Match Report Premier League

အဆင့် ၄ အတွက် ကြိုးစားရုန်းကန်ပြီး ဝံပုလွေတွေကို အနိုင်ယူခဲ့တဲ့ ငှက်ကျားများ

နယူးကာဆယ်လ်ယူနိုက်တက်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား နစ်ခ် ပုပ်၊ ခံစစ်မှာ ထရစ်ပီယာ၊ ရှား၊ ဘော့တ်မန်နဲ့ ဒန်ဘန်းတို့ကိုပဲ အသုံးပြုလာခဲ့သလို ကွင်းလယ်မှာတော့ ဘရူနို ဂီမာရိုင်းစ်၊ လောင်းစတပ်ဖ်နဲ့ ဝီလော့ခ်တို့ကို အထိုင်ချထားခဲ့ပြီး တိုက်စစ်မှာတော့ မာဖီ၊ စန်မက်ဇီမန်နဲ့ အီဆက်ခ်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် ဝုလ်ဗာဟမ့်ပ်တန်တို့ကတော့ ဂိုးသမား ဂျိုဆေးဆား၊ ခံစစ်မှာ ကေးလ်မန်း၊ ဒေါ်ဆန်၊ ဆီမီဒိုနဲ့ ဂျွန်နီ အော့တိုတို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ လီမီနာ၊ ရူဘင် နာဗက်စ်နဲ့ မော်တင်ညိုတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ပိုဒင့်စ်၊ အဒါမာ ထရာအိုရေးနဲ့ ရာအူးလ် ဟီမီနက်ဇ်တို့ကို တွဲဖက်ပေးလာခဲ့တာပါ။

စပိန်နည်းပြဟောင်း လိုပီတီဂီရဲ့ ဝုလ်ဗ်စ်အသင်းအနေနဲ့ အဆင့်အတန်းရှိတဲ့ ကစားပုံတစ်ခုကို တည်ဆောက်ထားနိုင်တာကြောင့် ငှက်ကျားတွေ ဘောလုံးကိုင်ကစားဖို့ထက် Direct Attacking ပုံစံကိုပဲ ရွေးချယ်ခဲ့ရပြီး အိမ်ကွင်းမှာ အတိုင်းအတာတစ်ခုအထိ ခြိမ်းခြောက်နိုင်ခဲ့ချိန်မှာ တိုက်စစ်ပိုင်းကတော့ အဆုံးသတ်ပိုင်းတွေမှာ အသင်းကြီးအဆင့်ရောက်ဖို့အတွက် လိုအပ်နေဆဲပဲဖြစ်ခဲ့ပါတယ်။

ပွဲချိန် ၂၆ မိနစ်မှာတော့ နယူးကာဆယ်လ်တို့ အဖွင့်ဂိုး သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ထရစ်ပီယာရဲ့ ဖရီးကစ်ကနေ အရပ်ပုတဲ့ ဂျွန်နီ အော့တိုပေါ်ကနေ ကွက်တိရောက်လာခဲ့တဲ့ ဘောလုံးကို အီဆက်ခ်က ခေါင်းတိုက်သွင်းယူခဲ့ရာမှာ Footwork နှေးနေတဲ့ ဂိုးသမား ဂျိုဆေးဆား မကာကွယ်နိုင်ခဲ့ဘဲ ဂိုးပေးလိုက်ရတာပါ။

ဂိုးရပြီး သိပ်မကြာခင်မှာပဲ တန်ပြန်တိုက်စစ်ကနေ အီဆက်ခ် ချိုးပေးတာကို အိုးနင်းခွက်နင်း ကာကွယ်တဲ့ ဝုလ်ဗ်စ်ခံစစ်ကြားကနေ အိမ်ရှင်တွေ ဂိုးထပ်သွင်းဖို့ ကြိုးစားခဲ့ကြပေမယ့် ဧည့်သည်တေွ အလဲလဲအကွဲကွဲနဲ့ ကံကောင်းသွားခဲ့ရပြီး 4 Back ကစားနေတာရော သိရဲ့လားလို့ မေးရမယ့် ဘာစီလိုနာက ကန်ထုတ်လိုက်တဲ့ ဆီမီဒိုကတော့ နောက်ပြန်မဆင်းနိုင်တာကြောင့် သူ့နေရာကချည်း ထိုးဖောက်ခံနေခဲ့ရတာဖြစ်ပါတယ်။

ဒီနောက်မှာ အိမ်ရှင်တွေ တဒိုင်းဒိုင်းကန်သွင်းနေခဲ့ကြပေမယ့် ဝုလ်ဗ်စ်ခံစစ်နဲ့ပဲ ထိထွက်နေခဲ့သလို ဖောချင်းသောချင်းရတဲ့ ထောင့်ကန်ဘောတွေကနေ ဘရူနို ဂီမာရိုင်းစ်ရဲ့ အနီးကပ် ခေါင်းတိုက်ချက်ကလည်း ဘားထိထွက်ခဲ့ပြီး ဧည့်သညတွေဘက်ကတော့ ပိုဒင့်စ်ရဲ့ တစ်ကိုယ်တော် ကန်ချက်က တိုင်ထိထွက်ခဲ့လို့ နယူးကာဆယ်လ်တို့ တစ်ဂိုး-ဂိုးမရှိနဲ့ပဲ ဦးဆောင်နိုင်ခဲ့ကြတာပါ။

ဒုတိယပိုင်းအစမှာတော့ အဒါမာ ထရာအိုရေးအစား နီတိုကို လဲခဲ့ပေမယ့် သုံးစားမရတဲ့ နောက်ခံအစွန်လူတွေကို ကစားပုံ အပြောင်းအလဲလုပ်ဖို့ မညွှန်ကြားနိုင်ခဲ့ဘဲ Plan A အလုပ်မဖြစ်ရင် ဘာမှ မလုပ်တတ်ပုံရတဲ့ လိုပီတီဂီကြောင့် ဝုလ်ဗ်စ်တို့အနေနဲ့ တောင်ပံတွေကနေ နယူးကာဆယ်လ်တို့ နှိပ်စက်သမျှ ခံစားနေခဲ့ရပြီး ပွဲချိန် ၅၈ မိနစ်မှာတော့ နီတိုရဲ့ ဖရီးကစ်ကိုတော့ ဂိုးသမား နစ်ခ် ပုပ်က ခက်ခက်ခဲခဲ ကာကွယ်ခဲ့ရပါတယ်။

ပွဲချိန် ၅၉ မိနစ်မှာ ငှက်ကျားတို့ရဲ့ တန်ပြန်တိုက်စစ်ကနေ မာဖီ ဆွဲပြေးလာတာကို နောက်ကနေ ဆွဲလှဲခဲ့တဲ့ Last Defender ဆီမီဒိုကို ဒိုင်လူကြီး အန်ဒီ မက်ဒ်လီက အနီပြရမယ့်အစား အဝါနဲ့ သက်ညှာသွားခဲ့ကြောင့် ဝုလ်ဗ်စ်တို့ သက်သာခဲ့ရသလို ဒီနောက်မှာတော့ အလုပ်မဖြစ်တဲ့ အသင်းကို ပြင်ဆင်ဖို့ ဂျွန်နီ အော့တို၊ ပိုဒင့်စ်၊ ရူဘင် နာဗက်စ်တို့အစား အိုက်နူရီ၊ ဟွမ်းဟီးချန်းနဲ့ မက်သီယူး နူးနက်စ်တို့ကို ထည့်သွင်းလာခဲ့တာပါ။

ပွဲချိန် မိနစ် ၇၀ မှာတော့ ဝုလ်ဗ်စ်တို့ ချေပဂိုး ပြန်လည်သွင်းယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ဟွမ်းဟီးချန်းရဲ့ ဧရိယာထဲ တိုးဝင်မှုကနေ ရာအူးလ် ဟီမီနက်ဇ်က ရယူဖို့ ကြိုးစားရာမှာ ထွက်ဖမ်းဖို့ ကြိုးစားတဲ့ ဂိုးသမား နစ်ခ် ပုပ်နဲ့ နားလည်မှုလွဲပြီး လျှောထိုးဖျက်ခဲ့တဲ့ ထရစ်ပီယာရဲ့ အမှားကြောင့် ထွက်လာခဲ့တဲ့ ဘောလုံးကို ဟွမ်းဟီးချန်းကပဲ ပိတ်သွင်းနိုင်ခဲ့လို့ တစ်ဂိုးစီသရေပြန်ဖြစ်နေခဲ့ပါတယ်။

တစ်ဂိုးစီ သရေကျခဲ့အပြီးမှာတော့ နည်းစနစ်ပိုင်း ကျေညက်ပေမယ့် နည်းဗျူဟာပိုင်းမှာ တုံးအပုံရတဲ့ ဝုလ်ဗ်စ်နည်းပြ လိုပီတီဂီအနေနဲ့ သူ့ရဲ့ အသင်းကို Shut Down ချဖို့ ကြိုးစားခဲ့ပြီး မော်တင်ညိုအစား ကောလင်းစ်ကို ထည့်ပြီး ၃-၄-၃ ပြောင်းကစားခဲ့ချိန်မှာ ငှက်ကျားတို့ကတော့ တိုက်စစ်မြှင့်ပြီး နဂိုကတည်းကမှ စိတ်ဓာတ်ရေးရာအရ သာလွန်နေတဲ့ ခြိမ်းခြောက်မှုတွေကို ဆက်လက်ပြုလုပ်နိုင်ခဲ့တာပါ။

ပွဲချိန် ၇၉ မိနစ်မှာတော့ သရေတစ်မှတ်ယူမယ့် ဝုလ်ဗ်စ်တို့ကို နယူးကာဆယ်လ်တို့ ရိုက်ခွဲပစ်ခဲ့ပြီး အနိုင်ဂိုး ရယူသွားခဲ့သလို ဒီဂိုးကိုတော့ ညာတောင်ပံကနေ ဆွဲဝင်လာခဲ့တဲ့ လူစားဝင်ကစားသမား အယ်လ်မီရွန်က ဝီလော့ခ်နဲ့ ဝမ်းတူးရိုက်ထွက်ပြီး ဧရိယာထဲကနေ ကန်သွင်းခဲ့ရာမှာ နောက်ခံလူ ကေးလ်မန်းနဲ့ထိပြီး လမ်းကြောင်းပြောင်းသွားခဲ့လို့ ဂျိုဆေးဆား မကာကွယ်နိုင်ဘဲ ဂိုးပေးခဲ့ရတာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ တန်းဆင်းဇုန်နဲ့ ဝေးပြီး တစ်မှတ်လောက်ရရင် တော်ပြီဆိုတဲ့စိတ်နဲ့ လာခဲ့တဲ့ ဧည့်သည် ဝုလ်ဗ်စ်တို့ကို အနိုင်ရမှဖြစ်မယ်ဆိုတဲ့ အိမ်ရှင် နယူးကာဆယ်လ်တို့က ထိုက်ထိုက်တန်တန် အနိုင်ယူသွားခဲ့သလို ပရီးမီးယားလိဂ်မှာ ငါးပွဲဆက်တိုက် နိုင်ပွဲပျောက်မှုကို အဆုံးသတ်နိုင်ခဲ့ပြီး အဆင့် ၄ ကို ပြန်လည်စိန်ခေါ်ဖို့ လမ်းကြောင်းမှန်ပေါ်ကို ပြန်လည်တက်လှမ်းလာနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

နယူးကာဆယ္လ္ယူႏိုက္တက္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား နစ္ခ္ ပုပ္၊ ခံစစ္မွာ ထရစ္ပီယာ၊ ရွား၊ ေဘာ့တ္မန္နဲ႔ ဒန္ဘန္းတို႔ကိုပဲ အသုံးျပဳလာခဲ့သလို ကြင္းလယ္မွာေတာ့ ဘ႐ူႏို ဂီမာ႐ိုင္းစ္၊ ေလာင္းစတပ္ဖ္နဲ႔ ဝီေလာ့ခ္တို႔ကို အထိုင္ခ်ထားခဲ့ၿပီး တိုက္စစ္မွာေတာ့ မာဖီ၊ စန္မက္ဇီမန္နဲ႔ အီဆက္ခ္တို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

ဧည့္သည္ ဝုလ္ဗာဟမ့္ပ္တန္တို႔ကေတာ့ ဂိုးသမား ဂ်ိဳေဆးဆား၊ ခံစစ္မွာ ေကးလ္မန္း၊ ေဒၚဆန္၊ ဆီမီဒိုနဲ႔ ဂြၽန္နီ ေအာ့တိုတို႔ကို ကစားေစခဲ့ၿပီး ကြင္းလယ္မွာေတာ့ လီမီနာ၊ ႐ူဘင္ နာဗက္စ္နဲ႔ ေမာ္တင္ညိဳတို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ပိုဒင့္စ္၊ အဒါမာ ထရာအိုေရးနဲ႔ ရာအူးလ္ ဟီမီနက္ဇ္တို႔ကို တြဲဖက္ေပးလာခဲ့တာပါ။

စပိန္နည္းျပေဟာင္း လိုပီတီဂီရဲ႕ ဝုလ္ဗ္စ္အသင္းအေနနဲ႔ အဆင့္အတန္းရွိတဲ့ ကစားပုံတစ္ခုကို တည္ေဆာက္ထားႏိုင္တာေၾကာင့္ ငွက္က်ားေတြ ေဘာလုံးကိုင္ကစားဖို႔ထက္ Direct Attacking ပုံစံကိုပဲ ေ႐ြးခ်ယ္ခဲ့ရၿပီး အိမ္ကြင္းမွာ အတိုင္းအတာတစ္ခုအထိ ၿခိမ္းေျခာက္ႏိုင္ခဲ့ခ်ိန္မွာ တိုက္စစ္ပိုင္းကေတာ့ အဆုံးသတ္ပိုင္းေတြမွာ အသင္းႀကီးအဆင့္ေရာက္ဖို႔အတြက္ လိုအပ္ေနဆဲပဲျဖစ္ခဲ့ပါတယ္။

ပြဲခ်ိန္ ၂၆ မိနစ္မွာေတာ့ နယူးကာဆယ္လ္တို႔ အဖြင့္ဂိုး သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ထရစ္ပီယာရဲ႕ ဖရီးကစ္ကေန အရပ္ပုတဲ့ ဂြၽန္နီ ေအာ့တိုေပၚကေန ကြက္တိေရာက္လာခဲ့တဲ့ ေဘာလုံးကို အီဆက္ခ္က ေခါင္းတိုက္သြင္းယူခဲ့ရာမွာ Footwork ေႏွးေနတဲ့ ဂိုးသမား ဂ်ိဳေဆးဆား မကာကြယ္ႏိုင္ခဲ့ဘဲ ဂိုးေပးလိုက္ရတာပါ။

ဂိုးရၿပီး သိပ္မၾကာခင္မွာပဲ တန္ျပန္တိုက္စစ္ကေန အီဆက္ခ္ ခ်ိဳးေပးတာကို အိုးနင္းခြက္နင္း ကာကြယ္တဲ့ ဝုလ္ဗ္စ္ခံစစ္ၾကားကေန အိမ္ရွင္ေတြ ဂိုးထပ္သြင္းဖို႔ ႀကိဳးစားခဲ့ၾကေပမယ့္ ဧည့္သည္ေတြ အလဲလဲအကြဲကြဲနဲ႔ ကံေကာင္းသြားခဲ့ရၿပီး 4 Back ကစားေနတာေရာ သိရဲ႕လားလို႔ ေမးရမယ့္ ဘာစီလိုနာက ကန္ထုတ္လိုက္တဲ့ ဆီမီဒိုကေတာ့ ေနာက္ျပန္မဆင္းႏိုင္တာေၾကာင့္ သူ႔ေနရာကခ်ည္း ထိုးေဖာက္ခံေနခဲ့ရတာျဖစ္ပါတယ္။

ဒီေနာက္မွာ အိမ္ရွင္ေတြ တဒိုင္းဒိုင္းကန္သြင္းေနခဲ့ၾကေပမယ့္ ဝုလ္ဗ္စ္ခံစစ္နဲ႔ပဲ ထိထြက္ေနခဲ့သလို ေဖာခ်င္းေသာခ်င္းရတဲ့ ေထာင့္ကန္ေဘာေတြကေန ဘ႐ူႏို ဂီမာ႐ိုင္းစ္ရဲ႕ အနီးကပ္ ေခါင္းတိုက္ခ်က္ကလည္း ဘားထိထြက္ခဲ့ၿပီး ဧည့္သညေတြဘက္ကေတာ့ ပိုဒင့္စ္ရဲ႕ တစ္ကိုယ္ေတာ္ ကန္ခ်က္က တိုင္ထိထြက္ခဲ့လို႔ နယူးကာဆယ္လ္တို႔ တစ္ဂိုး-ဂိုးမရွိနဲ႔ပဲ ဦးေဆာင္ႏိုင္ခဲ့ၾကတာပါ။

ဒုတိယပိုင္းအစမွာေတာ့ အဒါမာ ထရာအိုေရးအစား နီတိုကို လဲခဲ့ေပမယ့္ သုံးစားမရတဲ့ ေနာက္ခံအစြန္လူေတြကို ကစားပုံ အေျပာင္းအလဲလုပ္ဖို႔ မၫႊန္ၾကားႏိုင္ခဲ့ဘဲ Plan A အလုပ္မျဖစ္ရင္ ဘာမွ မလုပ္တတ္ပုံရတဲ့ လိုပီတီဂီေၾကာင့္ ဝုလ္ဗ္စ္တို႔အေနနဲ႔ ေတာင္ပံေတြကေန နယူးကာဆယ္လ္တို႔ ႏွိပ္စက္သမွ် ခံစားေနခဲ့ရၿပီး ပြဲခ်ိန္ ၅၈ မိနစ္မွာေတာ့ နီတိုရဲ႕ ဖရီးကစ္ကိုေတာ့ ဂိုးသမား နစ္ခ္ ပုပ္က ခက္ခက္ခဲခဲ ကာကြယ္ခဲ့ရပါတယ္။

ပြဲခ်ိန္ ၅၉ မိနစ္မွာ ငွက္က်ားတို႔ရဲ႕ တန္ျပန္တိုက္စစ္ကေန မာဖီ ဆြဲေျပးလာတာကို ေနာက္ကေန ဆြဲလွဲခဲ့တဲ့ Last Defender ဆီမီဒိုကို ဒိုင္လူႀကီး အန္ဒီ မက္ဒ္လီက အနီျပရမယ့္အစား အဝါနဲ႔ သက္ညႇာသြားခဲ့ေၾကာင့္ ဝုလ္ဗ္စ္တို႔ သက္သာခဲ့ရသလို ဒီေနာက္မွာေတာ့ အလုပ္မျဖစ္တဲ့ အသင္းကို ျပင္ဆင္ဖို႔ ဂြၽန္နီ ေအာ့တို၊ ပိုဒင့္စ္၊ ႐ူဘင္ နာဗက္စ္တို႔အစား အိုက္ႏူရီ၊ ဟြမ္းဟီးခ်န္းနဲ႔ မက္သီယူး ႏူးနက္စ္တို႔ကို ထည့္သြင္းလာခဲ့တာပါ။

ပြဲခ်ိန္ မိနစ္ ၇၀ မွာေတာ့ ဝုလ္ဗ္စ္တို႔ ေခ်ပဂိုး ျပန္လည္သြင္းယူသြားႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ဟြမ္းဟီးခ်န္းရဲ႕ ဧရိယာထဲ တိုးဝင္မႈကေန ရာအူးလ္ ဟီမီနက္ဇ္က ရယူဖို႔ ႀကိဳးစားရာမွာ ထြက္ဖမ္းဖို႔ ႀကိဳးစားတဲ့ ဂိုးသမား နစ္ခ္ ပုပ္နဲ႔ နားလည္မႈလြဲၿပီး ေလွ်ာထိုးဖ်က္ခဲ့တဲ့ ထရစ္ပီယာရဲ႕ အမွားေၾကာင့္ ထြက္လာခဲ့တဲ့ ေဘာလုံးကို ဟြမ္းဟီးခ်န္းကပဲ ပိတ္သြင္းႏိုင္ခဲ့လို႔ တစ္ဂိုးစီသေရျပန္ျဖစ္ေနခဲ့ပါတယ္။

တစ္ဂိုးစီ သေရက်ခဲ့အၿပီးမွာေတာ့ နည္းစနစ္ပိုင္း ေက်ညက္ေပမယ့္ နည္းဗ်ဴဟာပိုင္းမွာ တုံးအပုံရတဲ့ ဝုလ္ဗ္စ္နည္းျပ လိုပီတီဂီအေနနဲ႔ သူ႔ရဲ႕ အသင္းကို Shut Down ခ်ဖို႔ ႀကိဳးစားခဲ့ၿပီး ေမာ္တင္ညိဳအစား ေကာလင္းစ္ကို ထည့္ၿပီး ၃-၄-၃ ေျပာင္းကစားခဲ့ခ်ိန္မွာ ငွက္က်ားတို႔ကေတာ့ တိုက္စစ္ျမႇင့္ၿပီး နဂိုကတည္းကမွ စိတ္ဓာတ္ေရးရာအရ သာလြန္ေနတဲ့ ၿခိမ္းေျခာက္မႈေတြကို ဆက္လက္ျပဳလုပ္ႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၇၉ မိနစ္မွာေတာ့ သေရတစ္မွတ္ယူမယ့္ ဝုလ္ဗ္စ္တို႔ကို နယူးကာဆယ္လ္တို႔ ႐ိုက္ခြဲပစ္ခဲ့ၿပီး အႏိုင္ဂိုး ရယူသြားခဲ့သလို ဒီဂိုးကိုေတာ့ ညာေတာင္ပံကေန ဆြဲဝင္လာခဲ့တဲ့ လူစားဝင္ကစားသမား အယ္လ္မီ႐ြန္က ဝီေလာ့ခ္နဲ႔ ဝမ္းတူး႐ိုက္ထြက္ၿပီး ဧရိယာထဲကေန ကန္သြင္းခဲ့ရာမွာ ေနာက္ခံလူ ေကးလ္မန္းနဲ႔ထိၿပီး လမ္းေၾကာင္းေျပာင္းသြားခဲ့လို႔ ဂ်ိဳေဆးဆား မကာကြယ္ႏိုင္ဘဲ ဂိုးေပးခဲ့ရတာျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ တန္းဆင္းဇုန္နဲ႔ ေဝးၿပီး တစ္မွတ္ေလာက္ရရင္ ေတာ္ၿပီဆိုတဲ့စိတ္နဲ႔ လာခဲ့တဲ့ ဧည့္သည္ ဝုလ္ဗ္စ္တို႔ကို အႏိုင္ရမွျဖစ္မယ္ဆိုတဲ့ အိမ္ရွင္ နယူးကာဆယ္လ္တို႔က ထိုက္ထိုက္တန္တန္ အႏိုင္ယူသြားခဲ့သလို ပရီးမီးယားလိဂ္မွာ ငါးပြဲဆက္တိုက္ ႏိုင္ပြဲေပ်ာက္မႈကို အဆုံးသတ္ႏိုင္ခဲ့ၿပီး အဆင့္ ၄ ကို ျပန္လည္စိန္ေခၚဖို႔ လမ္းေၾကာင္းမွန္ေပၚကို ျပန္လည္တက္လွမ္းလာႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.