Premier League

ဒီရာသီရဲ့ အကောင်းဆုံး ဒိုင်ဗင်ဆုအတွက် အနီကတ်ပြခံခဲ့ရမှာလို့ အပြောခံနေရတဲ့ ရက်ရှ်ဖို့ဒ်

ပရီးမီးယားလိဂ်ပရိသတ်တွေဟာ မန်ချက်စတာယူနိုက်တက်နဲ့ ဆောက်သမ်တန်တို့ ကစားခဲ့တဲ့ပွဲစဉ်အတွင်း ယခုရာသီရဲ့ အကောင်းဆုံးဒိုင်ဗင်ကို ထိုးခဲ့တဲ့အတွက် အဝါကတ်ပြားတောင် ပြသခြင်းမခံခဲ့ရတဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ်ကြောင့် မယုံနိုင်ဖြစ်ခဲ့ကြပါတယ်။

အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူးဟာ ပြေးလာတဲ့ ဂါဗင် ဘာဇာနူရဲ့ ဖျက်ထုတ်မှုကို ခံခဲ့ရပြီးနောက် လေထဲမှာ ဝဲပျံပြခဲ့ပုံပေါ်ခဲ့ပေမယ့်လည်း ဒိုင်လူကြီး အန်သိုနီ တေလာက ပြစ်ဒဏ်ဘောသတ်မှတ်ပေးရလောက်တဲ့ ပြစ်ဒဏ်ကျူးလွန်မှုလို့ မယုံကြည်ခဲ့တာကြောင့် ဂိုးလွန်ဘော ကန်တင်ဖို့သာ ညွှန်ပြခဲ့တာဖြစ်ပါတယ်။

ရက်ရှ်ဖို့ဒ်နဲ့ ဘရူနို ဖာနန်ဒက်စ်တို့ရဲ့ တစ်ယောက်လျော့ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဂိုးမရှိသရေကျနေခဲ့တဲ့ပွဲစဉ်အတွင်း ၇၅ မိနစ်မှာ ပင်နယ်တီ ရရှိဖို့ မျှော်လင့်ခဲ့ပေမယ့်လည်း လူမှုကွန်ရက်ပေါ်က ပရိသတ်တွေဟာ ပြစ်ဒဏ်ဘောဖြစ်အောင် ရည်ရွယ်ချက်နဲ့ လုပ်ခဲ့တယ်လို့ အငြင်းအခုံ ဖြစ်ခဲ့ကြတာဖြစ်ပါတယ်။

“ရက်ရှ်ဖို့ဒ်ရဲ့ တစ်ရာသီတာ အကောင်းဆုံးဒိုင်ဗင်ဆုအတွက် ယှဉ်ပြိုင်မှု”လို့ ပရိသတ်တစ်ဦးက တွစ်တာပေါ်မှာ ရေးသားခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးကလည်း “ဘာကြောင့် သူက အဝါကတ်ပြားတောင် ပြသခြင်းမခံခဲ့ရတာလဲ။ ရက်ရှ်ဖို့ဒ်က ဒိုင်ဗင်ထိုးဖို့ ကြိုးပမ်းခဲ့မှုအတွက် အနီကတ်နဲ့ တောင် ထုတ်ပယ်ခံခဲ့ရသင့်တယ်”လို့ မှတ်ချက်ပေးခဲ့ပါတယ်။

ပရိသတ်တစ်ဦးကတော့ ဘာဇာနူဟာ အသက် ၂၅ နှစ်အရွယ် တိုက်စစ်မှူးရဲ့ ဒူးခေါင်းကို ထိတွေ့မှုရှိခဲ့တယ်ဆိုတာကို ပြသနိုင်ခဲ့တဲ့ ရှုထောင့်ကို ရှာတွေ့ခဲ့ပြီး ရက်ရှ်ဖို့ဒ်အနေနဲ့ လွယ်လွယ်ကူကူနဲ့ လဲကျသွားခဲ့တယ်ဆိုတဲ့အချက်အပေါ်မှာတော့ အငြင်းအခုံ မရှိခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမှာ ကာစီမီရို တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပြီးနောက် ရက်ရှ်ဖို့ဒ်ဟာ တန်ဟက်ရဲ့အသင်းကို နိုင်ပွဲရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ခြင်းမရှိတာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်ဟာ ပြီးခဲ့တဲ့ လီဗာပူးလ်နဲ့ပွဲမှာ ၇-၀ နဲ့ ရှုံးနိမ့်ခဲ့ရာကနေ နိုင်ပွဲနဲ့ပြန်လာနိုင်မယ်လို့ မျှော်မှန်းခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အားထားရတဲ့ အဓိကကစားသမားဖြစ်တဲ့ ကာစီမီရိုဟာ ဆောက်သမ်တန်နဲ့ပွဲစဉ်မှာ ယခုရာသီရဲ့ ဒုတိယ​မြောက် အနီကတ်ကို ပြသခြင်းခံခဲ့ရတာကြောင့် ၄ ပွဲအထိ ပွဲပယ်ပြစ်ဒဏ် ကျခံရတော့မှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ပရီးမီးယားလိဂ္ပရိသတ္ေတြဟာ မန္ခ်က္စတာယူႏိုက္တက္နဲ႔ ေဆာက္သမ္တန္တို႔ ကစားခဲ့တဲ့ပြဲစဥ္အတြင္း ယခုရာသီရဲ႕ အေကာင္းဆုံးဒိုင္ဗင္ကို ထိုးခဲ့တဲ့အတြက္ အဝါကတ္ျပားေတာင္ ျပသျခင္းမခံခဲ့ရတဲ့ မားကပ္စ္ ရက္ရွ္ဖို႔ဒ္ေၾကာင့္ မယုံႏိုင္ျဖစ္ခဲ့ၾကပါတယ္။

အဂၤလန္လက္ေ႐ြးစင္တိုက္စစ္မႉးဟာ ေျပးလာတဲ့ ဂါဗင္ ဘာဇာႏူရဲ႕ ဖ်က္ထုတ္မႈကို ခံခဲ့ရၿပီးေနာက္ ေလထဲမွာ ဝဲပ်ံျပခဲ့ပုံေပၚခဲ့ေပမယ့္လည္း ဒိုင္လူႀကီး အန္သိုနီ ေတလာက ျပစ္ဒဏ္ေဘာသတ္မွတ္ေပးရေလာက္တဲ့ ျပစ္ဒဏ္က်ဴးလြန္မႈလို႔ မယုံၾကည္ခဲ့တာေၾကာင့္ ဂိုးလြန္ေဘာ ကန္တင္ဖို႔သာ ၫႊန္ျပခဲ့တာျဖစ္ပါတယ္။

ရက္ရွ္ဖို႔ဒ္နဲ႔ ဘ႐ူႏို ဖာနန္ဒက္စ္တို႔ရဲ႕ တစ္ေယာက္ေလ်ာ့ မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ဂိုးမရွိသေရက်ေနခဲ့တဲ့ပြဲစဥ္အတြင္း ၇၅ မိနစ္မွာ ပင္နယ္တီ ရရွိဖို႔ ေမွ်ာ္လင့္ခဲ့ေပမယ့္လည္း လူမႈကြန္ရက္ေပၚက ပရိသတ္ေတြဟာ ျပစ္ဒဏ္ေဘာျဖစ္ေအာင္ ရည္႐ြယ္ခ်က္နဲ႔ လုပ္ခဲ့တယ္လို႔ အျငင္းအခုံ ျဖစ္ခဲ့ၾကတာျဖစ္ပါတယ္။

“ရက္ရွ္ဖို႔ဒ္ရဲ႕ တစ္ရာသီတာ အေကာင္းဆုံးဒိုင္ဗင္ဆုအတြက္ ယွဥ္ၿပိဳင္မႈ”လို႔ ပရိသတ္တစ္ဦးက တြစ္တာေပၚမွာ ေရးသားခဲ့ၿပီး ေနာက္ထပ္ပရိသတ္တစ္ဦးကလည္း “ဘာေၾကာင့္ သူက အဝါကတ္ျပားေတာင္ ျပသျခင္းမခံခဲ့ရတာလဲ။ ရက္ရွ္ဖို႔ဒ္က ဒိုင္ဗင္ထိုးဖို႔ ႀကိဳးပမ္းခဲ့မႈအတြက္ အနီကတ္နဲ႔ ေတာင္ ထုတ္ပယ္ခံခဲ့ရသင့္တယ္”လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။

ပရိသတ္တစ္ဦးကေတာ့ ဘာဇာႏူဟာ အသက္ ၂၅ ႏွစ္အ႐ြယ္ တိုက္စစ္မႉးရဲ႕ ဒူးေခါင္းကို ထိေတြ႕မႈရွိခဲ့တယ္ဆိုတာကို ျပသႏိုင္ခဲ့တဲ့ ရႈေထာင့္ကို ရွာေတြ႕ခဲ့ၿပီး ရက္ရွ္ဖို႔ဒ္အေနနဲ႔ လြယ္လြယ္ကူကူနဲ႔ လဲက်သြားခဲ့တယ္ဆိုတဲ့အခ်က္အေပၚမွာေတာ့ အျငင္းအခုံ မရွိခဲ့တာျဖစ္ပါတယ္။

ပထမပိုင္းမွာ ကာစီမီ႐ို တိုက္႐ိုက္အနီကတ္နဲ႔ ထုတ္ပယ္ခံခဲ့ရၿပီးေနာက္ ရက္ရွ္ဖို႔ဒ္ဟာ တန္ဟက္ရဲ႕အသင္းကို ႏိုင္ပြဲရရွိေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့ျခင္းမရွိတာျဖစ္ၿပီး မန္ခ်က္စတာယူႏိုက္တက္ဟာ ၿပီးခဲ့တဲ့ လီဗာပူးလ္နဲ႔ပြဲမွာ ၇-၀ နဲ႔ ရႈံးနိမ့္ခဲ့ရာကေန ႏိုင္ပြဲနဲ႔ျပန္လာႏိုင္မယ္လို႔ ေမွ်ာ္မွန္းျခင္း ခံခဲ့ရတာ ျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ အားထားရတဲ့ အဓိကကစားသမားျဖစ္တဲ့ ကာစီမီ႐ိုဟာ ေဆာက္သမ္တန္နဲ႔ပြဲစဥ္မွာ ယခုရာသီရဲ႕ ဒုတိယ​ေျမာက္ အနီကတ္ကို ျပသျခင္းခံခဲ့ရတာေၾကာင့္ ၄ ပြဲအထိ ပြဲပယ္ျပစ္ဒဏ္ က်ခံရေတာ့မွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.