La Liga

ပီအက်စ်ဂျီက ထွက်ဖို့ အပြောခံနေရတဲ့ မက်ဆီကို ပြန်ခေါ်ဖို့ အဆင်သင့်ဖြစ်နေတဲ့ ဘာဆာ

ဘာစီလိုနာအသင်းဟာ ပီအက်စ်ဂျီအသင်းကနေ လီယွန်နယ် မက်ဆီကို ပြန်လည်ခေါ်ယူချင်နေပြီး အာဂျင်တီးနားကြယ်ပွင့်အတွက် ကမ်းလှမ်းမှုပြုလုပ်ဖို့ အဆင်သင့်ဖြစ်နေတယ်လို့ Diario Gol က ဖော်ပြခဲ့ပါတယ်။

လီယွန်နယ် မက်ဆီရဲ့ ပီအက်စ်ဂျီအသင်းက စာချုပ်သက်တမ်းဟာ ယခုနှစ်ကုန်မှာ သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး အသင်းဥက္ကဌ နက်ဆာ အယ်လ်ခါလီဖီက အာဂျင်တီးနားတိုက်စစ်မှူးကို ဆက်နေစေချင်ပေမယ့်လည်း ဆွေးနွေးညှိနှိုင်းမှုတွေကနေ ဘယ်လို ခိုင်မာတဲ့ ရလဒ်မျိုးမှ ထွက်ပေါ်လာခြင်း မရှိသေးတာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ဘိုင်ယန်မြူးနစ်ကို ၁၆ သင်းရှုံးထွက်အဆင့်မှာပဲ ရှုံးနိမ့်ပြီးနောက် နောက်ထပ်တစ်ကြိမ် ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီဖြစ်ပြီး မက်ဆီရဲ့ ပြင်သစ်က အနာဂတ်ဟာ မရေမရာဖြစ်လာပုံပေါ်နေပြီ ဖြစ်ပါတယ်။

ဒါကြောင့် မက်ဆီအနေနဲ့ နူးကမ့်ကို ပြန်သွားနိုင်ခြေရှိတယ်ဆိုတဲ့ ကောလာဟလတွေ ပြန်လည်ထွက်ပေါ်လာပြီး ဘာစီလိုနာအနေနဲ့ ဘဏ္ဍာရေးအကြပ်အတည်းတွေ ဖြစ်နေချိန်မှာ ဘလွန်ဒေါ ၇ ဆုရှင်ရဲ့ လစာကို ပေးချေနိုင်ပုံတော့ မပေါ်တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဘာစီလိုနာဥက္ကဌ ယိုအန်း လာပေါ်တာက အရင်တုန်းက ဒန်နီ အဲဗက်စ်နဲ့တုန်းက သုံးခဲ့တဲ့ အစီအစဉ်မျိုးရှိပြီး မက်ဒရစ်အခြေစိုက်သတင်းဌာန La Razon ရဲ့ ဖော်ပြချက်အရ မက်ဆီဟာ တခြားနေရာတွေမှာ ရရှိနိုင်တဲ့ပမာဏထက် သိသိသာသာနည်းပါးတဲ့ တစ်နှစ်လုပ်ခလစာ ယူရို ၂ သိန်းဝန်းကျင်သာ ရရှိလိမ့်မယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း တစ်ဖက်မှာ အမှတ်တရ ဂုဏ်ပြုပွဲတွေမှာ ရရှိသမျှ ငွေကြေးအားလုံးက လီယွန်နယ် မက်ဆီကို ပေးချေရမယ်လို့ သိရပြီး ဘာစီလိုနာအသင်းဟာ ဂုဏ်ပြုပွဲကနေ ခန့်မှန်းခြေ ယူရိုသန်း ၁၀၀ ဝန်းကျင်လောက် ရရှိနိုင်တာကြောင့် အာဂျင်တီးနားကြယ်ပွင့်ရဲ့လစာကို ကောင်းကောင်းပေးချေနိုင်မှာဖြစ်ပါတယ်။

မက်ဆီကလည်း အသင်းဖော်ဟောင်းဖြစ်တဲ့ နည်းပြ ဇာဗီနဲ့ ပြန်လည်ဆုံစည်းချင်နေတာကြောင့် နူးကမ့်ကို ပြန်လာချင်နေတယ်လို့ သိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘာစီလိုနာအသင္းဟာ ပီအက္စ္ဂ်ီအသင္းကေန လီယြန္နယ္ မက္ဆီကို ျပန္လည္ေခၚယူခ်င္ေနၿပီး အာဂ်င္တီးနားၾကယ္ပြင့္အတြက္ ကမ္းလွမ္းမႈျပဳလုပ္ဖို႔ အဆင္သင့္ျဖစ္ေနတယ္လို႔ Diario Gol က ေဖာ္ျပခဲ့ပါတယ္။

လီယြန္နယ္ မက္ဆီရဲ႕ ပီအက္စ္ဂ်ီအသင္းက စာခ်ဳပ္သက္တမ္းဟာ ယခုႏွစ္ကုန္မွာ သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္ၿပီး အသင္းဥကၠဌ နက္ဆာ အယ္လ္ခါလီဖီက အာဂ်င္တီးနားတိုက္စစ္မႉးကို ဆက္ေနေစခ်င္ေပမယ့္လည္း ေဆြးေႏြးညႇိႏႈိင္းမႈေတြကေန ဘယ္လို ခိုင္မာတဲ့ ရလဒ္မ်ိဳးမွ ထြက္ေပၚလာျခင္း မရွိေသးတာ ျဖစ္ပါတယ္။

ပီအက္စ္ဂ်ီအသင္းဟာ ဘိုင္ယန္ျမဴးနစ္ကို ၁၆ သင္းရႈံးထြက္အဆင့္မွာပဲ ရႈံးနိမ့္ၿပီးေနာက္ ေနာက္ထပ္တစ္ႀကိမ္ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲကေန ထြက္ခြာခဲ့ရၿပီျဖစ္ၿပီး မက္ဆီရဲ႕ ျပင္သစ္က အနာဂတ္ဟာ မေရမရာျဖစ္လာပုံေပၚေနၿပီ ျဖစ္ပါတယ္။

ဒါေၾကာင့္ မက္ဆီအေနနဲ႔ ႏူးကမ့္ကို ျပန္သြားႏိုင္ေျခရွိတယ္ဆိုတဲ့ ေကာလာဟလေတြ ျပန္လည္ထြက္ေပၚလာၿပီး ဘာစီလိုနာအေနနဲ႔ ဘ႑ာေရးအၾကပ္အတည္းေတြ ျဖစ္ေနခ်ိန္မွာ ဘလြန္ေဒါ ၇ ဆုရွင္ရဲ႕ လစာကို ေပးေခ်ႏိုင္ပုံေတာ့ မေပၚတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဘာစီလိုနာဥကၠဌ ယိုအန္း လာေပၚတာက အရင္တုန္းက ဒန္နီ အဲဗက္စ္နဲ႔တုန္းက သုံးခဲ့တဲ့ အစီအစဥ္မ်ိဳးရွိၿပီး မက္ဒရစ္အေျခစိုက္သတင္းဌာန La Razon ရဲ႕ ေဖာ္ျပခ်က္အရ မက္ဆီဟာ တျခားေနရာေတြမွာ ရရွိႏိုင္တဲ့ပမာဏထက္ သိသိသာသာနည္းပါးတဲ့ တစ္ႏွစ္လုပ္ခလစာ ယူ႐ို ၂ သိန္းဝန္းက်င္သာ ရရွိလိမ့္မယ္လို႔ သိရပါတယ္။

ဒါေပမယ့္လည္း တစ္ဖက္မွာ အမွတ္တရ ဂုဏ္ျပဳပြဲေတြမွာ ရရွိသမွ် ေငြေၾကးအားလုံးက လီယြန္နယ္ မက္ဆီကို ေပးေခ်ရမယ္လို႔ သိရၿပီး ဘာစီလိုနာအသင္းဟာ ဂုဏ္ျပဳပြဲကေန ခန႔္မွန္းေျခ ယူ႐ိုသန္း ၁၀၀ ဝန္းက်င္ေလာက္ ရရွိႏိုင္တာေၾကာင့္ အာဂ်င္တီးနားၾကယ္ပြင့္ရဲ႕လစာကို ေကာင္းေကာင္းေပးေခ်ႏိုင္မွာျဖစ္ပါတယ္။

မက္ဆီကလည္း အသင္းေဖာ္ေဟာင္းျဖစ္တဲ့ နည္းျပ ဇာဗီနဲ႔ ျပန္လည္ဆုံစည္းခ်င္ေနတာေၾကာင့္ ႏူးကမ့္ကို ျပန္လာခ်င္ေနတယ္လို႔ သိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.