Premier League

နေမာ ၁၀၀ ရာခိုင်နှုန်း ပြန်ကစားနိုင်မလားဆိုတာ အဖြေပေးခဲ့တဲ့ ဆရာဝန်

မကြာသေးမီက နေမာ ခွဲစိတ်ကုသမှု ပြုလုပ်ခဲ့တဲ့ Aspetar Sports ဆေးရုံရဲ့ ဆေးဘက်ဆိုင်ရာ ဒါရိုက်တာ ဟာကင် ချလာဘီက ပီအက်စ်ဂျီကြယ်ပွင့်ရဲ့ ဒဏ်ရာအခြေအနေအပေါ်မှာ နောက်ဆုံးအခြေအနေကို ပြောပြခဲ့ပါတယ်။

ဘရာဇီးလ်ကြယ်ပွင့်တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့လက လီလ်အသင်းကို ၄-၃ နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး အရွတ်ကို ထိခိုက်ပျက်စီးစေခဲ့တဲ့ ဖျက်ထုတ်မှုအပြီးမှာ ခြေကျင်းဝတ်လည်သွားခဲ့ပြီးနောက် လူစားလဲလှယ်ခြင်း ခံခဲ့ရတာဖြစ်ပါတယ်။

နေမာအနေနဲ့ ဘိုင်ယန်မြူးနစ်နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက် ဒုတိယအကျော့ပွဲစဉ်အတွက် အချိန်မီ ပြန်လည်ပါဝင်ကစားပေးနိုင်အောင် အရာအားလုံးလုပ်ဆောင်သွားမယ်လို့ ပြောဆိုမှုတွေ ရှိခဲ့ပေမယ့်လည်း သိပ်မကြာခင်မှာပဲ တစ်ရာသီလုံး အနားယူရမယ့် ဒဏ်ရာရရှိခဲ့တာဖြစ်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီကြယ်ပွင့်ဟာ အဲဒီအချိန်ကတည်းက ကာတာနိုင်ငံမြို့တော် ဒိုဟာကို သွားရောက်ခဲ့ပြီး Aspetar Sports ဆေးရုံမှာ ခွဲစိတ်ကုသမှုကို ပြီးခဲ့တဲ့အပတ်မှာ ခံယူခဲ့တာဖြစ်ပြီး ဆေးရုံရဲ့ ဆေးဘက်ဆိုင်ရာ ဒါရိုက်တာ ချလာဘီက နေမာက ခွဲစိတ်ကုသမှုအပြီးမှာ အကောင်းမြင်စိတ်တွေ ခံစားနေရတယ်လို့ ထုတ်ဖော် ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒေါက်တာ ချလာဘီက ပီအက်စ်ဂျီတိုက်စစ်မှူး ပြန်လည်ကစားပေးနိုင်မယ့် အချိန်ကာလကို သတ်မှတ်ဖို့အတွက် စောလွန်းသေးတယ်လို့ ယုံကြည်နေပေမယ့် နေမာအနေနဲ့ အကောင်းဆုံးပုံစံ ပြန်လည်ရရှိလာလိမ့်မယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“အခုအချိန်မှာ ဘယ်အချိန်ပြန်ကစားနိုင်မလဲဆိုတာကို ပြောဖို့က နည်းနည်း စောပါသေးတယ်။ သူ ရက်အနည်းငယ်လောက် ချိုင်းထောက်နဲ့ သွားလာနေရမှာပါ။ ဒါပေမယ့် ပြီးရင်တော့ သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို ပြန်လည်လုပ်ဆောင်သွားနိုင်မှာပါ။ သူ့ရဲ့ သာမန်အဆင့်ကို ပြန်ရောက်လာမှာဖြစ်ပေမယ့်လည်း ဒဏ်ရာရနိုင်တဲ့ အန္တရာယ်ပိုနည်းသွားပါပြီ။”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

အသက် ၃၁ နှစ်အရွယ် တိုက်စစ်မှူးဟာ လီလ်နဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့ပြီးကတည်းက ပြိုင်ပွဲစုံနောက်ဆုံး ၄ ပွဲကို လွဲချော်ခဲ့တာဖြစ်ပြီး ပီအက်စ်ဂျီအသင်းကလည်း ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီးဖြစ်တာကြောင့် နေမာကို အလျင်စလို ပြန်ခေါ်ဖို့ လိုအပ်မှာ မဟုတ်တော့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မၾကာေသးမီက ေနမာ ခြဲစိတ္ကုသမႈ ျပဳလုပ္ခဲ့တဲ့ Aspetar Sports ေဆး႐ုံရဲ႕ ေဆးဘက္ဆိုင္ရာ ဒါ႐ိုက္တာ ဟာကင္ ခ်လာဘီက ပီအက္စ္ဂ်ီၾကယ္ပြင့္ရဲ႕ ဒဏ္ရာအေျခအေနအေပၚမွာ ေနာက္ဆုံးအေျခအေနကို ေျပာျပခဲ့ပါတယ္။

ဘရာဇီးလ္ၾကယ္ပြင့္တိုက္စစ္မႉးဟာ ၿပီးခဲ့တဲ့လက လီလ္အသင္းကို ၄-၃ နဲ႔ အႏိုင္ရရွိခဲ့တဲ့ ပြဲစဥ္မွာ ေျခက်င္းဝတ္ဒဏ္ရာရရွိခဲ့တာျဖစ္ၿပီး အ႐ြတ္ကို ထိခိုက္ပ်က္စီးေစခဲ့တဲ့ ဖ်က္ထုတ္မႈအၿပီးမွာ ေျခက်င္းဝတ္လည္သြားခဲ့ၿပီးေနာက္ လူစားလဲလွယ္ျခင္း ခံခဲ့ရတာျဖစ္ပါတယ္။

ေနမာအေနနဲ႔ ဘိုင္ယန္ျမဴးနစ္နဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ ၁၆ သင္းရႈံးထြက္ ဒုတိယအေက်ာ့ပြဲစဥ္အတြက္ အခ်ိန္မီ ျပန္လည္ပါဝင္ကစားေပးႏိုင္ေအာင္ အရာအားလုံးလုပ္ေဆာင္သြားမယ္လို႔ ေျပာဆိုမႈေတြ ရွိခဲ့ေပမယ့္လည္း သိပ္မၾကာခင္မွာပဲ တစ္ရာသီလုံး အနားယူရမယ့္ ဒဏ္ရာရရွိခဲ့တာျဖစ္တယ္ဆိုတဲ့ သတင္းေတြ ထြက္ေပၚလာခဲ့တာျဖစ္ပါတယ္။

ပီအက္စ္ဂ်ီၾကယ္ပြင့္ဟာ အဲဒီအခ်ိန္ကတည္းက ကာတာႏိုင္ငံၿမိဳ႕ေတာ္ ဒိုဟာကို သြားေရာက္ခဲ့ၿပီး Aspetar Sports ေဆး႐ုံမွာ ခြဲစိတ္ကုသမႈကို ၿပီးခဲ့တဲ့အပတ္မွာ ခံယူခဲ့တာျဖစ္ၿပီး ေဆး႐ုံရဲ႕ ေဆးဘက္ဆိုင္ရာ ဒါ႐ိုက္တာ ခ်လာဘီက ေနမာက ခြဲစိတ္ကုသမႈအၿပီးမွာ အေကာင္းျမင္စိတ္ေတြ ခံစားေနရတယ္လို႔ ထုတ္ေဖာ္ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ေဒါက္တာ ခ်လာဘီက ပီအက္စ္ဂ်ီတိုက္စစ္မႉး ျပန္လည္ကစားေပးႏိုင္မယ့္ အခ်ိန္ကာလကို သတ္မွတ္ဖို႔အတြက္ ေစာလြန္းေသးတယ္လို႔ ယုံၾကည္ေနေပမယ့္ ေနမာအေနနဲ႔ အေကာင္းဆုံးပုံစံ ျပန္လည္ရရွိလာလိမ့္မယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“အခုအခ်ိန္မွာ ဘယ္အခ်ိန္ျပန္ကစားႏိုင္မလဲဆိုတာကို ေျပာဖို႔က နည္းနည္း ေစာပါေသးတယ္။ သူ ရက္အနည္းငယ္ေလာက္ ခ်ိဳင္းေထာက္နဲ႔ သြားလာေနရမွာပါ။ ဒါေပမယ့္ ၿပီးရင္ေတာ့ သူ႔ရဲ႕ ႐ုပ္ပိုင္းဆိုင္ရာ ျပန္လည္ထူေထာင္ေရးလုပ္ငန္းေတြကို ျပန္လည္လုပ္ေဆာင္သြားႏိုင္မွာပါ။ သူ႔ရဲ႕ သာမန္အဆင့္ကို ျပန္ေရာက္လာမွာျဖစ္ေပမယ့္လည္း ဒဏ္ရာရႏိုင္တဲ့ အႏၲရာယ္ပိုနည္းသြားပါၿပီ။”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

အသက္ ၃၁ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ လီလ္နဲ႔ ကစားခဲ့တဲ့ပြဲစဥ္မွာ ဒဏ္ရာရရွိခဲ့ၿပီးကတည္းက ၿပိဳင္ပြဲစုံေနာက္ဆုံး ၄ ပြဲကို လြဲေခ်ာ္ခဲ့တာျဖစ္ၿပီး ပီအက္စ္ဂ်ီအသင္းကလည္း ခ်န္ပီယံလိဂ္ၿပိဳင္ပြဲကေန ထြက္ခြာခဲ့ရၿပီးျဖစ္တာေၾကာင့္ ေနမာကို အလ်င္စလို ျပန္ေခၚဖို႔ လိုအပ္မွာ မဟုတ္ေတာ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: