Premier League

မန်ယူတို့ကို အခက်တွေ့စေခဲ့ပြီး ကြီးမားတဲ့ ပွဲပယ်မှုနဲ့ ရင်ဆိုင်ရမယ့် ကာစီမီရို

ဆောက်သမ်တန်နဲ့ အိမ်ကွင်းပွဲစဉ်မှာ အန္တရာယ်များတဲ့ ဖျက်ထုတ်မှုကို ကျူးလွန်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ ကာစီမီရိုအနေနဲ့ သူ့ရဲ့ မိုက်မဲမှုအတွက် ပွဲချိန်အတွင်းမှာပဲ တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခြင်းကို ခံခဲ့ရသလို ပရီးမီးယားလိဂ်မှာ ရပ်တည်မှုကောင်းဖို့ ကြိုးစားနေခဲ့တဲ့ အသင်းအတွက်တော့ ထိုးနှက်မှုအနေနဲ့ ကြီးမားတဲ့ ပွဲပယ်ပြစ်ဒဏ်ကို ရင်ဆိုင်ရတော့မှာပဲဖြစ်ပါတယ်။

အိုးလ်ထရက်ဖို့ဒ်က တနင်္ဂနွေနေ့ ပွဲစဉ်ရဲ့ ပွဲချိန် ၃၂ မိနစ်မှာ ဆောက်သမ်တန်ကွင်းလယ်လူ ကားလို့စ် အယ်လ်ကာရက်ဇ်ကို ခြေထောက်ကျိုးသွားစေနိုင်တဲ့ ဖျက်ထုတ်မှုကို မလိုအပ်ဘဲ ပြုလုပ်ခဲ့တဲ့ အသက် ၃၁ နှစ်အရွယ် ဘရာဇီးလ်သားအနေနဲ့ စစချင်းမှာ အဝါကတ်သာ ရရှိခဲ့ပေမယ့် ဒိုင်လူကြီး အန်ထော်နီ တေလာကို VAR ပြန်ကြည့်ဖို့ ညွှန်ကြားခံရအပြီးမှာတော့ အနီကတ်အဖြစ် ပြောင်းလဲပြသခံခဲ့ရတာပါ။

ဒီအနီကတ်ကြောင့် မန်ချက်စတာယူနိုက်တက်တို့အနေနဲ့ အိမ်ကွင်းမှာ ဆယ်ယောက်နဲ့ မရှုံးအောင် မနည်းရုန်းကန်ခဲ့ရပြီး သရေတစ်မှတ်သာ ရရှိခဲ့ချိန်မှာ ကာစီမီရိုကို အပြစ်တင်စရာဖြစ်ခဲ့ပေမယ့် နည်းပြ အဲရစ် တန်ဟတ်ရဲ့ ဆိုးရွားတဲ့ ကွင်းလယ်အထိုင်ကို ရွေးချယ်ခဲ့မှုကြောင့် ခုလိုမျိုး စိတ်ပျက်စရာ ဖြစ်ခဲ့ရတာလို့လည်း ပြစ်တင်မှုတွေ ရှိနေခဲ့ပါတယ်။

သာမန်အားဖြင့် ကွင်းလယ်မှာ ကာစီမီရိုကို ဖရက်ဒ်နဲ့ အများဆုံးတွဲပြီး အသုံးပြုချိန်မှာ အရေးမကြီးတဲ့ ယူရိုပါလိဂ်ပွဲစဉ်အတွက် မလိုအပ်ဘဲ အနားပေးခဲ့ပြီး စကော့ မက်တော်မီနေးကိုလည်း ထည့်သွင်းသင့်ချိန်မှာ ခံစစ်ကို မကူနိုင်တဲ့ ဘရူနို ဖာနန်ဒက်စ်နဲ့ တွဲဖက်ပေးခဲ့တာက ၁၁ ယောက်ချင်း ကစားနေစဉ်မှာကိုပဲ ဆောက်သမ်တန်ကွင်းလယ်ရဲ့ ဖိအားမှာ ရုန်းကန်ခဲ့ရစေတာပါ။

ကွင်းထဲက ထွက်ခွာခဲ့ရချိန်မှာ မျက်ရည်ကျခဲ့ရပြီး နောက်ဆုံးမှာတော့ ရှုံးပွဲအတွက် တရားခံဖြစ်ခဲ့ရတဲ့ ကာစီမီရိုအနေနဲ့ တိုက်ရိုက်အနီကတ်အတွက် သုံးပွဲပယ်ခံရမယ့်အချိန်မှာ တစ်ရာသီအတွင်း ဒုတိယမြောက် အနီကတ်ကို ထိခဲ့တဲ့အတွက် ထပ်ဆောင်းပြစ်ဒဏ် တစ်ပွဲပါ ကျခံရတော့မှာဖြစ်သလို ယူနိုက်တက်တို့ရဲ့ လာမယ့် ပရီးမီးယားလိဂ်ပွဲစဉ် လေးပွဲကို လွဲချော်တော့မှာလည်းဖြစ်ပါတယ်။

ကာစီမီရိုအနေနဲ့ ၃၉ ရက်အတွင်းမှာ တိုက်ရိုက်အနီကတ် ၂ ကတ်နဲ့ စည်းကမ်းပိုင်းဆိုင်ရာမှာ အဆိုးရွားဆုံးဖြစ်ခဲ့သလို ဒါက သူ့အတွက်တော့ ကာလတိုအတွင်း ရီးရဲလ်မက်ဒရစ်အသင်းမှာ ကိုးရာသီ ကစားခဲ့စဉ်က ရရှိခဲ့တဲ့ အနီကတ်စံချိန်ကို လိုက်မီသွားခဲ့တာဖြစ်ပြီး ဝေဖန်သူတွေကတော့ VAR ခေတ်မှာ ဒီလို မိုက်မဲတဲ့ လုပ်ရပ်တွေကို ရှောင်လွှဲရလိမ့်မယ်လို့ ဆိုခဲ့ကြတာပါ။

သူ့မပါဝင်ဘဲ ကစားရမယ့် ယူနိုက်တက်တို့ရဲ့ ပွဲစဉ်တွေကတော့ ဖူလ်ဟမ်(အိမ်)၊ နယူးကာဆယ်လ်(အဝေး)၊ ဘရန့်ဖို့ဒ်(အိမ်)နဲ့ အဲဗာတန်(အိမ်) ပွဲစဉ်တွေဖြစ်ကြပြီး ခက်ခဲတဲ့ အသင်းကြီးတွေနဲ့ တွေ့ဆုံမှု မဟုတ်ပေမယ့် ဒုက္ခပေးနေကျ နယူးကာဆယ်လ်၊ ဘရန့်ဖို့ဒ်တို့နဲ့ ပွဲစဉ်တွေမှာတော့ ရုန်းကန်ရဖို့ ရှိလာနိုင်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းကနေ ပြောင်းရွှေ့ကြေး ပေါင်သန်း ၇၀ နဲ့ အိုးလ်ထရက်ဖို့ဒ်ဆီ ရောက်ရှိလာခဲ့တဲ့ ကာစီမီရိုဟာ အသင်းရဲ့ ခံစစ်ပိုင်းကို မာကျောစေခဲ့တဲ့ Tank ကြီးလို့ ပရိသတ်တွေရဲ့ အားပေးမှုကိုလည်း ရရှိထားသူဖြစ်ပြီး ပရီးမီးယားလိဂ် ၁၉ ပွဲမှာ ၂ ဂိုး သွင်းယူခဲ့သလို ပြိုင်ပွဲစုံသွင်းဂိုး ၅ ဂိုးအထိ ရယူထားနိုင်ခဲ့ပြီး သူ့ရဲ့ ဂိုးတွေက သရဲနီတွေအတွက် အရေးပါတဲ့ ဂိုးတွေလည်း ဖြစ်နေတတ်တာပါ။

ကာစီမီရိုအနေနဲ့ လာမယ့်ပွဲတွေမှာ ခံစားရမယ့် ပြစ်ဒဏ်နဲ့အတူ မန်ချက်စတာယူနိုက်တက်အတွက် ပွဲပယ်ခံရမှုက ခုနစ်ပွဲအထိ ရှိလာတော့မှာဖြစ်ပြီး သူ့ရဲ့ ကွက်လပ်ကိုတော့ ဖရက်ဒ်၊ မက်တော်မီနေးနဲ့ အငှားကစားသမား မာဆယ်လ် ဆာဘစ်ဇာတို့က နေရာဝင်ရယူရဖို့ ရှိနေခဲ့သလို နည်းပြ တန်ဟတ်အတွက်တော့ ခေါင်းကိုက်စရာဖြစ်လာခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေဆာက္သမ္တန္နဲ႔ အိမ္ကြင္းပြဲစဥ္မွာ အႏၲရာယ္မ်ားတဲ့ ဖ်က္ထုတ္မႈကို က်ဴးလြန္ခဲ့တဲ့ မန္ခ်က္စတာယူႏိုက္တက္ကြင္းလယ္လူ ကာစီမီ႐ိုအေနနဲ႔ သူ႔ရဲ႕ မိုက္မဲမႈအတြက္ ပြဲခ်ိန္အတြင္းမွာပဲ တိုက္႐ိုက္အနီကတ္နဲ႔ ထုတ္ပယ္ျခင္းကို ခံခဲ့ရသလို ပရီးမီးယားလိဂ္မွာ ရပ္တည္မႈေကာင္းဖို႔ ႀကိဳးစားေနခဲ့တဲ့ အသင္းအတြက္ေတာ့ ထိုးႏွက္မႈအေနနဲ႔ ႀကီးမားတဲ့ ပြဲပယ္ျပစ္ဒဏ္ကို ရင္ဆိုင္ရေတာ့မွာပဲျဖစ္ပါတယ္။

အိုးလ္ထရက္ဖို႔ဒ္က တနဂၤေႏြေန႔ ပြဲစဥ္ရဲ႕ ပြဲခ်ိန္ ၃၂ မိနစ္မွာ ေဆာက္သမ္တန္ကြင္းလယ္လူ ကားလို႔စ္ အယ္လ္ကာရက္ဇ္ကို ေျခေထာက္က်ိဳးသြားေစႏိုင္တဲ့ ဖ်က္ထုတ္မႈကို မလိုအပ္ဘဲ ျပဳလုပ္ခဲ့တဲ့ အသက္ ၃၁ ႏွစ္အ႐ြယ္ ဘရာဇီးလ္သားအေနနဲ႔ စစခ်င္းမွာ အဝါကတ္သာ ရရွိခဲ့ေပမယ့္ ဒိုင္လူႀကီး အန္ေထာ္နီ ေတလာကို VAR ျပန္ၾကည့္ဖို႔ ၫႊန္ၾကားခံရအၿပီးမွာေတာ့ အနီကတ္အျဖစ္ ေျပာင္းလဲျပသခံခဲ့ရတာပါ။

ဒီအနီကတ္ေၾကာင့္ မန္ခ်က္စတာယူႏိုက္တက္တို႔အေနနဲ႔ အိမ္ကြင္းမွာ ဆယ္ေယာက္နဲ႔ မရႈံးေအာင္ မနည္း႐ုန္းကန္ခဲ့ရၿပီး သေရတစ္မွတ္သာ ရရွိခဲ့ခ်ိန္မွာ ကာစီမီ႐ိုကို အျပစ္တင္စရာျဖစ္ခဲ့ေပမယ့္ နည္းျပ အဲရစ္ တန္ဟတ္ရဲ႕ ဆိုး႐ြားတဲ့ ကြင္းလယ္အထိုင္ကို ေ႐ြးခ်ယ္ခဲ့မႈေၾကာင့္ ခုလိုမ်ိဳး စိတ္ပ်က္စရာ ျဖစ္ခဲ့ရတာလို႔လည္း ျပစ္တင္မႈေတြ ရွိေနခဲ့ပါတယ္။

သာမန္အားျဖင့္ ကြင္းလယ္မွာ ကာစီမီ႐ိုကို ဖရက္ဒ္နဲ႔ အမ်ားဆုံးတြဲၿပီး အသုံးျပဳခ်ိန္မွာ အေရးမႀကီးတဲ့ ယူ႐ိုပါလိဂ္ပြဲစဥ္အတြက္ မလိုအပ္ဘဲ အနားေပးခဲ့ၿပီး စေကာ့ မက္ေတာ္မီေနးကိုလည္း ထည့္သြင္းသင့္ခ်ိန္မွာ ခံစစ္ကို မကူႏိုင္တဲ့ ဘ႐ူႏို ဖာနန္ဒက္စ္နဲ႔ တြဲဖက္ေပးခဲ့တာက ၁၁ ေယာက္ခ်င္း ကစားေနစဥ္မွာကိုပဲ ေဆာက္သမ္တန္ကြင္းလယ္ရဲ႕ ဖိအားမွာ ႐ုန္းကန္ခဲ့ရေစတာပါ။

ကြင္းထဲက ထြက္ခြာခဲ့ရခ်ိန္မွာ မ်က္ရည္က်ခဲ့ရၿပီး ေနာက္ဆုံးမွာေတာ့ ရႈံးပြဲအတြက္ တရားခံျဖစ္ခဲ့ရတဲ့ ကာစီမီ႐ိုအေနနဲ႔ တိုက္႐ိုက္အနီကတ္အတြက္ သုံးပြဲပယ္ခံရမယ့္အခ်ိန္မွာ တစ္ရာသီအတြင္း ဒုတိယေျမာက္ အနီကတ္ကို ထိခဲ့တဲ့အတြက္ ထပ္ေဆာင္းျပစ္ဒဏ္ တစ္ပြဲပါ က်ခံရေတာ့မွာျဖစ္သလို ယူႏိုက္တက္တို႔ရဲ႕ လာမယ့္ ပရီးမီးယားလိဂ္ပြဲစဥ္ ေလးပြဲကို လြဲေခ်ာ္ေတာ့မွာလည္းျဖစ္ပါတယ္။

ကာစီမီ႐ိုအေနနဲ႔ ၃၉ ရက္အတြင္းမွာ တိုက္႐ိုက္အနီကတ္ ၂ ကတ္နဲ႔ စည္းကမ္းပိုင္းဆိုင္ရာမွာ အဆိုး႐ြားဆုံးျဖစ္ခဲ့သလို ဒါက သူ႔အတြက္ေတာ့ ကာလတိုအတြင္း ရီးရဲလ္မက္ဒရစ္အသင္းမွာ ကိုးရာသီ ကစားခဲ့စဥ္က ရရွိခဲ့တဲ့ အနီကတ္စံခ်ိန္ကို လိုက္မီသြားခဲ့တာျဖစ္ၿပီး ေဝဖန္သူေတြကေတာ့ VAR ေခတ္မွာ ဒီလို မိုက္မဲတဲ့ လုပ္ရပ္ေတြကို ေရွာင္လႊဲရလိမ့္မယ္လို႔ ဆိုခဲ့ၾကတာပါ။

သူ႔မပါဝင္ဘဲ ကစားရမယ့္ ယူႏိုက္တက္တို႔ရဲ႕ ပြဲစဥ္ေတြကေတာ့ ဖူလ္ဟမ္(အိမ္)၊ နယူးကာဆယ္လ္(အေဝး)၊ ဘရန႔္ဖို႔ဒ္(အိမ္)နဲ႔ အဲဗာတန္(အိမ္) ပြဲစဥ္ေတြျဖစ္ၾကၿပီး ခက္ခဲတဲ့ အသင္းႀကီးေတြနဲ႔ ေတြ႕ဆုံမႈ မဟုတ္ေပမယ့္ ဒုကၡေပးေနက် နယူးကာဆယ္လ္၊ ဘရန႔္ဖို႔ဒ္တို႔နဲ႔ ပြဲစဥ္ေတြမွာေတာ့ ႐ုန္းကန္ရဖို႔ ရွိလာႏိုင္ပါတယ္။

ရီးရဲလ္မက္ဒရစ္အသင္းကေန ေျပာင္းေ႐ႊ႕ေၾကး ေပါင္သန္း ၇၀ နဲ႔ အိုးလ္ထရက္ဖို႔ဒ္ဆီ ေရာက္ရွိလာခဲ့တဲ့ ကာစီမီ႐ိုဟာ အသင္းရဲ႕ ခံစစ္ပိုင္းကို မာေက်ာေစခဲ့တဲ့ Tank ႀကီးလို႔ ပရိသတ္ေတြရဲ႕ အားေပးမႈကိုလည္း ရရွိထားသူျဖစ္ၿပီး ပရီးမီးယားလိဂ္ ၁၉ ပြဲမွာ ၂ ဂိုး သြင္းယူခဲ့သလို ၿပိဳင္ပြဲစုံသြင္းဂိုး ၅ ဂိုးအထိ ရယူထားႏိုင္ခဲ့ၿပီး သူ႔ရဲ႕ ဂိုးေတြက သရဲနီေတြအတြက္ အေရးပါတဲ့ ဂိုးေတြလည္း ျဖစ္ေနတတ္တာပါ။

ကာစီမီ႐ိုအေနနဲ႔ လာမယ့္ပြဲေတြမွာ ခံစားရမယ့္ ျပစ္ဒဏ္နဲ႔အတူ မန္ခ်က္စတာယူႏိုက္တက္အတြက္ ပြဲပယ္ခံရမႈက ခုနစ္ပြဲအထိ ရွိလာေတာ့မွာျဖစ္ၿပီး သူ႔ရဲ႕ ကြက္လပ္ကိုေတာ့ ဖရက္ဒ္၊ မက္ေတာ္မီေနးနဲ႔ အငွားကစားသမား မာဆယ္လ္ ဆာဘစ္ဇာတို႔က ေနရာဝင္ရယူရဖို႔ ရွိေနခဲ့သလို နည္းျပ တန္ဟတ္အတြက္ေတာ့ ေခါင္းကိုက္စရာျဖစ္လာခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.