Premier League

ကာစီမီရို အနီကတ်နဲ့ထွက်ရချိန်မှာ အလေးအနက်ကတိပေးခဲ့တဲ့ အန်တိုနီ

အန်တိုနီဟာ ဆောက်သမ်တန်နဲ့ကစားခဲ့တဲ့ပွဲစဉ် ပထမပိုင်းမှာ အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရလို့ ယူကြုံးမရဖြစ်နေတဲ့ ကာစီမီရိုကို နိုင်ပွဲရအောင်ယူပေးမှာဖြစ်လို့ စိတ်မပူဖို့ ကတိပေးခဲ့ပေမယ့် မျှော်လင့်ထားတဲ့အတိုင်း ဖြစ်မလာခဲ့တာဖြစ်ပါတယ်။

ပွဲကစားချိန် ၃၄ မိနစ်မှာ ကာစီမီရိုရဲ့ ကားလို့စ် အယ်လ်ဗာရက်ဇ်ကို ဖျက်ထုတ်ခဲ့တဲ့ ဖြစ်စဉ်ကို VAR က ပြန်လည်စစ်ဆေးခဲ့ပြီးနောက် ဘရာဇီးလ်ကွင်းလယ်ကစားသမားဟာ အနီကတ်နဲ့ တိုက်ရိုက် ထုတ်ပယ်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ကွင်းလယ်ကြယ်ပွင့်ဟောင်းအတွက် ယခုရာသီမှာ ဒုတိယမြောက် တိုက်ရိုက်အနီကတ်ဖြစ်လာခဲ့တာကြောင့် ကာစီမီရိုဟာ မန်ယူနိုက်တက်ရဲ့ လာမယ့်ပွဲစဉ် ၄ ပွဲကို လွဲချော်တော့မှာ ဖြစ်ပါတယ်။

ကာစီမီရိုဟာ နာကျင်အချိန်ပိုနဲ့ဆိုရင် ပွဲကစားချိန် မိနစ် ၆၀ နီးပါး ကျန်ရှိသေးချိန်မှာ အသင်းကို တစ်ယောက်လျော့နဲ့ ကစားရအောင် လုပ်ခဲ့မိပြီဆိုတာကို သိရှိသွားခဲ့တာကြောင့် စိတ်ပျက်နေခဲ့တာဖြစ်ပြီး လီဆန်ဒရို မာတီနက်ဇ်နဲ့ အန်တိုနီတို့က ဘရာဇီးလ်ကြယ်ပွင့်ကို ဝိုင်းဝန်း နှစ်သိမ့်ပေးခဲ့ကြတာဖြစ်ပါတယ်။

ကွင်းထဲကနေ ထွက်ခွာနေတဲ့ ရီးရဲလ်ကြယ်ပွင့်ဟောင်းကို ဘရာဇီးလ် လက်ရွေးစင်အသင်းဖော် အန်တိုနီက စိတ်ပျက်ဝမ်းမနည်းဖို့ နှစ်သိမ့်ခဲ့ပြီးနောက် လှမ်းဆွဲပြီး စကားအချို့ကို အလေးအနက် ပြောဆိုနေပုံပေါ်တာကို မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဘရာဇီးလ်တောင်ပံကစားသမား ပြောခဲ့တဲ့ စကားက ထွက်ပေါ်လာခဲ့ပြီဖြစ်ပြီး အန်တိုနီက “ငါ မင်းအတွက် နိုင်ပွဲရယူပေးမယ်။ ငါ နိုင်ပွဲ ရယူပေးမယ်”လို့ ပြောကြားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒီသတင်းသာ အမှန်ဆိုရင် မန်ချက်စတာယူနိုက်တက်နဲ့ ဆောက်သမ်တန်တို့က ဂိုးမရှိ သရေကျခဲ့တာကြောင့် အိုင်းယက်စ်ကြယ်ပွင့်ဟောင်းကတော့ မတည်နိုင်တဲ့ကတိပေးခဲ့မိလို့ မျက်နှာပူနေခဲ့မှာ သေချာပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အန္တိုနီဟာ ေဆာက္သမ္တန္နဲ႔ကစားခဲ့တဲ့ပြဲစဥ္ ပထမပိုင္းမွာ အနီကတ္နဲ႔ ထုတ္ပယ္ခံခဲ့ရလို႔ ယူႀကဳံးမရျဖစ္ေနတဲ့ ကာစီမီ႐ိုကို ႏိုင္ပြဲရေအာင္ယူေပးမွာျဖစ္လို႔ စိတ္မပူဖို႔ ကတိေပးခဲ့ေပမယ့္ ေမွ်ာ္လင့္ထားတဲ့အတိုင္း ျဖစ္မလာခဲ့တာျဖစ္ပါတယ္။

ပြဲကစားခ်ိန္ ၃၄ မိနစ္မွာ ကာစီမီ႐ိုရဲ႕ ကားလို႔စ္ အယ္လ္ဗာရက္ဇ္ကို ဖ်က္ထုတ္ခဲ့တဲ့ ျဖစ္စဥ္ကို VAR က ျပန္လည္စစ္ေဆးခဲ့ၿပီးေနာက္ ဘရာဇီးလ္ကြင္းလယ္ကစားသမားဟာ အနီကတ္နဲ႔ တိုက္႐ိုက္ ထုတ္ပယ္ျခင္း ခံခဲ့ရတာ ျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္ကြင္းလယ္ၾကယ္ပြင့္ေဟာင္းအတြက္ ယခုရာသီမွာ ဒုတိယေျမာက္ တိုက္႐ိုက္အနီကတ္ျဖစ္လာခဲ့တာေၾကာင့္ ကာစီမီ႐ိုဟာ မန္ယူႏိုက္တက္ရဲ႕ လာမယ့္ပြဲစဥ္ ၄ ပြဲကို လြဲေခ်ာ္ေတာ့မွာ ျဖစ္ပါတယ္။

ကာစီမီ႐ိုဟာ နာက်င္အခ်ိန္ပိုနဲ႔ဆိုရင္ ပြဲကစားခ်ိန္ မိနစ္ ၆၀ နီးပါး က်န္ရွိေသးခ်ိန္မွာ အသင္းကို တစ္ေယာက္ေလ်ာ့နဲ႔ ကစားရေအာင္ လုပ္ခဲ့မိၿပီဆိုတာကို သိရွိသြားခဲ့တာေၾကာင့္ စိတ္ပ်က္ေနခဲ့တာျဖစ္ၿပီး လီဆန္ဒ႐ို မာတီနက္ဇ္နဲ႔ အန္တိုနီတို႔က ဘရာဇီးလ္ၾကယ္ပြင့္ကို ဝိုင္းဝန္း ႏွစ္သိမ့္ေပးခဲ့ၾကတာျဖစ္ပါတယ္။

ကြင္းထဲကေန ထြက္ခြာေနတဲ့ ရီးရဲလ္ၾကယ္ပြင့္ေဟာင္းကို ဘရာဇီးလ္ လက္ေ႐ြးစင္အသင္းေဖာ္ အန္တိုနီက စိတ္ပ်က္ဝမ္းမနည္းဖို႔ ႏွစ္သိမ့္ခဲ့ၿပီးေနာက္ လွမ္းဆြဲၿပီး စကားအခ်ိဳ႕ကို အေလးအနက္ ေျပာဆိုေနပုံေပၚတာကို ျမင္ေတြ႕ခဲ့ရတာ ျဖစ္ပါတယ္။

လက္ရွိမွာေတာ့ ဘရာဇီးလ္ေတာင္ပံကစားသမား ေျပာခဲ့တဲ့ စကားက ထြက္ေပၚလာခဲ့ၿပီျဖစ္ၿပီး အန္တိုနီက “ငါ မင္းအတြက္ ႏိုင္ပြဲရယူေပးမယ္။ ငါ ႏိုင္ပြဲ ရယူေပးမယ္”လို႔ ေျပာၾကားခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

ဒီသတင္းသာ အမွန္ဆိုရင္ မန္ခ်က္စတာယူႏိုက္တက္နဲ႔ ေဆာက္သမ္တန္တို႔က ဂိုးမရွိ သေရက်ခဲ့တာေၾကာင့္ အိုင္းယက္စ္ၾကယ္ပြင့္ေဟာင္းကေတာ့ မတည္ႏိုင္တဲ့ကတိေပးခဲ့မိလို႔ မ်က္ႏွာပူေနခဲ့မွာ ေသခ်ာပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.