Premier League

ချဲလ်ဆီးကြောင့် ပစ်မှတ်ကို ယူရိုသန်း ၂၀၀ ပေးချေရမယ့် မန်ယူနိုက်တက်နဲ့ ရီးရဲလ်

ချဲလ်ဆီးအသင်းက မိုင်ခေလို မာဒရစ်ခ်ကို ယူရိုသန်း ၁၀၀ နဲ့ ခေါ်ယူခဲ့ပြီးနောက် ဂွန်ဆာလို ရာမို့စ်ကို မန်ချက်စတာယူနိုက်တက်နဲ့ ရီးရဲလ်မက်ဒရစ်တို့ဆီကို ယူရိုသန်း ၂၀၀ လောက်နဲ့ ရောင်းချရလိမ့်မယ်လို့ ဘာစီလိုနာကြယ်ပွင့်ဟောင်း အီဂေါ် ကော်နိဗ်က ပြောကြားခဲ့ပါတယ်။

“တကယ်လို့ မာဒရစ်ခ်က ယူရိုသန်း ၁၀၀ နဲ့ ခေါ်ယူရတယ်ဆိုရင် သူက ယူရိုသန်း ၂၀၀ လောက် ကုန်ကျလိမ့်မယ်။ ဒါပေမယ့်လည်း သူ ယူရိုသန်း ၁၂၀ ဝန်းကျင်လောက်နဲ့ အပြောင်းအရွှေ့လုပ်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်တယ်။ ပုံမှန်အားဖြင့်တော့ သူ့မှာ အားနည်းချက်မရှိပါဘူး။ သူက လျင်မြန်တယ်။ သန်မာတယ်။ သူက သေးငယ်တဲ့နေရာလွတ်ထဲမှာ ပြိုင်ဘက်ကစားသမားတစ်ဦး၊ နှစ်ဦးလောက်ကို အနိုင်ယူနိုင်တယ်ဆိုတာကို ကျွန်တော်တို့ သိခဲ့ရတယ်”

“သူ လှည့်ပြီး ဦးတည်ချက်ကို လုံးဝ ပြောင်းလဲပစ်လိုက်တဲ့ပုံစံက မယုံနိုင်စရာကောင်းပါတယ်။ ကျွန်တော် ကမ္ဘာ့ဖလားတုန်းက စွမ်းဆောင်ရည်ကိုပဲ ပြောနေတာမဟုတ်ပါဘူး။ သူက ခြေထောက် နှစ်ဖက်စလုံးနဲ့ ကောင်းကောင်းကစားနိုင်တယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ရာမို့စ်ဟာ ယခုရာသီမှာ ဘင်ဖီကာအသင်းအတွက် ထူးခြားဆန်းကြယ်တဲ့ခြေစွမ်းကို ပြသနေခဲ့ပြီး ၃၄ ပွဲမှာ သွင်းဂိုး ၂၃ ဂိုးနဲ့ ဂိုးဖန်တီးမှု ၉ ကြိမ်အထိ ပြုလုပ်ပေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီသွင်းဂိုးတွေထဲက ၇ ဂိုးဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ သွင်းယူခဲ့တာဖြစ်ပြီး ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း အကြီးမားဆုံးအဆင့်မှာ စွမ်းဆောင်ပြဖို့ အဆင်သင့်ဖြစ်နေပြီဆိုတာကို သက်သေပြသခဲ့တာ ဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ မာဒရစ်ခ်ကို ရှက်တာဒိုးနတ်အသင်းကနေ ထပ်ဆောင်းပေးချေမှု ယူရိုသန်း ၃၀ နဲ့အတူ ကနဦး ပြောင်းရွှေ့ကြေး ယူရိုသန်း ၇၀ နဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ယူကရိန်းတောင်ပံကစားသမား ဟာ စနေနေ့က လက်စတာစီးတီးနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ ချဲလ်ဆီးအသင်းအတွက် ပထမဆုံး ဂိုးဖန်တီးမှုကို ပြုလုပ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ဒီဇင်ဘာလမှာ ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ နှစ်ဦးသဘောတူ လမ်းခွဲခဲ့ပြီးနောက် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ဗက်ဟော့စ်ကို အငှားနဲ့ ခေါ်ယူခဲ့ပေမယ့်လည်း ကာလရှည် အားထားရနိုင်တဲ့ ကျောနံပါတ် ၉ တိုက်စစ်မှူးမျိုး လိုအပ်နေသေးတာဖြစ်ပါတယ်။

တစ်ဖက်မှာလည်း ရီးရဲလ်မက်ဒရစ်အသင်းကလည်း ကာရင် ဘန်ဇီးမားက အလွန်ကောင်းမွန်တဲ့ပုံစံမှာရှိနေပေမယ့်လည်း ယခုနှစ်မှာ အသက် ၃၆ နှစ်အရွယ် ပြည့်မြောက်တော့မှာဖြစ်တာကြောင့် လာလီဂါကလပ်အသင်းဟာ အမ်ဘာပေ၊ ဂွန်ဆာလို ရာမို့စ်၊ ရစ်ချာလီဆန်တို့ကို ပစ်မှတ်ထားနေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခ်ဲလ္ဆီးအသင္းက မိုင္ေခလို မာဒရစ္ခ္ကို ယူ႐ိုသန္း ၁၀၀ နဲ႔ ေခၚယူခဲ့ၿပီးေနာက္ ဂြန္ဆာလို ရာမို႔စ္ကို မန္ခ်က္စတာယူႏိုက္တက္နဲ႔ ရီးရဲလ္မက္ဒရစ္တို႔ဆီကို ယူ႐ိုသန္း ၂၀၀ ေလာက္နဲ႔ ေရာင္းခ်ရလိမ့္မယ္လို႔ ဘာစီလိုနာၾကယ္ပြင့္ေဟာင္း အီေဂၚ ေကာ္နိဗ္က ေျပာၾကားခဲ့ပါတယ္။

“တကယ္လို႔ မာဒရစ္ခ္က ယူ႐ိုသန္း ၁၀၀ နဲ႔ ေခၚယူရတယ္ဆိုရင္ သူက ယူ႐ိုသန္း ၂၀၀ ေလာက္ ကုန္က်လိမ့္မယ္။ ဒါေပမယ့္လည္း သူ ယူ႐ိုသန္း ၁၂၀ ဝန္းက်င္ေလာက္နဲ႔ အေျပာင္းအေ႐ႊ႕လုပ္လိမ့္မယ္လို႔ ကြၽန္ေတာ္ ယုံၾကည္တယ္။ ပုံမွန္အားျဖင့္ေတာ့ သူ႔မွာ အားနည္းခ်က္မရွိပါဘူး။ သူက လ်င္ျမန္တယ္။ သန္မာတယ္။ သူက ေသးငယ္တဲ့ေနရာလြတ္ထဲမွာ ၿပိဳင္ဘက္ကစားသမားတစ္ဦး၊ ႏွစ္ဦးေလာက္ကို အႏိုင္ယူႏိုင္တယ္ဆိုတာကို ကြၽန္ေတာ္တို႔ သိခဲ့ရတယ္”

“သူ လွည့္ၿပီး ဦးတည္ခ်က္ကို လုံးဝ ေျပာင္းလဲပစ္လိုက္တဲ့ပုံစံက မယုံႏိုင္စရာေကာင္းပါတယ္။ ကြၽန္ေတာ္ ကမာၻ႔ဖလားတုန္းက စြမ္းေဆာင္ရည္ကိုပဲ ေျပာေနတာမဟုတ္ပါဘူး။ သူက ေျခေထာက္ ႏွစ္ဖက္စလုံးနဲ႔ ေကာင္းေကာင္းကစားႏိုင္တယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ရာမို႔စ္ဟာ ယခုရာသီမွာ ဘင္ဖီကာအသင္းအတြက္ ထူးျခားဆန္းၾကယ္တဲ့ေျခစြမ္းကို ျပသေနခဲ့ၿပီး ၃၄ ပြဲမွာ သြင္းဂိုး ၂၃ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၉ ႀကိမ္အထိ ျပဳလုပ္ေပးခဲ့တာ ျဖစ္ပါတယ္။ အဲဒီသြင္းဂိုးေတြထဲက ၇ ဂိုးဟာ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ သြင္းယူခဲ့တာျဖစ္ၿပီး ၂၀၂၂ ကာတာ ကမာၻ႔ဖလားၿပိဳင္ပြဲမွာလည္း အႀကီးမားဆုံးအဆင့္မွာ စြမ္းေဆာင္ျပဖို႔ အဆင္သင့္ျဖစ္ေနၿပီဆိုတာကို သက္ေသျပသခဲ့တာ ျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ မာဒရစ္ခ္ကို ရွက္တာဒိုးနတ္အသင္းကေန ထပ္ေဆာင္းေပးေခ်မႈ ယူ႐ိုသန္း ၃၀ နဲ႔အတူ ကနဦး ေျပာင္းေ႐ႊ႕ေၾကး ယူ႐ိုသန္း ၇၀ နဲ႔ ေခၚယူခဲ့တာျဖစ္ပါတယ္။ ယူကရိန္းေတာင္ပံကစားသမား ဟာ စေနေန႔က လက္စတာစီးတီးနဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ပြဲစဥ္မွာ ခ်ဲလ္ဆီးအသင္းအတြက္ ပထမဆုံး ဂိုးဖန္တီးမႈကို ျပဳလုပ္ေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ၿပီးခဲ့တဲ့ဒီဇင္ဘာလမွာ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုနဲ႔ ႏွစ္ဦးသေဘာတူ လမ္းခြဲခဲ့ၿပီးေနာက္ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလမွာ ဗက္ေဟာ့စ္ကို အငွားနဲ႔ ေခၚယူခဲ့ေပမယ့္လည္း ကာလရွည္ အားထားရႏိုင္တဲ့ ေက်ာနံပါတ္ ၉ တိုက္စစ္မႉးမ်ိဳး လိုအပ္ေနေသးတာျဖစ္ပါတယ္။

တစ္ဖက္မွာလည္း ရီးရဲလ္မက္ဒရစ္အသင္းကလည္း ကာရင္ ဘန္ဇီးမားက အလြန္ေကာင္းမြန္တဲ့ပုံစံမွာရွိေနေပမယ့္လည္း ယခုႏွစ္မွာ အသက္ ၃၆ ႏွစ္အ႐ြယ္ ျပည့္ေျမာက္ေတာ့မွာျဖစ္တာေၾကာင့္ လာလီဂါကလပ္အသင္းဟာ အမ္ဘာေပ၊ ဂြန္ဆာလို ရာမို႔စ္၊ ရစ္ခ်ာလီဆန္တို႔ကို ပစ္မွတ္ထားေနတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.