Premier League Transfer News

ေနာက္ဆုံးရ မန္ခ်က္စတာယူႏုိက္တက္သတင္းမ်ား စုစည္းမွဳ – ၃၀.၉.၂၀၂၀

– တုိက္စစ္ပုိင္းအတြက္ အားျဖည့္မွဳအေနနဲ႔ ရီးရဲလ္မက္ဒရစ္အသင္းတုိက္စစ္မွဴး လူကာ ယုိဗစ္ခ်္ကို မန္ခ်က္စတာယူႏိုက္တက္တို႔ ေခၚယူသြားဖို႔ စုံစမ္းေနၿပီး နာပိုလီရဲ႕ မီလစ္ခ္ထက္ လက္ေတြ႕က်တဲ့ ေခၚယူမွဳျဖစ္လိမ့္မယ္လုိ႔ သုံးသပ္ေနၾက။

– အစၥမိုင္လာ ဆားရ္ကို ေခၚယူႏုိင္ခဲ့ရင္ ဆန္ခ်ဳိကို မရလိုက္တဲ့ ပရိသတ္ေတြရဲ႕ အမ်က္ေဒါသကို ေျဖေလွ်ာ့ေပးႏုိင္မွာျဖစ္ေပမယ့္ ဝတ္ဖို႔ဒ္ဘက္က ဆီနီေဂါေတာင္ပံကစားသမားကို အငွားနဲ႔ ထြက္ခြင့္မျပဳဘဲ အၿပီးသတ္ ေပါင္ ၄၅ သန္းလုိ႔ သတ္မွတ္ထားတာေၾကာင့္ ယူႏိုက္တက္တို႔ စဥ္းစားေနရ။

– မန္ခ်က္စတာယူႏိုက္တက္အသင္းဘက္က စိတ္ဝင္စားေနတဲ့ ေတာင္ပံပစ္မွတ္တစ္ခုျဖစ္တဲ့ အူစမန္ ဒမ္ဘီလီအတြက္ ဘာစီလိုနာအသင္းအေနနဲ႔ ယူ႐ိုသန္း ၅၀ ကေန သန္း ၆၀ ၾကား ကမ္းလွမ္းမွဳရရွိရင္ ေရာင္းခ်သြားဖို႔ စီစဥ္ေန။

– ယူႏိုက္တက္နဲ႔အတူ လုံေလာက္တဲ့ ပြဲထြက္ခြင့္ မရေသးတဲ့ ကြင္းလယ္လူ ဗန္ဒဘိခ္အတြက္ သူ႕ရဲ႕ ေအးဂ်င့္ျဖစ္သူက ေဒါသထြက္ေနၿပီး လူစားဝင္ကစားသမားအျဖစ္ပဲ ကစားေနရတာ မျဖစ္သင့္ေၾကာင္းနဲ႔ အသင္းရဲ႕ ကစားပုံကိုလည္း ေဝဖန္သြား။

– အေျပာင္းအေရႊ႕ပိတ္ဖို႔ ၆ ရက္သာ လိုေတာ့တဲ့ အခ်ိန္အထိ အဲလက္စ္ တဲလက္စ္အတြက္ ေပၚတုိနဲ႔ သေဘာတူညီမွဳ မရယူႏုိင္ေသးဘဲ တစ္ႏွစ္စာခ်ဳပ္သာ က်န္ေတာ့တဲ့ ကစားသမားအတြက္ ယူႏုိက္တက္ဘက္က ေပါင္ ၁၂ သန္းထက္ ပုိမေပးခ်င္ဘဲျဖစ္ေန။

– မန္ခ်က္စတာယူႏုိက္တက္ရဲ႕ ေပါင္ ၉၁ သန္းတန္ ကမ္းလွမ္းမွဳကို ေဒါ့မြန္ ပယ္ခ်လုိက္ၿပီး ေပါင္ ၁၀၈ သန္းမဟုတ္ရင္ လက္မခံဘူးလို႔ တုံ႔ျပန္ခဲ့တာေၾကာင့္ အက္ဒ္ ဝုဒ္ဝဒ္ ေနာက္ဆုတ္ျပန္ခဲ့ရၿပီး ပရိသတ္ေတြကေတာ့ သူ႕ကို ငတုံးလုိ႔ ေခၚဆုိေနၾက။

– ေအစီမီလန္အသင္းကေန အငွားနဲ႔ စတင္ေခၚယူမယ့္ ေပၚတူဂီေနာက္ခံလူ ဒီယိုဂို ဒါေလာ့အတြက္ အသင္းမွာ အားနည္းေနတဲ့ ဘယ္ေနာက္ခံလူအျဖစ္ ကစားေပးႏုိင္တဲ့ သီယို ဟာနန္ဒက္ဇ္ကို ျပန္လည္ေတာင္းဆုိဖို႔ ပရိသတ္ေတြ အႀကံေပးေနၾက။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– တိုက်စစ်ပိုင်းအတွက် အားဖြည့်မှုအနေနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတိုက်စစ်မှူး လူကာ ယိုဗစ်ချ်ကို မန်ချက်စတာယူနိုက်တက်တို့ ခေါ်ယူသွားဖို့ စုံစမ်းနေပြီး နာပိုလီရဲ့ မီလစ်ခ်ထက် လက်တွေ့ကျတဲ့ ခေါ်ယူမှုဖြစ်လိမ့်မယ်လို့ သုံးသပ်နေကြ။

– အစ္စမိုင်လာ ဆားရ်ကို ခေါ်ယူနိုင်ခဲ့ရင် ဆန်ချိုကို မရလိုက်တဲ့ ပရိသတ်တွေရဲ့ အမျက်ဒေါသကို ဖြေလျှော့ပေးနိုင်မှာဖြစ်ပေမယ့် ဝတ်ဖို့ဒ်ဘက်က ဆီနီဂေါတောင်ပံကစားသမားကို အငှားနဲ့ ထွက်ခွင့်မပြုဘဲ အပြီးသတ် ပေါင် ၄၅ သန်းလို့ သတ်မှတ်ထားတာကြောင့် ယူနိုက်တက်တို့ စဉ်းစားနေရ။

– မန်ချက်စတာယူနိုက်တက်အသင်းဘက်က စိတ်ဝင်စားနေတဲ့ တောင်ပံပစ်မှတ်တစ်ခုဖြစ်တဲ့ အူစမန် ဒမ်ဘီလီအတွက် ဘာစီလိုနာအသင်းအနေနဲ့ ယူရိုသန်း ၅၀ ကနေ သန်း ၆၀ ကြား ကမ်းလှမ်းမှုရရှိရင် ရောင်းချသွားဖို့ စီစဉ်နေ။

– ယူနိုက်တက်နဲ့အတူ လုံလောက်တဲ့ ပွဲထွက်ခွင့် မရသေးတဲ့ ကွင်းလယ်လူ ဗန်ဒဘိခ်အတွက် သူ့ရဲ့ အေးဂျင့်ဖြစ်သူက ဒေါသထွက်နေပြီး လူစားဝင်ကစားသမားအဖြစ်ပဲ ကစားနေရတာ မဖြစ်သင့်ကြောင်းနဲ့ အသင်းရဲ့ ကစားပုံကိုလည်း ဝေဖန်သွား။

– အပြောင်းအရွှေ့ပိတ်ဖို့ ၆ ရက်သာ လိုတော့တဲ့ အချိန်အထိ အဲလက်စ် တဲလက်စ်အတွက် ပေါ်တိုနဲ့ သဘောတူညီမှု မရယူနိုင်သေးဘဲ တစ်နှစ်စာချုပ်သာ ကျန်တော့တဲ့ ကစားသမားအတွက် ယူနိုက်တက်ဘက်က ပေါင် ၁၂ သန်းထက် ပိုမပေးချင်ဘဲဖြစ်နေ။

– မန်ချက်စတာယူနိုက်တက်ရဲ့ ပေါင် ၉၁ သန်းတန် ကမ်းလှမ်းမှုကို ဒေါ့မွန် ပယ်ချလိုက်ပြီး ပေါင် ၁၀၈ သန်းမဟုတ်ရင် လက်မခံဘူးလို့ တုံ့ပြန်ခဲ့တာကြောင့် အက်ဒ် ဝုဒ်ဝဒ် နောက်ဆုတ်ပြန်ခဲ့ရပြီး ပရိသတ်တွေကတော့ သူ့ကို ငတုံးလို့ ခေါ်ဆိုနေကြ။

– အေစီမီလန်အသင်းကနေ အငှားနဲ့ စတင်ခေါ်ယူမယ့် ပေါ်တူဂီနောက်ခံလူ ဒီယိုဂို ဒါလော့အတွက် အသင်းမှာ အားနည်းနေတဲ့ ဘယ်နောက်ခံလူအဖြစ် ကစားပေးနိုင်တဲ့ သီယို ဟာနန်ဒက်ဇ်ကို ပြန်လည်တောင်းဆိုဖို့ ပရိသတ်တွေ အကြံပေးနေကြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.