Premier League

ဖာဒီနန်နဲ့ တယ်ရီတို့ ခြေဖျားတောင်မမီဘူးလို့ အပြောခံခဲ့ရတဲ့ ဗန်ဒိုက်

လီဗာပူးလ်နောက်ခံလူ ဗန်ဒိုက်ဟာ လိုတာထက်ပိုပြီး စန်းတင်ခံခဲ့ရသူလို့ သတ်မှတ်ခံခဲ့ရပြီး ဖာဒီနန်နဲ့ ဂျွန် တယ်ရီတို့ ခြေဖျားတောင် မမီဘူးလို့ ပြောကြားခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ဗန်ဒိုက်ဟာ ၂၀၁၇ ခုနှစ်မှာ ဆောက်သမ်တန်အသင်းကနေ အန်းဖီးကို ပေါင် ၇၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး နည်းပြ ယာဂန် ကလော့ပ် လက်အောက်မှာ ချက်ချင်း အကျိုးသက်ရောက်မှု ပြသနိုင်ခဲ့သူဖြစ်ပါတယ်။

အသက် ၃၁ နှစ်အရွယ် ဒတ်ချ်နောက်ခံလူဟာ လီဗာပူးလ်နဲ့ အတူတူ ရှိနေခဲ့တဲ့ ကာလအတွင်း ပရီးမီးယားလိဂ်ဖလား ၁ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၁ ကြိမ်၊ အက်ဖ်အေနဲ့ လိဂ်ဖလား ၁ ကြိမ် ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဗန်ဒိုက်ဟာ ဇန်နဝါရီလက ဘရန့်တ်ဖို့ဒ်နဲ့ ကစားခဲ့တဲ့ပွဲမှာ တံကောက်ကြော ဒဏ်ရာရရှိသွားခဲ့တာဖြစ်ပြီး ဒတ်ချ်နောက်ခံလူဟာ စနေနေ့က ဘုန်းမောက်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ဆိုးရွားတဲ့ခံစစ်ကစားပုံကြောင့် ပြစ်တင်ဝေဖန်မှုတွေ ခံခဲ့ရတာဖြစ်ပါတယ်။

ဗီတာလီကွင်းမှာ ဘုန်းမောက်ကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ ဂျေဆန် ကန်ဒီက ဗန်ဒိုက်ကို ဂိုးပေးခဲ့ရတဲ့အထိ ဖြစ်ခဲ့တဲ့အမှားအတွက် ပြစ်တင်ဝေဖန်လိုက်ပြီး အမှားတွေ အများကြီး လုပ်ခဲ့တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“သူက လိုတာထက်ပိုပြီး စန်းတင်ခံခဲ့ရတယ်လို့ ထင်ပါတယ်။ ကျွန်တော့်တစ်ဦးတည်းအမြင်ပါ။ ကျွန်တော် အများကြီးမြင်တွေ့ခဲ့ဖူးတယ်။ ဟုတ်ပါတယ်။ ဗန်ဒိုက်လုပ်နေတာတွေနဲ့ပတ်သက်ပြီး နှစ်သက်နေတဲ့ မီဒီယာတွေ အများကြီးရှိနေတယ်လို့ ထင်ပါတယ်။ သူက အရမ်းကောင်းတဲ့ ဗဟိုခံစစ်ကစားသမားဆိုတာ သံသယဖြစ်စရာမရှိပါဘူး”

“သူက အမှားတွေ အများကြီးလုပ်နေတယ်။ သတိမထားမိတဲ့ အမှားတွေရှိတယ်လို့ ကျွန်တော် ထင်တယ်။ သူတို့တွေ ကိုဗစ်ကာလတုန်းက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပေးခဲ့ရတဲ့ ဂိုးတွေ ရှိခဲ့တယ်။ နောက်ထပ်တစ်ကြိမ် သူက ဒီပုံစံအတိုင်းဖြစ်နေတယ်။ ဒီဟာက ဆိုးရွားတဲ့ ဗဟိုခံစစ်ကစားပုံပါ။ သူက တခြားတဖက်မှာ ရှိနေခဲ့တာတောင်မှပဲပေါ့။ သူက ကောင်းမွန်တဲ့ ၁၈ လကို ပိုင်ဆိုင်ခဲ့တယ်လို့ ထင်ပြီး ဒဏ်ရာက အဲဒီအပေါ်မှာ အကျိုးသက်ရောက်မှုရှိခဲ့တယ်ဆိုတာ ကျွန်တော် သိတယ်။ ဒါပေမယ့် ဒီနေ့ ဂိုးက ဒဏ်ရာကြောင့်မဟုတ်ပါဘူး”

“ကျွန်တော် အဲဒီအပေါ်ကို အရမ်း လက်ညှိုးထိုးလို့မရဘူး။ ဘာလို့လဲဆိုတော့ သူ ညာတောင်ပံခြမ်းမှာ ပြတ်ကျန်ခဲ့တဲ့အချိန်မှာ သူ့ပုံစံကြည့်ရတာက ရပ်တန့်ခဲ့ပြီး အခြေအနေကို လွဲမှားစွာ သုံးသပ်ခဲ့တဲ့ပုံပေါ်နေခဲ့လို့ပါ။ လူတွေက သူ့ကို ဂျွန် တယ်ရီ၊ ဖာဒီနန်တို့နဲ့ နှိုင်းယှဉ်ခဲ့ကြတယ်။ သူက သူတို့ ခြေဖျားတောင်မမှီပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီဗာပူးလ္ေနာက္ခံလူ ဗန္ဒိုက္ဟာ လိုတာထက္ပိုၿပီး စန္းတင္ခံခဲ့ရသူလို႔ သတ္မွတ္ခံခဲ့ရၿပီး ဖာဒီနန္နဲ႔ ဂြၽန္ တယ္ရီတို႔ ေျခဖ်ားေတာင္ မမီဘူးလို႔ ေျပာၾကားျခင္းခံခဲ့ရတာျဖစ္ပါတယ္။

ဗန္ဒိုက္ဟာ ၂၀၁၇ ခုႏွစ္မွာ ေဆာက္သမ္တန္အသင္းကေန အန္းဖီးကို ေပါင္ ၇၅ သန္းနဲ႔ ေျပာင္းေ႐ႊ႕လာခဲ့သူျဖစ္ၿပီး နည္းျပ ယာဂန္ ကေလာ့ပ္ လက္ေအာက္မွာ ခ်က္ခ်င္း အက်ိဳးသက္ေရာက္မႈ ျပသႏိုင္ခဲ့သူျဖစ္ပါတယ္။

အသက္ ၃၁ ႏွစ္အ႐ြယ္ ဒတ္ခ်္ေနာက္ခံလူဟာ လီဗာပူးလ္နဲ႔ အတူတူ ရွိေနခဲ့တဲ့ ကာလအတြင္း ပရီးမီးယားလိဂ္ဖလား ၁ ႀကိမ္၊ ခ်န္ပီယံလိဂ္ဖလား ၁ ႀကိမ္၊ အက္ဖ္ေအနဲ႔ လိဂ္ဖလား ၁ ႀကိမ္ ရရွိခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဗန္ဒိုက္ဟာ ဇန္နဝါရီလက ဘရန႔္တ္ဖို႔ဒ္နဲ႔ ကစားခဲ့တဲ့ပြဲမွာ တံေကာက္ေၾကာ ဒဏ္ရာရရွိသြားခဲ့တာျဖစ္ၿပီး ဒတ္ခ်္ေနာက္ခံလူဟာ စေနေန႔က ဘုန္းေမာက္ကို ရႈံးနိမ့္ခဲ့တဲ့ပြဲမွာ ဆိုး႐ြားတဲ့ခံစစ္ကစားပုံေၾကာင့္ ျပစ္တင္ေဝဖန္မႈေတြ ခံခဲ့ရတာျဖစ္ပါတယ္။

ဗီတာလီကြင္းမွာ ဘုန္းေမာက္ကို ၁-၀ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ပြဲအၿပီးမွာ ေဂ်ဆန္ ကန္ဒီက ဗန္ဒိုက္ကို ဂိုးေပးခဲ့ရတဲ့အထိ ျဖစ္ခဲ့တဲ့အမွားအတြက္ ျပစ္တင္ေဝဖန္လိုက္ၿပီး အမွားေတြ အမ်ားႀကီး လုပ္ခဲ့တယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“သူက လိုတာထက္ပိုၿပီး စန္းတင္ခံခဲ့ရတယ္လို႔ ထင္ပါတယ္။ ကြၽန္ေတာ့္တစ္ဦးတည္းအျမင္ပါ။ ကြၽန္ေတာ္ အမ်ားႀကီးျမင္ေတြ႕ခဲ့ဖူးတယ္။ ဟုတ္ပါတယ္။ ဗန္ဒိုက္လုပ္ေနတာေတြနဲ႔ပတ္သက္ၿပီး ႏွစ္သက္ေနတဲ့ မီဒီယာေတြ အမ်ားႀကီးရွိေနတယ္လို႔ ထင္ပါတယ္။ သူက အရမ္းေကာင္းတဲ့ ဗဟိုခံစစ္ကစားသမားဆိုတာ သံသယျဖစ္စရာမရွိပါဘူး”

“သူက အမွားေတြ အမ်ားႀကီးလုပ္ေနတယ္။ သတိမထားမိတဲ့ အမွားေတြရွိတယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ သူတို႔ေတြ ကိုဗစ္ကာလတုန္းက ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ေပးခဲ့ရတဲ့ ဂိုးေတြ ရွိခဲ့တယ္။ ေနာက္ထပ္တစ္ႀကိမ္ သူက ဒီပုံစံအတိုင္းျဖစ္ေနတယ္။ ဒီဟာက ဆိုး႐ြားတဲ့ ဗဟိုခံစစ္ကစားပုံပါ။ သူက တျခားတဖက္မွာ ရွိေနခဲ့တာေတာင္မွပဲေပါ့။ သူက ေကာင္းမြန္တဲ့ ၁၈ လကို ပိုင္ဆိုင္ခဲ့တယ္လို႔ ထင္ၿပီး ဒဏ္ရာက အဲဒီအေပၚမွာ အက်ိဳးသက္ေရာက္မႈရွိခဲ့တယ္ဆိုတာ ကြၽန္ေတာ္ သိတယ္။ ဒါေပမယ့္ ဒီေန႔ ဂိုးက ဒဏ္ရာေၾကာင့္မဟုတ္ပါဘူး”

“ကြၽန္ေတာ္ အဲဒီအေပၚကို အရမ္း လက္ညႇိဳးထိုးလို႔မရဘူး။ ဘာလို႔လဲဆိုေတာ့ သူ ညာေတာင္ပံျခမ္းမွာ ျပတ္က်န္ခဲ့တဲ့အခ်ိန္မွာ သူ႔ပုံစံၾကည့္ရတာက ရပ္တန႔္ခဲ့ၿပီး အေျခအေနကို လြဲမွားစြာ သုံးသပ္ခဲ့တဲ့ပုံေပၚေနခဲ့လို႔ပါ။ လူေတြက သူ႔ကို ဂြၽန္ တယ္ရီ၊ ဖာဒီနန္တို႔နဲ႔ ႏႈိင္းယွဥ္ခဲ့ၾကတယ္။ သူက သူတို႔ ေျခဖ်ားေတာင္မမွီပါဘူး”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.