Match Report Premier League

ဘီလ်ဘာအိုကို တောင့်ခံပြီး အနိုင်ယူခဲ့လို့ ချန်ပီယံနဲ့ တူလာပြီဖြစ်တဲ့ ဘာစီလိုနာ

ဘာစီလိုနာအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား တာစတီဂန်၊ ခံစစ်မှာ ကွန်ဒီ၊ ခရစ္စတင်ဆန်၊ ဆာဂျီ ရော်ဘတ်တိုနဲ့ အဲလက်စ် ဘာလ်ဒီတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဆာဂျီယို ဘူးစ်ကွက်စ်၊ ဂါဗီနဲ့ ဒီယုံးတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ရာဖင်ညာ၊ ဖယ်ရန် တောရက်စ်နဲ့ လီဗန်ဒေါ့ဗ်စကီးတို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် ဘီလ်ဘာအိုတို့ကတော့ ဂိုးသမား အဂါရီဇာဘာလာ၊ ခံစစ်မှာ ဒါနီ ဗီဗီယန်၊ အီညီဂို မာတီနက်ဇ်၊ ဘာလင်ဇီယာဂါနဲ့ ဒီမားကို့စ်တို့ကို စုဖွဲ့လာခဲ့သလို ကွင်းလယ်မှာတော့ မီခယ်လ် ဗက်စ်ဂါ၊ ဒါနီ ဂါစီယာ၊ ရာအူးလ် ဂါစီယာ၊ အဲလက်စ် ဘယ်ရင်ဂွါနဲ့ နီကို ဝီလီယမ်စ်တို့ကို ခင်းကျင်းလာခဲ့ပြီး တိုက်စစ်မှာတော့ အီညာကီ ဝီလီယမ်စ်တစ်ဦးတည်းကို တင်ကစားလာခဲ့တာပါ။

နှစ်သင်းစလုံး သူတင်ကိုယ်တင် ကစားနိုင်ခဲ့သလို ဝီလီယမ်စ် ညီအစ်ကိုတို့ရဲ့ ဘီလ်ဘာအိုက ကစားကွက် ပိုသွက်ခဲ့ပြီး ဘာစီလိုနာတို့အနေနဲ့ ပွဲအစပိုင်းမှာ ခံစစ်ကို ပိုကစားနေခဲ့ရပေမယ့် အိမ်ရှင်တွေရဲ့ စနစ်တကျ မကစားဘဲ ကသမ်းကရမ်းနဲ့ ကြုံသလို ကန်နေခဲ့တာကတော့ ရုပ်ပျက်ခဲ့သလို နည်းပြဟောင်း အာနက်စတို ဗယ်လ်ဗာဒီအနေနဲ့ ကာတာလန်သားတွေကို ရင်ဆိုင်ရာမှာ မပိုင်နိုင်ခဲ့ဘူးလို့လည်း ဆိုရမှာဖြစ်ပါတယ်။

ပိုလန်သားကြီး လီဗန်ဒေါ့ဗ်စကီးကတော့ အကောင်းဆုံးအချိန်တွေ ကျော်လွန်ခဲ့ပြီဖြစ်ပြီး လေးလံနေခဲ့တာကြောင့် အပိုင်အခွင့်အရေးတစ်ကြိမ် အလဟဿဖြစ်ခဲ့သလို ခံစစ်မှာတော့ ကွန်ဒီနဲ့ ခရစ္စတင်ဆန်တို့ရဲ့ နားလည်မှုတွေက အကောင်းဆုံး အနေအထားမှာ ရှိမနေတာကြောင့် ဘာစီလိုနာ ဂိုးသမား တာစတီဂန်အနေနဲ့ ရုန်းကန်နေခဲ့ရတာပါ။

ပွဲချိန် ၃၃ မိနစ်မှာ ထောင့်ကန်ဘောကနေ ရာအူးလ် ဂါစီယာရဲ့ ခေါင်းတိုက်ချက်က ဘားထိထွက်ခဲ့လို့ ဘာစီလိုနာတို့ သက်သာခဲ့ပြီး ပွဲချိန် ၄၁ မိနစ်မှာတော့ လီဗန်ဒေါ့ဗ်စကီး ခေါင်းတိုက်တာကို ဆန့်ထုတ်ထားတဲ့ လက်နဲ့ ထိခဲ့တဲ့ ဒီမားကို့စ်ရဲ့ ဖြစ်ရပ်ကို ဒိုင်လူကြီးနဲ့ VAR က ပင်နယ်တီ မပေးဘဲ ပယ်ချသွားခဲ့ပါတယ်။

နာကျင်အချိန်ပို ၁ မိနစ်မှာတော့ ဘာစီလိုနာတို့ အဖွင့်ဂိုး ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းကနေ တိုက်စစ်စတင်လာခဲ့ပြီး အတွင်းမှာ ဘောလုံးပြန်ရတဲ့ ဆာဂျီယို ဘူးစ်ကွက်စ်က ဧရိယာထဲကို ခင်းပေးရာမှာ ညာတောင်ပံသမား ရာဖင်ညာက တစ်ချက်ထိန်းပြီး ထောင့်ဖြတ်ကန်သွင်းရာမှာ ဂိုးသမား အဂါရီဇာဘာလာ ကာကွယ်ပုံ နှေးကွေးနေခဲ့လို့ ဂိုးပေးခဲ့ရတာပါ။

ပထမပိုင်းမှာ ဘာစီလိုနာတို့ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်ထားနိုင်ခဲ့ကြပြီး ဒုတိယပိုင်းမှာတော့ ဘီလ်ဘာအိုတို့ ပိုမိုကြိုးစားလာခဲ့ကြသလို တိုက်စစ်ပိုင်းမှာ တစ်ကိုယ်ကောင်းဆန်မှုတွေ များပြားနေတာကြောင့် အခွင့်အရေးတွေကို လွဲချော်နေခဲ့ပြီး အိမ်ရှင်တွေဘက်က ဗက်စ်ဂါ၊ ရာအူးလ် ဂါစီယာ၊ ဘာလင်ဇီယာဂါ၊ ဒီမားကို့စ်နဲ့ အဲလက်စ် ဘယ်ရင်ဂွါတို့အစား ဇာရာဂါ၊ မူနီယာယင်၊ ယူရီ၊ ကာပါနဲ့ ဂူရူဇီတာတို့ကို ထည့်သွင်းသွားခဲ့ပါတယ်။

ပွဲချိန် ၇၉ မိနစ်မှာ မူနီယာယင်ရဲ့ ကန်ချက်ကို တာစတီဂန် ပုတ်ထုတ်ခဲ့ရသလို ပွဲချိန် ၈၇ မိနစ်မှာ အီညာကီ ဝီလီယမ်စ်က တန်ပြန်တိုက်စစ်က ဂိုးသွင်းယူခဲ့ပေမယ့် ဘောလုံးစတင်ချိန်မှာ မူနီယာယင် လက်ထိခဲ့တယ်လို့ VAR က အကြောင်းကြားခဲ့တာကြောင့် ပယ်ဖျက်ခံခဲ့ရပြီး ဘာစီလိုနာတို့ကတော့ ဖယ်ရန် တောရက်စ်၊ ဆာဂျီ ရော်ဘတ်တိုနဲ့ ရာဖင်ညာတို့အစား ကက်ဆီယေး၊ အန်ဆူ ဖာတီနဲ့ မားကို့စ် အလွန်ဆိုတို့ကို လဲပြီး ထိန်းကစားခဲ့တာပါ။

နာကျင်အချိန်ပိုမှာတော့ အီညာကီ ဝီလီယမ်စ် တစ်ကိုယ်တော်အစွမ်းနဲ့ ချိုးပေးတာကို သူ့ညီ နီကို မပိတ်နိုင်လို့ လွတ်ထွက်လာတာကို ယူရီက အပြင်းကန်သွင်းခဲ့ပေမယ့် တာစတီဂန် ကာကွယ်နိုင်ခဲ့သလို ပြန်ထွက်လာတဲ့ ဘောလုံးကို ဂူရူဇီတာ ကန်ရာမှာလည်း မားကို့စ် အလွန်ဆိုက ပိတ်ဆို့သွားနိုင်ခဲ့လို့ ဘာစီလိုနာတို့ ပွဲအပြီးမှာ ဘတ်စ်ကေးသားတွေကို တစ်လုံးတည်းသောဂိုးနဲ့ အောင်ပွဲခံနိုင်ခဲ့ကြတာဖြစ်ပါတယ်။

ဆန်မာမီးစ်မှာ တစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ဒီပွဲရလဒ်ကြောင့် လာလီဂါ အမှတ်ပေးဇယားကို ဘာစီလိုနာတို့ ၉ မှတ်ဖြတ်ပြီး ဦးဆောင်ထားနိုင်ဆဲ ဖြစ်သလို ရီးရဲလ်မက်ဒရစ်တို့နဲ့ လာမယ့်တစ်ပတ် နူးကမ့်မှာ ကစားရမယ့် ပွဲမတိုင်မီ စိတ်ဓာတ်ရေးရာအရပါ အသာစီးရယူနိုင်ခဲ့ပြီး ရှုံးလို့လည်း ဘာမှ မဖြစ်နိုင်တဲ့ အခြေအနေမှာ ဖိအားကင်းကင်းနဲ့ ကစားခွင့်ကိုလည်း ပိုင်ဆိုင်ထားခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘာစီလိုနာအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား တာစတီဂန္၊ ခံစစ္မွာ ကြန္ဒီ၊ ခရစၥတင္ဆန္၊ ဆာဂ်ီ ေရာ္ဘတ္တိုနဲ႔ အဲလက္စ္ ဘာလ္ဒီတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဆာဂ်ီယို ဘူးစ္ကြက္စ္၊ ဂါဗီနဲ႔ ဒီယုံးတို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ရာဖင္ညာ၊ ဖယ္ရန္ ေတာရက္စ္နဲ႔ လီဗန္ေဒါ့ဗ္စကီးတို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

အိမ္ရွင္ ဘီလ္ဘာအိုတို႔ကေတာ့ ဂိုးသမား အဂါရီဇာဘာလာ၊ ခံစစ္မွာ ဒါနီ ဗီဗီယန္၊ အီညီဂို မာတီနက္ဇ္၊ ဘာလင္ဇီယာဂါနဲ႔ ဒီမားကို႔စ္တို႔ကို စုဖြဲ႕လာခဲ့သလို ကြင္းလယ္မွာေတာ့ မီခယ္လ္ ဗက္စ္ဂါ၊ ဒါနီ ဂါစီယာ၊ ရာအူးလ္ ဂါစီယာ၊ အဲလက္စ္ ဘယ္ရင္ဂြါနဲ႔ နီကို ဝီလီယမ္စ္တို႔ကို ခင္းက်င္းလာခဲ့ၿပီး တိုက္စစ္မွာေတာ့ အီညာကီ ဝီလီယမ္စ္တစ္ဦးတည္းကို တင္ကစားလာခဲ့တာပါ။

ႏွစ္သင္းစလုံး သူတင္ကိုယ္တင္ ကစားႏိုင္ခဲ့သလို ဝီလီယမ္စ္ ညီအစ္ကိုတို႔ရဲ႕ ဘီလ္ဘာအိုက ကစားကြက္ ပိုသြက္ခဲ့ၿပီး ဘာစီလိုနာတို႔အေနနဲ႔ ပြဲအစပိုင္းမွာ ခံစစ္ကို ပိုကစားေနခဲ့ရေပမယ့္ အိမ္ရွင္ေတြရဲ႕ စနစ္တက် မကစားဘဲ ကသမ္းကရမ္းနဲ႔ ႀကဳံသလို ကန္ေနခဲ့တာကေတာ့ ႐ုပ္ပ်က္ခဲ့သလို နည္းျပေဟာင္း အာနက္စတို ဗယ္လ္ဗာဒီအေနနဲ႔ ကာတာလန္သားေတြကို ရင္ဆိုင္ရာမွာ မပိုင္ႏိုင္ခဲ့ဘူးလို႔လည္း ဆိုရမွာျဖစ္ပါတယ္။

ပိုလန္သားႀကီး လီဗန္ေဒါ့ဗ္စကီးကေတာ့ အေကာင္းဆုံးအခ်ိန္ေတြ ေက်ာ္လြန္ခဲ့ၿပီျဖစ္ၿပီး ေလးလံေနခဲ့တာေၾကာင့္ အပိုင္အခြင့္အေရးတစ္ႀကိမ္ အလဟႆျဖစ္ခဲ့သလို ခံစစ္မွာေတာ့ ကြန္ဒီနဲ႔ ခရစၥတင္ဆန္တို႔ရဲ႕ နားလည္မႈေတြက အေကာင္းဆုံး အေနအထားမွာ ရွိမေနတာေၾကာင့္ ဘာစီလိုနာ ဂိုးသမား တာစတီဂန္အေနနဲ႔ ႐ုန္းကန္ေနခဲ့ရတာပါ။

ပြဲခ်ိန္ ၃၃ မိနစ္မွာ ေထာင့္ကန္ေဘာကေန ရာအူးလ္ ဂါစီယာရဲ႕ ေခါင္းတိုက္ခ်က္က ဘားထိထြက္ခဲ့လို႔ ဘာစီလိုနာတို႔ သက္သာခဲ့ၿပီး ပြဲခ်ိန္ ၄၁ မိနစ္မွာေတာ့ လီဗန္ေဒါ့ဗ္စကီး ေခါင္းတိုက္တာကို ဆန႔္ထုတ္ထားတဲ့ လက္နဲ႔ ထိခဲ့တဲ့ ဒီမားကို႔စ္ရဲ႕ ျဖစ္ရပ္ကို ဒိုင္လူႀကီးနဲ႔ VAR က ပင္နယ္တီ မေပးဘဲ ပယ္ခ်သြားခဲ့ပါတယ္။

နာက်င္အခ်ိန္ပို ၁ မိနစ္မွာေတာ့ ဘာစီလိုနာတို႔ အဖြင့္ဂိုး ရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ညာျခမ္းကေန တိုက္စစ္စတင္လာခဲ့ၿပီး အတြင္းမွာ ေဘာလုံးျပန္ရတဲ့ ဆာဂ်ီယို ဘူးစ္ကြက္စ္က ဧရိယာထဲကို ခင္းေပးရာမွာ ညာေတာင္ပံသမား ရာဖင္ညာက တစ္ခ်က္ထိန္းၿပီး ေထာင့္ျဖတ္ကန္သြင္းရာမွာ ဂိုးသမား အဂါရီဇာဘာလာ ကာကြယ္ပုံ ေႏွးေကြးေနခဲ့လို႔ ဂိုးေပးခဲ့ရတာပါ။

ပထမပိုင္းမွာ ဘာစီလိုနာတို႔ တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ထားႏိုင္ခဲ့ၾကၿပီး ဒုတိယပိုင္းမွာေတာ့ ဘီလ္ဘာအိုတို႔ ပိုမိုႀကိဳးစားလာခဲ့ၾကသလို တိုက္စစ္ပိုင္းမွာ တစ္ကိုယ္ေကာင္းဆန္မႈေတြ မ်ားျပားေနတာေၾကာင့္ အခြင့္အေရးေတြကို လြဲေခ်ာ္ေနခဲ့ၿပီး အိမ္ရွင္ေတြဘက္က ဗက္စ္ဂါ၊ ရာအူးလ္ ဂါစီယာ၊ ဘာလင္ဇီယာဂါ၊ ဒီမားကို႔စ္နဲ႔ အဲလက္စ္ ဘယ္ရင္ဂြါတို႔အစား ဇာရာဂါ၊ မူနီယာယင္၊ ယူရီ၊ ကာပါနဲ႔ ဂူ႐ူဇီတာတို႔ကို ထည့္သြင္းသြားခဲ့ပါတယ္။

ပြဲခ်ိန္ ၇၉ မိနစ္မွာ မူနီယာယင္ရဲ႕ ကန္ခ်က္ကို တာစတီဂန္ ပုတ္ထုတ္ခဲ့ရသလို ပြဲခ်ိန္ ၈၇ မိနစ္မွာ အီညာကီ ဝီလီယမ္စ္က တန္ျပန္တိုက္စစ္က ဂိုးသြင္းယူခဲ့ေပမယ့္ ေဘာလုံးစတင္ခ်ိန္မွာ မူနီယာယင္ လက္ထိခဲ့တယ္လို႔ VAR က အေၾကာင္းၾကားခဲ့တာေၾကာင့္ ပယ္ဖ်က္ခံခဲ့ရၿပီး ဘာစီလိုနာတို႔ကေတာ့ ဖယ္ရန္ ေတာရက္စ္၊ ဆာဂ်ီ ေရာ္ဘတ္တိုနဲ႔ ရာဖင္ညာတို႔အစား ကက္ဆီေယး၊ အန္ဆူ ဖာတီနဲ႔ မားကို႔စ္ အလြန္ဆိုတို႔ကို လဲၿပီး ထိန္းကစားခဲ့တာပါ။

နာက်င္အခ်ိန္ပိုမွာေတာ့ အီညာကီ ဝီလီယမ္စ္ တစ္ကိုယ္ေတာ္အစြမ္းနဲ႔ ခ်ိဳးေပးတာကို သူ႔ညီ နီကို မပိတ္ႏိုင္လို႔ လြတ္ထြက္လာတာကို ယူရီက အျပင္းကန္သြင္းခဲ့ေပမယ့္ တာစတီဂန္ ကာကြယ္ႏိုင္ခဲ့သလို ျပန္ထြက္လာတဲ့ ေဘာလုံးကို ဂူ႐ူဇီတာ ကန္ရာမွာလည္း မားကို႔စ္ အလြန္ဆိုက ပိတ္ဆို႔သြားႏိုင္ခဲ့လို႔ ဘာစီလိုနာတို႔ ပြဲအၿပီးမွာ ဘတ္စ္ေကးသားေတြကို တစ္လုံးတည္းေသာဂိုးနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့ၾကတာျဖစ္ပါတယ္။

ဆန္မာမီးစ္မွာ တစ္ဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရခဲ့တဲ့ ဒီပြဲရလဒ္ေၾကာင့္ လာလီဂါ အမွတ္ေပးဇယားကို ဘာစီလိုနာတို႔ ၉ မွတ္ျဖတ္ၿပီး ဦးေဆာင္ထားႏိုင္ဆဲ ျဖစ္သလို ရီးရဲလ္မက္ဒရစ္တို႔နဲ႔ လာမယ့္တစ္ပတ္ ႏူးကမ့္မွာ ကစားရမယ့္ ပြဲမတိုင္မီ စိတ္ဓာတ္ေရးရာအရပါ အသာစီးရယူႏိုင္ခဲ့ၿပီး ရႈံးလို႔လည္း ဘာမွ မျဖစ္ႏိုင္တဲ့ အေျခအေနမွာ ဖိအားကင္းကင္းနဲ႔ ကစားခြင့္ကိုလည္း ပိုင္ဆိုင္ထားခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.