Premier League Transfer News

ေနာက္ဆုံးရ မန္ခ်က္စတာစီးတီးသတင္းမ်ား စုစည္းမွဳ – ၃၀.၉.၂၀၂၀

– ႐ူဘင္ ဒီယက္စ္ကို ဘင္ဖီကာအသင္းကေန ေပါင္ ၆၅ သန္း အသုံးျပဳၿပီး ေခၚယူႏုိင္ခဲ့ၿပီျဖစ္သလို အသင္းရဲ႕ ေက်ာနံပါတ္ ၃ အက်ႌကို ေပးအပ္သြားခဲ့ၿပီး နီကိုလတ္စ္ ေအာ့တာမန္ဒီကိုေတာ့ ဘင္ဖီကာအသင္းကို ေပါင္ ၁၃.၇ သန္း သတ္မွတ္ လဲလွယ္ခဲ့။

– အသက္ ၂၃ ႏွစ္အရြယ္ ေပၚတူဂီလက္ေရြးစင္ ဒီယက္စ္ကို မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ၆ ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆုိခဲ့ၿပီး ပရီးမီးယားလိဂ္ ဆိုတာဟာ သူ႕အတြက္ ေဘာလုံးသမားတစ္ေယာက္ျဖစ္ဖို႔ ႀကဳိးစားခဲ့ရတဲ့ ေမွ်ာ္မွန္းခ်က္လည္းျဖစ္တယ္လို႔ ကစားသမားေျပာၾကား။

– ဘင္ဖီကာကို ေျပာင္းေရႊ႕သြားခဲ့တဲ့ ေအာ့တာမန္ဒီရဲ႕ ၂၀၂၂ ခုႏွစ္မွာမွ ကုန္ဆုံးမယ့္ လက္က်န္သက္တမ္းအတြက္ မန္စီးတီးတုိ႔အေနနဲ႔ တစ္ႏွစ္ကို ေပါင္ ၃.၆ သန္းကို စာခ်ဳပ္ကုန္ခ်ိန္အထိ ေပးေခ်သြားရမွာျဖစ္ေၾကာင္းသိရ။

– ဂြါဒီယိုလာအေနနဲ႔ ဇင္ခ်န္ကို,ကို ဘာစီလိုနာဆီ အခ်ိန္မီ ေရာင္းထုတ္ႏုိင္ခဲ့မယ္ဆုိရင္ ဘယ္ေနာက္ခံလူသစ္တစ္ဦး ထပ္မံေခၚယူသြားဖို႔ လုပ္ေဆာင္ဦးမွာျဖစ္ၿပီး ဘိုင္ယန္ရဲ႕ ေဒးဗစ္ အလာဘာနဲ႔ အုိင္းယက္စ္ရဲ႕ နီကိုလတ္စ္ တာဂလီယာဖီကိုတုိ႔ကို ေစာင့္ၾကည့္ေန။

– အဂၤလန္အသင္းရဲ႕ လာမယ့္ ေနးရွင္းလိဂ္ပြဲစဥ္ျဖစ္တဲ့ ဘယ္လ္ဂ်ီယမ္၊ ဒိန္းမတ္တုိ႔နဲ႔ ကစားရမယ့္ လူစာရင္းကို ၾကာသပေတးေန႔မွာ ေၾကျငာသြားမွာျဖစ္ၿပီး မန္ခ်က္စတာကလပ္အသင္းေတြရဲ႕ လူငယ္ႏွစ္ဦးျဖစ္တဲ့ ေမဆန္ ဂရင္းဝုဒ္နဲ႔ ဖီးလ္ ဖိုဒန္တုိ႔ ခ်န္လွပ္ခံရဖြယ္ရွိေန။

– ဘာစီလိုနာအသင္းအေနနဲ႔ မန္စီးတီးေနာက္ခံလူ အဲရစ္ ဂါစီယာကို ေခၚယူဖို႔ ေငြေၾကးအသုံးျပဳဖို႔ထက္ အသင္းကေန အလိုမရွိေတာ့တဲ့ ကြင္းလယ္ကစားသမား ရာဖင္ညာ(ရာဖယ္လ္ အယ္လ္ကန္တာရာ)နဲ႔ အလိုက္ေပးကမ္းလွမ္းဖို႔ စီစဥ္။

– ဘန္ေလနဲ႔ ကာရာေဘာင္းဖလားပြဲစဥ္မွာ ေနာက္ခံလူ ေအးမရစ္ လာေပါ့နဲ႔ တုိက္စစ္မွဴး လီယမ္ ဒီလက္ပ္တုိ႔ ပြဲထြက္လာၾကဖို႔ ရွိေနၿပီး အိမ္ရွင္ဘန္ေလဘက္က ေနာက္ခံလူ ဂ်ိမ္းစ္ တာေကာ့ဗ္ကီး ပါဝင္ႏုိင္ဖို႔ မေသခ်ာေသး။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– ရူဘင် ဒီယက်စ်ကို ဘင်ဖီကာအသင်းကနေ ပေါင် ၆၅ သန်း အသုံးပြုပြီး ခေါ်ယူနိုင်ခဲ့ပြီဖြစ်သလို အသင်းရဲ့ ကျောနံပါတ် ၃ အင်္ကျီကို ပေးအပ်သွားခဲ့ပြီး နီကိုလတ်စ် အော့တာမန်ဒီကိုတော့ ဘင်ဖီကာအသင်းကို ပေါင် ၁၃.၇ သန်း သတ်မှတ် လဲလှယ်ခဲ့။

– အသက် ၂၃ နှစ်အရွယ် ပေါ်တူဂီလက်ရွေးစင် ဒီယက်စ်ကို မန်ချက်စတာစီးတီးအသင်းအနေနဲ့ ၆ နှစ်စာချုပ် ချုပ်ဆိုခဲ့ပြီး ပရီးမီးယားလိဂ် ဆိုတာဟာ သူ့အတွက် ဘောလုံးသမားတစ်ယောက်ဖြစ်ဖို့ ကြိုးစားခဲ့ရတဲ့ မျှော်မှန်းချက်လည်းဖြစ်တယ်လို့ ကစားသမားပြောကြား။

– ဘင်ဖီကာကို ပြောင်းရွှေ့သွားခဲ့တဲ့ အော့တာမန်ဒီရဲ့ ၂၀၂၂ ခုနှစ်မှာမှ ကုန်ဆုံးမယ့် လက်ကျန်သက်တမ်းအတွက် မန်စီးတီးတို့အနေနဲ့ တစ်နှစ်ကို ပေါင် ၃.၆ သန်းကို စာချုပ်ကုန်ချိန်အထိ ပေးချေသွားရမှာဖြစ်ကြောင်းသိရ။

– ဂွါဒီယိုလာအနေနဲ့ ဇင်ချန်ကို,ကို ဘာစီလိုနာဆီ အချိန်မီ ရောင်းထုတ်နိုင်ခဲ့မယ်ဆိုရင် ဘယ်နောက်ခံလူသစ်တစ်ဦး ထပ်မံခေါ်ယူသွားဖို့ လုပ်ဆောင်ဦးမှာဖြစ်ပြီး ဘိုင်ယန်ရဲ့ ဒေးဗစ် အလာဘာနဲ့ အိုင်းယက်စ်ရဲ့ နီကိုလတ်စ် တာဂလီယာဖီကိုတို့ကို စောင့်ကြည့်နေ။

– အင်္ဂလန်အသင်းရဲ့ လာမယ့် နေးရှင်းလိဂ်ပွဲစဉ်ဖြစ်တဲ့ ဘယ်လ်ဂျီယမ်၊ ဒိန်းမတ်တို့နဲ့ ကစားရမယ့် လူစာရင်းကို ကြာသပတေးနေ့မှာ ကြေငြာသွားမှာဖြစ်ပြီး မန်ချက်စတာကလပ်အသင်းတွေရဲ့ လူငယ်နှစ်ဦးဖြစ်တဲ့ မေဆန် ဂရင်းဝုဒ်နဲ့ ဖီးလ် ဖိုဒန်တို့ ချန်လှပ်ခံရဖွယ်ရှိနေ။

– ဘာစီလိုနာအသင်းအနေနဲ့ မန်စီးတီးနောက်ခံလူ အဲရစ် ဂါစီယာကို ခေါ်ယူဖို့ ငွေကြေးအသုံးပြုဖို့ထက် အသင်းကနေ အလိုမရှိတော့တဲ့ ကွင်းလယ်ကစားသမား ရာဖင်ညာ(ရာဖယ်လ် အယ်လ်ကန်တာရာ)နဲ့ အလိုက်ပေးကမ်းလှမ်းဖို့ စီစဉ်။

– ဘန်လေနဲ့ ကာရာဘောင်းဖလားပွဲစဉ်မှာ နောက်ခံလူ အေးမရစ် လာပေါ့နဲ့ တိုက်စစ်မှူး လီယမ် ဒီလက်ပ်တို့ ပွဲထွက်လာကြဖို့ ရှိနေပြီး အိမ်ရှင်ဘန်လေဘက်က နောက်ခံလူ ဂျိမ်းစ် တာကော့ဗ်ကီး ပါဝင်နိုင်ဖို့ မသေချာသေး။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.