Premier League Transfer News

ေနာက္ဆုံးရ အာဆင္နယ္သတင္းမ်ား စုစည္းမွဳ – ၃၀.၉.၂၀၂၀

– သူတုိ႔ရဲ႕ ကြင္းလယ္လူ ဟူဆင္းမ္ ေအာဝါအတြက္ ယူ႐ိုသန္း ၅၀ (ေပါင္ ၄၅.၆၅ သန္း) မရရင္ ေရာင္းခ်သြားမွာ မဟုတ္ဘူးလို႔ အင္တာဗ်ဴးေမးျမန္းမွဳတစ္ခုမွာ လီယြန္အသင္းဥကၠဌ အိုလာက အာဆင္နယ္အသင္းကို သတိေပးသြားခဲ့။

– အာဆင္နယ္အသင္းရဲ႕ အေျပာင္းအေရႊ႕ေတြအတြက္ ရန္ပုံေငြ ထပ္မံရရွိႏုိင္ဖို႔ နီးစပ္ေနၿပီး ဘယ္ေနာက္ခံလူ ဆိဒ္ ကိုလာစီနက္ခ်္ကို ဂ်ာမန္ကလပ္ ေဘယာေလဗာကူဆင္ဆီ ယူ႐ို ၁၀ သန္း (ေပါင္ ၉.၁ သန္း)နဲ႔ သေဘာတူညီဖို႔ ရွိေန။

– အာဆင္နယ္နဲ႔ လီဗာပူးလ္ပြဲက ပထမ ေခ်ပဂိုးအတြက္ ဂိုးသမား လီႏိုဟာ အမွားက်ဴးလြန္ခဲ့တယ္လို႔ အဂၤလန္လက္ေရြးစင္ေဟာင္း ေရာဘတ္ ဂရင္းက သုံးသပ္လုိက္ၿပီး ဂိုးဖမ္းမွဳရဲ႕ အေျခခံနည္းစနစ္ေတြကို မလုပ္ေဆာင္ႏုိင္ခဲ့ဘူးလို႔ဆုိ။

– အေျပာင္းအေရႊ႕ကၽြမ္းက်င္သူ ဖာဘရီဇီယို ႐ိုမာႏုိက ေတာ္ရဲရားရဲ႕ ေအးဂ်င့္ဟာ မက္ဒရစ္ကို ေရာက္ရွိေနၿပီး အက္သလက္တီကိုနဲ႔ အာဆင္နယ္အသင္းၾကား အေျပာင္းအေရႊ႕ျဖစ္ေပၚႏုိင္ဖို႔ ေဆြးေႏြးေနၿပီး လန္ဒန္ကလပ္ဘက္ကေတာ့ အၿပီးသတ္ ေရာင္းခ်မွဳကိုပဲ အလိုရွိေနတယ္လုိ႔ဆို။

– လူးကပ္စ္ ေတာ္ရဲရားနဲ႔ အက္သလက္တီကို မက္ဒရစ္ရဲ႕ အငွားေဆြးေႏြးမွဳေတြ ရွိေနေပမယ့္လည္း အာဆင္နယ္အသင္းအေနနဲ႔ သူ႕ကို ႐ုိးမားကြင္းလယ္လူ အာမာဒူ ဒီယာဝါရာနဲ႔ လဲလွယ္သြားႏုိင္တဲ့ အေျခအေနရွိႏုိင္ေသးေၾကာင္း ခန္႔မွန္းေနၾက။

– ေအာဝါကို အာဆင္နယ္အသင္းဆီ ေရာင္းခ်သြားဖို႔က ေသခ်ာသေလာက္ရွိေနၿပီး လီယြန္အသင္းအားကစားဒါ႐ိုက္တာ ဂ်ဴနင္ညဳိအေနနဲ႔ သူ႕ေနရာမွာ ျပန္လည္အစားထိုးဖို႔ ေအစီမီလန္ရဲ႕ ဘရာဇီးလ္သား လူးကပ္စ္ ပါေကးတာကို ခ်ိတ္ဆက္ေန။

– ခ်ဲလ္ဆီးကြင္းလယ္လူ ေဂ်ာ္ဂ်င္ညဳိရဲ႕ ေအးဂ်င့္က သူ႕ရဲ႕ ကစားသမားဟာ အာဆင္နယ္နဲ႔ ပီအက္စ္ဂ်ီအသင္းေတြကို ေျပာင္းေရႊ႕ဖို႔ ခ်ိတ္ဆက္ေနတယ္ဆုိတဲ့ သတင္းေတြ မဟုတ္မွန္ေၾကာင္း ျငင္းဆုိသြား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– သူတို့ရဲ့ ကွင်းလယ်လူ ဟူဆင်းမ် အောဝါအတွက် ယူရိုသန်း ၅၀ (ပေါင် ၄၅.၆၅ သန်း) မရရင် ရောင်းချသွားမှာ မဟုတ်ဘူးလို့ အင်တာဗျူးမေးမြန်းမှုတစ်ခုမှာ လီယွန်အသင်းဥက္ကဌ အိုလာက အာဆင်နယ်အသင်းကို သတိပေးသွားခဲ့။

– အာဆင်နယ်အသင်းရဲ့ အပြောင်းအရွှေ့တွေအတွက် ရန်ပုံငွေ ထပ်မံရရှိနိုင်ဖို့ နီးစပ်နေပြီး ဘယ်နောက်ခံလူ ဆိဒ် ကိုလာစီနက်ချ်ကို ဂျာမန်ကလပ် ဘေယာလေဗာကူဆင်ဆီ ယူရို ၁၀ သန်း (ပေါင် ၉.၁ သန်း)နဲ့ သဘောတူညီဖို့ ရှိနေ။

– အာဆင်နယ်နဲ့ လီဗာပူးလ်ပွဲက ပထမ ချေပဂိုးအတွက် ဂိုးသမား လီနိုဟာ အမှားကျူးလွန်ခဲ့တယ်လို့ အင်္ဂလန်လက်ရွေးစင်ဟောင်း ရောဘတ် ဂရင်းက သုံးသပ်လိုက်ပြီး ဂိုးဖမ်းမှုရဲ့ အခြေခံနည်းစနစ်တွေကို မလုပ်ဆောင်နိုင်ခဲ့ဘူးလို့ဆို။

– အပြောင်းအရွှေ့ကျွမ်းကျင်သူ ဖာဘရီဇီယို ရိုမာနိုက တော်ရဲရားရဲ့ အေးဂျင့်ဟာ မက်ဒရစ်ကို ရောက်ရှိနေပြီး အက်သလက်တီကိုနဲ့ အာဆင်နယ်အသင်းကြား အပြောင်းအရွှေ့ဖြစ်ပေါ်နိုင်ဖို့ ဆွေးနွေးနေပြီး လန်ဒန်ကလပ်ဘက်ကတော့ အပြီးသတ် ရောင်းချမှုကိုပဲ အလိုရှိနေတယ်လို့ဆို။

– လူးကပ်စ် တော်ရဲရားနဲ့ အက်သလက်တီကို မက်ဒရစ်ရဲ့ အငှားဆွေးနွေးမှုတွေ ရှိနေပေမယ့်လည်း အာဆင်နယ်အသင်းအနေနဲ့ သူ့ကို ရိုးမားကွင်းလယ်လူ အာမာဒူ ဒီယာဝါရာနဲ့ လဲလှယ်သွားနိုင်တဲ့ အခြေအနေရှိနိုင်သေးကြောင်း ခန့်မှန်းနေကြ။

– အောဝါကို အာဆင်နယ်အသင်းဆီ ရောင်းချသွားဖို့က သေချာသလောက်ရှိနေပြီး လီယွန်အသင်းအားကစားဒါရိုက်တာ ဂျူနင်ညိုအနေနဲ့ သူ့နေရာမှာ ပြန်လည်အစားထိုးဖို့ အေစီမီလန်ရဲ့ ဘရာဇီးလ်သား လူးကပ်စ် ပါကေးတာကို ချိတ်ဆက်နေ။

– ချဲလ်ဆီးကွင်းလယ်လူ ဂျော်ဂျင်ညိုရဲ့ အေးဂျင့်က သူ့ရဲ့ ကစားသမားဟာ အာဆင်နယ်နဲ့ ပီအက်စ်ဂျီအသင်းတွေကို ပြောင်းရွှေ့ဖို့ ချိတ်ဆက်နေတယ်ဆိုတဲ့ သတင်းတွေ မဟုတ်မှန်ကြောင်း ငြင်းဆိုသွား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.