Premier League

စံချိန်တင်ပြောင်းရွှေ့ကြေးသုံးဖို့ တောင်းဆိုလိုက်တဲ့ တန်ဟက်

အဲရစ်တန်ဟက်ဟာ တော့တင်ဟမ်ဟော့စပါးတိုက်စစ်မှူး ဟာရီ ကိန်းကို ၎င်းရဲ့ ယခုနွေရာသီ နံပါတ် ၁ ပစ်မှတ်အဖြစ် ဆုံးဖြတ်ခဲ့ပြီး မန်ယူနိုက်တက်က အင်္ဂလန်အသင်းခေါင်းဆောင်ကို ခေါ်ယူဖို့အတွက် စံချိန်တင် ပြောင်းရွှေ့ကြေးကို ရိုက်ချိုးဖို့ အဆင်သင့်ဖြစ်နေပြီလို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ မားကပ်စ် ရက်ရှ်ဖို့ဒ်အပေါ်မှာပဲ သွင်းဂိုးတွေအတွက် အားထားနေရတယ်ဆိုတာကို ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေမှာ ပြသခဲ့ပြီး လီဗာပူးလ်နဲ့ပွဲမှာ အင်္ဂလန်တိုက်စစ်မှူးက အလွန်ကောင်းမွန်တဲ့ အခွင့်အရေး ၂ ကြိမ်ကို လွဲချော်ခဲ့ပြီးနောက် ၇-၀ နဲ့ အပြတ်အသတ် ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

Mirror ရဲ့ သတင်းအရ မန်ချက်စတာယူနိုက်တက်ဟာ တော့တင်ဟမ်ဟော့စပါးအသင်းအနေနဲ့ ဟာရီ ကိန်းကို ရောင်းချချင်လာအောင် ပေါင်သန်း ၁၀၀ ကျော်နဲ့ ကမ်းလှမ်းသွားဖို့ အဆင်သင့်ဖြစ်နေပြီး ဗြိတိန်ကစားသမားတစ်ဦးအတွက် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးကို ရိုက်ချိုးသွားဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

လက်ရှိမှာတော့ ဂျက်ခ် ဂရီးလစ်ရှ်ဟာ အက်စတန် ဗီလာကနေ မန်ချက်စတာစီးတီးအသင်းကို ပြောင်းရွှေ့ခဲ့ချိန်မှာ ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံး ဗြိတိန်ကစားသမားဖြစ်လာခဲ့တာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်က အန်ဇို ဖာနန်ဒက်ဇ်အတွက် ချဲလ်ဆီးအသင်းပေးခဲ့တဲ့ ပေါင် ၁၀၅ သန်းထက်တောင် ပိုပေးသွားဖွယ်ရှိတယ်လို့ ယင်းသတင်းက ဖော်ပြခဲ့ပါတယ်။

အဲရစ် တန်ဟက်က ဟာရီ ကိန်းဟာ ပြီးခဲ့တဲ့နွေရာသီမှာ ရီးရဲလ်မက်ဒရစ်အသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ ကက်စမဲရိုးလိုမျိုး တူညီတဲ့အကျိုးသက်ရောက်မှုပြသနိုင်လိမ့်မယ်လို့ ယုံကြည်နေတာဖြစ်ပြီး အင်္ဂလန်တိုက်စစ်မှူးဟာ မြောက်လန်ဒန်ကလပ်အသင်းနဲ့ စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်ရှိတော့ပေမယ့်လည်း စာချုပ်သစ် ချုပ်ဆိုဖို့ ဆွေးနွေးနေခြင်းမရှိသေးတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးဟာ ၂၀၁၆ ခုနှစ်တုန်းက ပေါ့ဂ်ဘာအတွက် ပေါင် ၈၉ သန်း သုံးစွဲခဲ့တာဖြစ်ပြီး ဒန်နီရယ် လီဗိုင်းက ကြယ်ပွင့်ကစားသမားကို ပြည်ပကလပ်အသင်းတွေဆီ ပိုမိုရောင်းချချင်နေပေမယ့်လည်း ဟာရီ ကိန်းဟာ ပရီးမီးယားလိဂ်ဂိုးသွင်းစံချိန်ကို ရိုက်ချိုးဖို့ စိတ်ပိုင်းဖြတ်ထားတာကြောင့် အင်္ဂလန်မှာပဲ ဆက်နေချင်နေတယ်လို့ သိရပါတယ်။

အဲရစ် တန်ဟက်က ယခုလာမယ့် နွေရာသီအပြောင်းအရွှေ့ကာလအတွက် ၎င်းရဲ့ နံပါတ် ၁ ဦးစားပေးရွေးချယ်မှုက ဟာရီ ကိန်းဖြစ်တယ်လို့ ဆုံးဖြတ်ခဲ့တာကြောင့် မန်ယူနိုက်တက်ဘုတ်အဖွဲ့ကို အင်္ဂလန်အသင်းခေါင်းဆောင်ကို ခေါ်ယူနိုင်ဖို့ အသင်းစံချိန်တင်ပြောင်းရွှေ့ကြေးသစ် သုံးစွဲခွင့်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ Mirror က ဖော်ပြခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အဲရစ္တန္ဟက္ဟာ ေတာ့တင္ဟမ္ေဟာ့စပါးတိုက္စစ္မႉး ဟာရီ ကိန္းကို ၎ရဲ႕ ယခုေႏြရာသီ နံပါတ္ ၁ ပစ္မွတ္အျဖစ္ ဆုံးျဖတ္ခဲ့ၿပီး မန္ယူႏိုက္တက္က အဂၤလန္အသင္းေခါင္းေဆာင္ကို ေခၚယူဖို႔အတြက္ စံခ်ိန္တင္ ေျပာင္းေ႐ႊ႕ေၾကးကို ႐ိုက္ခ်ိဳးဖို႔ အဆင္သင့္ျဖစ္ေနၿပီလို႔ သိရပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ မားကပ္စ္ ရက္ရွ္ဖို႔ဒ္အေပၚမွာပဲ သြင္းဂိုးေတြအတြက္ အားထားေနရတယ္ဆိုတာကို ၿပီးခဲ့တဲ့ ရက္သတၱပတ္ေတြမွာ ျပသခဲ့ၿပီး လီဗာပူးလ္နဲ႔ပြဲမွာ အဂၤလန္တိုက္စစ္မႉးက အလြန္ေကာင္းမြန္တဲ့ အခြင့္အေရး ၂ ႀကိမ္ကို လြဲေခ်ာ္ခဲ့ၿပီးေနာက္ ၇-၀ နဲ႔ အျပတ္အသတ္ ရႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။

Mirror ရဲ႕ သတင္းအရ မန္ခ်က္စတာယူႏိုက္တက္ဟာ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းအေနနဲ႔ ဟာရီ ကိန္းကို ေရာင္းခ်ခ်င္လာေအာင္ ေပါင္သန္း ၁၀၀ ေက်ာ္နဲ႔ ကမ္းလွမ္းသြားဖို႔ အဆင္သင့္ျဖစ္ေနၿပီး ၿဗိတိန္ကစားသမားတစ္ဦးအတြက္ ကမာၻ႔စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးကို ႐ိုက္ခ်ိဳးသြားဖို႔ ျပင္ဆင္ေနတာျဖစ္ပါတယ္။

လက္ရွိမွာေတာ့ ဂ်က္ခ္ ဂရီးလစ္ရွ္ဟာ အက္စတန္ ဗီလာကေန မန္ခ်က္စတာစီးတီးအသင္းကို ေျပာင္းေ႐ႊ႕ခဲ့ခ်ိန္မွာ ကမာၻေပၚမွာ ေဈးအႀကီးဆုံး ၿဗိတိန္ကစားသမားျဖစ္လာခဲ့တာျဖစ္ၿပီး မန္ခ်က္စတာယူႏိုက္တက္က အန္ဇို ဖာနန္ဒက္ဇ္အတြက္ ခ်ဲလ္ဆီးအသင္းေပးခဲ့တဲ့ ေပါင္ ၁၀၅ သန္းထက္ေတာင္ ပိုေပးသြားဖြယ္ရွိတယ္လို႔ ယင္းသတင္းက ေဖာ္ျပခဲ့ပါတယ္။

အဲရစ္ တန္ဟက္က ဟာရီ ကိန္းဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ ရီးရဲလ္မက္ဒရစ္အသင္းကေန ေျပာင္းေ႐ႊ႕လာခဲ့တဲ့ ကက္စမဲ႐ိုးလိုမ်ိဳး တူညီတဲ့အက်ိဳးသက္ေရာက္မႈျပသႏိုင္လိမ့္မယ္လို႔ ယုံၾကည္ေနတာျဖစ္ၿပီး အဂၤလန္တိုက္စစ္မႉးဟာ ေျမာက္လန္ဒန္ကလပ္အသင္းနဲ႔ စာခ်ဳပ္သက္တမ္း ၁ ႏွစ္သာ က်န္ရွိေတာ့ေပမယ့္လည္း စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ ေဆြးေႏြးေနျခင္းမရွိေသးတာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ရဲ႕ စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးဟာ ၂၀၁၆ ခုႏွစ္တုန္းက ေပါ့ဂ္ဘာအတြက္ ေပါင္ ၈၉ သန္း သုံးစြဲခဲ့တာျဖစ္ၿပီး ဒန္နီရယ္ လီဗိုင္းက ၾကယ္ပြင့္ကစားသမားကို ျပည္ပကလပ္အသင္းေတြဆီ ပိုမိုေရာင္းခ်ခ်င္ေနေပမယ့္လည္း ဟာရီ ကိန္းဟာ ပရီးမီးယားလိဂ္ဂိုးသြင္းစံခ်ိန္ကို ႐ိုက္ခ်ိဳးဖို႔ စိတ္ပိုင္းျဖတ္ထားတာေၾကာင့္ အဂၤလန္မွာပဲ ဆက္ေနခ်င္ေနတယ္လို႔ သိရပါတယ္။

အဲရစ္ တန္ဟက္က ယခုလာမယ့္ ေႏြရာသီအေျပာင္းအေ႐ႊ႕ကာလအတြက္ ၎ရဲ႕ နံပါတ္ ၁ ဦးစားေပးေ႐ြးခ်ယ္မႈက ဟာရီ ကိန္းျဖစ္တယ္လို႔ ဆုံးျဖတ္ခဲ့တာေၾကာင့္ မန္ယူႏိုက္တက္ဘုတ္အဖြဲ႕ကို အဂၤလန္အသင္းေခါင္းေဆာင္ကို ေခၚယူႏိုင္ဖို႔ အသင္းစံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးသစ္ သုံးစြဲခြင့္ေပးဖို႔ ေတာင္းဆိုခဲ့တယ္လို႔ Mirror က ေဖာ္ျပခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.