Article Premier League

ဂန်းနားနံပါတ် ၁၉ ရဲ့ ဂုဏ်ကို ထိန်းသိမ်းပြီး ဆန်တီတို့ခြေရာ ထရော့ဆတ် နင်းမှာလား

အာဆင်နယ်အသင်းရဲ့ ကစားသမားသစ် လီယန်ဒရို ထရော့ဆတ်ကတော့ ဇန်နဝါရီ အပြောင်းအရွှေ့ ပိတ်သိမ်းခါနီးမှာ အသင်းကို ရောက်ရှိလာခဲ့ပြီးတဲ့နောက် အလွယ်တကူပဲ ဂန်းနားတွေနဲ့ အထိုင်ကျခဲ့သလို သွင်းဂိုးတစ်ဂိုးအပြင် ဖန်တီးမှုများစွာကို ပြုလုပ်နိုင်ခဲ့ပြီးတဲ့နောက် ပရိသတ်တွေရဲ့ အချစ်တော်တစ်ဦး အလျင်အမြန်ဖြစ်လာခဲ့ပါတယ်။

အသင်းကို ရောက်လာတုန်းက ကျောနံပါတ် ၂၂ ကို ရွေးချယ်မယ်လို့ ထင်ခဲ့ကြသူတွေ ရှိခဲ့ပေမယ့် လက်တွေ့မှာတော့ အငှားထွက်ကစားလို့ လစ်လပ်နေတဲ့ နီကိုလာ ပေပေရဲ့ ကျောနံပါတ် ၁၉ ကို ရွေးချယ်ခဲ့ပြီး ဘရန့်ဖို့ဒ်ဘက်ကို ဂိုးသွင်းယူပေးခဲ့သလို အဲဗာတန်၊ လက်စတာနဲ့ ပွဲတွေမှာ တစ်ဂိုးစီ ဖန်တီးပေးခဲ့ပြီး ဖူလ်ဟမ်နဲ့ပွဲမှာတော့ သူ့ရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့တာပါ။

ထရော့ဆတ်အနေနဲ့ စောင်တလွဲ ပေပေကြောင့် ကျဆင်းသွားခဲ့ရတဲ့‌ ကျောနံပါတ် ၁၉ ရဲ့ ဂုဏ်သိက္ခာကိုလည်း ပြန်လည်မြှင့်တင်ပေးနိုင်ခဲ့ပြီး သူ့ရှေ့က စပိန်မှော်ဆရာ ဆန်တီ ကာဇိုလာရဲ့ ခြေရာကို နင်းဖို့ အဆင်သင့်ဖြစ်နေခဲ့သလို ဖူလ်ဟမ်နဲ့ပွဲရဲ့ ပထမပိုင်းမှာ သုံးဂိုးစလုံးကို ဖန်တီးပေးခဲ့တာက ပရီးမီးယားလိဂ်ရဲ့ စံချိန်သစ်တစ်ခုလည်းဖြစ်ခဲ့ရပါတယ်။

အသက် ၂၈ နှစ်အရွယ် ဘယ်လ်ဂျီယမ်လက်ရွေးစင်အနေနဲ့ ကစားသမားဘဝရဲ့ အကောင်းဆုံးအချိန်မှာ အမ်းမရိတ်ကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး သူ့အတွက် ကုန်ကျခဲ့တဲ့ ပေါင် ၂၇ သန်းကတော့ တော်တော်လေး ဈေးပေါခဲ့တယ်လို့ ထင်မြင်စရာရှိခဲ့သလို အာဆင်နယ်ပရိသတ်တွေအတွက်တော့ ချဲလ်ဆီးကို လက်လွှတ်လိုက်ရတဲ့ မိုက်ခေလို မူဒရစ်ခ်ကို လွမ်းဖို့ မပြောနဲ့ စာရင်းထဲ မထည့်အောင်ကို ဖြစ်ခဲ့ရတာပါ။

ပရိသတ်တွေအတွက် ဒေးလီးမေးလ်ကတော့ ထူးခြားဆန်းပြားစွာပဲ တချို့အချက်အလက်တွေကို ရှာဖွေဖော်ထုတ်ပေးခဲ့ပြီး ထရော့ဆတ်ဟာ လီဂိုအရုပ်ဆက်ကစားရတာကို နှစ်ခြိုက်သူဖြစ်တယ်ဆိုတဲ့အတွက် သူဟာ အာဆင်နယ်တို့ရဲ့ ချန်ပီယံစိန်ခေါ်မှုအတွက် အရေးကြီးတဲ့ အစိတ်အပိုင်း ဖြစ်လာပြီလို့လည်း ချီးကျူးသွားခဲ့ပါတယ်။

နောက်တစ်ချက်ကတော့ သူ့ရဲ့ အေးဂျင့်ဖြစ်တဲ့ ဂျိုဆီ ကွမ်အဲအနေနဲ့ အေဂျင်စီထောင်ပြီး ကစားသမားတွေရဲ့ ကိုယ်စားလှယ်အဖြစ် မလုပ်ကိုင်ခင်က ဆေးသုတ်သမားနဲ့ အိမ်တွင်း အလှဆင်သူတစ်ဦးဖြစ်ခဲ့လို့ ထရော့ဆတ်ရဲ့ အပြောင်းအရွှေ့ကတော့ လန်ဒန်မြို့ကို အနီရောင်သုတ်လိုက်တဲ့ ကိစ္စပဲလို့ ဆိုခဲ့ကြတာပါ။

သူ့ရဲ့ ဖန်တီးမှု ဟက်ထရစ်ကတော့ ရှေ့မှာ ကာဇိုလာတစ်ယောက် လုပ်ပြထားနိုင်တဲ့ အစွမ်းဖြစ်တဲ့ ၂၀၁၂-၁၃ ရာသီက ဝီဂန်နဲ့ အိမ်ကွင်းပွဲစဉ်မှာ ၄ ဂိုး ဖန်တီးခဲ့မှုကို နီးစပ်နိုင်ခဲ့ပြီး ထရော့ဆတ်အနေနဲ့ ခြေရာကွက်တိ နင်းနိုင်ဖို့ဆိုရင်တော့ စပိန်သားရဲ့ ဟက်ထရစ်မျိုး သွင်းယူနိုင်ဖို့တော့ လိုအပ်နေသေးလို့ လာမယ့်ပွဲတွေမှာ ဘယ်လောက် ခြေစွမ်းပြနိုင်ဦးမလဲဆိုတာကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ကွင်းလယ်နဲ့ တောင်ပံမှာ နေရာစုံ ကစားနိုင်တဲ့ ကာဇိုလာနဲ့ ယှဉ်ရင် ထရော့ဆတ်အနေနဲ့ ကွင်းလယ်အထိုင်မှာ မကစားနိုင်တာ တစ်ခုသာ နိမ့်ကျခဲ့ပြီး တစ်ကွင်းလုံးမှာ အကွက်မြင်မြင် လိုက်ပါကစားပြီး အသင်းဖော်တွေနဲ့ အသင်းရဲ့ ကစားကွက်ကို ကူညီပေးနိုင်မှုကတော့ တူညီနေခဲ့သလို အကျဉ်းအကြပ်တွေမှာလည်း ဘောလုံးကို သက်တောင့်သက်သာ လက်ခံရယူနိုင်မှုချင်းကပါ တစ်ထပ်တည်းကျနေခဲ့တာပါ။

လာမယ့်ပွဲစဉ်တွေမှာတော့ ဒဏ်ရာကနေ သက်သာလာတဲ့ ဂါဘရီယယ်လ် ဂျေဆူးစ်ကြောင့် သူ့ရဲ့ ကစားခွင့်ကို ထိခိုက်စေလိမ့်မယ်လို့ ခန့်မှန်းမှုတွေ ရှိနေခဲ့ပေမယ့် ဘယ်လ်ဂျီယမ်သားအနေနဲ့ အာဆင်နယ်အသင်းအတွက် ကစားခွင့်ရတိုင်း အကျိုးပြုပေးနိုင်မယ်ဆိုတာကတော့ မြေကြီး လက်ခတ်မလွဲဖြစ်ပြီး ကျောနံပါတ် ၁၉ ကို ဘယ်လောက် အရောင်တင်ပေးနိုင်မလဲဆိုတာကတော့ စိတ်ဝင်စားစရာဖြစ်နေပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းရဲ႕ ကစားသမားသစ္ လီယန္ဒ႐ို ထေရာ့ဆတ္ကေတာ့ ဇန္နဝါရီ အေျပာင္းအေ႐ႊ႕ ပိတ္သိမ္းခါနီးမွာ အသင္းကို ေရာက္ရွိလာခဲ့ၿပီးတဲ့ေနာက္ အလြယ္တကူပဲ ဂန္းနားေတြနဲ႔ အထိုင္က်ခဲ့သလို သြင္းဂိုးတစ္ဂိုးအျပင္ ဖန္တီးမႈမ်ားစြာကို ျပဳလုပ္ႏိုင္ခဲ့ၿပီးတဲ့ေနာက္ ပရိသတ္ေတြရဲ႕ အခ်စ္ေတာ္တစ္ဦး အလ်င္အျမန္ျဖစ္လာခဲ့ပါတယ္။

အသင္းကို ေရာက္လာတုန္းက ေက်ာနံပါတ္ ၂၂ ကို ေ႐ြးခ်ယ္မယ္လို႔ ထင္ခဲ့ၾကသူေတြ ရွိခဲ့ေပမယ့္ လက္ေတြ႕မွာေတာ့ အငွားထြက္ကစားလို႔ လစ္လပ္ေနတဲ့ နီကိုလာ ေပေပရဲ႕ ေက်ာနံပါတ္ ၁၉ ကို ေ႐ြးခ်ယ္ခဲ့ၿပီး ဘရန႔္ဖို႔ဒ္ဘက္ကို ဂိုးသြင္းယူေပးခဲ့သလို အဲဗာတန္၊ လက္စတာနဲ႔ ပြဲေတြမွာ တစ္ဂိုးစီ ဖန္တီးေပးခဲ့ၿပီး ဖူလ္ဟမ္နဲ႔ပြဲမွာေတာ့ သူ႔ရဲ႕ အေကာင္းဆုံး စြမ္းေဆာင္ရည္ကို ျပသႏိုင္ခဲ့တာပါ။

ထေရာ့ဆတ္အေနနဲ႔ ေစာင္တလြဲ ေပေပေၾကာင့္ က်ဆင္းသြားခဲ့ရတဲ့‌ ေက်ာနံပါတ္ ၁၉ ရဲ႕ ဂုဏ္သိကၡာကိုလည္း ျပန္လည္ျမႇင့္တင္ေပးႏိုင္ခဲ့ၿပီး သူ႔ေရွ႕က စပိန္ေမွာ္ဆရာ ဆန္တီ ကာဇိုလာရဲ႕ ေျခရာကို နင္းဖို႔ အဆင္သင့္ျဖစ္ေနခဲ့သလို ဖူလ္ဟမ္နဲ႔ပြဲရဲ႕ ပထမပိုင္းမွာ သုံးဂိုးစလုံးကို ဖန္တီးေပးခဲ့တာက ပရီးမီးယားလိဂ္ရဲ႕ စံခ်ိန္သစ္တစ္ခုလည္းျဖစ္ခဲ့ရပါတယ္။

အသက္ ၂၈ ႏွစ္အ႐ြယ္ ဘယ္လ္ဂ်ီယမ္လက္ေ႐ြးစင္အေနနဲ႔ ကစားသမားဘဝရဲ႕ အေကာင္းဆုံးအခ်ိန္မွာ အမ္းမရိတ္ကို ေျပာင္းေ႐ႊ႕လာခဲ့တာျဖစ္ၿပီး သူ႔အတြက္ ကုန္က်ခဲ့တဲ့ ေပါင္ ၂၇ သန္းကေတာ့ ေတာ္ေတာ္ေလး ေဈးေပါခဲ့တယ္လို႔ ထင္ျမင္စရာရွိခဲ့သလို အာဆင္နယ္ပရိသတ္ေတြအတြက္ေတာ့ ခ်ဲလ္ဆီးကို လက္လႊတ္လိုက္ရတဲ့ မိုက္ေခလို မူဒရစ္ခ္ကို လြမ္းဖို႔ မေျပာနဲ႔ စာရင္းထဲ မထည့္ေအာင္ကို ျဖစ္ခဲ့ရတာပါ။

ပရိသတ္ေတြအတြက္ ေဒးလီးေမးလ္ကေတာ့ ထူးျခားဆန္းျပားစြာပဲ တခ်ိဳ႕အခ်က္အလက္ေတြကို ရွာေဖြေဖာ္ထုတ္ေပးခဲ့ၿပီး ထေရာ့ဆတ္ဟာ လီဂိုအ႐ုပ္ဆက္ကစားရတာကို ႏွစ္ၿခိဳက္သူျဖစ္တယ္ဆိုတဲ့အတြက္ သူဟာ အာဆင္နယ္တို႔ရဲ႕ ခ်န္ပီယံစိန္ေခၚမႈအတြက္ အေရးႀကီးတဲ့ အစိတ္အပိုင္း ျဖစ္လာၿပီလို႔လည္း ခ်ီးက်ဴးသြားခဲ့ပါတယ္။

ေနာက္တစ္ခ်က္ကေတာ့ သူ႔ရဲ႕ ေအးဂ်င့္ျဖစ္တဲ့ ဂ်ိဳဆီ ကြမ္အဲအေနနဲ႔ ေအဂ်င္စီေထာင္ၿပီး ကစားသမားေတြရဲ႕ ကိုယ္စားလွယ္အျဖစ္ မလုပ္ကိုင္ခင္က ေဆးသုတ္သမားနဲ႔ အိမ္တြင္း အလွဆင္သူတစ္ဦးျဖစ္ခဲ့လို႔ ထေရာ့ဆတ္ရဲ႕ အေျပာင္းအေ႐ႊ႕ကေတာ့ လန္ဒန္ၿမိဳ႕ကို အနီေရာင္သုတ္လိုက္တဲ့ ကိစၥပဲလို႔ ဆိုခဲ့ၾကတာပါ။

သူ႔ရဲ႕ ဖန္တီးမႈ ဟက္ထရစ္ကေတာ့ ေရွ႕မွာ ကာဇိုလာတစ္ေယာက္ လုပ္ျပထားႏိုင္တဲ့ အစြမ္းျဖစ္တဲ့ ၂၀၁၂-၁၃ ရာသီက ဝီဂန္နဲ႔ အိမ္ကြင္းပြဲစဥ္မွာ ၄ ဂိုး ဖန္တီးခဲ့မႈကို နီးစပ္ႏိုင္ခဲ့ၿပီး ထေရာ့ဆတ္အေနနဲ႔ ေျခရာကြက္တိ နင္းႏိုင္ဖို႔ဆိုရင္ေတာ့ စပိန္သားရဲ႕ ဟက္ထရစ္မ်ိဳး သြင္းယူႏိုင္ဖို႔ေတာ့ လိုအပ္ေနေသးလို႔ လာမယ့္ပြဲေတြမွာ ဘယ္ေလာက္ ေျခစြမ္းျပႏိုင္ဦးမလဲဆိုတာကို ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

ကြင္းလယ္နဲ႔ ေတာင္ပံမွာ ေနရာစုံ ကစားႏိုင္တဲ့ ကာဇိုလာနဲ႔ ယွဥ္ရင္ ထေရာ့ဆတ္အေနနဲ႔ ကြင္းလယ္အထိုင္မွာ မကစားႏိုင္တာ တစ္ခုသာ နိမ့္က်ခဲ့ၿပီး တစ္ကြင္းလုံးမွာ အကြက္ျမင္ျမင္ လိုက္ပါကစားၿပီး အသင္းေဖာ္ေတြနဲ႔ အသင္းရဲ႕ ကစားကြက္ကို ကူညီေပးႏိုင္မႈကေတာ့ တူညီေနခဲ့သလို အက်ဥ္းအၾကပ္ေတြမွာလည္း ေဘာလုံးကို သက္ေတာင့္သက္သာ လက္ခံရယူႏိုင္မႈခ်င္းကပါ တစ္ထပ္တည္းက်ေနခဲ့တာပါ။

လာမယ့္ပြဲစဥ္ေတြမွာေတာ့ ဒဏ္ရာကေန သက္သာလာတဲ့ ဂါဘရီယယ္လ္ ေဂ်ဆူးစ္ေၾကာင့္ သူ႔ရဲ႕ ကစားခြင့္ကို ထိခိုက္ေစလိမ့္မယ္လို႔ ခန႔္မွန္းမႈေတြ ရွိေနခဲ့ေပမယ့္ ဘယ္လ္ဂ်ီယမ္သားအေနနဲ႔ အာဆင္နယ္အသင္းအတြက္ ကစားခြင့္ရတိုင္း အက်ိဳးျပဳေပးႏိုင္မယ္ဆိုတာကေတာ့ ေျမႀကီး လက္ခတ္မလြဲျဖစ္ၿပီး ေက်ာနံပါတ္ ၁၉ ကို ဘယ္ေလာက္ အေရာင္တင္ေပးႏိုင္မလဲဆိုတာကေတာ့ စိတ္ဝင္စားစရာျဖစ္ေနပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.