Match Report Premier League

ထရော့ဆတ်ရဲ့ အလုံးစုံ ဖန်တီးမှုနဲ့ ဖူလ်ဟမ်ကို ဂိုးပြတ်နိုင်ပွဲယူတဲ့ ဆင်ပျံကြီး အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ရမ်းစ်ဒေးလ်၊ ခံစစ်မှာ ဘန်ဝှိုက်၊ ဆာဘီလာ၊ ဂါဘရီယယ်လ်နဲ့ ဇင်ချန်ကိုတို့ကို အပြောင်းအလဲမရှိ အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ပါတေး၊ ချာကာတို့နဲ့အတူ အဖျားပြန်သက်သာလာတဲ့ အော်ဒီဂွါဒ် ပြန်လည်ပါဝင်လာခဲ့သလို တိုက်စစ်မှာတော့ ဆာကာ၊ မာတီနယ်လီတို့နဲ့အတူ ဒဏ်ရာပြန်ကောင်းလာတဲ့ ထရော့ဆတ်တို့ကို ခင်းကျင်းလာခဲ့ပါတယ်။

အိမ်ရှင် ဖူလ်ဟမ်အသင်းကတော့ အာဆင်နယ်ဂိုးသမားဟောင်း လီနို၊ ခံစစ်မှာ အာဒါရာဘီရိုယို၊ တင်မ် ရင်းမ်၊ ကင်နီ တီတီနဲ့ ရော်ဘင်ဆန်တို့ကို နေရာချထားခဲ့ပြီး ကွင်းလယ်မှာတော့ ဟာရစ်ဆန် ရိဒ်၊ လူကစ်ချ်၊ အန်ဒရီးယက်စ် ပါရဲရား၊ ဒီကော်ဒိုဗာ-ရိဒ်နဲ့ ဆော်လမွန်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ မီထရိုဗစ်ချ်တစ်ဦးတည်းကိုပဲ တင်ကစားလာခဲ့တာပါ။

ပွဲစတာနဲ့ ဂန်းနားတွေ ဘောလုံးကိုင်ကစားခဲ့ကြပြီး တိုက်စစ်ကို ဦးဆောင်နေတဲ့ ထရော့ဆတ်အနေနဲ့ နေရာလွတ်တွေများစွာ ရှာဖွေပေးခဲ့သလို ကွင်းလယ်နဲ့ ခံစစ်ကိုပါ ကူညီချိတ်ဆက်နေခဲ့တာကြောင့် မာတီနယ်လီအနေနဲ့ လွတ်လွတ်လပ်လပ် ကစားခွင့်ရနေခဲ့ပြီး ဖူလ်ဟမ်တို့အနေနဲ့ အော်ဒီဂွါဒ်နဲ့ ဆာကာတို့ရဲ့ ညာခြမ်းကိုပဲ ပိုချုပ်နေခဲ့တာကလည်း တစ်ကြောင်း အပါအဝင်ဖြစ်ခဲ့ပါတယ်။

ချာကာသာ ပွဲဆက်များပြီး ပင်ပန်းနေတာ မဟုတ်ရင် အာဆင်နယ်တို့ စောစောစီးစီးကတည်းက ဂိုးရသွားနိုင်တဲ့ အနေအထားမှာ ရှိခဲ့ပြီး ပွဲချိန် ၁၇ မိနစ်က ရော်ဘင်ဆန်ရဲ့ အုန်းဂိုးမှာ ဆွစ်ဇာလန်သားကြီးသာ အနည်းငယ် ခြေသွက်ခဲ့ရင် မာတီနယ်လီ လူမကျွံလောက်တာကြောင့် ဧည့်သည်တွေ အနည်းငယ် ကံမကောင်းဘဲဖြစ်ခဲ့ရပြီး ဂိုးရဖို့ ထပ်မံစောင့်ဆိုင်းခဲ့ရတာပါ။

ပွဲချိန် ၂၁ မိနစ်မှာတော့ အာဆင်နယ်တို့ အဖွင့်ဂိုး စတင်ရယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ချာကာရဲ့ ကန်ချက်ကနေ ရရှိခဲ့တဲ့ ထောင့်ကန်ဘောကို ထရော့ဆတ်က ဂိုးရှေ့တည့်တည့်ကို အမြောက်ကန်ပို့ပေးရာမှာ လှုပ်ရှားမှု နည်းလွန်းနေပြီး သတိမကပ်သလိုဖြစ်နေခဲ့တဲ့ ဖူလ်ဟမ်ခံစစ်ကြားကနေ ဂါဘရီယယ်လ်က လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက်သွင်းယူသွားခဲ့တာကြောင့် ဧည့်သည်တွေ စတင်ဦးဆောင်ခဲ့ပါတယ်။

ပွဲချိန် ၂၆ မိနစ်မှာ အာဆင်နယ်တို့ပဲ ဒုတိယ ဦးဆောင်ဂိုး ထပ်ရသွားခဲ့ပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ချာကာက ဘယ်ခြမ်းကို ခင်းပေးလိုက်တဲ့ ဘောလုံးကို ထရော့ဆတ်က ရယူပြီး နောက်ခံလူ တီတီကို တစ်ချက်ခေါက်ပြီးမှ ဘယ်ခြေနဲ့ ဖြတ်တင်ပေးရာမှာ အဝေးတိုင်ဘက်ကို ကျလာတဲ့ ဘောလုံးကို မာတီနယ်လီက ခေါင်းတိုက်သွင်းယူနိုင်ခဲ့လို့ နှစ်ဂိုး-ဂိုးမရှိဖြစ်နေခဲ့တာပါ။

ပွဲချိန် ၃၅ မိနစ်မှာ လှပတဲ့ တွဲလုံးကနေ ထရော့ဆတ် ဖန်တီးပေးတာကို ချာကာ ကန်ခွင့်ရခဲ့ပေမယ့် တစ်ချက်ပို ထိန်းပြီး ခြေလေးနေခဲ့လို့ ဂိုးသမား လီနိုဆီပဲ ရောက်သွားခဲ့ပြီးနောက်မှာ ဖူလ်ဟမ်တို့ တိုက်စစ်ပြန်ဆင်လာခဲ့တာကြောင့် အာဆင်နယ်တို့ အနည်းငယ် ပိုဂရုစိုက်ခဲ့ရပြီး ပွဲချိန် ၄၄ မိနစ်မှာ ဘန်ဝှိုက်ရဲ့ ဖြတ်တင်ဘောကို မာတီနယ်လီ အပိုင်ပိတ်ခွင့်ရခဲ့ပေမယ့် ထိချက်ပျော့နေခဲ့လို့ လီနိုကပဲ ပုတ်ထုတ်သွားနိုင်ခဲ့ပါတယ်။

နာကျင်အချိန်ပို ၂ မိနစ်မှာတော့ အာဆင်နယ်တို့ပဲ တတိယ ဦးဆောင်ဂိုးကို သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ မာတီနယ်လီက ဘယ်ခြမ်းကို ပေးရာမှာ ထရော့ဆတ်ကပဲ တောင်ပံကနေ ဧရိယာထဲကို ဖြတ်တင်ပေးခဲ့ရာမှာ ဘောလုံးရသွားတဲ့ အော်ဒီဂွါဒ်က ဖူလ်ဟမ်ခံစစ်ကြားကနေ စိတ်ရှည်လက်ရှည် အပေါက်ရှာပြီးမှ အပြင်းကန်သွင်းယူသွားခဲ့တာကြောင့် ပထမပိုင်းမှာ သုံးဂိုး-ဂိုးမရှိဖြစ်နေခဲ့တာပါ။

ဒုတိယပိုင်း ပြန်အစမှာတော့ ဖူလ်ဟမ်တို့ အထသွက်သွက်နဲ့ ဖိကစားလာခဲ့တာကြောင့် အာဆင်နယ်တို့ ခံစစ်ဖြစ်နေခဲ့ပြီး ကောင်တာပြန်ရှာဖို့ ကြိုးစားနေခဲ့ရသလို မီထရိုဗစ်ချ်ရဲ့ ထရုန်းတဲ့ ရုန်းအားကို ခံစစ်နဲ့ ဂိုးသမားတို့ ဂရုတစိုက် ပိတ်ဆို့နေခဲ့ပြီး ကြိုးစားအားထုတ်မှု လျှော့ချလိုက်ပုံရတဲ့ ချာကာနဲ့ ကွင်းလယ်ကြောင့်လည်း အိမ်ရှင်တွေက ပွဲကို စိုးမိုးထားနိုင်ခဲ့ပါတယ်။

ပွဲချိန် ၆၉ မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ ရခဲ့တဲ့ ထောင့်ကန်ဘောကနေ ဖူလ်ဟမ်တို့ဘက်က မီထရိုဗစ်ချ်ရဲ့ ခေါင်းတိုက်ချက်က ဘားထိထွက်ခဲ့လို့ အာဆင်နယ်တို့ သက်သာခဲ့ရပြီး အာတီတာကတော့ လေးလံနေတဲ့သူတွေကို မိနစ် ၇၀ ရောက်တဲ့အထိ ဆက်သုံးနေခဲ့ပြီးမှ ဆာကာနဲ့ ဇင်ချန်ကိုတို့အစား နယ်လ်ဆန်နဲ့ တီယာနီတို့ကို ထည့်သွင်းလာခဲ့တာပါ။

ပွဲချိန် ၇၆ မိနစ်မှာတော့ ထရော့ဆတ်အစား ဒဏ်ရာက ပြန်လာတဲ့ ဂျေဆူးစ်ကို အာဆင်နယ်တို့ ထည့်သွင်းလာခဲ့ပြီး မာတီနယ်လီကိုပါ ဖာဘီယို ဗီယာရာနဲ့ လဲပြီး အနားပေးသွားခဲ့သလို ပွဲချိန် မိနစ် ၈၀ မှာ ဘန်ဝှိုက်အစား တိုမီယာစုကိုပါ လဲကစားခဲ့တဲ့နောက် ဘောလုံးပိုင်ဆိုင်မှုကိုပဲ ဦးစားပေးပြီး ကစားဖို့ လုပ်လာခဲ့ပါတယ်။

လက်ကျန်ပွဲချိန်တွေမှာတော့ ဖူလ်ဟမ်တို့ အရှက်ပြေဂိုးရဖို့ ဆော်လမွန်နဲ့ ပါရဲရားတို့အစား ဒန်ဂျိမ်းစ်နဲ့ ဝီလ်ဆန်တို့ကို ထည့်သွင်းသွားခဲ့ပေမယ့် အာဆင်နယ်ခံစစ်က အမှားအယွင်း မရှိခဲ့သလို လူစားဝင်တိုက်စစ်မှူး ဂျေဆူးစ်နဲ့ အော်ဒီဂွါဒ်တို့ကတော့ အခွင့်အရေးတစ်ကြိမ်စီ ဖြုန်းတီးပစ်ခဲ့လို့ သုံးဂိုး-ဂိုးမရှိနဲ့ပဲ ပွဲပြီးဆုံးခဲ့တာပါ။

ကရာဗင်ကော့တေ့ချ်မှာ ဖူလ်ဟမ်ကို ထိန်းချုပ်ကစားပြီး အနိုင်ရရှိခဲ့တဲ့ ရလဒ်ကြောင့် အာဆင်နယ်တို့အနေနဲ့ ၂၇ ပွဲကစား ရမှတ် ၆၆ မှတ်နဲ့ ဒုတိယနေရာက မန်ချက်စတာစီးတီးကို ၅ မှတ် ဆက်လက်ဖြတ်ထားနိုင်ခဲ့သလို တတိယနေရာက သရေကျခဲ့တဲ့ မန်ချက်တာယူနိုက်တက်နဲ့တော့ ၁၆ မှတ် ပြတ်သွားခဲ့ပြီဖြစ်ကြောင်းလည်း စုစည်းဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ရမ္းစ္ေဒးလ္၊ ခံစစ္မွာ ဘန္ဝႈိက္၊ ဆာဘီလာ၊ ဂါဘရီယယ္လ္နဲ႔ ဇင္ခ်န္ကိုတို႔ကို အေျပာင္းအလဲမရွိ အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ပါေတး၊ ခ်ာကာတို႔နဲ႔အတူ အဖ်ားျပန္သက္သာလာတဲ့ ေအာ္ဒီဂြါဒ္ ျပန္လည္ပါဝင္လာခဲ့သလို တိုက္စစ္မွာေတာ့ ဆာကာ၊ မာတီနယ္လီတို႔နဲ႔အတူ ဒဏ္ရာျပန္ေကာင္းလာတဲ့ ထေရာ့ဆတ္တို႔ကို ခင္းက်င္းလာခဲ့ပါတယ္။

အိမ္ရွင္ ဖူလ္ဟမ္အသင္းကေတာ့ အာဆင္နယ္ဂိုးသမားေဟာင္း လီႏို၊ ခံစစ္မွာ အာဒါရာဘီ႐ိုယို၊ တင္မ္ ရင္းမ္၊ ကင္နီ တီတီနဲ႔ ေရာ္ဘင္ဆန္တို႔ကို ေနရာခ်ထားခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဟာရစ္ဆန္ ရိဒ္၊ လူကစ္ခ်္၊ အန္ဒရီးယက္စ္ ပါရဲရား၊ ဒီေကာ္ဒိုဗာ-ရိဒ္နဲ႔ ေဆာ္လမြန္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ မီထ႐ိုဗစ္ခ်္တစ္ဦးတည္းကိုပဲ တင္ကစားလာခဲ့တာပါ။

ပြဲစတာနဲ႔ ဂန္းနားေတြ ေဘာလုံးကိုင္ကစားခဲ့ၾကၿပီး တိုက္စစ္ကို ဦးေဆာင္ေနတဲ့ ထေရာ့ဆတ္အေနနဲ႔ ေနရာလြတ္ေတြမ်ားစြာ ရွာေဖြေပးခဲ့သလို ကြင္းလယ္နဲ႔ ခံစစ္ကိုပါ ကူညီခ်ိတ္ဆက္ေနခဲ့တာေၾကာင့္ မာတီနယ္လီအေနနဲ႔ လြတ္လြတ္လပ္လပ္ ကစားခြင့္ရေနခဲ့ၿပီး ဖူလ္ဟမ္တို႔အေနနဲ႔ ေအာ္ဒီဂြါဒ္နဲ႔ ဆာကာတို႔ရဲ႕ ညာျခမ္းကိုပဲ ပိုခ်ဳပ္ေနခဲ့တာကလည္း တစ္ေၾကာင္း အပါအဝင္ျဖစ္ခဲ့ပါတယ္။

ခ်ာကာသာ ပြဲဆက္မ်ားၿပီး ပင္ပန္းေနတာ မဟုတ္ရင္ အာဆင္နယ္တို႔ ေစာေစာစီးစီးကတည္းက ဂိုးရသြားႏိုင္တဲ့ အေနအထားမွာ ရွိခဲ့ၿပီး ပြဲခ်ိန္ ၁၇ မိနစ္က ေရာ္ဘင္ဆန္ရဲ႕ အုန္းဂိုးမွာ ဆြစ္ဇာလန္သားႀကီးသာ အနည္းငယ္ ေျခသြက္ခဲ့ရင္ မာတီနယ္လီ လူမကြၽံေလာက္တာေၾကာင့္ ဧည့္သည္ေတြ အနည္းငယ္ ကံမေကာင္းဘဲျဖစ္ခဲ့ရၿပီး ဂိုးရဖို႔ ထပ္မံေစာင့္ဆိုင္းခဲ့ရတာပါ။

ပြဲခ်ိန္ ၂၁ မိနစ္မွာေတာ့ အာဆင္နယ္တို႔ အဖြင့္ဂိုး စတင္ရယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ခ်ာကာရဲ႕ ကန္ခ်က္ကေန ရရွိခဲ့တဲ့ ေထာင့္ကန္ေဘာကို ထေရာ့ဆတ္က ဂိုးေရွ႕တည့္တည့္ကို အေျမာက္ကန္ပို႔ေပးရာမွာ လႈပ္ရွားမႈ နည္းလြန္းေနၿပီး သတိမကပ္သလိုျဖစ္ေနခဲ့တဲ့ ဖူလ္ဟမ္ခံစစ္ၾကားကေန ဂါဘရီယယ္လ္က လြတ္လြတ္ကြၽတ္ကြၽတ္ ေခါင္းတိုက္သြင္းယူသြားခဲ့တာေၾကာင့္ ဧည့္သည္ေတြ စတင္ဦးေဆာင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၂၆ မိနစ္မွာ အာဆင္နယ္တို႔ပဲ ဒုတိယ ဦးေဆာင္ဂိုး ထပ္ရသြားခဲ့ၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္ကေန ခ်ာကာက ဘယ္ျခမ္းကို ခင္းေပးလိုက္တဲ့ ေဘာလုံးကို ထေရာ့ဆတ္က ရယူၿပီး ေနာက္ခံလူ တီတီကို တစ္ခ်က္ေခါက္ၿပီးမွ ဘယ္ေျခနဲ႔ ျဖတ္တင္ေပးရာမွာ အေဝးတိုင္ဘက္ကို က်လာတဲ့ ေဘာလုံးကို မာတီနယ္လီက ေခါင္းတိုက္သြင္းယူႏိုင္ခဲ့လို႔ ႏွစ္ဂိုး-ဂိုးမရွိျဖစ္ေနခဲ့တာပါ။

ပြဲခ်ိန္ ၃၅ မိနစ္မွာ လွပတဲ့ တြဲလုံးကေန ထေရာ့ဆတ္ ဖန္တီးေပးတာကို ခ်ာကာ ကန္ခြင့္ရခဲ့ေပမယ့္ တစ္ခ်က္ပို ထိန္းၿပီး ေျခေလးေနခဲ့လို႔ ဂိုးသမား လီႏိုဆီပဲ ေရာက္သြားခဲ့ၿပီးေနာက္မွာ ဖူလ္ဟမ္တို႔ တိုက္စစ္ျပန္ဆင္လာခဲ့တာေၾကာင့္ အာဆင္နယ္တို႔ အနည္းငယ္ ပိုဂ႐ုစိုက္ခဲ့ရၿပီး ပြဲခ်ိန္ ၄၄ မိနစ္မွာ ဘန္ဝႈိက္ရဲ႕ ျဖတ္တင္ေဘာကို မာတီနယ္လီ အပိုင္ပိတ္ခြင့္ရခဲ့ေပမယ့္ ထိခ်က္ေပ်ာ့ေနခဲ့လို႔ လီႏိုကပဲ ပုတ္ထုတ္သြားႏိုင္ခဲ့ပါတယ္။

နာက်င္အခ်ိန္ပို ၂ မိနစ္မွာေတာ့ အာဆင္နယ္တို႔ပဲ တတိယ ဦးေဆာင္ဂိုးကို သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ တန္ျပန္တိုက္စစ္ကေန မာတီနယ္လီက ဘယ္ျခမ္းကို ေပးရာမွာ ထေရာ့ဆတ္ကပဲ ေတာင္ပံကေန ဧရိယာထဲကို ျဖတ္တင္ေပးခဲ့ရာမွာ ေဘာလုံးရသြားတဲ့ ေအာ္ဒီဂြါဒ္က ဖူလ္ဟမ္ခံစစ္ၾကားကေန စိတ္ရွည္လက္ရွည္ အေပါက္ရွာၿပီးမွ အျပင္းကန္သြင္းယူသြားခဲ့တာေၾကာင့္ ပထမပိုင္းမွာ သုံးဂိုး-ဂိုးမရွိျဖစ္ေနခဲ့တာပါ။

ဒုတိယပိုင္း ျပန္အစမွာေတာ့ ဖူလ္ဟမ္တို႔ အထသြက္သြက္နဲ႔ ဖိကစားလာခဲ့တာေၾကာင့္ အာဆင္နယ္တို႔ ခံစစ္ျဖစ္ေနခဲ့ၿပီး ေကာင္တာျပန္ရွာဖို႔ ႀကိဳးစားေနခဲ့ရသလို မီထ႐ိုဗစ္ခ်္ရဲ႕ ထ႐ုန္းတဲ့ ႐ုန္းအားကို ခံစစ္နဲ႔ ဂိုးသမားတို႔ ဂ႐ုတစိုက္ ပိတ္ဆို႔ေနခဲ့ၿပီး ႀကိဳးစားအားထုတ္မႈ ေလွ်ာ့ခ်လိုက္ပုံရတဲ့ ခ်ာကာနဲ႔ ကြင္းလယ္ေၾကာင့္လည္း အိမ္ရွင္ေတြက ပြဲကို စိုးမိုးထားႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၆၉ မိနစ္မွာ တန္ျပန္တိုက္စစ္ကေန ရခဲ့တဲ့ ေထာင့္ကန္ေဘာကေန ဖူလ္ဟမ္တို႔ဘက္က မီထ႐ိုဗစ္ခ်္ရဲ႕ ေခါင္းတိုက္ခ်က္က ဘားထိထြက္ခဲ့လို႔ အာဆင္နယ္တို႔ သက္သာခဲ့ရၿပီး အာတီတာကေတာ့ ေလးလံေနတဲ့သူေတြကို မိနစ္ ၇၀ ေရာက္တဲ့အထိ ဆက္သုံးေနခဲ့ၿပီးမွ ဆာကာနဲ႔ ဇင္ခ်န္ကိုတို႔အစား နယ္လ္ဆန္နဲ႔ တီယာနီတို႔ကို ထည့္သြင္းလာခဲ့တာပါ။

ပြဲခ်ိန္ ၇၆ မိနစ္မွာေတာ့ ထေရာ့ဆတ္အစား ဒဏ္ရာက ျပန္လာတဲ့ ေဂ်ဆူးစ္ကို အာဆင္နယ္တို႔ ထည့္သြင္းလာခဲ့ၿပီး မာတီနယ္လီကိုပါ ဖာဘီယို ဗီယာရာနဲ႔ လဲၿပီး အနားေပးသြားခဲ့သလို ပြဲခ်ိန္ မိနစ္ ၈၀ မွာ ဘန္ဝႈိက္အစား တိုမီယာစုကိုပါ လဲကစားခဲ့တဲ့ေနာက္ ေဘာလုံးပိုင္ဆိုင္မႈကိုပဲ ဦးစားေပးၿပီး ကစားဖို႔ လုပ္လာခဲ့ပါတယ္။

လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ ဖူလ္ဟမ္တို႔ အရွက္ေျပဂိုးရဖို႔ ေဆာ္လမြန္နဲ႔ ပါရဲရားတို႔အစား ဒန္ဂ်ိမ္းစ္နဲ႔ ဝီလ္ဆန္တို႔ကို ထည့္သြင္းသြားခဲ့ေပမယ့္ အာဆင္နယ္ခံစစ္က အမွားအယြင္း မရွိခဲ့သလို လူစားဝင္တိုက္စစ္မႉး ေဂ်ဆူးစ္နဲ႔ ေအာ္ဒီဂြါဒ္တို႔ကေတာ့ အခြင့္အေရးတစ္ႀကိမ္စီ ျဖဳန္းတီးပစ္ခဲ့လို႔ သုံးဂိုး-ဂိုးမရွိနဲ႔ပဲ ပြဲၿပီးဆုံးခဲ့တာပါ။

ကရာဗင္ေကာ့ေတ့ခ်္မွာ ဖူလ္ဟမ္ကို ထိန္းခ်ဳပ္ကစားၿပီး အႏိုင္ရရွိခဲ့တဲ့ ရလဒ္ေၾကာင့္ အာဆင္နယ္တို႔အေနနဲ႔ ၂၇ ပြဲကစား ရမွတ္ ၆၆ မွတ္နဲ႔ ဒုတိယေနရာက မန္ခ်က္စတာစီးတီးကို ၅ မွတ္ ဆက္လက္ျဖတ္ထားႏိုင္ခဲ့သလို တတိယေနရာက သေရက်ခဲ့တဲ့ မန္ခ်က္တာယူႏိုက္တက္နဲ႔ေတာ့ ၁၆ မွတ္ ျပတ္သြားခဲ့ၿပီျဖစ္ေၾကာင္းလည္း စုစည္းေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.