Premier League

ဆာလား ပင်နယ်တီလွဲရတဲ့အဓိကအကြောင်းအရင်းကို ပြောပြလိုက်တဲ့ ကလော့ပ်

ယာဂန် ကလော့ပ်က ဘုန်းမောက်နဲ့ပွဲစဉ်မှာ မိုဟာမက် ဆာလား ပင်နယ်တီ လွဲချော်ခဲ့မှုက ယခုရာသီ ပရီးမီးယားလိဂ်မှာ လီဗာပူးလ်ရဲ့ ပင်နယ်တီရရှိခဲ့ခြင်းမရှိမှုကြောင့် ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ မန်ချက်စတာယူနိုက်တက်ကို ၇-၀ နဲ့ အပြတ်အသတ် ချေမှုန်းခဲ့ပြီးနောက် ၆ ရက်အကြာမှာ စနေနေ့အစောပိုင်းပွဲစဉ်အဖြစ် ဘုန်းမောက်နဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ အံ့အားသင့်ဖွယ် ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

အိမ်ရှင်ဘုန်းမောက်အသင်းက ၂၈ မိနစ်မှာ ဖိလစ် ဘီလ်လင်းရဲ့ သွင်းဂိုးကြောင့် ဦးဆောင်ဂိုးကို ရရှိသွားခဲ့တာဖြစ်ပြီး အဲဒီအဖွင့်ဂိုးဟာ လီဗာပူးလ်နောက်ခံလူ ဗန်ဒိုက်ရဲ့ ဆိုးရွားတဲ့ခံစစ်ကစားပုံကနေတဆင့် ရရှိသွားခဲ့တာဖြစ်ပါတယ်။

၆၈ မိနစ်မှာ အဒမ် စမစ်က ဂျိုတာရဲ့ ခေါင်းတိုက်ချက်ကို လက်နဲ့ ကာကွယ်ခဲ့တဲ့အချိန်မှာ လီဗာပူးလ်အသင်း ပင်နယ်တီ ပြစ်ဒဏ်ဘော ရရှိခဲ့တာကြောင့် ချေပဂိုး ပြန်လည်သွင်းယူနိုင်တော့မယ်လို့ မျှော်မှန်းခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း လီဗာပူးလ်ကြယ်ပွင့် တိုက်စစ်မှူး မိုဟာမက် ဆာလားရဲ့ ကန်ချက်ဟာ ဘယ်ဖက်ဂိုးတိုင်ဘေးကို ဝိုက်ထွက်သွားခဲ့တာဖြစ်ပြီး အိမ်ရှင်ဘုန်းမောက်တို့က အဖိုးတန် အနိုင် ၃ မှတ်ကို ရရှိသွားခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာ နည်းပြ ယာဂန် ကလော့ပ်က ၁၂ ကိုက်အကွာကနေ ကန်သွင်းခဲ့ပေမယ့်လည်း အံ့အားသင့်ဖွယ် လွဲချော်သွားခဲ့တဲ့ မိုဟာမက် ဆာလားရဲ့ လွဲချော်မှုမှာ အဓိကအကြောင်းအရင်းတစ်ခု ရှိနေတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“နောက်ဆုံး ပင်နယ်တီ ကျွန်တော်တို့ ရတာ ဘယ်တုန်းကလဲတောင် မမှတ်မိတော့ဘူး။ အနည်းဆုံးတော့ ဒီလိဂ်မှာပေါ့။ ပင်နယ်တီမရတာ တော်တော်လေး ကြာခဲ့ပြီ။ အဲဒါက သိသာပါတယ်။ ကျွန်တော်တို့ သူတို့ကို ဂိုးသာသွင်းနိုင်ခဲ့ရင် ပွဲက ပြောင်းလဲသွားမယ်ဆိုတာ လုံးဝကို အသိအသာကြီးပါ”

“ဒါပေမယ့် အဲဒါက စွမ်းဆောင်ရည်ကို ပိုကောင်းအောင် မလုပ်နိုင်ပေမယ့် အနည်းဆုံးတော့ ရလဒ်ကိုတော့ ပြောင်းလဲပစ်နိုင်ပါတယ်။ ဒါပါပဲ။ သူ ဂိုးတွေအများကြီးသွင်းခဲ့ပေမယ့် ပင်နယ်တီကို လွဲချော်ခဲ့တယ်။ ဒါက ဘဝပဲ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ယာဂန္ ကေလာ့ပ္က ဘုန္းေမာက္နဲ႔ပြဲစဥ္မွာ မိုဟာမက္ ဆာလား ပင္နယ္တီ လြဲေခ်ာ္ခဲ့မႈက ယခုရာသီ ပရီးမီးယားလိဂ္မွာ လီဗာပူးလ္ရဲ႕ ပင္နယ္တီရရွိခဲ့ျခင္းမရွိမႈေၾကာင့္ ျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

လီဗာပူးလ္အသင္းဟာ မန္ခ်က္စတာယူႏိုက္တက္ကို ၇-၀ နဲ႔ အျပတ္အသတ္ ေခ်မႈန္းခဲ့ၿပီးေနာက္ ၆ ရက္အၾကာမွာ စေနေန႔အေစာပိုင္းပြဲစဥ္အျဖစ္ ဘုန္းေမာက္နဲ႔ ကစားခဲ့တဲ့ ပြဲစဥ္မွာ အံ့အားသင့္ဖြယ္ ၁-၀ နဲ႔ ရႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။

အိမ္ရွင္ဘုန္းေမာက္အသင္းက ၂၈ မိနစ္မွာ ဖိလစ္ ဘီလ္လင္းရဲ႕ သြင္းဂိုးေၾကာင့္ ဦးေဆာင္ဂိုးကို ရရွိသြားခဲ့တာျဖစ္ၿပီး အဲဒီအဖြင့္ဂိုးဟာ လီဗာပူးလ္ေနာက္ခံလူ ဗန္ဒိုက္ရဲ႕ ဆိုး႐ြားတဲ့ခံစစ္ကစားပုံကေနတဆင့္ ရရွိသြားခဲ့တာျဖစ္ပါတယ္။

၆၈ မိနစ္မွာ အဒမ္ စမစ္က ဂ်ိဳတာရဲ႕ ေခါင္းတိုက္ခ်က္ကို လက္နဲ႔ ကာကြယ္ခဲ့တဲ့အခ်ိန္မွာ လီဗာပူးလ္အသင္း ပင္နယ္တီ ျပစ္ဒဏ္ေဘာ ရရွိခဲ့တာေၾကာင့္ ေခ်ပဂိုး ျပန္လည္သြင္းယူႏိုင္ေတာ့မယ္လို႔ ေမွ်ာ္မွန္းခဲ့ၾကတာျဖစ္ပါတယ္။ ဒါေပမယ့္လည္း လီဗာပူးလ္ၾကယ္ပြင့္ တိုက္စစ္မႉး မိုဟာမက္ ဆာလားရဲ႕ ကန္ခ်က္ဟာ ဘယ္ဖက္ဂိုးတိုင္ေဘးကို ဝိုက္ထြက္သြားခဲ့တာျဖစ္ၿပီး အိမ္ရွင္ဘုန္းေမာက္တို႔က အဖိုးတန္ အႏိုင္ ၃ မွတ္ကို ရရွိသြားခဲ့တာျဖစ္ပါတယ္။

ပြဲအၿပီးမွာ နည္းျပ ယာဂန္ ကေလာ့ပ္က ၁၂ ကိုက္အကြာကေန ကန္သြင္းခဲ့ေပမယ့္လည္း အံ့အားသင့္ဖြယ္ လြဲေခ်ာ္သြားခဲ့တဲ့ မိုဟာမက္ ဆာလားရဲ႕ လြဲေခ်ာ္မႈမွာ အဓိကအေၾကာင္းအရင္းတစ္ခု ရွိေနတယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ေနာက္ဆုံး ပင္နယ္တီ ကြၽန္ေတာ္တို႔ ရတာ ဘယ္တုန္းကလဲေတာင္ မမွတ္မိေတာ့ဘူး။ အနည္းဆုံးေတာ့ ဒီလိဂ္မွာေပါ့။ ပင္နယ္တီမရတာ ေတာ္ေတာ္ေလး ၾကာခဲ့ၿပီ။ အဲဒါက သိသာပါတယ္။ ကြၽန္ေတာ္တို႔ သူတို႔ကို ဂိုးသာသြင္းႏိုင္ခဲ့ရင္ ပြဲက ေျပာင္းလဲသြားမယ္ဆိုတာ လုံးဝကို အသိအသာႀကီးပါ”

“ဒါေပမယ့္ အဲဒါက စြမ္းေဆာင္ရည္ကို ပိုေကာင္းေအာင္ မလုပ္ႏိုင္ေပမယ့္ အနည္းဆုံးေတာ့ ရလဒ္ကိုေတာ့ ေျပာင္းလဲပစ္ႏိုင္ပါတယ္။ ဒါပါပဲ။ သူ ဂိုးေတြအမ်ားႀကီးသြင္းခဲ့ေပမယ့္ ပင္နယ္တီကို လြဲေခ်ာ္ခဲ့တယ္။ ဒါက ဘဝပဲ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.