Premier League

ကျွန်တော့်အသင်းဖော်တွေက သတ်တော့မှာပဲလို့ ပြောလိုက်တဲ့ ဇင်ချန်ကို

အိုလက်ဇန်းဒါး ဇင်ချန်ကိုက တစ်လတာအကောင်းဆုံးကစားသမားဆုကို ၂ လဆက်တိုက် ရရှိခဲ့ပြီးနောက် ၎င်းရဲ့ အာဆင်နယ်အသင်းဖော်တွေက သတ်တော့မှာပဲလို့ ဟာသ ဖောက်ခဲ့ပါတယ်။

ယူကရိန်းလက်ရွေးစင်နောက်ခံကစားသမားဟာ ပြီးခဲ့တဲ့ နွေရာသီမှာ မန်ချက်စတာစီးတီးအသင်းကနေ ပေါင်သန်း ၃၀ နဲ့ ပြောင်းရွှေ့လာပြီးကတည်းက အာဆင်နယ်အသင်းရဲ့ အဓိကကစားသမား ဖြစ်လာခဲ့သူဖြစ်ပါတယ်။ အာတီတာရဲ့ အသင်းဟာ ငယ်ရွယ်ပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ လူစာရင်းကို ပိုင်ဆိုင်ထားပြီး ယခုရာသီ ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

ဆာကာ၊ မာတီနယ်လီ၊ ဝီလီယံ ဆာလီဘာတို့အားလုံးဟာ ယခုရာသီမှာ ဂန်းနားတွေအတွက် အကောင်းဆုံးပုံစံ ပြသနေတာဖြစ်ပြီး ဇင်ချန်ကိုဟာ အာဆင်နယ်လူစာရင်းကို အရည်အသွေးတွေတင်သာမက ဆုဖလား အနိုင်ရရှိခဲ့ဖူးတဲ့ အတွေ့အကြုံတွေပါ ယူဆောင်လာပေးခဲ့တာဖြစ်ပါတယ်။

ယူကရိန်းနောက်ခံလူဟာ မန်ချက်စတာစီးတီးမှာ ကစားခဲ့တဲ့အချိန်အတွင်း ပရီးမီးယားလိဂ်ဖလား ၄ ကြိမ် ရရှိခဲ့ပြီး ယခုရာသီ နောက်ဆုံးအပိုင်းကို ချဉ်းကပ်လာချိန်မှာ အာဆင်နယ်အတွက် ကွင်းတွင်း၊ ကွင်းပြင်ပမှာပါ အထင်ရှားဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်လာခဲ့သူဖြစ်ပါတယ်။

ဇင်ချန်ကိုက ၎င်းရဲ့ ဒုတိယမြောက် တစ်လတာအကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ပြီးနောက်မှာ ၎င်းရဲ့အာဆင်နယ်အသင်းဖော်တွေက ၂ လဆက်တိုက် ဆုရခဲ့လို့ သတ်ကြလိမ့်မယ်လို့ ဟာသဖောက်ခဲ့တာဖြစ်ပါတယ်။

“ဟိုင်း ငါ့ကောင်တွေ။ မင်းတို့ အဆင်ပြေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ငါ့ကို နောက်ထပ်တစ်ကြိမ် တစ်လတာအကောင်းဆုံးကစားသမားဆုအတွက် မဲပေးခဲ့ကြလို့ ကျေးဇူးတင်ပါတယ်။ ကျွန်တော့် အသင်းဖော်တွေက ကျွန်တော့်ကို သတ်ကြတော့မယ်လို့ ကျွန်တော် ထင်တယ်”

“ဘာလို့လဲဆိုတော့ ဘောလုံးအကြောင်းနားမလည်တဲ့ လူတွေက ကျွန်တော့်အတွက် မဲပေးနေကြတယ်လို့ ထင်နေလို့ပါ။ ဒါပေမယ့် သူတို့အကြောင်း မေ့လိုက်ပါ။ အဆုံးအထိ အတူတူ ဆက်ပြီး ကြိုးစားသွားကြမယ်။ လုပ်လိုက်ကြရအောင် ဂန်းနားတွေ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အိုလက္ဇန္းဒါး ဇင္ခ်န္ကိုက တစ္လတာအေကာင္းဆုံးကစားသမားဆုကို ၂ လဆက္တိုက္ ရရွိခဲ့ၿပီးေနာက္ ၎ရဲ႕ အာဆင္နယ္အသင္းေဖာ္ေတြက သတ္ေတာ့မွာပဲလို႔ ဟာသ ေဖာက္ခဲ့ပါတယ္။

ယူကရိန္းလက္ေ႐ြးစင္ေနာက္ခံကစားသမားဟာ ၿပီးခဲ့တဲ့ ေႏြရာသီမွာ မန္ခ်က္စတာစီးတီးအသင္းကေန ေပါင္သန္း ၃၀ နဲ႔ ေျပာင္းေ႐ႊ႕လာၿပီးကတည္းက အာဆင္နယ္အသင္းရဲ႕ အဓိကကစားသမား ျဖစ္လာခဲ့သူျဖစ္ပါတယ္။ အာတီတာရဲ႕ အသင္းဟာ ငယ္႐ြယ္ၿပီး စိတ္လႈပ္ရွားစရာေကာင္းတဲ့ လူစာရင္းကို ပိုင္ဆိုင္ထားၿပီး ယခုရာသီ ပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံးမွာ ရပ္တည္ေနတာ ျဖစ္ပါတယ္။

ဆာကာ၊ မာတီနယ္လီ၊ ဝီလီယံ ဆာလီဘာတို႔အားလုံးဟာ ယခုရာသီမွာ ဂန္းနားေတြအတြက္ အေကာင္းဆုံးပုံစံ ျပသေနတာျဖစ္ၿပီး ဇင္ခ်န္ကိုဟာ အာဆင္နယ္လူစာရင္းကို အရည္အေသြးေတြတင္သာမက ဆုဖလား အႏိုင္ရရွိခဲ့ဖူးတဲ့ အေတြ႕အႀကဳံေတြပါ ယူေဆာင္လာေပးခဲ့တာျဖစ္ပါတယ္။

ယူကရိန္းေနာက္ခံလူဟာ မန္ခ်က္စတာစီးတီးမွာ ကစားခဲ့တဲ့အခ်ိန္အတြင္း ပရီးမီးယားလိဂ္ဖလား ၄ ႀကိမ္ ရရွိခဲ့ၿပီး ယခုရာသီ ေနာက္ဆုံးအပိုင္းကို ခ်ဥ္းကပ္လာခ်ိန္မွာ အာဆင္နယ္အတြက္ ကြင္းတြင္း၊ ကြင္းျပင္ပမွာပါ အထင္ရွားဆုံးကစားသမားေတြထဲက တစ္ဦးျဖစ္လာခဲ့သူျဖစ္ပါတယ္။

ဇင္ခ်န္ကိုက ၎ရဲ႕ ဒုတိယေျမာက္ တစ္လတာအေကာင္းဆုံးကစားသမားဆုကို ရရွိခဲ့ၿပီးေနာက္မွာ ၎ရဲ႕အာဆင္နယ္အသင္းေဖာ္ေတြက ၂ လဆက္တိုက္ ဆုရခဲ့လို႔ သတ္ၾကလိမ့္မယ္လို႔ ဟာသေဖာက္ခဲ့တာျဖစ္ပါတယ္။

“ဟိုင္း ငါ့ေကာင္ေတြ။ မင္းတို႔ အဆင္ေျပလိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။ ငါ့ကို ေနာက္ထပ္တစ္ႀကိမ္ တစ္လတာအေကာင္းဆုံးကစားသမားဆုအတြက္ မဲေပးခဲ့ၾကလို႔ ေက်းဇူးတင္ပါတယ္။ ကြၽန္ေတာ့္ အသင္းေဖာ္ေတြက ကြၽန္ေတာ့္ကို သတ္ၾကေတာ့မယ္လို႔ ကြၽန္ေတာ္ ထင္တယ္”

“ဘာလို႔လဲဆိုေတာ့ ေဘာလုံးအေၾကာင္းနားမလည္တဲ့ လူေတြက ကြၽန္ေတာ့္အတြက္ မဲေပးေနၾကတယ္လို႔ ထင္ေနလို႔ပါ။ ဒါေပမယ့္ သူတို႔အေၾကာင္း ေမ့လိုက္ပါ။ အဆုံးအထိ အတူတူ ဆက္ၿပီး ႀကိဳးစားသြားၾကမယ္။ လုပ္လိုက္ၾကရေအာင္ ဂန္းနားေတြ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.