Premier League

ဖူလ်ဟမ်နဲ့ပွဲက နိုင်ပွဲကြောင့် ပရီးမီးယားလိဂ်မှာ တစ်ခါမှမရှိဖူးတဲ့စံချိန်သစ်ရေးထိုးနိုင်ခဲ့တဲ့ ဂန်းနားများ

အာဆင်နယ်အသင်းဟာ တနင်္ဂနွေနေ့ညက ဖူလ်ဟမ်အသင်းကို ၃-၀ နဲ့ အနိုင်ရရှိပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာ ၅ မှတ်အသာနဲ့ ဆက်လက်ဦးဆောင်နိုင်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်မှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့ပြီဖြစ်ပါတယ်။

အာတီတာရဲ့အသင်းဟာ အထင်ကြီးဖွယ် တိုက်စစ်စွမ်းဆောင်ရည်ကြောင့် ပထမပိုင်းမှာပဲ အိမ်ရှင်တွေကို နာလန်မထူနိုင်အောင် နှိပ်ကွပ်ထားနိုင်ခဲ့ပြီး ပွဲအပြီးမှာ ပရီးမီးယားလိဂ်မှာ မရှိခဲ့ဖူးတဲ့ စံချိန်သစ်တစ်ခုကို ရေးထိုးနိုင်ခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ဘောလုံးသမိုင်းတလျှောက်မှာ လန်ဒန်ဒါဘီ အဝေးကွင်းပွဲစဉ် ၅ ပွဲ ဆက်တိုက် ပေးဂိုးမရှိဘဲ အနိုင်ရရှိခဲ့တဲ့ ပထမဆုံးအသင်းဖြစ်လာခဲ့ပြီဖြစ်ပြီး ဖူလ်ဟမ်နဲ့ပွဲမတိုင်ခင် ခရစ္စတယ် ပဲလေ့စ်၊ ဘရန့်တ်ဖို့ဒ်၊ ချဲလ်ဆီး၊ မြောက်လန်ဒန်ပြိုင်ဘက်တော့တင်ဟမ်ဟော့စပါးတို့ကို အနိုင်ယူခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်ဟာ အဲဒီပွဲစဉ် ၅ ပွဲအတွင်းမှာ သွင်းဂိုး ၁၁ ဂိုး သွင်းယူနိုင်ခဲ့ပြီး အများဆုံးရနိုင်တဲ့ ရမှတ် ၁၅ မှတ်ကို ရယူနိုင်ခဲ့တာကြောင့် ဖိအားမြင့်မားတဲ့အခြေအနေမှာတောင် စစ်မှန်တဲ့ အရည်အသွေးကို ပြသနိုင်တယ်ဆိုတာ သက်သေပြခဲ့တာဖြစ်ပါတယ်။

ဘယ်သူကမှ ပြီးခဲ့တဲ့ရာသီမှာ အဆင့် ၅ နေရာနဲ့ ရာသီပြီးဆုံးခဲ့တဲ့ ဂန်းနားတွေကို ယခုရာသီမှာ အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နေလိမ့်မယ်လို့ မမျှော်မှန်းခဲ့တာဖြစ်ပေမယ့်လည်း နည်းပြ အာတီတာက အလွန်ကောင်းမွန်တဲ့ နွေရာသီကစားသမားခေါ်ယူမှုတွေနဲ့အတူ အသင်းကို ပြုပြင်ပြောင်းလဲနိုင်ခဲ့တာ ဖြစ်ပါတယ်။

အာတီတာရဲ့ အလှည့်ကျ ပွဲထုတ်တဲ့စနစ်ကို ကျင့်သုံးဖို့ တွန့်ဆုတ်နေခဲ့မှုက ဂန်းနားတပ်သားတွေကြား ဒီလောက်ကောင်းမွန်တဲ့ အလိုအလျောက် သိနားလည်မှုကို ရရှိစေခဲ့တာဖြစ်ပေမယ့်လည်း ဆိုးကျိုးတွေလည်း ရှိနေတာ ဖြစ်ပါတယ်။ ပွဲစဉ်တွေက ကြပ်ပြီး မြန်လာချိန်မှာ အာဆင်နယ်အနေနဲ့ ခြေချော်သွားမှာဖြစ်တယ်လို့ အများစုက ထင်ကြေးပေးခဲ့ကြပေမယ့်လည်း ပွဲပမ်းမှု၊ ဒဏ်ရာပြဿနာတွေရှိနေချိန်မှာတောင် ဂန်းနားတွေက ဆက်လက်ပြီး အမြင့်ပျံပြနေတာ ဖြစ်ပါတယ်။

ဂန်းနားတွေအတွက် အကြီးမားဆုံး စမ်းသပ်မှုက လက်ရှိအချိန်ကနေ ရာသီကုန်တဲ့အချိန်အတွင်း မန်စီးတီး၊ လီဗာပူးလ်၊ နယူးကာဆယ်လ် ယူနိုက်တက်တို့နဲ့ ရင်ဆိုင်ရမယ့် ပွဲစဉ်တွေမှာ ရောက်ရှိလာမှာဖြစ်ပြီး ဧပြီလမှာ ဖိအားတွေ အမြင့်မားဆုံးအချိန်ဖြစ်လာမှာဖြစ်တာကြောင့် ခြေချော်တဲ့သူက ဖလားပြိုင်ပွဲမှာ ကျန်ရစ်ခဲ့ရမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းဟာ တနဂၤေႏြေန႔ညက ဖူလ္ဟမ္အသင္းကို ၃-၀ နဲ႔ အႏိုင္ရရွိၿပီး အမွတ္ေပးဇယားထိပ္ဆုံးမွာ ၅ မွတ္အသာနဲ႔ ဆက္လက္ဦးေဆာင္ႏိုင္ခဲ့ၿပီးေနာက္ ပရီးမီးယားလိဂ္မွတ္တမ္းသစ္ ေရးထိုးႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

အာတီတာရဲ႕အသင္းဟာ အထင္ႀကီးဖြယ္ တိုက္စစ္စြမ္းေဆာင္ရည္ေၾကာင့္ ပထမပိုင္းမွာပဲ အိမ္ရွင္ေတြကို နာလန္မထူႏိုင္ေအာင္ ႏွိပ္ကြပ္ထားႏိုင္ခဲ့ၿပီး ပြဲအၿပီးမွာ ပရီးမီးယားလိဂ္မွာ မရွိခဲ့ဖူးတဲ့ စံခ်ိန္သစ္တစ္ခုကို ေရးထိုးႏိုင္ခဲ့တာ ျဖစ္ပါတယ္။

အာဆင္နယ္အသင္းဟာ ပရီးမီးယားလိဂ္ေဘာလုံးသမိုင္းတေလွ်ာက္မွာ လန္ဒန္ဒါဘီ အေဝးကြင္းပြဲစဥ္ ၅ ပြဲ ဆက္တိုက္ ေပးဂိုးမရွိဘဲ အႏိုင္ရရွိခဲ့တဲ့ ပထမဆုံးအသင္းျဖစ္လာခဲ့ၿပီျဖစ္ၿပီး ဖူလ္ဟမ္နဲ႔ပြဲမတိုင္ခင္ ခရစၥတယ္ ပဲေလ့စ္၊ ဘရန႔္တ္ဖို႔ဒ္၊ ခ်ဲလ္ဆီး၊ ေျမာက္လန္ဒန္ၿပိဳင္ဘက္ေတာ့တင္ဟမ္ေဟာ့စပါးတို႔ကို အႏိုင္ယူခဲ့တာ ျဖစ္ပါတယ္။

အာဆင္နယ္ဟာ အဲဒီပြဲစဥ္ ၅ ပြဲအတြင္းမွာ သြင္းဂိုး ၁၁ ဂိုး သြင္းယူႏိုင္ခဲ့ၿပီး အမ်ားဆုံးရႏိုင္တဲ့ ရမွတ္ ၁၅ မွတ္ကို ရယူႏိုင္ခဲ့တာေၾကာင့္ ဖိအားျမင့္မားတဲ့အေျခအေနမွာေတာင္ စစ္မွန္တဲ့ အရည္အေသြးကို ျပသႏိုင္တယ္ဆိုတာ သက္ေသျပခဲ့တာျဖစ္ပါတယ္။

ဘယ္သူကမွ ၿပီးခဲ့တဲ့ရာသီမွာ အဆင့္ ၅ ေနရာနဲ႔ ရာသီၿပီးဆုံးခဲ့တဲ့ ဂန္းနားေတြကို ယခုရာသီမွာ အမွတ္ေပးဇယားထိပ္ဆုံးမွာ ဦးေဆာင္ေနလိမ့္မယ္လို႔ မေမွ်ာ္မွန္းခဲ့တာျဖစ္ေပမယ့္လည္း နည္းျပ အာတီတာက အလြန္ေကာင္းမြန္တဲ့ ေႏြရာသီကစားသမားေခၚယူမႈေတြနဲ႔အတူ အသင္းကို ျပဳျပင္ေျပာင္းလဲႏိုင္ခဲ့တာ ျဖစ္ပါတယ္။

အာတီတာရဲ႕ အလွည့္က် ပြဲထုတ္တဲ့စနစ္ကို က်င့္သုံးဖို႔ တြန႔္ဆုတ္ေနခဲ့မႈက ဂန္းနားတပ္သားေတြၾကား ဒီေလာက္ေကာင္းမြန္တဲ့ အလိုအေလ်ာက္ သိနားလည္မႈကို ရရွိေစခဲ့တာျဖစ္ေပမယ့္လည္း ဆိုးက်ိဳးေတြလည္း ရွိေနတာ ျဖစ္ပါတယ္။ ပြဲစဥ္ေတြက ၾကပ္ၿပီး ျမန္လာခ်ိန္မွာ အာဆင္နယ္အေနနဲ႔ ေျခေခ်ာ္သြားမွာျဖစ္တယ္လို႔ အမ်ားစုက ထင္ေၾကးေပးခဲ့ၾကေပမယ့္လည္း ပြဲပမ္းမႈ၊ ဒဏ္ရာျပႆနာေတြရွိေနခ်ိန္မွာေတာင္ ဂန္းနားေတြက ဆက္လက္ၿပီး အျမင့္ပ်ံျပေနတာ ျဖစ္ပါတယ္။

ဂန္းနားေတြအတြက္ အႀကီးမားဆုံး စမ္းသပ္မႈက လက္ရွိအခ်ိန္ကေန ရာသီကုန္တဲ့အခ်ိန္အတြင္း မန္စီးတီး၊ လီဗာပူးလ္၊ နယူးကာဆယ္လ္ ယူႏိုက္တက္တို႔နဲ႔ ရင္ဆိုင္ရမယ့္ ပြဲစဥ္ေတြမွာ ေရာက္ရွိလာမွာျဖစ္ၿပီး ဧၿပီလမွာ ဖိအားေတြ အျမင့္မားဆုံးအခ်ိန္ျဖစ္လာမွာျဖစ္တာေၾကာင့္ ေျခေခ်ာ္တဲ့သူက ဖလားၿပိဳင္ပြဲမွာ က်န္ရစ္ခဲ့ရမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.