Premier League

ရလဒ္ဆုိးေတြက ႏုိးထၾကဖို႔ အသင္းေဖာ္ေတြကို တုိက္တြန္းလုိက္တဲ့ ကိုဗာခ်စ္

ရလဒ္ဆိုးေတြ ဆက္တုိက္ႀကဳံေတြ႕ေနခဲ့ၿပီး ပရီးမီးယားလိဂ္ေနာက္ဆုံး ၄ ပြဲဆက္တုိက္ ႏုိင္ပြဲေပ်ာက္ဆုံးေနခဲ့ၾကတဲ့ ခ်ဲလ္ဆီးအသင္းသားေတြအေနနဲ႔ လာမယ့္ စပါးစ္အသင္းနဲ႔ လန္ဒန္ဒါဘီၿပဳိင္ပြဲမတုိင္ခင္ ဒီအေျခအေနေတြကို ျပန္လည္ေျပာင္းလဲႏိုင္ၾကဖို႔ ကြင္းလယ္လူ မက္တီယို ကိုဗာခ်စ္က ႏွဳိးေဆာ္တုိက္တြန္းလုိက္ပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ ဘန္ေလအသင္းကို ဇန္နဝါရီလ ၁၁ ရက္ေန႔က သုံးဂိုး-ဂိုးမရွိနဲ႔ အႏုိင္ရရွိခဲ့တဲ့ အိမ္ကြင္းပြဲစဥ္မွာ ေနာက္ဆုံးႏုိင္ပြဲကို ရရွိခဲ့တာျဖစ္ၿပီး ၾကားထဲမွာ အက္ဖ္ေအဖလား ဟားလ္စီးတီးကို အႏိုင္ယူခဲ့တာကလြဲရင္ က်န္တဲ့ ပရီးမီးယားလိဂ္ပြဲေတြျဖစ္တဲ့ နယူးကာဆယ္လ္နဲ႔ မန္ယူကို အရွဳံးေပးခဲ့ရၿပီး အာဆင္နယ္နဲ႔ လက္စတာကို သေရက်ခဲ့တာလည္းျဖစ္ပါတယ္။

လက္ရွိမွတ္တမ္းေတြအရ အိမ္ကြင္းစတမ္းဖို႔ဒ္ဘရစ္ခ်္ဟာ ခံတပ္ႀကီးတစ္ခုလုိ လာသမွ် ရန္သူေတြကို အႏိုင္မယူႏုိင္ေတာ့ဘဲ ဆုိးရြားေနခဲ့တဲ့ ေနရာတစ္ခုလည္းျဖစ္ေနၿပီး အိမ္ကြင္းမွာ ႐ွဳံးပြဲ ၅ ပြဲနဲ႔ သေရပြဲ ၃ ပြဲ ရွိခဲ့တာကေတာ့ ပရိသတ္ေတြအတြက္ စိတ္ပ်က္စရာလည္းျဖစ္ခဲ့ပါတယ္။

“ကၽြန္ေတာ္တုိ႔ အခု အဆင့္ေလးမွာ ရပ္တည္ေနတယ္ဆုိတာ ေနရာေကာင္းတစ္ခုကို ဆုပ္ကိုင္ထားတာပဲ။ ဒါေပမယ့္ အားလုံး ဒီအေျခအေနကေန ႏိုးထဖို႔ေတာ့ လိုေနၿပီ။ သူတုိ႔က ေနာက္ကေန ကပ္လုိက္လာၿပီေလ။ လာမယ့္ပြဲေတြကို ရာသီအစကလုိမ်ဳိး ထက္ထက္ျမက္ျမက္နဲ႔ ကစားႏုိင္ဖို႔ လုိေနၿပီ”လို႔ စပါးစ္အသင္းနဲ႔ ေတြ႕ဆုံမွဳမတုိင္ခင္ ကိုဗာခ်စ္က အသင္းေဖာ္ေတြကို သတိေပးလုိက္ပါတယ္။

ဒါေပမယ့္ ရာသီအစ ခ်ဲလ္ဆီးအသင္းနဲ႔ မတူညီတာကေတာ့ တုိက္စစ္မွာ ေျခစြမ္းသာမန္အထက္ရွိတဲ့ တစ္ဦးတည္းေသာ တုိက္စစ္မွဴးျဖစ္တဲ့ တမ္မီ ေအဘရာဟမ္ကို ဆုံးရွဳံးထားရတာျဖစ္ၿပီး သူဟာ စပါးစ္နဲ႔ပြဲမွာေတာ့ ျပန္ပါႏုိင္ဖို႔ ႀကဳိးစားေနတယ္လုိ႔ သိရၿပီး ကြင္းလယ္လူ အန္ဂိုလို ကန္ေတကေတာ့ မန္ယူကို ရွဳံးခဲ့တဲ့ပြဲမွာ ထပ္ၿပီးဒဏ္ရာရသြားတာကေတာ့ ထိုးႏွက္ခ်က္တစ္ခုလည္းျဖစ္ခဲ့တယ္လို႔ သိရွိရပါတယ္။

REF: CHELSEA NEWS
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: ရလဒ်ဆိုးတွေ ဆက်တိုက်ကြုံတွေ့နေခဲ့ပြီး ပရီးမီးယားလိဂ်နောက်ဆုံး ၄ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေခဲ့ကြတဲ့ ချဲလ်ဆီးအသင်းသားတွေအနေနဲ့ လာမယ့် စပါးစ်အသင်းနဲ့ လန်ဒန်ဒါဘီပြိုင်ပွဲမတိုင်ခင် ဒီအခြေအနေတွေကို ပြန်လည်ပြောင်းလဲနိုင်ကြဖို့ ကွင်းလယ်လူ မက်တီယို ကိုဗာချစ်က နှိုးဆော်တိုက်တွန်းလိုက်ပါတယ်။

ချဲလ်ဆီးအသင်းဟာ ဘန်လေအသင်းကို ဇန်နဝါရီလ ၁၁ ရက်နေ့က သုံးဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ အိမ်ကွင်းပွဲစဉ်မှာ နောက်ဆုံးနိုင်ပွဲကို ရရှိခဲ့တာဖြစ်ပြီး ကြားထဲမှာ အက်ဖ်အေဖလား ဟားလ်စီးတီးကို အနိုင်ယူခဲ့တာကလွဲရင် ကျန်တဲ့ ပရီးမီးယားလိဂ်ပွဲတွေဖြစ်တဲ့ နယူးကာဆယ်လ်နဲ့ မန်ယူကို အရှုံးပေးခဲ့ရပြီး အာဆင်နယ်နဲ့ လက်စတာကို သရေကျခဲ့တာလည်းဖြစ်ပါတယ်။

လက်ရှိမှတ်တမ်းတွေအရ အိမ်ကွင်းစတမ်းဖို့ဒ်ဘရစ်ချ်ဟာ ခံတပ်ကြီးတစ်ခုလို လာသမျှ ရန်သူတွေကို အနိုင်မယူနိုင်တော့ဘဲ ဆိုးရွားနေခဲ့တဲ့ နေရာတစ်ခုလည်းဖြစ်နေပြီး အိမ်ကွင်းမှာ ရှုံးပွဲ ၅ ပွဲနဲ့ သရေပွဲ ၃ ပွဲ ရှိခဲ့တာကတော့ ပရိသတ်တွေအတွက် စိတ်ပျက်စရာလည်းဖြစ်ခဲ့ပါတယ်။

“ကျွန်တော်တို့ အခု အဆင့်လေးမှာ ရပ်တည်နေတယ်ဆိုတာ နေရာကောင်းတစ်ခုကို ဆုပ်ကိုင်ထားတာပဲ။ ဒါပေမယ့် အားလုံး ဒီအခြေအနေကနေ နိုးထဖို့တော့ လိုနေပြီ။ သူတို့က နောက်ကနေ ကပ်လိုက်လာပြီလေ။ လာမယ့်ပွဲတွေကို ရာသီအစကလိုမျိုး ထက်ထက်မြက်မြက်နဲ့ ကစားနိုင်ဖို့ လိုနေပြီ”လို့ စပါးစ်အသင်းနဲ့ တွေ့ဆုံမှုမတိုင်ခင် ကိုဗာချစ်က အသင်းဖော်တွေကို သတိပေးလိုက်ပါတယ်။

ဒါပေမယ့် ရာသီအစ ချဲလ်ဆီးအသင်းနဲ့ မတူညီတာကတော့ တိုက်စစ်မှာ ခြေစွမ်းသာမန်အထက်ရှိတဲ့ တစ်ဦးတည်းသော တိုက်စစ်မှူးဖြစ်တဲ့ တမ်မီ အေဘရာဟမ်ကို ဆုံးရှုံးထားရတာဖြစ်ပြီး သူဟာ စပါးစ်နဲ့ပွဲမှာတော့ ပြန်ပါနိုင်ဖို့ ကြိုးစားနေတယ်လို့ သိရပြီး ကွင်းလယ်လူ အန်ဂိုလို ကန်တေကတော့ မန်ယူကို ရှုံးခဲ့တဲ့ပွဲမှာ ထပ်ပြီးဒဏ်ရာရသွားတာကတော့ ထိုးနှက်ချက်တစ်ခုလည်းဖြစ်ခဲ့တယ်လို့ သိရှိရပါတယ်။

REF: CHELSEA NEWS
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.