ‘ငါရွိခ်င္တဲ့ေနရာမွာ မရွိေနဘူး။ အခုအခ်ိန္အထိ ငါ ေတြးထားတဲ့အတိုင္း လုပ္မေနဘူး’လို႔ ေတြးမိမွာပါ။ ဟုတ္ပါတယ္။ သူက အေရးႀကီးတဲ့ သြင္းဂိုးအခ်ိဳ႕နဲ႔ ေပၚလာခဲ့ပါတယ္ ။ ဒါေပမယ့္ သူသာ သူ႔ကိုယ္သူ ႐ိုးသားမယ္ဆိုရင္ သူ႔ဆီကေန ေနာက္ထပ္အမ်ားႀကီး ထပ္လာဖို႔ လိုေသးတယ္ဆိုတာကို သူေတြးမိလိမ္မယ္လို႔ ထင္ပါတယ္။ ကြၽန္ေတာ္တို႔ အဲဒါနဲ႔ပတ္သက္ၿပီး ပရိသတ္ေတြအေနနဲ႔ စိတ္ရွည္သည္းခံေပးရမွာပါ။ ဘယ္သူကမွ ခ်က္ခ်င္းႀကီး ေျခစြမ္း တန္းမျပႏိုင္ပါဘူး။ သူ လုပ္ႏိုင္တာေတြကို သက္ေသျပသဖို႔ အခ်ိန္ရလိမ့္မယ္လို႔ ကြၽန္ေတာ္ ေမွ်ာ္လင့္ပါတယ္”

“အန္တိုနီနဲ႔ ဆန္ခ်ိဳတို႔ရဲ႕ ပြဲစဥ္မွာ ပိုမို တိုးတက္လာဖို႔ လိုအပ္တဲ့ အစိတ္အပိုင္းတစ္ခုရွိေနၿပီး အဲဒါက ပိုၿပီးေတာ့ အရဲစြန႔္ဖို႔ပါ။ ခင္ဗ်ား ဒီၿပိဳင္ပြဲမွာ ဘာမွ အရဲမစြန႔္ဘဲ ဘာမွ မရႏိုင္ပါဘူး။ ခင္ဗ်ားအရဲမစြန႔္ဘဲနဲ႔ ေအာင္ျမင္မႈ ရႏိုင္မွာမဟုတ္ဘူး။ ခင္ဗ်ား အရဲမစြန႔္ဘဲနဲ႔ ဆုဖလားေတြ အႏိုင္ရမွာ မဟုတ္ပါဘူး။ အဲလက္စ္ ဖာဂူဆန္ ကြၽန္ေတာ္တို႔အားလုံးကို တစ္ခ်ိန္လုံး ေျပာေနက်စကားက တိုက္စစ္ကေန လုံၿခဳံမႈ မလိုခ်င္ဘူးတဲ့။ ဒါနဲ႔ စကားမစပ္ အဲဒါက ကြၽန္ေတာ္ ဘ႐ူႏို ဖာနန္ဒက္စ္နဲ႔ပတ္သက္ၿပီး ႏွစ္သက္မိတဲ့အရာပါ။ သူ႔ရဲ႕ေရွ႕မွာ လက္နက္အခ်ိဳ႕ လိုအပ္ပါတယ္။ သူ႔ေရွ႕က လူေတြကသာ ေျပးလႊားၿပီး စြန႔္စားမႈေတြ ျပဳလုပ္မယ္ဆိုရင္ သူက ဘယ္လိုအသင္းမ်ိဳးအတြက္မဆို ျပႆနာျဖစ္လိမ့္မယ္” လို႔ ေျပာၾကားခဲ့ပါတယ္။

အန္တိုနီနဲ႔ ဆန္ခ်ိဳတို႔ဟာ တိုက္စစ္မွာ လႈံ႕ေဆာ္မႈေတြ ျပဳလုပ္ေပးႏိုင္ဖို႔ ႐ုန္းကန္ေနရတာျဖစ္ေကာင္း ျဖစ္ႏိုင္ၿပီး ဖာဒီနန္က မန္ခ်က္စတာယူႏိုက္တက္ၾကယ့္ပြင့္ ၂ ဦးအေနနဲ႔ ထေရာ့ဆာ့ဒ္ဆီကေန ေလ့လာသင္ယူသင့္တယ္လို႔ ယုံၾကည္ေနတာ ျဖစ္ပါတယ္။

ဘယ္လ္ဂ်ီယမ္ေတာင္ပံကစားသမားဟာ ဖူလ္ဟမ္ကို ၃-၀ နဲ႔ အႏိုင္ရခဲ့တဲပြဲမွာ ဂါဘီလတ္၊ မာတီနယ္လီ၊ ေအာ္ဒီဂြါဒ္တို႔အတြက္ ဂိုးဖန္တီးမႈေတြ ျပဳလုပ္ေပးႏိုင္ခဲ့တာျဖစ္ၿပီး ဖာဒီနန္က ဂန္းနားေတြရဲ႕ ဇန္နဝါရီ ေခၚယူမႈကို ခ်ီးက်ဴးခဲ့တာ ျဖစ္ပါတယ္။

“ထေရာ့ဆာ့ဒ္က အရမ္းကို ေအာင္ျမင္တဲ့ ေခၚယူမႈလို႔ ကြၽန္ေတာ္ ထင္တယ္။ ကြၽန္ေတာ္တို႔ ရာသီအတြင္းမွာ ကစားသမားေခၚယူမႈအမ်ားႀကီးနဲ႔ပတ္သက္ၿပီး ေျပာႏိုင္တယ္။ ဒါေပမယ့္ သူက ခင္ဗ်ားလိုအပ္ေနတဲ့ေနရာေတြျဖစ္တဲ့ ေတာင္ပံဧရိယာ၊ တိုက္စစ္မွာ အရည္အေသြးေတြ ေပးႏိုင္တဲ့သူလို႔ ထင္တယ္။ ခင္ဗ်ားမွာ မာတီနယ္လီနဲ႔ ဆာကာတို႔လို တစ္ႏွစ္လုံး ထူးျခားဆန္းၾကယ္မႈေတြ ျပဳလုပ္ေပးႏိုင္တဲ့သူေတြရွိတယ္”

“ဒါေပမယ့္ သူတို႔ထဲက တစ္ေယာက္နာသြားရင္ ဘယ္သူက ဝင္လာၿပီး ပြဲအေပၚမွာ အက်ိဳးသက္ေရာက္မႈေတြ ျပဳလုပ္ေပးႏိုင္မွာလဲ။ ပထမပိုင္းမွာ ဂိုးဖန္တီးမႈ ၃ ခု။ ဆာကာနဲ႔ ဒီဘ႐ိုင္းနားတို႔ပဲ ဒီရာသီမွာ သူ႔ထက္ ဂိုးဖန္တီးမႈ ပိုမ်ားေနတယ္။ သူက ေစာေစာစီးစီး မထြက္ခြာခဲ့လို႔ ကြၽန္ေတာ္ အံ့အားသင့္ခဲ့ရတဲ့ ဘ႐ိုက္တန္ကစားသမားတစ္ဦးပါ။ ဘာလို႔လဲဆိုေတာ့ အခ်ိန္တိုင္း သူ ကစားတာကို ၾကည့္ၿပီး ပြဲစဥ္ထဲမွာ သူတစ္ခုခု လုပ္ႏိုင္တယ္လို႔ ယုံၾကည္ခဲ့လို႔ပါ။ ဘယ္လ္ဂ်ီယမ္လက္ေ႐ြးစင္ကစားသမားျဖစ္ေနလို႔ပါ”

“ကြၽန္ေတာ္တို႔ လြန္ခဲ့တဲ့ မိနစ္က အရဲမစြန႔္တဲ့ ေတာင္ပံကစားသမားေတြအေၾကာင္း ေျပာေနခဲ့ပါတယ္။ ဒီလူက အရဲစြန႔္တယ္။ သူ ေဘာလုံးကို ရယူမယ္။ သူ ေဘာလုံးေပးပမယ္။ သူ ဝမ္းတူး႐ိုက္မယ္။ သူ လိမ္ေခါက္မယ္။ ေဘာလုံးေပးပို႔မႈကို သူ ျမင္ႏိုင္တယ္။ အဲဒါက မ်က္ျမင္ေတြ႕ၿပီးပါၿပီ။ သူက အာတီတာ ရာသီဝက္မွာ ေခၚယူခဲ့တဲ့ ကစားသမားသစ္ဆီကေန လိုခ်င္မယ့္အရာထက္ပိုတဲ့ အရာအားလုံးကို သူ လုပ္ေနတယ္။ ႀကီးမားတဲ့ အက်ိဳးသက္ေရာက္မႈရွိတဲ့ကစားသမားပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.