Match Report Premier League

ဖလားတွေတော့ အကုန်မှန်းတာပဲ၊ နိုင်တော့ မနိုင်ဘူးဆိုပြီး စိန့်နဲ့ သရေကျတဲ့ မန်ယူ

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဒဟေးယား၊ ခံစစ်မှာ လီဆန်ဒရို မာတီနက်ဇ်၊ ဗာရွန်း၊ ဝန်ဘစ်ဆာကာနဲ့ လုခ်ရှောတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်နဲ့ တိုက်စစ်မှာတော့ ကာစီမီရို၊ ဘရူနို ဖာနန်ဒက်စ်၊ ဗက်ဂ်ဟော့စ်၊ ဆန်ချို၊ အန်တိုနီနဲ့ ရက်ရှ်ဖို့ဒ်တို့ကို ကစားကွက်ချတဲ့သူတွေ မျက်စိလည်အောင် အဲရစ် တန်ဟတ်က ခင်းကျင်းလာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် ဆောက်သမ်တန်အသင်းကတော့ ဂိုးသမား ဘာဇူးနူး၊ ခံစစ်မှာ ဘက်ဒ်နာရက်ခ်၊ ဘယ်လာ-ကော့ချက်ပ်၊ ဝေါ်လ်ကာ-ပီတာစ်နဲ့ ပယ်ရိုတို့ကို အထိုင်ချခဲ့ပြီး ကွင်းလယ်မှာတော့ လာဗီယာ၊ ဝါ့ဒ်-ပရောက်စ်၊ အယ်လ်ကာရက်ဇ်၊ ဝဲလ်ကော့နဲ့ ဆူလေမာနာတို့ကို စုဖွဲ့လာခဲ့သလို တိုက်စစ်မှာ ရှေအက်ဒမ်စ်တစ်ဦးတည်းကို တင်ကစားလာခဲ့တာပါ။

တကယ်တမ်း ပွဲကစားချိန်မှာတော့ ၄-၂-၃-၁ ဆန်ခဲ့တဲ့ Formation မှာ ကာစီမီရိုကို ဘရူနို ဖာနန်ဒက်စ်က ကူနေရလို့ ဆောက်သမ်တန်ဘက်က ဝါ့ဒ်-ပရောက်စ်တို့ အုပ်စုရဲ့ အင်နဲ့အားနဲ့ ညှပ်ကစားလာမှုတွေမှာ ရုန်းကန်နေခဲ့ရပြီး ကောင်တာကိုပဲ အားပြုခဲ့ရသလို မန်ယူတို့ရဲ့ ဆန်ချိုကို အလယ်မှာ သုံးခဲ့တာကလည်း အလုပ်မဖြစ်ဘဲရှိနေခဲ့ပါတယ်။

ပွဲချိန် ၁၆ မိနစ်မှာ ဘရူနို ဖာနန်ဒက်စ် လူကြားထဲကနေ လှလှပပ ထိုးပေးတာကို ရက်ရှ်ဖို့ဒ်က ဘယ်ခြမ်းကနေ အကောင်းစား ထိန်းသိမ်းမှုနဲ့ ဆွဲပြေးပြီး အဝေးတိုင်ဘက်ကို ကန်သွင်းဖို့ ကြိုးစားခဲ့ပေမယ့် ဂိုးသမား ဘာဇူးနူး သတိကြီးကြီးနဲ့ ပုတ်ထုတ်နိုင်ခဲ့လို့ မန်ယူတို့ နစ်နာခဲ့ရပြီး ပွဲချိန် ၂၄ မိနစ်မှာတော့ ဝန်ဘစ်ဆာကာ အမှားကနေ ပယ်ရိုရဲ့ ဖြတ်တင်မှုကို ဝဲလ်ကော့ကို ခေါင်းတိုက်ရာမှာ ဒဟေးယား ကာကွယ်နိုင်ခဲ့လို့ သက်သာသွားခဲ့ရတာပါ။

ဝန်ဘစ်ဆာကာရဲ့ ဆက်တိုက်မကစားရချိန်မှာ ကြောင်ပျောက်နေမှုက မန်ယူညာခြမ်းကို တော်တော်လေး ဆေးထိုးနေခဲ့ပြီး တစ်ဖက်က ဘာမှ မဟုတ်တဲ့ ဆူလေမာနာကိုတောင် မထိန်းနိုင်ခဲ့တာကတော့ စိတ်ပျက်စရာဖြစ်ခဲ့ရသလို ပွဲချိန် ၃၁ မိနစ်မှာ ဝင်ကို ဝင်ရမယ့် အလုံးကို ဗက်ဂ်ဟော့စ်က ကိုယ့်ဂိုးသမားဆီ နောက်ပြန်ပေးသလိုမျိုး ခေါင်းတိုက်ပေးခဲ့တာကတော့ ဒါက တိုက်စစ်မှူးလားဆိုပြီး ငိုအားထက် ရယ်အားသန်ခဲ့ရသေးတာပါ။


ပွဲချိန် ၃၂ မိနစ်မှာတော့ အယ်လ်ကာရက်ဇ်ကို ခပ်ကြမ်းကြမ်းဖျက်ခဲ့တဲ့ ကာစီမီရိုကို ဒိုင်လူကြီး အန်ထော်နီ တေလာက အဝါသာ ပြခဲ့ပေမယ့် VAR ပြန်ကြည့်ရာမှာတော့ ဘရာဇီးလ်ကွင်းလယ်လူရဲ့ ခြေထောက်က တစ်ဖက်ကစားသမားရဲ့ ခြေကျင်းဝတ်ကို ရှောင်လို့ရလျက်နဲ့ မရှောင်ဘဲ ကန်ခဲ့တာကို တွေ့ရှိရတာကြောင့် အနီကတ်အဖြစ် ပြောင်းလဲပြသခံခဲ့ရပြီး မန်ယူတို့ ဘယ်လိုငတုံးကို ခေါ်မိတာလဲဆိုတဲ့ လှောင်ပြောင်သံတွေ ပလူပျံလာစေခဲ့ပါတယ်။

ပွဲချိန် ၃၉ မိနစ်မှာ ဘရူနို ဖာနန်ဒက်စ်ရဲ့ ဖရီးကစ်ကနေ ဗာရွန်းနဲ့ ပိတ်သွင်းမှုကို စိန့်ဂိုးသမား ဘာဇူးနူးက အနီးကပ် အနေအထားကနေ ထူးထူးချွန်ချွန် ကာကွယ်သွားခဲ့ပြီး ပွဲချိန် ၄၃ မိနစ်မှာတော့ လဲနေရင်း ရင်ဘတ်နဲ့ တားတဲ့ ဘယ်လာ-ကော့ချက်ပ်ကို လက်ထိတယ်ဆိုပြီး မန်ယူသားတွေ ပင်နယ်တီ ဝိုင်းတောင်းခဲ့ပေမယ့် အနှေးပြကွက်တွေမှာတော့ လက်မထိကြောင်းပဲ ပေါ်လွင်ခဲ့တာပါ။

ပွဲချိန် ၄၄ မိနစ်မှာ ဗက်ဂ်ဟော့စ်အစား မက်တော်မီနေးကို မန်ယူတို့ လူစားလဲသွားခဲ့ပြီး ကွင်းလယ်ကို ပြင်ဆင်သွားခဲ့သလို ပထမပိုင်းမှာတော့ ဂိုးမရှိသရေပဲ ဖြစ်နေခဲ့ကြပြီး ဒုတိယပိုင်း ပြန်စပြီး သိပ်မကြာခင်မှာတော့ လူစားဝင် စကော့ကွင်းလယ်လူက ကိုယ့်ဂိုးကိုယ်သွင်းမိမလိုဖြစ်ခဲ့ပေမယ့် ဝန်ဘစ်ဆာကာက ရှင်းထုတ်သွားနိုင်ခဲ့ပါတယ်။

ပွဲချိန် ၅၄ မိနစ်မှာတော့ ဝါ့ဒ်-ပရောက်စ်ရဲ့ ဖရီးကစ်က အချိန်အဆ နည်းနည်းများသွားခဲ့လို့ ဘားကို ပွတ်ထွက်သွားခဲ့ပြီး ပွဲချိန် ၆၄ မိနစ်မှာတော့ ထောင့်ကန်ဘောကနေ ပြန်ထွက်လာတဲ့ ဘောလုံးကို ဘရူနို ဖာနန်ဒက်စ် ထိန်းသိမ်းပုံ မသေသပ်တာကနေ ဆောက်သမ်တန်တို့ ကောင်တာပြန်လာခဲ့ရာမှာ ဝဲလ်ကော့က လွတ်လွတ်ကျွတ်ကျွတ် ဆွဲပြေးပြီး ကန်သွင်းခွင့်ရခဲ့ပေမယ့် သူ့ရဲ့ ဘယ်ခြေကန်ချက်ကို ဒဟေးယား ပုတ်ထုတ်သွားနိုင်ခဲ့တာပါ။

ပွဲချိန် ၆၈ မိနစ်မှာတော့ မန်ယူတို့ရဲ့ ဂိုးရဖို့ အနီးစပ်ဆုံး အခွင့်အရေး ပျက်ပြယ်ခဲ့ရပြီး ဘရူနို ဖာနန်ဒက်စ်ရဲ့ ဧရိယာအပြင်က လျှပ်တစ်ပြက် ကန်သွင်းမှုကို စိန့်ဂိုးသမား ဘာဇူးနူးက ဒိုက်ပစ်ကာကွယ်ရာမှာ တိုင်ထိပြီး ထောင့်ကန်ဘောသာဖြစ်ခဲ့လို့ အိမ်ရှင် ပရိသတ်တွေ ရင်ခံခဲ့ရသလို တစ်မိနစ်အကြာမှာ ထောင့်ကန်ဘောကနေ ဧရိယာအစပ်က လှမ်းကန်တဲ့ ဝေါ်လ်ကာ-ပီတာစ်ရဲ့ ကန်ချက်ကလည်း တိုင်ထိထွက်ခဲ့တာဖြစ်ပါတယ်။

ဆောက်သမ်တန်တို့အနေနဲ့ မန်ယူတို့ကို တစ်ယောက်အသာနဲ့ ဖိကစားနေခဲ့ပေမယ့် အဆုံးသတ်ပိုင်းမှာတော့ စိတ်ပျက်စရာတွေပဲ များနေခဲ့လို့ ဂိုးမရဘဲဖြစ်နေခဲ့သလို အိမ်ရှင်တွေဘက်ကတော့ ဆန်ချိုနဲ့ အန်တိုနီတို့အစား ဂါနာချိုနဲ့ ပယ်လစ္စထရီတို့ကို ထည့်ပြီး ကောင်တာကစားဖို့ ကြိုးစားလာခဲ့ပြီး ဧည့်သည်တွေဘက်ကတော့ ရှေအက်ဒမ်စ်၊ ဆူလေမာနာနဲ့ ဝဲလ်ကော့တို့အစား မာရာ၊ အမ်းစ်ထရောင်းနဲ့ အိုနူအာချူတို့ကို ထည့်သွင်းသွားခဲ့တာပါ။

လက်ကျန်ပွဲချိန်တွေမှာတော့ နှစ်ဖက်စလုံး ဂိုးရဖို့ ကြိုးစားခဲ့ကြပေမယ့် မအောင်မြင်ခဲ့ကြပြီး ဆောက်သမ်တန်ရဲ့ နာကျင်အချိန်ပို နောက်ဆုံးမိနစ် တန်ပြန်တိုက်စစ်ဆင်မှုမှာတော့ မာရာကို လုခ်ရှောက နောက်ကနေ ခြေချိတ်လှဲခဲ့ပြီး အဝါကတ်နဲ့ တားဆီးသွားခဲ့လို့ အိမ်ရှင်တွေ ဒုက္ခမရောက်ခဲ့ရဘဲ ဂိုးမရှိ သရေနဲ့ ပွဲပြီးခဲ့တာဖြစ်ပါတယ်။

ဒီပွဲရလဒ်ကြောင့် မန်ချက်စတာယူနိုက်တက်တို့အနေနဲ့ ဒုတိယနေရာက မန်စီးတီးနဲ့ ၁၁ မှတ် ပြတ်သွားခဲ့ရသလို ထိပ်ဆုံးက အာဆင်နယ်တို့နဲ့ ၁၆ မှတ်အထိ ပြတ်သွားခဲ့ရပြီး လက်ကျန် တစ်ပွဲ ရှိနေသေးပေမယ့် တတိယနေရာကိုသာ သူတို့နဲ့ အထိုက်တန်ဆုံးအဖြစ် ကာကွယ်ရတော့မှာဖြစ်သလို ဖလားလေးလုံးဆိုတာနဲ့ ဂယ်ရီ နဗီးလ်ရဲ့ ခပ်ကြောင်ကြောင် ခန့်မှန်းချက်တွေကတော့ ဘယ်လိုမှ ဖြစ်မလာနိုင်တော့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ဒေဟးယား၊ ခံစစ္မွာ လီဆန္ဒ႐ို မာတီနက္ဇ္၊ ဗာ႐ြန္း၊ ဝန္ဘစ္ဆာကာနဲ႔ လုခ္ေရွာတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္နဲ႔ တိုက္စစ္မွာေတာ့ ကာစီမီ႐ို၊ ဘ႐ူႏို ဖာနန္ဒက္စ္၊ ဗက္ဂ္ေဟာ့စ္၊ ဆန္ခ်ိဳ၊ အန္တိုနီနဲ႔ ရက္ရွ္ဖို႔ဒ္တို႔ကို ကစားကြက္ခ်တဲ့သူေတြ မ်က္စိလည္ေအာင္ အဲရစ္ တန္ဟတ္က ခင္းက်င္းလာခဲ့တာျဖစ္ပါတယ္။

ဧည့္သည္ ေဆာက္သမ္တန္အသင္းကေတာ့ ဂိုးသမား ဘာဇူးႏူး၊ ခံစစ္မွာ ဘက္ဒ္နာရက္ခ္၊ ဘယ္လာ-ေကာ့ခ်က္ပ္၊ ေဝၚလ္ကာ-ပီတာစ္နဲ႔ ပယ္႐ိုတို႔ကို အထိုင္ခ်ခဲ့ၿပီး ကြင္းလယ္မွာေတာ့ လာဗီယာ၊ ဝါ့ဒ္-ပေရာက္စ္၊ အယ္လ္ကာရက္ဇ္၊ ဝဲလ္ေကာ့နဲ႔ ဆူေလမာနာတို႔ကို စုဖြဲ႕လာခဲ့သလို တိုက္စစ္မွာ ေရွအက္ဒမ္စ္တစ္ဦးတည္းကို တင္ကစားလာခဲ့တာပါ။

တကယ္တမ္း ပြဲကစားခ်ိန္မွာေတာ့ ၄-၂-၃-၁ ဆန္ခဲ့တဲ့ Formation မွာ ကာစီမီ႐ိုကို ဘ႐ူႏို ဖာနန္ဒက္စ္က ကူေနရလို႔ ေဆာက္သမ္တန္ဘက္က ဝါ့ဒ္-ပေရာက္စ္တို႔ အုပ္စုရဲ႕ အင္နဲ႔အားနဲ႔ ညႇပ္ကစားလာမႈေတြမွာ ႐ုန္းကန္ေနခဲ့ရၿပီး ေကာင္တာကိုပဲ အားျပဳခဲ့ရသလို မန္ယူတို႔ရဲ႕ ဆန္ခ်ိဳကို အလယ္မွာ သုံးခဲ့တာကလည္း အလုပ္မျဖစ္ဘဲရွိေနခဲ့ပါတယ္။

ပြဲခ်ိန္ ၁၆ မိနစ္မွာ ဘ႐ူႏို ဖာနန္ဒက္စ္ လူၾကားထဲကေန လွလွပပ ထိုးေပးတာကို ရက္ရွ္ဖို႔ဒ္က ဘယ္ျခမ္းကေန အေကာင္းစား ထိန္းသိမ္းမႈနဲ႔ ဆြဲေျပးၿပီး အေဝးတိုင္ဘက္ကို ကန္သြင္းဖို႔ ႀကိဳးစားခဲ့ေပမယ့္ ဂိုးသမား ဘာဇူးႏူး သတိႀကီးႀကီးနဲ႔ ပုတ္ထုတ္ႏိုင္ခဲ့လို႔ မန္ယူတို႔ နစ္နာခဲ့ရၿပီး ပြဲခ်ိန္ ၂၄ မိနစ္မွာေတာ့ ဝန္ဘစ္ဆာကာ အမွားကေန ပယ္႐ိုရဲ႕ ျဖတ္တင္မႈကို ဝဲလ္ေကာ့ကို ေခါင္းတိုက္ရာမွာ ဒေဟးယား ကာကြယ္ႏိုင္ခဲ့လို႔ သက္သာသြားခဲ့ရတာပါ။

ဝန္ဘစ္ဆာကာရဲ႕ ဆက္တိုက္မကစားရခ်ိန္မွာ ေၾကာင္ေပ်ာက္ေနမႈက မန္ယူညာျခမ္းကို ေတာ္ေတာ္ေလး ေဆးထိုးေနခဲ့ၿပီး တစ္ဖက္က ဘာမွ မဟုတ္တဲ့ ဆူေလမာနာကိုေတာင္ မထိန္းႏိုင္ခဲ့တာကေတာ့ စိတ္ပ်က္စရာျဖစ္ခဲ့ရသလို ပြဲခ်ိန္ ၃၁ မိနစ္မွာ ဝင္ကို ဝင္ရမယ့္ အလုံးကို ဗက္ဂ္ေဟာ့စ္က ကိုယ့္ဂိုးသမားဆီ ေနာက္ျပန္ေပးသလိုမ်ိဳး ေခါင္းတိုက္ေပးခဲ့တာကေတာ့ ဒါက တိုက္စစ္မႉးလားဆိုၿပီး ငိုအားထက္ ရယ္အားသန္ခဲ့ရေသးတာပါ။


ပြဲခ်ိန္ ၃၂ မိနစ္မွာေတာ့ အယ္လ္ကာရက္ဇ္ကို ခပ္ၾကမ္းၾကမ္းဖ်က္ခဲ့တဲ့ ကာစီမီ႐ိုကို ဒိုင္လူႀကီး အန္ေထာ္နီ ေတလာက အဝါသာ ျပခဲ့ေပမယ့္ VAR ျပန္ၾကည့္ရာမွာေတာ့ ဘရာဇီးလ္ကြင္းလယ္လူရဲ႕ ေျခေထာက္က တစ္ဖက္ကစားသမားရဲ႕ ေျခက်င္းဝတ္ကို ေရွာင္လို႔ရလ်က္နဲ႔ မေရွာင္ဘဲ ကန္ခဲ့တာကို ေတြ႕ရွိရတာေၾကာင့္ အနီကတ္အျဖစ္ ေျပာင္းလဲျပသခံခဲ့ရၿပီး မန္ယူတို႔ ဘယ္လိုငတုံးကို ေခၚမိတာလဲဆိုတဲ့ ေလွာင္ေျပာင္သံေတြ ပလူပ်ံလာေစခဲ့ပါတယ္။

ပြဲခ်ိန္ ၃၉ မိနစ္မွာ ဘ႐ူႏို ဖာနန္ဒက္စ္ရဲ႕ ဖရီးကစ္ကေန ဗာ႐ြန္းနဲ႔ ပိတ္သြင္းမႈကို စိန႔္ဂိုးသမား ဘာဇူးႏူးက အနီးကပ္ အေနအထားကေန ထူးထူးခြၽန္ခြၽန္ ကာကြယ္သြားခဲ့ၿပီး ပြဲခ်ိန္ ၄၃ မိနစ္မွာေတာ့ လဲေနရင္း ရင္ဘတ္နဲ႔ တားတဲ့ ဘယ္လာ-ေကာ့ခ်က္ပ္ကို လက္ထိတယ္ဆိုၿပီး မန္ယူသားေတြ ပင္နယ္တီ ဝိုင္းေတာင္းခဲ့ေပမယ့္ အေႏွးျပကြက္ေတြမွာေတာ့ လက္မထိေၾကာင္းပဲ ေပၚလြင္ခဲ့တာပါ။

ပြဲခ်ိန္ ၄၄ မိနစ္မွာ ဗက္ဂ္ေဟာ့စ္အစား မက္ေတာ္မီေနးကို မန္ယူတို႔ လူစားလဲသြားခဲ့ၿပီး ကြင္းလယ္ကို ျပင္ဆင္သြားခဲ့သလို ပထမပိုင္းမွာေတာ့ ဂိုးမရွိသေရပဲ ျဖစ္ေနခဲ့ၾကၿပီး ဒုတိယပိုင္း ျပန္စၿပီး သိပ္မၾကာခင္မွာေတာ့ လူစားဝင္ စေကာ့ကြင္းလယ္လူက ကိုယ့္ဂိုးကိုယ္သြင္းမိမလိုျဖစ္ခဲ့ေပမယ့္ ဝန္ဘစ္ဆာကာက ရွင္းထုတ္သြားႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၅၄ မိနစ္မွာေတာ့ ဝါ့ဒ္-ပေရာက္စ္ရဲ႕ ဖရီးကစ္က အခ်ိန္အဆ နည္းနည္းမ်ားသြားခဲ့လို႔ ဘားကို ပြတ္ထြက္သြားခဲ့ၿပီး ပြဲခ်ိန္ ၆၄ မိနစ္မွာေတာ့ ေထာင့္ကန္ေဘာကေန ျပန္ထြက္လာတဲ့ ေဘာလုံးကို ဘ႐ူႏို ဖာနန္ဒက္စ္ ထိန္းသိမ္းပုံ မေသသပ္တာကေန ေဆာက္သမ္တန္တို႔ ေကာင္တာျပန္လာခဲ့ရာမွာ ဝဲလ္ေကာ့က လြတ္လြတ္ကြၽတ္ကြၽတ္ ဆြဲေျပးၿပီး ကန္သြင္းခြင့္ရခဲ့ေပမယ့္ သူ႔ရဲ႕ ဘယ္ေျခကန္ခ်က္ကို ဒေဟးယား ပုတ္ထုတ္သြားႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၆၈ မိနစ္မွာေတာ့ မန္ယူတို႔ရဲ႕ ဂိုးရဖို႔ အနီးစပ္ဆုံး အခြင့္အေရး ပ်က္ျပယ္ခဲ့ရၿပီး ဘ႐ူႏို ဖာနန္ဒက္စ္ရဲ႕ ဧရိယာအျပင္က လွ်ပ္တစ္ျပက္ ကန္သြင္းမႈကို စိန႔္ဂိုးသမား ဘာဇူးႏူးက ဒိုက္ပစ္ကာကြယ္ရာမွာ တိုင္ထိၿပီး ေထာင့္ကန္ေဘာသာျဖစ္ခဲ့လို႔ အိမ္ရွင္ ပရိသတ္ေတြ ရင္ခံခဲ့ရသလို တစ္မိနစ္အၾကာမွာ ေထာင့္ကန္ေဘာကေန ဧရိယာအစပ္က လွမ္းကန္တဲ့ ေဝၚလ္ကာ-ပီတာစ္ရဲ႕ ကန္ခ်က္ကလည္း တိုင္ထိထြက္ခဲ့တာျဖစ္ပါတယ္။

ေဆာက္သမ္တန္တို႔အေနနဲ႔ မန္ယူတို႔ကို တစ္ေယာက္အသာနဲ႔ ဖိကစားေနခဲ့ေပမယ့္ အဆုံးသတ္ပိုင္းမွာေတာ့ စိတ္ပ်က္စရာေတြပဲ မ်ားေနခဲ့လို႔ ဂိုးမရဘဲျဖစ္ေနခဲ့သလို အိမ္ရွင္ေတြဘက္ကေတာ့ ဆန္ခ်ိဳနဲ႔ အန္တိုနီတို႔အစား ဂါနာခ်ိဳနဲ႔ ပယ္လစၥထရီတို႔ကို ထည့္ၿပီး ေကာင္တာကစားဖို႔ ႀကိဳးစားလာခဲ့ၿပီး ဧည့္သည္ေတြဘက္ကေတာ့ ေရွအက္ဒမ္စ္၊ ဆူေလမာနာနဲ႔ ဝဲလ္ေကာ့တို႔အစား မာရာ၊ အမ္းစ္ထေရာင္းနဲ႔ အိုႏူအာခ်ဴတို႔ကို ထည့္သြင္းသြားခဲ့တာပါ။

လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ ႏွစ္ဖက္စလုံး ဂိုးရဖို႔ ႀကိဳးစားခဲ့ၾကေပမယ့္ မေအာင္ျမင္ခဲ့ၾကၿပီး ေဆာက္သမ္တန္ရဲ႕ နာက်င္အခ်ိန္ပို ေနာက္ဆုံးမိနစ္ တန္ျပန္တိုက္စစ္ဆင္မႈမွာေတာ့ မာရာကို လုခ္ေရွာက ေနာက္ကေန ေျခခ်ိတ္လွဲခဲ့ၿပီး အဝါကတ္နဲ႔ တားဆီးသြားခဲ့လို႔ အိမ္ရွင္ေတြ ဒုကၡမေရာက္ခဲ့ရဘဲ ဂိုးမရွိ သေရနဲ႔ ပြဲၿပီးခဲ့တာျဖစ္ပါတယ္။

ဒီပြဲရလဒ္ေၾကာင့္ မန္ခ်က္စတာယူႏိုက္တက္တို႔အေနနဲ႔ ဒုတိယေနရာက မန္စီးတီးနဲ႔ ၁၁ မွတ္ ျပတ္သြားခဲ့ရသလို ထိပ္ဆုံးက အာဆင္နယ္တို႔နဲ႔ ၁၆ မွတ္အထိ ျပတ္သြားခဲ့ရၿပီး လက္က်န္ တစ္ပြဲ ရွိေနေသးေပမယ့္ တတိယေနရာကိုသာ သူတို႔နဲ႔ အထိုက္တန္ဆုံးအျဖစ္ ကာကြယ္ရေတာ့မွာျဖစ္သလို ဖလားေလးလုံးဆိုတာနဲ႔ ဂယ္ရီ နဗီးလ္ရဲ႕ ခပ္ေၾကာင္ေၾကာင္ ခန႔္မွန္းခ်က္ေတြကေတာ့ ဘယ္လိုမွ ျဖစ္မလာႏိုင္ေတာ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.