Premier League

မန်ယူနိုက်တက်က ထိပ်ဆုံး ၃ နေရာဝင်မယ့် ထိပ်ဆုံး ၄ နေရာကို ခန့်မှန်းခဲ့တဲ့ ကွန်တီ

အန်တိုနီယို ကွန်တီက မန်ချက်စတာယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရာသီပြီးဆုံးနိုင်လိမ့်မယ်လို့ ယုံကြည်နေပေမယ့်လည်း ချဲလ်ဆီးအသင်းကလည်း ထိပ်ဆုံး ၄ နေရာတိုက်ပွဲအတွက် စိန်ခေါ်နိုင်လိမ့်မယ်လို့ ထောက်ခံခဲ့ပါတယ်။

အာဆင်နယ်နဲ့ မန်ချက်စတာစီးတီးတို့ဟာ စိတ်လှုပ်ရှားဖွယ် ဆုဖလားပြိုင်ပွဲမှာ ပါဝင်ပတ်သက်နေကြတာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်ကလည်း နည်းပြ တန်ဟက်လက်အောက်မှာ အထင်ကြီးဖွယ်ခြေစွမ်း ဆက်လက်ပြသနေတာကြောင့် စပါးစ်နည်းပြ ကွန်တီက အဆင့် ၄ တစ်နေရာကိုပဲ ဝိုင်းလုရတော့မှာဖြစ်တယ်လို့ ခံစားနေရတာဖြစ်ပါတယ်။

တော့တင်ဟမ်ဟော့စပါးဟာ လက်ရှိမှာတော့ အဆင့် ၄ နေရာကို သိမ်းပိုက်ထားပြီး နော်တင်ဟမ် ဖောရက်စ်ကို ၃-၁ နဲ့ စနေနေ့မှာ အနိုင်ရရှိခဲ့ပြီးနောက် အဆင့် ၅ နေရာက လီဗာပူးလ်ကို ၆ မှတ်ဖြတ်ထားနိုင်ခဲ့တာဖြစ်ပြီး ကလော့ပ်ရဲ့အသင်းက ဘုန်းမောက်ကို ၁-၀ နဲ့ အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

နယူးကာဆယ်လ် ယူနိုက်တက်အသင်းကလည်း တော့တင်ဟမ်ဟော့စပါးနဲ့ ၇ မှတ်အကွာ ၂ ပွဲလျော့နဲ့ အမီလိုက်နေတာဖြစ်ပြီး ဘရိုက်တန်ကလည်း ကစားဖို့ ကျန်နေသေးတဲ့ ၃ ပွဲကို အနိုင်ရရှိခဲ့မယ်ဆိုရင် စပါးစ်နဲ့ ရမှတ်တူညီသွားမှာ ဖြစ်ပါတယ်။

ရာသီကုန်ခါနီးလေ ပွဲကြမ်းလေ ဖြစ်လာတာကြောင့် ကွန်တီက နည်းပြ ပေါ့တားလက်အောက်မှာ ပြန်လည်သက်ဝင်လာပြီးနောက်ပိုင်း ထိပ်ဆုံး ၄ နေရာအတွက် စကားဝိုင်းထဲမှာ ပါဝင်လာပြီလို့ ယုံကြည်နေတာ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဟာ စိတ်ပျက်ဖွယ် ရာသီကို ရင်ဆိုင်ခဲ့ရပေမယ့်လည်း စနေနေ့မှာ ၃ ပွဲဆက် နိုင်ပွဲကို ရယူနိုင်ခဲ့ပြီး တော့တင်ဟမ်ဟော့စပါးအသင်းရဲ့အနောက်မှာ ၁ ပွဲလျော့ ၁၁ မှတ်အကွာကနေ ရပ်တည်နေတာ ဖြစ်ပါတယ်။

“ချန်ပီယံလိဂ်ဝင်ခွင့်နေရာအတွက် ပြိုင်ပွဲက တကယ်ကို ခက်ခဲမယ်ဆိုတာ ကျွန်တော် ကောင်းကောင်းသိပါတယ်။ ခင်ဗျား ယှဉ်ပြိုင်သူတွေကို မြင်မှာပါ။ အသင်းတွေ အများကြီး ပါဝင်ပတ်သက်နေတာ ခင်ဗျားမြင်မှာဖြစ်ပြီး အခုအချိန်မှာ တစ်နေရာပဲ ရစရာရှိတယ်လို့ ကျွန်တော် ထင်တယ်။ ဘာလို့လဲဆိုတော့ စီးတီးနဲ့ အာဆင်နယ်တို့က ပရီးမီးယားလိဂ်ဖလားအတွက် တိုက်ပွဲဝင်နေပြီး မန်ယူနိုက်တက်ကလည်း ရလဒ်ကောင်းတွေ စဉ်ဆက်မပြတ် ရယူနိုင်တယ်ဆိုတာကို ပြသနေတာကြောင့်ပါ။ အဲဒီတော့ တစ်နေရာပဲ ရှိနေပြီး အသင်းတွေအများကြီး၊ အရေးပါတဲ့အသင်းတွေအများကြီး ဒီပြိုင်ပွဲထဲမှာ ရှိနေပါတယ်။ ကျွန်တော်တို့ အကောင်းဆုံးဖြစ်အောင်လုပ်ဖို့ ကြိုးပမ်းရမှာဖြစ်ပြီး သေချာပေါက် ကျွန်တော်တို့အတွက် ထပ်ပြီးပြောချင်တာက ထိပ်ဆုံး ၄ နေရာထဲမှာ ရာသီပြီးဆုံးတာက ပရီးမီးယားလိဂ်ဖလားကို အနိုင်ရသလိုပါပဲ။ အဲဒါက ပြီးခဲ့တဲ့ရာသီတုန်းက ဖြစ်ခဲ့ပြီး ကျွန်တော် ထူးခြားဆန်းကြယ်တဲ့အရာတွေအကြောင်း ပြောခဲ့တယ်”

“ဒီရာသီမှာလည်း ပိုလို့တောင် ခက်ခဲလာတာမို့လို့ ကျွန်တော် ဆက်ပြောရမှာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီပြိုင်ပွဲထဲမှာ လီဗာပူးလ်ကလည်း ယှဉ်ပြိုင်သူအဖြစ် ရှိနေလို့ပါ။ နယူးကာဆယ်လ်ကလည်း ယှဉ်ပြိုင်သူဖြစ်ပြီး အရင်တုန်းကနဲ့ မတူတော့တဲ့ နယူးကာဆယ်လ်ပါ။ သူတို့တွေ ငွေကြေးတွေ အများကြီး ရင်းနှီးမြှုပ်နှံခဲ့ပြီး အားကောင်းတဲ့အသင်းရှိပါတယ်။ ခင်ဗျား ချဲလ်ဆီးကို ကြည့်ပါ။ အဲဒီမှာ ဖြစ်ပျက်ခဲ့တာတွေနဲ့ သူတို့ရဲ့ ရပ်တည်မှုက အရမ်းမကောင်းပေမယ့် ကျွန်တော် သူတို့ကို ထိပ်ဆုံး ၄ နေရာအပြင်ဘက်ကလို့ မယူဆပါဘူး။ သူတို့တွေက နောက်ဆုံး ၁၁ ပွဲ၊ ၁၂ ပွဲဆက်တိုက် အနိုင်ရနိုင်ခြေရှိတယ်။ ဘာလို့လဲဆိုတော့ သူတို့လူစာရင်းက တကယ်ကို အားကောင်းလို့ပါ။ ဒါပေမယ့် ကျွန်တော်တို့ ကိုယ့်အကြောင်းကိုယ်တွေးဖို့လိုပါတယ်။ ထိပ်တန်းကလပ်အသင်းတွေက သူ့တို့ဘာသာပဲ သူတို့ကြည့်တယ်။ တခြားရလဒ်တွေကို မကြည့်ဘူး။ ကျွန်တော်တို့ ကိုယ့်လမ်းကြောင်းအပေါ်မှာပဲ အာရုံစိုက်ထားရမှာဖြစ်ပြီး ရာသီကုန်တဲ့အထိ အကောင်းဆုံးလုပ်နိုင်ဖို့ အာရုံစိုက်ရမှာပါ။ ပြီးတော့ ကျွန်တော်တို့ ရနိုင်တဲ့နေရာက ဘယ်နေရာလဲဆိုတာကို ကြည့်ရမှာပါ ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အန္တိုနီယို ကြန္တီက မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ပရီးမီးယားလိဂ္အမွတ္ေပးဇယား အဆင့္ ၃ ေနရာမွာ ရာသီၿပီးဆုံးႏိုင္လိမ့္မယ္လို႔ ယုံၾကည္ေနေပမယ့္လည္း ခ်ဲလ္ဆီးအသင္းကလည္း ထိပ္ဆုံး ၄ ေနရာတိုက္ပြဲအတြက္ စိန္ေခၚႏိုင္လိမ့္မယ္လို႔ ေထာက္ခံခဲ့ပါတယ္။

အာဆင္နယ္နဲ႔ မန္ခ်က္စတာစီးတီးတို႔ဟာ စိတ္လႈပ္ရွားဖြယ္ ဆုဖလားၿပိဳင္ပြဲမွာ ပါဝင္ပတ္သက္ေနၾကတာျဖစ္ၿပီး မန္ခ်က္စတာယူႏိုက္တက္ကလည္း နည္းျပ တန္ဟက္လက္ေအာက္မွာ အထင္ႀကီးဖြယ္ေျခစြမ္း ဆက္လက္ျပသေနတာေၾကာင့္ စပါးစ္နည္းျပ ကြန္တီက အဆင့္ ၄ တစ္ေနရာကိုပဲ ဝိုင္းလုရေတာ့မွာျဖစ္တယ္လို႔ ခံစားေနရတာျဖစ္ပါတယ္။

ေတာ့တင္ဟမ္ေဟာ့စပါးဟာ လက္ရွိမွာေတာ့ အဆင့္ ၄ ေနရာကို သိမ္းပိုက္ထားၿပီး ေနာ္တင္ဟမ္ ေဖာရက္စ္ကို ၃-၁ နဲ႔ စေနေန႔မွာ အႏိုင္ရရွိခဲ့ၿပီးေနာက္ အဆင့္ ၅ ေနရာက လီဗာပူးလ္ကို ၆ မွတ္ျဖတ္ထားႏိုင္ခဲ့တာျဖစ္ၿပီး ကေလာ့ပ္ရဲ႕အသင္းက ဘုန္းေမာက္ကို ၁-၀ နဲ႔ အံ့အားသင့္ဖြယ္ ရႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။

နယူးကာဆယ္လ္ ယူႏိုက္တက္အသင္းကလည္း ေတာ့တင္ဟမ္ေဟာ့စပါးနဲ႔ ၇ မွတ္အကြာ ၂ ပြဲေလ်ာ့နဲ႔ အမီလိုက္ေနတာျဖစ္ၿပီး ဘ႐ိုက္တန္ကလည္း ကစားဖို႔ က်န္ေနေသးတဲ့ ၃ ပြဲကို အႏိုင္ရရွိခဲ့မယ္ဆိုရင္ စပါးစ္နဲ႔ ရမွတ္တူညီသြားမွာ ျဖစ္ပါတယ္။

ရာသီကုန္ခါနီးေလ ပြဲၾကမ္းေလ ျဖစ္လာတာေၾကာင့္ ကြန္တီက နည္းျပ ေပါ့တားလက္ေအာက္မွာ ျပန္လည္သက္ဝင္လာၿပီးေနာက္ပိုင္း ထိပ္ဆုံး ၄ ေနရာအတြက္ စကားဝိုင္းထဲမွာ ပါဝင္လာၿပီလို႔ ယုံၾကည္ေနတာ ျဖစ္ပါတယ္။ ခ်ဲလ္ဆီးအသင္းဟာ စိတ္ပ်က္ဖြယ္ ရာသီကို ရင္ဆိုင္ခဲ့ရေပမယ့္လည္း စေနေန႔မွာ ၃ ပြဲဆက္ ႏိုင္ပြဲကို ရယူႏိုင္ခဲ့ၿပီး ေတာ့တင္ဟမ္ေဟာ့စပါးအသင္းရဲ႕အေနာက္မွာ ၁ ပြဲေလ်ာ့ ၁၁ မွတ္အကြာကေန ရပ္တည္ေနတာ ျဖစ္ပါတယ္။

“ခ်န္ပီယံလိဂ္ဝင္ခြင့္ေနရာအတြက္ ၿပိဳင္ပြဲက တကယ္ကို ခက္ခဲမယ္ဆိုတာ ကြၽန္ေတာ္ ေကာင္းေကာင္းသိပါတယ္။ ခင္ဗ်ား ယွဥ္ၿပိဳင္သူေတြကို ျမင္မွာပါ။ အသင္းေတြ အမ်ားႀကီး ပါဝင္ပတ္သက္ေနတာ ခင္ဗ်ားျမင္မွာျဖစ္ၿပီး အခုအခ်ိန္မွာ တစ္ေနရာပဲ ရစရာရွိတယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ ဘာလို႔လဲဆိုေတာ့ စီးတီးနဲ႔ အာဆင္နယ္တို႔က ပရီးမီးယားလိဂ္ဖလားအတြက္ တိုက္ပြဲဝင္ေနၿပီး မန္ယူႏိုက္တက္ကလည္း ရလဒ္ေကာင္းေတြ စဥ္ဆက္မျပတ္ ရယူႏိုင္တယ္ဆိုတာကို ျပသေနတာေၾကာင့္ပါ။ အဲဒီေတာ့ တစ္ေနရာပဲ ရွိေနၿပီး အသင္းေတြအမ်ားႀကီး၊ အေရးပါတဲ့အသင္းေတြအမ်ားႀကီး ဒီၿပိဳင္ပြဲထဲမွာ ရွိေနပါတယ္။ ကြၽန္ေတာ္တို႔ အေကာင္းဆုံးျဖစ္ေအာင္လုပ္ဖို႔ ႀကိဳးပမ္းရမွာျဖစ္ၿပီး ေသခ်ာေပါက္ ကြၽန္ေတာ္တို႔အတြက္ ထပ္ၿပီးေျပာခ်င္တာက ထိပ္ဆုံး ၄ ေနရာထဲမွာ ရာသီၿပီးဆုံးတာက ပရီးမီးယားလိဂ္ဖလားကို အႏိုင္ရသလိုပါပဲ။ အဲဒါက ၿပီးခဲ့တဲ့ရာသီတုန္းက ျဖစ္ခဲ့ၿပီး ကြၽန္ေတာ္ ထူးျခားဆန္းၾကယ္တဲ့အရာေတြအေၾကာင္း ေျပာခဲ့တယ္”

“ဒီရာသီမွာလည္း ပိုလို႔ေတာင္ ခက္ခဲလာတာမို႔လို႔ ကြၽန္ေတာ္ ဆက္ေျပာရမွာ ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။ ဘာလို႔လဲဆိုေတာ့ ဒီၿပိဳင္ပြဲထဲမွာ လီဗာပူးလ္ကလည္း ယွဥ္ၿပိဳင္သူအျဖစ္ ရွိေနလို႔ပါ။ နယူးကာဆယ္လ္ကလည္း ယွဥ္ၿပိဳင္သူျဖစ္ၿပီး အရင္တုန္းကနဲ႔ မတူေတာ့တဲ့ နယူးကာဆယ္လ္ပါ။ သူတို႔ေတြ ေငြေၾကးေတြ အမ်ားႀကီး ရင္းႏွီးျမႇဳပ္ႏွံခဲ့ၿပီး အားေကာင္းတဲ့အသင္းရွိပါတယ္။ ခင္ဗ်ား ခ်ဲလ္ဆီးကို ၾကည့္ပါ။ အဲဒီမွာ ျဖစ္ပ်က္ခဲ့တာေတြနဲ႔ သူတို႔ရဲ႕ ရပ္တည္မႈက အရမ္းမေကာင္းေပမယ့္ ကြၽန္ေတာ္ သူတို႔ကို ထိပ္ဆုံး ၄ ေနရာအျပင္ဘက္ကလို႔ မယူဆပါဘူး။ သူတို႔ေတြက ေနာက္ဆုံး ၁၁ ပြဲ၊ ၁၂ ပြဲဆက္တိုက္ အႏိုင္ရႏိုင္ေျခရွိတယ္။ ဘာလို႔လဲဆိုေတာ့ သူတို႔လူစာရင္းက တကယ္ကို အားေကာင္းလို႔ပါ။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ ကိုယ့္အေၾကာင္းကိုယ္ေတြးဖို႔လိုပါတယ္။ ထိပ္တန္းကလပ္အသင္းေတြက သူ႔တို႔ဘာသာပဲ သူတို႔ၾကည့္တယ္။ တျခားရလဒ္ေတြကို မၾကည့္ဘူး။ ကြၽန္ေတာ္တို႔ ကိုယ့္လမ္းေၾကာင္းအေပၚမွာပဲ အာ႐ုံစိုက္ထားရမွာျဖစ္ၿပီး ရာသီကုန္တဲ့အထိ အေကာင္းဆုံးလုပ္ႏိုင္ဖို႔ အာ႐ုံစိုက္ရမွာပါ။ ၿပီးေတာ့ ကြၽန္ေတာ္တို႔ ရႏိုင္တဲ့ေနရာက ဘယ္ေနရာလဲဆိုတာကို ၾကည့္ရမွာပါ ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.