La Liga

အသက်အန္တရာယ်ပါမမှုဘဲ ပေးဆပ်ခဲ့လို့ ချီးကျူးခံနေရတဲ့ ဂါဗီ

ဘာစီလိုနာကွင်းလယ်ကြယ်ပွင့် ဂါဗီဟာ အက်သလက်တစ် ဘီလ်ဘာအိုနဲ့ ကစားခဲ့တဲ့ လာလီဂါပွဲစဉ်အတွင်းမှာ ဘောလုံးပေးပို့မှုကို ပိတ်ဆို့ဖို့ ကြိုးပမ်းခဲ့ချိန်မှာ ဦးခေါင်းနဲ့ ဖျက်ထုတ်ဖို့ ကြိုးပမ်းခဲ့ပြီး ပြင်းထန်တဲ့ဒဏ်ရာရရှိနိုင်တဲ့ စွန့်စားမှုကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အသက် ၁၈ နှစ်အရွယ် စပိန်ကွင်းလယ်ကစားသမားဟာ ကြောက်ရွံ့ခြင်းမရှိဘဲ ကိုယ်ရောစိတ်ပါ နှစ်မြုပ်ပေးဆပ်ကစားတတ်မှုကြောင့် လူသိများသူဖြစ်ပြီး ယခုရာသီမှာ ၎င်းရဲ့ ရဲရင့်မှုကို အကြိမ်ပေါင်းများစွာ ပြသခဲ့ပြီးဖြစ်ပေမယ့်လည်း တနင်္ဂနွေနေ့ည ပွဲစဉ်မှာ နောက်ထပ်တစ်ကြိမ် ပြသခဲ့တာ ဖြစ်ပါတယ်။

ဂါဗီဟာ အက်သလက်တစ် ဘီလ်ဘာအို ကွင်းလယ်ကစားသမား ဒါနီ ဂါစီယာ တိုက်စစ်ကို ဘောလုံးပေးပို့မှာကို ရပ်တန့်နိုင်ဖို့အတွက် ရဲရင့်တဲ့ ဖျက်ထုတ်မှုကို ပြုလုပ်ပြခဲ့တာဖြစ်ပြီး လာလီဂါ တီဗွီက “ဂါဗီက ဘာဆာအတွက် သူ့ရဲ့ ဦးခေါင်းနဲ့ ဖျက်ထုတ်မှုကို ပြုလုပ်ခဲ့တယ်”ဆိုတဲ့ စာသားနဲ့အတူ ဗီဒီယိုဖိုင်ကို မျှဝေခဲ့တာဖြစ်ပါတယ်။

ပြီးတဲ့နောက် ဒုတိယပိုင်းမှာလည်း ဘာစီလိုနာ ဆယ်ကျော်သက်ကွင်းလယ်ကစားသမားဟာ ရာအူးလ် ဂါစီယာနဲ့ ဘောလုံးယှဉ်လုဖို့ ကြိုးပမ်းချိန်မှာလည်း ၎င်းရဲ့ ဦးခေါင်းကို နောက်ထပ်တစ်ကြိမ် အသုံးပြုပြီး အရဲစွန့်ခဲ့ပြန်တာဖြစ်ပါတယ်။

“ဘောလုံးအတွက် ခေါင်းထိုးထည့်ခဲ့တဲ့ ဂါဗီရဲ့ ပုံစံက ခေါင်းဖြတ်ခံရဖို့အတွက် ကြိုးပမ်းနေတဲ့ပုံစံနီးနီးပဲ”လို့ ပရိသတ်တစ်ဦးက ပြောကြားခဲ့ပြီး “ဂါဗီအနေနဲ့ သူ့ရဲ့ ဦးခေါင်းနဲ့ ဒိုင်ဗင်ပစ်ဝင်တာကို ရပ်တန့်လို့ရနိုင်မလား။ သတ္တိရှိတာ သေချာပါတယ်။ ဒါပေမယ့် အဲဒါက အရမ်း လိမ္မာပါးနပ်ရာမကျပါဘူး”လို့ နောက်ထပ်ပရိသတ်တစ်ဦးကလည်း မှတ်ချက်ပေးခဲ့ပါတယ်။

ဘာစီလိုနာဂန္တဝင် ပူယိုးလ်ကလည်း တွစ်တာပေါ်မှာ လက်ခုပ်တီးနေတဲ့ အီမိုဂျီပုံ အမြောက်အမြားနဲ့ အတူ ဂါဗီရဲ့ ရဲရင့်တဲ့ ဖျက်ထုတ်မှုအတွက် ဂုဏ်ပြုခဲ့ပြီး ဘာစီလိုနာရဲ့ အကြီးမြတ်ဆုံး စစ်သည်တော်တွေထဲက တစ်ဦးရဲ့ လေးစားမှုကိုပါ ဆယ်ကျော်သက်ကစားသမားက ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘာစီလိုနာကြင္းလယ္ၾကယ္ပြင့္ ဂါဗီဟာ အက္သလက္တစ္ ဘီလ္ဘာအိုနဲ႔ ကစားခဲ့တဲ့ လာလီဂါပြဲစဥ္အတြင္းမွာ ေဘာလုံးေပးပို႔မႈကို ပိတ္ဆို႔ဖို႔ ႀကိဳးပမ္းခဲ့ခ်ိန္မွာ ဦးေခါင္းနဲ႔ ဖ်က္ထုတ္ဖို႔ ႀကိဳးပမ္းခဲ့ၿပီး ျပင္းထန္တဲ့ဒဏ္ရာရရွိႏိုင္တဲ့ စြန႔္စားမႈကို ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

အသက္ ၁၈ ႏွစ္အ႐ြယ္ စပိန္ကြင္းလယ္ကစားသမားဟာ ေၾကာက္႐ြံ႕ျခင္းမရွိဘဲ ကိုယ္ေရာစိတ္ပါ ႏွစ္ျမဳပ္ေပးဆပ္ကစားတတ္မႈေၾကာင့္ လူသိမ်ားသူျဖစ္ၿပီး ယခုရာသီမွာ ၎ရဲ႕ ရဲရင့္မႈကို အႀကိမ္ေပါင္းမ်ားစြာ ျပသခဲ့ၿပီးျဖစ္ေပမယ့္လည္း တနဂၤေႏြေန႔ည ပြဲစဥ္မွာ ေနာက္ထပ္တစ္ႀကိမ္ ျပသခဲ့တာ ျဖစ္ပါတယ္။

ဂါဗီဟာ အက္သလက္တစ္ ဘီလ္ဘာအို ကြင္းလယ္ကစားသမား ဒါနီ ဂါစီယာ တိုက္စစ္ကို ေဘာလုံးေပးပို႔မွာကို ရပ္တန႔္ႏိုင္ဖို႔အတြက္ ရဲရင့္တဲ့ ဖ်က္ထုတ္မႈကို ျပဳလုပ္ျပခဲ့တာျဖစ္ၿပီး လာလီဂါ တီဗြီက “ဂါဗီက ဘာဆာအတြက္ သူ႔ရဲ႕ ဦးေခါင္းနဲ႔ ဖ်က္ထုတ္မႈကို ျပဳလုပ္ခဲ့တယ္”ဆိုတဲ့ စာသားနဲ႔အတူ ဗီဒီယိုဖိုင္ကို မွ်ေဝခဲ့တာျဖစ္ပါတယ္။

ၿပီးတဲ့ေနာက္ ဒုတိယပိုင္းမွာလည္း ဘာစီလိုနာ ဆယ္ေက်ာ္သက္ကြင္းလယ္ကစားသမားဟာ ရာအူးလ္ ဂါစီယာနဲ႔ ေဘာလုံးယွဥ္လုဖို႔ ႀကိဳးပမ္းခ်ိန္မွာလည္း ၎ရဲ႕ ဦးေခါင္းကို ေနာက္ထပ္တစ္ႀကိမ္ အသုံးျပဳၿပီး အရဲစြန႔္ခဲ့ျပန္တာျဖစ္ပါတယ္။

“ေဘာလုံးအတြက္ ေခါင္းထိုးထည့္ခဲ့တဲ့ ဂါဗီရဲ႕ ပုံစံက ေခါင္းျဖတ္ခံရဖို႔အတြက္ ႀကိဳးပမ္းေနတဲ့ပုံစံနီးနီးပဲ”လို႔ ပရိသတ္တစ္ဦးက ေျပာၾကားခဲ့ၿပီး “ဂါဗီအေနနဲ႔ သူ႔ရဲ႕ ဦးေခါင္းနဲ႔ ဒိုင္ဗင္ပစ္ဝင္တာကို ရပ္တန႔္လို႔ရႏိုင္မလား။ သတၱိရွိတာ ေသခ်ာပါတယ္။ ဒါေပမယ့္ အဲဒါက အရမ္း လိမၼာပါးနပ္ရာမက်ပါဘူး”လို႔ ေနာက္ထပ္ပရိသတ္တစ္ဦးကလည္း မွတ္ခ်က္ေပးခဲ့ပါတယ္။

ဘာစီလိုနာဂႏၲဝင္ ပူယိုးလ္ကလည္း တြစ္တာေပၚမွာ လက္ခုပ္တီးေနတဲ့ အီမိုဂ်ီပုံ အေျမာက္အျမားနဲ႔ အတူ ဂါဗီရဲ႕ ရဲရင့္တဲ့ ဖ်က္ထုတ္မႈအတြက္ ဂုဏ္ျပဳခဲ့ၿပီး ဘာစီလိုနာရဲ႕ အႀကီးျမတ္ဆုံး စစ္သည္ေတာ္ေတြထဲက တစ္ဦးရဲ႕ ေလးစားမႈကိုပါ ဆယ္ေက်ာ္သက္ကစားသမားက ရယူႏိုင္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.