La Liga

၂၀၂၂ ကမ္ဘာ့ဖလားမှာ ဘယ်လ်ဂျီယမ်အတွက် ကစားရတာ ဘာလို့မပျော်ရွှင်ခဲ့လဲ ပြောပြခဲ့တဲ့ ဟာဇက်

ရီးရဲလ်မက်ဒရစ်တောင်ပံကစားသမား အီဒင် ဟာဇက်ဟာ ကာတာမှာ ကျင်းပခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘယ်လ်ဂျီယမ်အသင်းအတွက် ကစားပေးရတာကို ဘာကြောင့် မပျော်ရွှင်ခဲ့လဲဆိုတာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဘယ်လ်ဂျီယမ်အသင်းဟာ နည်းပြ ရောဘတ်တို မာတီနက်ဇ် လက်အောက်မှာ စိတ်ပျက်စရာ ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး အုပ်စုအဆင့်ကနေ အံ့အားသင့်ဖွယ် လှည့်ပြန်ခဲ့ရတာ ဖြစ်ပါတယ်။

ဟာဇက်ဟာ ဘယ်လ်ဂျီယမ်အသင်း ကမ္ဘာ့ဖလားကနေ ထွက်ခွာခဲ့ရပြီးနောက် သိပ်မကြာခင်မှာပဲ လက်ရွေးစင်ကစားသမားဘဝကနေ အနားယူကြောင်း ကြေညာခဲ့တာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်တောင်ပံကစားသမားက ကမ္ဘာ့ဖလားမတိုင်ခင်ကတည်းက အနားယူဖို့ ဆုံးဖြတ်ခဲ့တဲ့အကြောင်း HNL နဲ့ အင်တာဗျူးမှာ ပြောကြားသွားခဲ့ပါတယ်။

“ကမ္ဘာ့ဖလားအပြီးကျရင် ကျွန်တော် ရပ်တန့်ရလိမ့်မယ်ဆိုတာ သိနေခဲ့တာ ကြာပါပြီ။ ကာတာက စွမ်းဆောင်ရည်က ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်မှာ အဆုံးအဖြတ်မဖြစ်ခဲ့ပါဘူး။ ဖြစ်ခဲ့တာတွေက သနားစရာကောင်းခဲ့တာ အမှန်ပါပဲ။ ဒါပေမယ့် ကျွန်တော့်ဆုံးဖြတ်ချက်က အရင်ကြိုပြီး ဆုံးဖြတ်ခဲ့တာပါ။ ရပ်တန့်ရမယ့်အချိန် ဖြစ်ခဲ့ပါတယ်”

“တစ်ဆက်တည်းမှာပဲ လူသစ်တွေက လက်ရွေးစင်အသင်းကို တံခါးလာခေါက်နေကြပါတယ်။ ရီးရဲလ်မှာ မကစားရဘဲ ပြီးတော့ ဘယ်လ်ဂျီယမ်လက်ရွေးစင်အသင်းနဲ့ ပူးပေါင်းပြီး ဘောလုံးကစားခဲ့တယ်။ ကျွန်တော် အဲဒါကို မနှစ်သက်ပါဘူး။ အထူးသဖြင့် မျိုးဆက်သစ်တွေက ပွဲကစားခွင့်ရဖို့ ထိုက်တန်တာကြောင့်ပါ”လို့ ပြောကြားခဲ့ပါတယ်။

အသက် ၃၂ နှစ်အရွယ် တောင်ပံကစားသမားဟာ ဘယ်လ်ဂျီယမ်ရဲ့ ပထမဆုံးအုပ်စုပွဲစဉ် ၂ ပွဲမှာ ပွဲထွက်ပါဝင်ကစားပေးခဲ့ပြီး အဲဒီနောက် ခရိုအေးရှားနဲ့ ကစားခဲ့တဲ့ နောက်ဆုံးပွဲမှာ အရန်ခုံ ပို့ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။

မာတီနက်ဇ်ရဲ့ အသင်းဟာ အုပ်စု E မှာ တတိယနေရာနဲ့ ပြီးဆုံးခဲ့တာကြောင့် ၁၉၉၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် အုပ်စုအဆင့်ကနေ ပြုတ်ခဲ့ရတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ရီးရဲလ္မက္ဒရစ္ေတာင္ပံကစားသမား အီဒင္ ဟာဇက္ဟာ ကာတာမွာ က်င္းပခဲ့တဲ့ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ဘယ္လ္ဂ်ီယမ္အသင္းအတြက္ ကစားေပးရတာကို ဘာေၾကာင့္ မေပ်ာ္႐ႊင္ခဲ့လဲဆိုတာ ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

ဘယ္လ္ဂ်ီယမ္အသင္းဟာ နည္းျပ ေရာဘတ္တို မာတီနက္ဇ္ လက္ေအာက္မွာ စိတ္ပ်က္စရာ ကမာၻ႔ဖလားၿပိဳင္ပြဲနဲ႔ ရင္ဆိုင္ခဲ့ရတာျဖစ္ၿပီး အုပ္စုအဆင့္ကေန အံ့အားသင့္ဖြယ္ လွည့္ျပန္ခဲ့ရတာ ျဖစ္ပါတယ္။

ဟာဇက္ဟာ ဘယ္လ္ဂ်ီယမ္အသင္း ကမာၻ႔ဖလားကေန ထြက္ခြာခဲ့ရၿပီးေနာက္ သိပ္မၾကာခင္မွာပဲ လက္ေ႐ြးစင္ကစားသမားဘဝကေန အနားယူေၾကာင္း ေၾကညာခဲ့တာျဖစ္ၿပီး ရီးရဲလ္မက္ဒရစ္ေတာင္ပံကစားသမားက ကမာၻ႔ဖလားမတိုင္ခင္ကတည္းက အနားယူဖို႔ ဆုံးျဖတ္ခဲ့တဲ့အေၾကာင္း HNL နဲ႔ အင္တာဗ်ဴးမွာ ေျပာၾကားသြားခဲ့ပါတယ္။

“ကမာၻ႔ဖလားအၿပီးက်ရင္ ကြၽန္ေတာ္ ရပ္တန႔္ရလိမ့္မယ္ဆိုတာ သိေနခဲ့တာ ၾကာပါၿပီ။ ကာတာက စြမ္းေဆာင္ရည္က ကြၽန္ေတာ့္ရဲ႕ ဆုံးျဖတ္ခ်က္မွာ အဆုံးအျဖတ္မျဖစ္ခဲ့ပါဘူး။ ျဖစ္ခဲ့တာေတြက သနားစရာေကာင္းခဲ့တာ အမွန္ပါပဲ။ ဒါေပမယ့္ ကြၽန္ေတာ့္ဆုံးျဖတ္ခ်က္က အရင္ႀကိဳၿပီး ဆုံးျဖတ္ခဲ့တာပါ။ ရပ္တန႔္ရမယ့္အခ်ိန္ ျဖစ္ခဲ့ပါတယ္”

“တစ္ဆက္တည္းမွာပဲ လူသစ္ေတြက လက္ေ႐ြးစင္အသင္းကို တံခါးလာေခါက္ေနၾကပါတယ္။ ရီးရဲလ္မွာ မကစားရဘဲ ၿပီးေတာ့ ဘယ္လ္ဂ်ီယမ္လက္ေ႐ြးစင္အသင္းနဲ႔ ပူးေပါင္းၿပီး ေဘာလုံးကစားခဲ့တယ္။ ကြၽန္ေတာ္ အဲဒါကို မႏွစ္သက္ပါဘူး။ အထူးသျဖင့္ မ်ိဳးဆက္သစ္ေတြက ပြဲကစားခြင့္ရဖို႔ ထိုက္တန္တာေၾကာင့္ပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

အသက္ ၃၂ ႏွစ္အ႐ြယ္ ေတာင္ပံကစားသမားဟာ ဘယ္လ္ဂ်ီယမ္ရဲ႕ ပထမဆုံးအုပ္စုပြဲစဥ္ ၂ ပြဲမွာ ပြဲထြက္ပါဝင္ကစားေပးခဲ့ၿပီး အဲဒီေနာက္ ခ႐ိုေအးရွားနဲ႔ ကစားခဲ့တဲ့ ေနာက္ဆုံးပြဲမွာ အရန္ခုံ ပို႔ျခင္း ခံခဲ့ရတာ ျဖစ္ပါတယ္။

မာတီနက္ဇ္ရဲ႕ အသင္းဟာ အုပ္စု E မွာ တတိယေနရာနဲ႔ ၿပီးဆုံးခဲ့တာေၾကာင့္ ၁၉၉၈ ခုႏွစ္ေနာက္ပိုင္း ပထမဆုံးအႀကိမ္ အုပ္စုအဆင့္ကေန ျပဳတ္ခဲ့ရတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.