La Liga UCL&UEL

ပင်နယ်တီဘေးကန်တဲ့ ဆာလားနဲ့ပတ်သက်ပြီး မှတ်ချက်ပေးခဲ့တဲ့ ရီးရဲလ်ကြယ်ပွင့်

ရီးရဲလ်မက်ဒရစ်နောက်ခံလူ အီဒါ မီလီတာအိုက မတ်လ ၁၅ ရက်နေ့မှာ ဒုတိယအကျော့ပွဲစဉ်အဖြစ် တွေ့ဆုံယှဉ်ပြိုင်ရမယ့် ပွဲစဉ်မှာ လီဗာပူးလ်ကြယ်ပွင့် ၂ ဦးဖြစ်တဲ့ ဖာမီနိုနဲ့ မိုဟာမက် ဆာလားတို့ ပြုလုပ်နိုင်တဲ့ ခြိမ်းခြောက်မှုကို စိုးရိမ်နေပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ ဖေဖော်ဝါရီ ၂၁ ရက်နေ့က လီဗာပူးလ်အိမ်ကွင်း အန်းဖီးမှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက် ပထမအကျော့ပွဲစဉ်မှာ ၅-၂ နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး ပထမပိုင်း ၁၄ မိနစ်အကြာမှာ ၂-၀ နဲ့ ရှုံးနိမ့်နေခဲ့ပေမယ့်လည်း ၅ ဂိုးအထိ ပြန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

အန်းဖီးမှာ တတိယမြောက်သွင်းဂိုးကို သွင်းယူပေးခဲ့တဲ့ အီဒါ မီလီတာအိုက လီဗာပူးလ်က ဘာနေဗျူးမှာ အံ့အားသင့်စရာတွေ လုပ်ပြနိုင်တာကြောင့် ပွဲပြီးပြီလို့ ပြောလို့မရသေးဘူးလို့ ပြောကြားခဲ့ပြီး ဒုတိယအကျော့မှာ ဖာမီနိုနဲ့ ဆာလားတို့ကို စောင့်ကြည့်ရမှာဖြစ်တယ်လို့ အသင်းဖော်တွေကို သတိပေးခဲ့ပါတယ်။

“လီဗာပူးလ်က ညက ကျွန်တော့်ရဲ့ ကစားသမားဘဝမှာ သမိုင်းအဝင်ဆုံးညတွေထဲက တစ်ညဖြစ်ခဲ့တယ်။ အဲဒီမှာ ၅-၂ နဲ့ အနိုင်ရဖို့နဲ့ ဂိုးသွင်းယူဖို့က ဘယ်လိုဘောလုံးသမားမျိုးအတွက်မဆို ထူးခြားတဲ့အခိုက်အတန့်ဖြစ်မှာပါ။ ဒါပေမယ့် လီဗာပူးလ်မှာ ထူးခြားတဲ့ လူစာရင်းရှိပြီး အခု ကျွန်တော်တို့ အိမ်ကွင်းမှာ အံ့အားမသင့်ချင်ပါဘူး”

“မို ဆာလားက တိုက်စစ်မှာ ကောင်းမွန်တဲ့အခိုက်အတန့်တွေမှာ ရောက်လာတတ်တယ်။ သူက အမြဲတမ်း အန္တရာယ်ရှိပါတယ်။ ကျွန်တော်တို့နဲ့ ရင်ဆိုင်ရတဲ့အခါမှာ သူက အရမ်းကို စိတ်အားတက်ကြွနေတတ်တယ်။ ဖာမီနိုကလည်း နောက်ထပ်တစ်ကြိမ် ဂိုးတွေသွင်းနေတယ်။ အဲဒီတော့ ဒီပွဲ မပြီးမချင်း ဘာတစ်ခုမှ ဆုံးဖြတ်လို့မရသေးပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

မိုဟာမက် ဆာလားဟာ ယခုရာသီမှာ လီဗာပူးလ်အသင်းအတွက် ပြိုင်ပွဲစုံ ၃၈ ပွဲမှာ သွင်းဂိုး ၂၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၁ ကြိမ်အထိပြုလုပ်ပေးထားသူဖြစ်ပြီး မီလီတာအိုရဲ့ ဘရာဇီးလ်လက်ရွေးစင်အသင်းဖော်ဖြစ်တဲ့ ဖာမီနိုကလည်း ယခုရာသီမှာ ၂၈ ပွဲ ကစားထားရာမှာ သွင်းဂိုး ၁၀ ဂိုးနဲ့ ဂိုးဖန်တီးမှု ၅ ကြိမ် ပြုလုပ်ထားတာဖြစ်ပါတယ်။

အီဂျစ်လက်ရွေးစင်တိုက်စစ်မှူး မိုဟာမက် ဆာလားဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ စုစုပေါင်း ၇ ကြိမ် တွေ့ဆုံယှဉ်ပြိုင်ကစားခဲ့ရာမှာ တစ်ပွဲမှ နိုင်ပွဲမရရှိခဲ့ဖူးဘဲ သွင်းဂိုး ၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁ ကြိမ် ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ရီးရဲလ္မက္ဒရစ္ေနာက္ခံလူ အီဒါ မီလီတာအိုက မတ္လ ၁၅ ရက္ေန႔မွာ ဒုတိယအေက်ာ့ပြဲစဥ္အျဖစ္ ေတြ႕ဆုံယွဥ္ၿပိဳင္ရမယ့္ ပြဲစဥ္မွာ လီဗာပူးလ္ၾကယ္ပြင့္ ၂ ဦးျဖစ္တဲ့ ဖာမီႏိုနဲ႔ မိုဟာမက္ ဆာလားတို႔ ျပဳလုပ္ႏိုင္တဲ့ ၿခိမ္းေျခာက္မႈကို စိုးရိမ္ေနပါတယ္။

ရီးရဲလ္မက္ဒရစ္အသင္းဟာ ေဖေဖာ္ဝါရီ ၂၁ ရက္ေန႔က လီဗာပူးလ္အိမ္ကြင္း အန္းဖီးမွာ ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ ၁၆ သင္းရႈံးထြက္ ပထမအေက်ာ့ပြဲစဥ္မွာ ၅-၂ နဲ႔ အႏိုင္ရရွိခဲ့တာျဖစ္ၿပီး ပထမပိုင္း ၁၄ မိနစ္အၾကာမွာ ၂-၀ နဲ႔ ရႈံးနိမ့္ေနခဲ့ေပမယ့္လည္း ၅ ဂိုးအထိ ျပန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

အန္းဖီးမွာ တတိယေျမာက္သြင္းဂိုးကို သြင္းယူေပးခဲ့တဲ့ အီဒါ မီလီတာအိုက လီဗာပူးလ္က ဘာေနဗ်ဴးမွာ အံ့အားသင့္စရာေတြ လုပ္ျပႏိုင္တာေၾကာင့္ ပြဲၿပီးၿပီလို႔ ေျပာလို႔မရေသးဘူးလို႔ ေျပာၾကားခဲ့ၿပီး ဒုတိယအေက်ာ့မွာ ဖာမီႏိုနဲ႔ ဆာလားတို႔ကို ေစာင့္ၾကည့္ရမွာျဖစ္တယ္လို႔ အသင္းေဖာ္ေတြကို သတိေပးခဲ့ပါတယ္။

“လီဗာပူးလ္က ညက ကြၽန္ေတာ့္ရဲ႕ ကစားသမားဘဝမွာ သမိုင္းအဝင္ဆုံးညေတြထဲက တစ္ညျဖစ္ခဲ့တယ္။ အဲဒီမွာ ၅-၂ နဲ႔ အႏိုင္ရဖို႔နဲ႔ ဂိုးသြင္းယူဖို႔က ဘယ္လိုေဘာလုံးသမားမ်ိဳးအတြက္မဆို ထူးျခားတဲ့အခိုက္အတန႔္ျဖစ္မွာပါ။ ဒါေပမယ့္ လီဗာပူးလ္မွာ ထူးျခားတဲ့ လူစာရင္းရွိၿပီး အခု ကြၽန္ေတာ္တို႔ အိမ္ကြင္းမွာ အံ့အားမသင့္ခ်င္ပါဘူး”

“မို ဆာလားက တိုက္စစ္မွာ ေကာင္းမြန္တဲ့အခိုက္အတန႔္ေတြမွာ ေရာက္လာတတ္တယ္။ သူက အၿမဲတမ္း အႏၲရာယ္ရွိပါတယ္။ ကြၽန္ေတာ္တို႔နဲ႔ ရင္ဆိုင္ရတဲ့အခါမွာ သူက အရမ္းကို စိတ္အားတက္ႂကြေနတတ္တယ္။ ဖာမီႏိုကလည္း ေနာက္ထပ္တစ္ႀကိမ္ ဂိုးေတြသြင္းေနတယ္။ အဲဒီေတာ့ ဒီပြဲ မၿပီးမခ်င္း ဘာတစ္ခုမွ ဆုံးျဖတ္လို႔မရေသးပါဘူး”လို႔ ေျပာၾကားခဲ့ပါတယ္။

မိုဟာမက္ ဆာလားဟာ ယခုရာသီမွာ လီဗာပူးလ္အသင္းအတြက္ ၿပိဳင္ပြဲစုံ ၃၈ ပြဲမွာ သြင္းဂိုး ၂၂ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁၁ ႀကိမ္အထိျပဳလုပ္ေပးထားသူျဖစ္ၿပီး မီလီတာအိုရဲ႕ ဘရာဇီးလ္လက္ေ႐ြးစင္အသင္းေဖာ္ျဖစ္တဲ့ ဖာမီႏိုကလည္း ယခုရာသီမွာ ၂၈ ပြဲ ကစားထားရာမွာ သြင္းဂိုး ၁၀ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၅ ႀကိမ္ ျပဳလုပ္ထားတာျဖစ္ပါတယ္။

အီဂ်စ္လက္ေ႐ြးစင္တိုက္စစ္မႉး မိုဟာမက္ ဆာလားဟာ ရီးရဲလ္မက္ဒရစ္အသင္းနဲ႔ စုစုေပါင္း ၇ ႀကိမ္ ေတြ႕ဆုံယွဥ္ၿပိဳင္ကစားခဲ့ရာမွာ တစ္ပြဲမွ ႏိုင္ပြဲမရရွိခဲ့ဖူးဘဲ သြင္းဂိုး ၂ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁ ႀကိမ္ ျပဳလုပ္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.