Analysis Article Match Report Premier League

ဇန်နဝါရီ Booster ထိုးတဲ့ ထရော့ဆတ်နဲ့ ဖူလ်ဟမ် 0-3 အာဆင်နယ်ပွဲက ပြောစရာများ

သိပ်ကောင်းတဲ့ အပြောင်းအရွှေ့မှာ ရလိုက်တဲ့ ဆရာကြီး
ဆောင်းရာသီမှာ မိုက်ခေလို မူဒရစ်ခ်ကို မရလိုက်တာကို အာဆင်နယ်ဖန်တွေ ဘာမှ ကန့်ကွက်နေကြတော့မှာ မဟုတ်ပါဘူး။ အကြောင်းကတော့ ၉ ပွဲမှာ ၁ ဂိုးသွင်း ၅ ဂိုးဖန်တီးခဲ့တဲ့ လီယန်ဒရို ထရော့ဆတ်ကို ပိုင်ဆိုင်နိုင်ခဲ့လို့ပါ။ ဘယ်လ်ဂျီယမ်သားအနေနဲ့ ပရီးမီးယားလိဂ်မှာ ဘယ်သူမှ မရဖူးသေးတဲ့ အဝေးကွင်းမှာ ပထမပိုင်းတင် သုံးဂိုးဖန်တီးပေးတဲ့ စံချိန်ကို ရယူနိုင်ခဲ့ပြီး မန်စီးတီးရဲ့ ဒီဘရိုင်းနားကိုတောင် မျက်လုံးပြူးသွားစေနိုင်ခဲ့သလို ဒီနေ့မှာတော့ ဘယ်ခြမ်းတောက်လျှောက် လိုအပ်တဲ့ ရှေ့လယ်နောက် နေရာစုံမှာ ရှိနေပြီး ထောင့်ကန်ဘောက တစ်ကြိမ်နဲ့ ဖြတ်တင်ဘောက နှစ်ကြိမ်၊ ပါးနပ်တဲ့ ပေးပို့မှု အမျိုးစုံကို ကြိုးခုန်ပြီး ဂါဘရီယယ်လ်၊ မာတီနယ်လီနဲ့ အော်ဒီဂွါဒ်တို့အတွက် ဖန်တီးပေးနိုင်ခဲ့တာဖြစ်ပါတယ်။

၁၀ ဂိုးသွင်းတဲ့သူ သုံးယောက်ရှိလာတဲ့ အာဆင်နယ်
အာဆင်နယ်တို့အတွက် ဒီနေ့မှာ တတိယ အနိုင်ဂိုးကို သွင်းယူနိုင်ခဲ့တဲ့ အသင်းခေါင်းဆောင် မာတင် အော်ဒီဂွါဒ်ကြောင့် ပရီးမီးယားလိဂ်မှာ ၁၀ ဂိုး သွင်းနိုင်တဲ့ ကစားသမား သုံးဦးကို တစ်ပြိုင်နက်တည်း ပိုင်ဆိုင်ခဲ့တဲ့ အသင်းဖြစ်လာခဲ့ပါတယ်။ ဒီစံချိန်က မန်စီးတီးတောင် မရသေးတဲ့ စံချိန်လည်း ဖြစ်နေပြီး အာလင်း ဟားလန်းအနေနဲ့ ၂၈ ဂိုး သွင်းယူထားခဲ့ပေမယ့် ဒုတိယအများဆုံး ဖိုဒန်ကတော့ ၉ ဂိုးသာ ရရှိခဲ့သေးတာပါ။ ဂန်းနားတွေဆီမှာတော့ မာတီနယ်လီက ၁၂ ဂိုး၊ ဆာကာက ၁၀ ဂိုးနဲ့ အော်ဒီဂွါဒ်က ၁၀ ဂိုး အသီးသီး သွင်းယူထားခဲ့ကြပြီး ဂိုးသွင်းတာဝန်ကို ခွဲဝေယူထားနိုင်ခဲ့သလို ထရော့ဆတ်နဲ့ ဂျေဆူးစ်တို့ပါ ပါဝင်လာဦးမယ့် တိုက်စစ်ကတော့ ရင်ခုန်စရာအကြီးကြီး ဖြစ်နေခဲ့တာပါ။

၅ မှတ်အကွာအဝေးကို ထိန်းသိမ်းထားနိုင်ဆဲ လူငယ်များ
အာဆင်နယ်ရဲ့ လူငယ်တွေအနေနဲ့ ဖိအားဒဏ်မခံနိုင်ဘဲ ခြေချော်လိမ့်မယ်လို့ မနာလိုတဲ့ ပရိသတ်တွေရော ကစားသမားဟောင်းတွေကပါ အမြဲတစေ တိုက်ခိုက်နေခဲ့ကြတာဖြစ်ပါတယ်။ စနေနေ့မှာ အိုးနင်းခွက်နင်း ကစားပြီး ပင်နယ်တီ လက်ဆောင်ရလို့ အနိုင်ရခဲ့တဲ့ မန်စီးတီးဘက်တော်သားတွေက ဒီနေ့မှာ ဂန်းနားတွေကို ဖူလ်ဟမ်ရဲ့ ကရာဗင်ကော့တေ့ချ်မှာ အမှတ်လျော့ဖို့ ဆုတောင်းခဲ့ကြပေမယ့် ပွဲစကတည်းက စိုးမိုးထိန်းချုပ်ပြီး ၅ ဂိုးနဲ့အထက် ပိုင်ဆိုင်နိုင်တဲ့ ခြေစွမ်းကို ပြသပြီး သုံးမှတ်ကို အလွယ်တကူ ရယူသွားခဲ့တာပါ။ ပထမပိုင်းမှာ သုံးဂိုးရအပြီး ဂိုးသွင်းဖို့အတွက် ဖိဖိစီးစီး မကြိုးစားတော့တာကတော့ သူတို့ အသင်းဖော်ဟောင်း ဂိုးသမား လီနိုကို အားနာလို့လားလို့ပဲ မေးရမလိုဖြစ်နေပြီး မညှာမတာသာဆိုရင် တကယ်တမ်းမှာ ခုနစ်ဂိုးပွဲလည်း ဖြစ်သွားနိုင်ခဲ့ပါတယ်။

နောက်ဆုံးတော့လဲ အောက်ဆင်းလာတဲ့ ဖူလ်ဟမ်
ဖူလ်ဟမ်တို့အနေနဲ့ တန်းတက်လာအပြီးမှာ ဥရောပဝင်ခွင့်တစ်နေရာရာကိုပဲ အပိုင်သိမ်းတော့မလိုလိုနဲ့ မတည်ငြိမ်တဲ့ ကစားပုံတွေနဲ့ ပွဲပယ်၊ ဒဏ်ရာ ကစားသမား အဝင်အထွက်တွေမှာ ဆက်တိုက်အမှတ်လျော့နေပြီး နောက်ဆုံးပရီးမီးယားလိဂ် သုံးပွဲမှာ တစ်မှတ်သာ ရထားတာကြောင့် ဘရန့်ဖို့ဒ်၊ ဘရိုက်တန်တို့နဲ့ ယှဉ်ပြိုင်ရာမှာ နောက်ကောက်ကျရတော့မယ့် သဘောမှာ ရှိနေခဲ့ပါတယ်။ ပိုဆိုးတာက ပြိုင်ဘက်နှစ်သင်းထက် နှစ်ပွဲအနည်းဆုံး ပိုကစားထားခဲ့သလို တစ်ပွဲပိုကစားထားတဲ့ ချဲလ်ဆီးနဲ့လည်း တစ်မှတ်သာ ကွာတော့တာကြောင့် သူများတွေ မှားမှ သူတို့မှာ အခွင့်အရေးရှိတော့မှာဖြစ်ပြီး လေနည်းနည်းကြီးချင်တဲ့ နည်းပြ မာကို ဆေးလ်ဗားအတွက်တော့ အိပ်မက်နဲ့ လက်တွေ့ဘဝ ကွာခြားကြောင်း သဘောပေါက်ရတော့မှာပါ။

တည်ကန်ဘောက အားသာချက်ဖြစ်ခဲ့တာ
အာဆင်နယ်တို့အနေနဲ့ ရာသီအစတုန်းက တည်ကန်ဘောတွေကို တိုက်စစ်မှာရော ခံစစ်မှာပါ အကောင်းဆုံး အသုံးချပြီး စွမ်းဆောင်နိုင်ခဲ့ပေမယ့် ကမ္ဘာ့ဖလားအပြီးမှာတော့ ရှေ့က ပျော့စိပျော့ဖတ်နဲ့ ဂိုးမရဘဲဖြစ်နေခဲ့သလို နောက်လည်း စိတ်မပါလက်မပါ ခုခံပုံနဲ့ ဂိုးတွေ ပေးနေခဲ့ရတာဖြစ်ပါတယ်။ ဒီရက်ပိုင်းမှာတော့ သူတို့ရဲ့ Set Piece Coach နီကိုလာ ဂျိုဗာက ဒါကို ပြန်လည်ပြင်ဆင် မောင်းနှင်ပေးနိုင်ခဲ့သလို စပို့တင်းလစ္စဘွန်းနဲ့ပွဲမှာ ဆာလီဘာက ထောင့်ကန်ဘောကနေ ခေါင်းတိုက်သွင်းခဲ့ပြီး ဒီနေ့မှာတော့ ဂါဘရီယယ်လ်က သွင်းယူပေးနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ပွဲက ထောင့်ကန်ဘောကနေ ဂိုးပြန်ပေးခဲ့ရပေမယ့် ဒီနေ့မှာတော့ Clean Sheet ရယူနိုင်ခဲ့ပြီး ဖူလ်ဟမ်တို့ကို အဖက်ဖက်သာ အသာစီးယူနိုင်ခဲ့တာပါ။

ဂျေဆူးစ် ပြန်လာပြီ… သတိသာထားကြ
အာဆင်နယ်တို့အနေနဲ့ ပြီးခဲ့တဲ့ တစ်ပတ်လောက်က တိုက်စစ်မှာ ဆာကာ၊ မာတီနယ်လီနဲ့ နယ်လ်ဆန်တို့ကလွဲလို့ ရွေးချယ်စရာမရှိခဲ့ပေမယ့် ဒီနေ့မှာ ထရော့ဆတ်နဲ့အတူ ဂါဘရီယယ်လ် ဂျေဆူးစ် ပြန်ပါလာနိုင်ပြီး အသင်းရဲ့ ရစ်သမ်ကို အလွယ်တကူ လိုက်မီနိုင်ခဲ့တာက အားစရာကောင်းခဲ့ပါတယ်။ ဘရာဇီးလ်သားအနေနဲ့ အခွင့်အရေးတစ်ကြိမ်ကို ဂိုးမသွင်းနိုင်ခဲ့ပေမယ့် သူ့ရဲ့ အဝင်အထွက်တွေက အသင်းဖော်တွေကို အကျိုးပြုခဲ့တာကြောင့် ၁၃ မိနစ် ကစားခွင့်က လှပခဲ့တာပါ။ လာမယ့်ပွဲတွေမှာတော့ ဂန်းနားတွေအနေနဲ့ ထရော့ဆတ်နဲ့ ဂျေဆူးစ်ကို အထောင်မှာ တစ်လှည့်စီ၊ မာတီနယ်လီ၊ စမစ်ရိုး၊ ဆာကာနဲ့ နယ်လ်ဆန်တို့ကို တောင်ပံတွေမှာ ဗျူဟာမြောက် ကလဖန်ထိုးနိုင်မှာဖြစ်ပြီး အက်ဒီ နကီးတီးယားနဲ့ဆိုရင်တော့ ဒီတိုက်စစ်သူရဲကောင်း ခုနစ်ဖော်ဟာ ပရီးမီးယားလိဂ်နဲ့ ယူရိုပါလိဂ်တို့ကို ဖလားသိမ်းနိုင်ဖို့ ကြီးမားတဲ့ အင်အားပဲလို့ ဆိုနိုင်မှာဖြစ်ပါတယ်။

ဖူလ်ဟမ်ဘယ်ခြမ်းကို ပညာပေးသွားတဲ့ အာဆင်နယ်
ပွဲမတိုင်ခင်ကတော့ ၅ ကြိမ်ကန်တာ ၄ ကြိမ် ဂိုးရထားပြီး ၄ ပွဲဆက် ဂိုးသွင်းထားနိုင်ခဲ့တဲ့ မေနာ ဆော်လမွန်က အိမ်ကွင်းမှာ အာဆင်နယ်တို့ကို ဒုက္ခပေးလိမ့်မယ်လို့ ဆိုပေမယ့် နေလာနှင်းပျောက်ဖြစ်သွားခဲ့ပြီး အစ္စရေးသားအနေနဲ့ ဆာလီဘာနဲ့ ပါတေးရှေ့မှာ ဒူးထောက်ခဲ့ရတာပါ။ ခံစစ်မှာလည်း သုံးဂိုးစလုံး သွင်းယူချိန်မှာ အာဆင်နယ်တိုက်စစ်ကို ထိတ်လန့်အံ့ဩနေခဲ့တဲ့ အန်တိုနီ ရော်ဘင်ဆန်ကတော့ ESPN နဲ့ သူတို့ရဲ့ အမေရိကန်ရုပ်သံတွေက ပြောရတဲ့အထိဖြစ်ခဲ့ပြီး ထောင့်ကန်ဘောက ဂါဘရီယယ်လ်ရဲ့ ဂိုးမှာ နောက်ကျနေခဲ့တာ၊ မာတီနယ်လီရဲ့ ခေါင်းတိုက်ဂိုးကို မတားဆီးခဲ့တာနဲ့ အော်ဒီဂွါဒ်ရဲ့ ဂိုးကို မကန်သွင်းခင် မလုယူနိုင်ခဲ့တာတွေကတော့ စိတ်ပျက်စရာလို့ သုံးသပ်ခံခဲ့ရပြီး ဒီနေ့မှာတော့ ဖူလ်ဟမ်ဘယ်ခြမ်းက ပက်ပက်စက်စက် ပြိုလဲခဲ့ရတာလည်းဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

သိပ္ေကာင္းတဲ့ အေျပာင္းအေ႐ႊ႕မွာ ရလိုက္တဲ့ ဆရာႀကီး
ေဆာင္းရာသီမွာ မိုက္ေခလို မူဒရစ္ခ္ကို မရလိုက္တာကို အာဆင္နယ္ဖန္ေတြ ဘာမွ ကန႔္ကြက္ေနၾကေတာ့မွာ မဟုတ္ပါဘူး။ အေၾကာင္းကေတာ့ ၉ ပြဲမွာ ၁ ဂိုးသြင္း ၅ ဂိုးဖန္တီးခဲ့တဲ့ လီယန္ဒ႐ို ထေရာ့ဆတ္ကို ပိုင္ဆိုင္ႏိုင္ခဲ့လို႔ပါ။ ဘယ္လ္ဂ်ီယမ္သားအေနနဲ႔ ပရီးမီးယားလိဂ္မွာ ဘယ္သူမွ မရဖူးေသးတဲ့ အေဝးကြင္းမွာ ပထမပိုင္းတင္ သုံးဂိုးဖန္တီးေပးတဲ့ စံခ်ိန္ကို ရယူႏိုင္ခဲ့ၿပီး မန္စီးတီးရဲ႕ ဒီဘ႐ိုင္းနားကိုေတာင္ မ်က္လုံးျပဴးသြားေစႏိုင္ခဲ့သလို ဒီေန႔မွာေတာ့ ဘယ္ျခမ္းေတာက္ေလွ်ာက္ လိုအပ္တဲ့ ေရွ႕လယ္ေနာက္ ေနရာစုံမွာ ရွိေနၿပီး ေထာင့္ကန္ေဘာက တစ္ႀကိမ္နဲ႔ ျဖတ္တင္ေဘာက ႏွစ္ႀကိမ္၊ ပါးနပ္တဲ့ ေပးပို႔မႈ အမ်ိဳးစုံကို ႀကိဳးခုန္ၿပီး ဂါဘရီယယ္လ္၊ မာတီနယ္လီနဲ႔ ေအာ္ဒီဂြါဒ္တို႔အတြက္ ဖန္တီးေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

၁၀ ဂိုးသြင္းတဲ့သူ သုံးေယာက္ရွိလာတဲ့ အာဆင္နယ္
အာဆင္နယ္တို႔အတြက္ ဒီေန႔မွာ တတိယ အႏိုင္ဂိုးကို သြင္းယူႏိုင္ခဲ့တဲ့ အသင္းေခါင္းေဆာင္ မာတင္ ေအာ္ဒီဂြါဒ္ေၾကာင့္ ပရီးမီးယားလိဂ္မွာ ၁၀ ဂိုး သြင္းႏိုင္တဲ့ ကစားသမား သုံးဦးကို တစ္ၿပိဳင္နက္တည္း ပိုင္ဆိုင္ခဲ့တဲ့ အသင္းျဖစ္လာခဲ့ပါတယ္။ ဒီစံခ်ိန္က မန္စီးတီးေတာင္ မရေသးတဲ့ စံခ်ိန္လည္း ျဖစ္ေနၿပီး အာလင္း ဟားလန္းအေနနဲ႔ ၂၈ ဂိုး သြင္းယူထားခဲ့ေပမယ့္ ဒုတိယအမ်ားဆုံး ဖိုဒန္ကေတာ့ ၉ ဂိုးသာ ရရွိခဲ့ေသးတာပါ။ ဂန္းနားေတြဆီမွာေတာ့ မာတီနယ္လီက ၁၂ ဂိုး၊ ဆာကာက ၁၀ ဂိုးနဲ႔ ေအာ္ဒီဂြါဒ္က ၁၀ ဂိုး အသီးသီး သြင္းယူထားခဲ့ၾကၿပီး ဂိုးသြင္းတာဝန္ကို ခြဲေဝယူထားႏိုင္ခဲ့သလို ထေရာ့ဆတ္နဲ႔ ေဂ်ဆူးစ္တို႔ပါ ပါဝင္လာဦးမယ့္ တိုက္စစ္ကေတာ့ ရင္ခုန္စရာအႀကီးႀကီး ျဖစ္ေနခဲ့တာပါ။

၅ မွတ္အကြာအေဝးကို ထိန္းသိမ္းထားႏိုင္ဆဲ လူငယ္မ်ား
အာဆင္နယ္ရဲ႕ လူငယ္ေတြအေနနဲ႔ ဖိအားဒဏ္မခံႏိုင္ဘဲ ေျခေခ်ာ္လိမ့္မယ္လို႔ မနာလိုတဲ့ ပရိသတ္ေတြေရာ ကစားသမားေဟာင္းေတြကပါ အၿမဲတေစ တိုက္ခိုက္ေနခဲ့ၾကတာျဖစ္ပါတယ္။ စေနေန႔မွာ အိုးနင္းခြက္နင္း ကစားၿပီး ပင္နယ္တီ လက္ေဆာင္ရလို႔ အႏိုင္ရခဲ့တဲ့ မန္စီးတီးဘက္ေတာ္သားေတြက ဒီေန႔မွာ ဂန္းနားေတြကို ဖူလ္ဟမ္ရဲ႕ ကရာဗင္ေကာ့ေတ့ခ်္မွာ အမွတ္ေလ်ာ့ဖို႔ ဆုေတာင္းခဲ့ၾကေပမယ့္ ပြဲစကတည္းက စိုးမိုးထိန္းခ်ဳပ္ၿပီး ၅ ဂိုးနဲ႔အထက္ ပိုင္ဆိုင္ႏိုင္တဲ့ ေျခစြမ္းကို ျပသၿပီး သုံးမွတ္ကို အလြယ္တကူ ရယူသြားခဲ့တာပါ။ ပထမပိုင္းမွာ သုံးဂိုးရအၿပီး ဂိုးသြင္းဖို႔အတြက္ ဖိဖိစီးစီး မႀကိဳးစားေတာ့တာကေတာ့ သူတို႔ အသင္းေဖာ္ေဟာင္း ဂိုးသမား လီႏိုကို အားနာလို႔လားလို႔ပဲ ေမးရမလိုျဖစ္ေနၿပီး မညႇာမတာသာဆိုရင္ တကယ္တမ္းမွာ ခုနစ္ဂိုးပြဲလည္း ျဖစ္သြားႏိုင္ခဲ့ပါတယ္။

ေနာက္ဆုံးေတာ့လဲ ေအာက္ဆင္းလာတဲ့ ဖူလ္ဟမ္
ဖူလ္ဟမ္တို႔အေနနဲ႔ တန္းတက္လာအၿပီးမွာ ဥေရာပဝင္ခြင့္တစ္ေနရာရာကိုပဲ အပိုင္သိမ္းေတာ့မလိုလိုနဲ႔ မတည္ၿငိမ္တဲ့ ကစားပုံေတြနဲ႔ ပြဲပယ္၊ ဒဏ္ရာ ကစားသမား အဝင္အထြက္ေတြမွာ ဆက္တိုက္အမွတ္ေလ်ာ့ေနၿပီး ေနာက္ဆုံးပရီးမီးယားလိဂ္ သုံးပြဲမွာ တစ္မွတ္သာ ရထားတာေၾကာင့္ ဘရန႔္ဖို႔ဒ္၊ ဘ႐ိုက္တန္တို႔နဲ႔ ယွဥ္ၿပိဳင္ရာမွာ ေနာက္ေကာက္က်ရေတာ့မယ့္ သေဘာမွာ ရွိေနခဲ့ပါတယ္။ ပိုဆိုးတာက ၿပိဳင္ဘက္ႏွစ္သင္းထက္ ႏွစ္ပြဲအနည္းဆုံး ပိုကစားထားခဲ့သလို တစ္ပြဲပိုကစားထားတဲ့ ခ်ဲလ္ဆီးနဲ႔လည္း တစ္မွတ္သာ ကြာေတာ့တာေၾကာင့္ သူမ်ားေတြ မွားမွ သူတို႔မွာ အခြင့္အေရးရွိေတာ့မွာျဖစ္ၿပီး ေလနည္းနည္းႀကီးခ်င္တဲ့ နည္းျပ မာကို ေဆးလ္ဗားအတြက္ေတာ့ အိပ္မက္နဲ႔ လက္ေတြ႕ဘဝ ကြာျခားေၾကာင္း သေဘာေပါက္ရေတာ့မွာပါ။

တည္ကန္ေဘာက အားသာခ်က္ျဖစ္ခဲ့တာ
အာဆင္နယ္တို႔အေနနဲ႔ ရာသီအစတုန္းက တည္ကန္ေဘာေတြကို တိုက္စစ္မွာေရာ ခံစစ္မွာပါ အေကာင္းဆုံး အသုံးခ်ၿပီး စြမ္းေဆာင္ႏိုင္ခဲ့ေပမယ့္ ကမာၻ႔ဖလားအၿပီးမွာေတာ့ ေရွ႕က ေပ်ာ့စိေပ်ာ့ဖတ္နဲ႔ ဂိုးမရဘဲျဖစ္ေနခဲ့သလို ေနာက္လည္း စိတ္မပါလက္မပါ ခုခံပုံနဲ႔ ဂိုးေတြ ေပးေနခဲ့ရတာျဖစ္ပါတယ္။ ဒီရက္ပိုင္းမွာေတာ့ သူတို႔ရဲ႕ Set Piece Coach နီကိုလာ ဂ်ိဳဗာက ဒါကို ျပန္လည္ျပင္ဆင္ ေမာင္းႏွင္ေပးႏိုင္ခဲ့သလို စပို႔တင္းလစၥဘြန္းနဲ႔ပြဲမွာ ဆာလီဘာက ေထာင့္ကန္ေဘာကေန ေခါင္းတိုက္သြင္းခဲ့ၿပီး ဒီေန႔မွာေတာ့ ဂါဘရီယယ္လ္က သြင္းယူေပးႏိုင္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ပြဲက ေထာင့္ကန္ေဘာကေန ဂိုးျပန္ေပးခဲ့ရေပမယ့္ ဒီေန႔မွာေတာ့ Clean Sheet ရယူႏိုင္ခဲ့ၿပီး ဖူလ္ဟမ္တို႔ကို အဖက္ဖက္သာ အသာစီးယူႏိုင္ခဲ့တာပါ။

ေဂ်ဆူးစ္ ျပန္လာၿပီ… သတိသာထားၾက
အာဆင္နယ္တို႔အေနနဲ႔ ၿပီးခဲ့တဲ့ တစ္ပတ္ေလာက္က တိုက္စစ္မွာ ဆာကာ၊ မာတီနယ္လီနဲ႔ နယ္လ္ဆန္တို႔ကလြဲလို႔ ေ႐ြးခ်ယ္စရာမရွိခဲ့ေပမယ့္ ဒီေန႔မွာ ထေရာ့ဆတ္နဲ႔အတူ ဂါဘရီယယ္လ္ ေဂ်ဆူးစ္ ျပန္ပါလာႏိုင္ၿပီး အသင္းရဲ႕ ရစ္သမ္ကို အလြယ္တကူ လိုက္မီႏိုင္ခဲ့တာက အားစရာေကာင္းခဲ့ပါတယ္။ ဘရာဇီးလ္သားအေနနဲ႔ အခြင့္အေရးတစ္ႀကိမ္ကို ဂိုးမသြင္းႏိုင္ခဲ့ေပမယ့္ သူ႔ရဲ႕ အဝင္အထြက္ေတြက အသင္းေဖာ္ေတြကို အက်ိဳးျပဳခဲ့တာေၾကာင့္ ၁၃ မိနစ္ ကစားခြင့္က လွပခဲ့တာပါ။ လာမယ့္ပြဲေတြမွာေတာ့ ဂန္းနားေတြအေနနဲ႔ ထေရာ့ဆတ္နဲ႔ ေဂ်ဆူးစ္ကို အေထာင္မွာ တစ္လွည့္စီ၊ မာတီနယ္လီ၊ စမစ္႐ိုး၊ ဆာကာနဲ႔ နယ္လ္ဆန္တို႔ကို ေတာင္ပံေတြမွာ ဗ်ဴဟာေျမာက္ ကလဖန္ထိုးႏိုင္မွာျဖစ္ၿပီး အက္ဒီ နကီးတီးယားနဲ႔ဆိုရင္ေတာ့ ဒီတိုက္စစ္သူရဲေကာင္း ခုနစ္ေဖာ္ဟာ ပရီးမီးယားလိဂ္နဲ႔ ယူ႐ိုပါလိဂ္တို႔ကို ဖလားသိမ္းႏိုင္ဖို႔ ႀကီးမားတဲ့ အင္အားပဲလို႔ ဆိုႏိုင္မွာျဖစ္ပါတယ္။

ဖူလ္ဟမ္ဘယ္ျခမ္းကို ပညာေပးသြားတဲ့ အာဆင္နယ္
ပြဲမတိုင္ခင္ကေတာ့ ၅ ႀကိမ္ကန္တာ ၄ ႀကိမ္ ဂိုးရထားၿပီး ၄ ပြဲဆက္ ဂိုးသြင္းထားႏိုင္ခဲ့တဲ့ ေမနာ ေဆာ္လမြန္က အိမ္ကြင္းမွာ အာဆင္နယ္တို႔ကို ဒုကၡေပးလိမ့္မယ္လို႔ ဆိုေပမယ့္ ေနလာႏွင္းေပ်ာက္ျဖစ္သြားခဲ့ၿပီး အစၥေရးသားအေနနဲ႔ ဆာလီဘာနဲ႔ ပါေတးေရွ႕မွာ ဒူးေထာက္ခဲ့ရတာပါ။ ခံစစ္မွာလည္း သုံးဂိုးစလုံး သြင္းယူခ်ိန္မွာ အာဆင္နယ္တိုက္စစ္ကို ထိတ္လန႔္အံ့ဩေနခဲ့တဲ့ အန္တိုနီ ေရာ္ဘင္ဆန္ကေတာ့ ESPN နဲ႔ သူတို႔ရဲ႕ အေမရိကန္႐ုပ္သံေတြက ေျပာရတဲ့အထိျဖစ္ခဲ့ၿပီး ေထာင့္ကန္ေဘာက ဂါဘရီယယ္လ္ရဲ႕ ဂိုးမွာ ေနာက္က်ေနခဲ့တာ၊ မာတီနယ္လီရဲ႕ ေခါင္းတိုက္ဂိုးကို မတားဆီးခဲ့တာနဲ႔ ေအာ္ဒီဂြါဒ္ရဲ႕ ဂိုးကို မကန္သြင္းခင္ မလုယူႏိုင္ခဲ့တာေတြကေတာ့ စိတ္ပ်က္စရာလို႔ သုံးသပ္ခံခဲ့ရၿပီး ဒီေန႔မွာေတာ့ ဖူလ္ဟမ္ဘယ္ျခမ္းက ပက္ပက္စက္စက္ ၿပိဳလဲခဲ့ရတာလည္းျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.