Ligue1 Match Report

အချိန်တန်တော့လဲ မက်ဆီ-အမ်ဘာပေနဲ့ပဲ ဘရက်စ်ဆီက နိုင်ပွဲရှာခဲ့ပြန်တဲ့ ပီအက်စ်ဂျီ

ပီအက်စ်ဂျီအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဒွန်နာရမ်မာ၊ ခံစစ်မှာ ဆာဂျီယို ရာမို့စ်၊ ဒါနီလို ပါရဲရား၊ ပမ်ဘီလီနဲ့ နူနို မန်ဒက်စ်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဗာရက်တီ၊ ဇိုင်ယာ-အမ်မရီ၊ ကားလို့စ် ဆိုလာနဲ့ ဖာဘီယန် ရူးဝီးဇ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ မက်ဆီနဲ့ အမ်ဘာပေတို့ကို တွဲဖက်ကစားစေခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် ဘရက်စ်တို့ကတော့ ဂိုးသမား ဘီဇော့၊ ခံစစ်မှာ ဒါရီ၊ ဘရက်စီယေး၊ ဖာဒီဂါနဲ့ ဒူဗန်းတို့ကို ပွဲထုတ်လာခဲ့သလို ကွင်းလယ်မှာတော့ လီးမေလူး၊ မက်ဂနက်တီ၊ ဘယ်လ်ကီဘလာ၊ ဒဲလ်ကက်စတီယိုနဲ့ အွန်နိုရတ်တို့ကို ခင်းကျင်းလာခဲ့ပြီး တိုက်စစ်မှာတော့ မူနီတစ်ဦးတည်းကို အထောင်ထားလာခဲ့တာပါ။

ပီအက်စ်ဂျီတို့အနေနဲ့ မက်ဆီနဲ့ အမ်ဘာပေတို့ အတွဲနောက်က ကားလို့စ် ဆိုလာကို Attacking Midfielder အဖြစ် လိုက်ကစားတဲ့ ပုံစံကို အသုံးပြုသွားခဲ့ပြီး ကွင်းလယ်မှာတော့ Deep Lying Playmaker ဗာရက်တီကို ဇိုင်ယာ-အမ်မရီနဲ့ ဖာဘီယန် ရူးဝီးဇ်တို့က ဘယ်ညာရံပြီး ကစားခဲ့ကြလို့ အဝေးကွင်းမှာ ဘောလုံးပိုင်ဆိုင်မှု အများစုကို ထိန်းချုပ်သွားနိုင်ခဲ့ပါတယ်။

ပွဲစကတည်းက ပီအက်စ်ဂျီတို့ပဲ တောက်လျှောက်ဖိကစားနေခဲ့သလို မက်ဆီနဲ့ အမ်ဘာပေတို့ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့ဘဲဖြစ်နေခဲ့ပြီး ဖာဘီယန် ရူးဝီးဇ်ရဲ့ ကန်ချက်တစ်ကြိမ်ကတော့ ဘားထိထွက်ခဲ့လို့ ပါရီသားတွေ စောစောစီးစီး ဂိုးရခွင့်နဲ့ ဝေးနေခဲ့ရချိန်မှာ မက်ဆီကတော့ ညာခြမ်းကနေ အတော်လေး မွှေနှောက်နေနိုင်ခဲ့တာပါ။

ပွဲချိန် ၃၇ မိနစ်မှာတော့ ပီအက်စ်ဂျီတို့ အဖွင့်ဂိုး စတင်ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းကနေ မက်ဆီ ဆွဲယူလာပြီး ခင်းပေးတာကို အမ်ဘာပေက အဝေးကနေ လှမ်းကျုံးခဲ့ရာမှာ ဘရက်စ်ဂိုးသမား ဘီဇော့က မဖမ်းနိုင်ဘဲ ပုတ်ချခဲ့တာက တော်တော်လေး ရှေ့ကို ပြန်ထွက်လာခဲ့ချိန်မှာ နောက်ကနေ ဧရိယာထဲ ပြေးဝင်လာတဲ့ ကားလို့စ် ဆိုလာက မနားတမ်း ပိတ်သွင်းယူခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၄၃ မိနစ်မှာတော့ အိမ်ရှင်တွေ ချေပဂိုး ပြန်လည်ရယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ နူနို မန်ဒက်စ် ဘောလုံးပျက်ရာကနေ ဘရက်စ်တို့ ကောင်တာပြန်လာခဲ့ကြပြီး ကွင်းလယ်ကနေ ပြန်ရသွားတဲ့ ဒဲလ်ကက်စတီယိုက ဂိုးရှေ့ကို အဝေးဘော လှမ်းမ,တင်ပေးခဲ့ရာမှာ ဘယ်ခြမ်းက အွန်နိုရတ်က ပြေးလိုက်ပြီး ရာမို့စ်နဲ့ ပမ်ဘီလီတို့ ကြားကနေ ဖောက်ထွက်ပြီးမှ ဒွန်နာရမ်မာရဲ့ အပေါ်ကနေ အပြင်းကန်သွင်းယူသွားခဲ့တာပါ။

ပထမပိုင်းမှာတော့ ဘရက်စ်တို့နဲ့ ပီအက်စ်ဂျီတို့ တစ်ဂိုးစီ သရေကျနေခဲ့ကြပြီး ဒုတိယပိုင်းမှာတော့ လက်ရှိချန်ပီယံတွေဟာ ထင်သလောက် ကြောက်စရာမရှိကြောင်း နားလည်သွားခဲ့တဲ့ အိမ်ရှင်တွေကြောင့် နှစ်သင်းစလုံး အပြန်အလှန် ထိုးဖောက်တိုက်စစ်ဆင်ခဲ့ကြသလို နှစ်ဖက်ဂိုးသမားတွေ အလုပ်များလာခဲ့တာဖြစ်ပါတယ်။

ဘရက်စ်တို့ဘက်က မူနီ၊ ဒဲလ်ကက်စတီယိုနဲ့ ဖာဒီဂါတို့အစား လူဒူအာရွန်၊ လူမာဟေရှယ်လ်နဲ့ အီဟယ်လ်တို့ ဝင်ကစားခဲ့ကြပြီး ပီအက်စ်ဂျီတို့ဘက်ကတော့ ဖာဘီယန် ရူးဝီးဇ်၊ ပမ်ဘီလီ၊ ကားလို့စ် ဆိုလာနဲ့ ဇိုင်ယာ-အမ်မရီတို့အစား ဗီတင်ညာ၊ ဘားနတ်၊ အီကီတီကီနဲ့ ရီနာတို ဆန်ချက်စ်တို့ကို ထည့်သွင်းသွားခဲ့ကြတာပါ။

ပွဲချိန် မိနစ် ၉၀ မှာတော့ ပီအက်စ်ဂျီတို့ပဲ အနိုင်ဂိုးကို ရှာဖွေသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ခံစစ်ကနေ နူနို မန်ဒက်စ် ရှင်းထုတ်လိုက်တဲ့ ဘောလုံးကို လက်ခံရရှိခဲ့တဲ့ မက်ဆီက ဆုတ်ဆိုင်းမနေဘဲ ဘရက်စ်ခံစစ်ကြားကနေ ထိုးပေးခဲ့ရာမှာ လူကျွံထောင်ချောက်ကို ဖြတ်ကျော်ပြေးသွားခဲ့တဲ့ အမ်ဘာပေက ဂိုးသမား ဘီဇော့ကိုပါ လိမ်ခေါက်ပြီး အသာအယာ အဆုံးသတ်နိုင်ခဲ့တာပါ။

ပွဲချိန်အပြည့်မှာတော့ ပီအက်စ်ဂျီတို့အနေနဲ့ အမ်ဘာပေရဲ့ ဒီရာသီ လိဂန်သွင်းဂိုး ၁၈ ဂိုးမြောက်နဲ့ ဘရက်စ်တို့ကို နှစ်ဂိုး-တစ်ဂိုး ရလဒ်နဲ့ အနိုင်ယူခဲ့ကြပြီး ၂၇ ပွဲကစား ၆၆ မှတ်နဲ့ ဒုတိယနေရာက မာဆေးလ်ကို ၁၁ မှတ်အထိ ဖြတ်လိုက်နိုင်သလို ချန်ပီယံလိဂ်က ထွက်ခဲ့ရမှုအတွက် ပြည်တွင်း ချန်ပီယံဆုကိုပဲ အာရုံစိုက်ပြီး ခပ်စောစော ရယူနိုင်အောင် ကြိုးစားဖွယ်ရှိနေကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ပီအက္စ္ဂ်ီအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ဒြန္နာရမ္မာ၊ ခံစစ္မွာ ဆာဂ်ီယို ရာမို႔စ္၊ ဒါနီလို ပါရဲရား၊ ပမ္ဘီလီနဲ႔ ႏူႏို မန္ဒက္စ္တို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဗာရက္တီ၊ ဇိုင္ယာ-အမ္မရီ၊ ကားလို႔စ္ ဆိုလာနဲ႔ ဖာဘီယန္ ႐ူးဝီးဇ္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ မက္ဆီနဲ႔ အမ္ဘာေပတို႔ကို တြဲဖက္ကစားေစခဲ့တာျဖစ္ပါတယ္။

အိမ္ရွင္ ဘရက္စ္တို႔ကေတာ့ ဂိုးသမား ဘီေဇာ့၊ ခံစစ္မွာ ဒါရီ၊ ဘရက္စီေယး၊ ဖာဒီဂါနဲ႔ ဒူဗန္းတို႔ကို ပြဲထုတ္လာခဲ့သလို ကြင္းလယ္မွာေတာ့ လီးေမလူး၊ မက္ဂနက္တီ၊ ဘယ္လ္ကီဘလာ၊ ဒဲလ္ကက္စတီယိုနဲ႔ အြန္ႏိုရတ္တို႔ကို ခင္းက်င္းလာခဲ့ၿပီး တိုက္စစ္မွာေတာ့ မူနီတစ္ဦးတည္းကို အေထာင္ထားလာခဲ့တာပါ။

ပီအက္စ္ဂ်ီတို႔အေနနဲ႔ မက္ဆီနဲ႔ အမ္ဘာေပတို႔ အတြဲေနာက္က ကားလို႔စ္ ဆိုလာကို Attacking Midfielder အျဖစ္ လိုက္ကစားတဲ့ ပုံစံကို အသုံးျပဳသြားခဲ့ၿပီး ကြင္းလယ္မွာေတာ့ Deep Lying Playmaker ဗာရက္တီကို ဇိုင္ယာ-အမ္မရီနဲ႔ ဖာဘီယန္ ႐ူးဝီးဇ္တို႔က ဘယ္ညာရံၿပီး ကစားခဲ့ၾကလို႔ အေဝးကြင္းမွာ ေဘာလုံးပိုင္ဆိုင္မႈ အမ်ားစုကို ထိန္းခ်ဳပ္သြားႏိုင္ခဲ့ပါတယ္။

ပြဲစကတည္းက ပီအက္စ္ဂ်ီတို႔ပဲ ေတာက္ေလွ်ာက္ဖိကစားေနခဲ့သလို မက္ဆီနဲ႔ အမ္ဘာေပတို႔ အခြင့္အေရးေတြကို အသုံးမခ်ႏိုင္ခဲ့ဘဲျဖစ္ေနခဲ့ၿပီး ဖာဘီယန္ ႐ူးဝီးဇ္ရဲ႕ ကန္ခ်က္တစ္ႀကိမ္ကေတာ့ ဘားထိထြက္ခဲ့လို႔ ပါရီသားေတြ ေစာေစာစီးစီး ဂိုးရခြင့္နဲ႔ ေဝးေနခဲ့ရခ်ိန္မွာ မက္ဆီကေတာ့ ညာျခမ္းကေန အေတာ္ေလး ေမႊေႏွာက္ေနႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၃၇ မိနစ္မွာေတာ့ ပီအက္စ္ဂ်ီတို႔ အဖြင့္ဂိုး စတင္ရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ညာျခမ္းကေန မက္ဆီ ဆြဲယူလာၿပီး ခင္းေပးတာကို အမ္ဘာေပက အေဝးကေန လွမ္းက်ဳံးခဲ့ရာမွာ ဘရက္စ္ဂိုးသမား ဘီေဇာ့က မဖမ္းႏိုင္ဘဲ ပုတ္ခ်ခဲ့တာက ေတာ္ေတာ္ေလး ေရွ႕ကို ျပန္ထြက္လာခဲ့ခ်ိန္မွာ ေနာက္ကေန ဧရိယာထဲ ေျပးဝင္လာတဲ့ ကားလို႔စ္ ဆိုလာက မနားတမ္း ပိတ္သြင္းယူခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၄၃ မိနစ္မွာေတာ့ အိမ္ရွင္ေတြ ေခ်ပဂိုး ျပန္လည္ရယူသြားႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ႏူႏို မန္ဒက္စ္ ေဘာလုံးပ်က္ရာကေန ဘရက္စ္တို႔ ေကာင္တာျပန္လာခဲ့ၾကၿပီး ကြင္းလယ္ကေန ျပန္ရသြားတဲ့ ဒဲလ္ကက္စတီယိုက ဂိုးေရွ႕ကို အေဝးေဘာ လွမ္းမ,တင္ေပးခဲ့ရာမွာ ဘယ္ျခမ္းက အြန္ႏိုရတ္က ေျပးလိုက္ၿပီး ရာမို႔စ္နဲ႔ ပမ္ဘီလီတို႔ ၾကားကေန ေဖာက္ထြက္ၿပီးမွ ဒြန္နာရမ္မာရဲ႕ အေပၚကေန အျပင္းကန္သြင္းယူသြားခဲ့တာပါ။

ပထမပိုင္းမွာေတာ့ ဘရက္စ္တို႔နဲ႔ ပီအက္စ္ဂ်ီတို႔ တစ္ဂိုးစီ သေရက်ေနခဲ့ၾကၿပီး ဒုတိယပိုင္းမွာေတာ့ လက္ရွိခ်န္ပီယံေတြဟာ ထင္သေလာက္ ေၾကာက္စရာမရွိေၾကာင္း နားလည္သြားခဲ့တဲ့ အိမ္ရွင္ေတြေၾကာင့္ ႏွစ္သင္းစလုံး အျပန္အလွန္ ထိုးေဖာက္တိုက္စစ္ဆင္ခဲ့ၾကသလို ႏွစ္ဖက္ဂိုးသမားေတြ အလုပ္မ်ားလာခဲ့တာျဖစ္ပါတယ္။

ဘရက္စ္တို႔ဘက္က မူနီ၊ ဒဲလ္ကက္စတီယိုနဲ႔ ဖာဒီဂါတို႔အစား လူဒူအာ႐ြန္၊ လူမာေဟရွယ္လ္နဲ႔ အီဟယ္လ္တို႔ ဝင္ကစားခဲ့ၾကၿပီး ပီအက္စ္ဂ်ီတို႔ဘက္ကေတာ့ ဖာဘီယန္ ႐ူးဝီးဇ္၊ ပမ္ဘီလီ၊ ကားလို႔စ္ ဆိုလာနဲ႔ ဇိုင္ယာ-အမ္မရီတို႔အစား ဗီတင္ညာ၊ ဘားနတ္၊ အီကီတီကီနဲ႔ ရီနာတို ဆန္ခ်က္စ္တို႔ကို ထည့္သြင္းသြားခဲ့ၾကတာပါ။

ပြဲခ်ိန္ မိနစ္ ၉၀ မွာေတာ့ ပီအက္စ္ဂ်ီတို႔ပဲ အႏိုင္ဂိုးကို ရွာေဖြသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ခံစစ္ကေန ႏူႏို မန္ဒက္စ္ ရွင္းထုတ္လိုက္တဲ့ ေဘာလုံးကို လက္ခံရရွိခဲ့တဲ့ မက္ဆီက ဆုတ္ဆိုင္းမေနဘဲ ဘရက္စ္ခံစစ္ၾကားကေန ထိုးေပးခဲ့ရာမွာ လူကြၽံေထာင္ေခ်ာက္ကို ျဖတ္ေက်ာ္ေျပးသြားခဲ့တဲ့ အမ္ဘာေပက ဂိုးသမား ဘီေဇာ့ကိုပါ လိမ္ေခါက္ၿပီး အသာအယာ အဆုံးသတ္ႏိုင္ခဲ့တာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ ပီအက္စ္ဂ်ီတို႔အေနနဲ႔ အမ္ဘာေပရဲ႕ ဒီရာသီ လိဂန္သြင္းဂိုး ၁၈ ဂိုးေျမာက္နဲ႔ ဘရက္စ္တို႔ကို ႏွစ္ဂိုး-တစ္ဂိုး ရလဒ္နဲ႔ အႏိုင္ယူခဲ့ၾကၿပီး ၂၇ ပြဲကစား ၆၆ မွတ္နဲ႔ ဒုတိယေနရာက မာေဆးလ္ကို ၁၁ မွတ္အထိ ျဖတ္လိုက္ႏိုင္သလို ခ်န္ပီယံလိဂ္က ထြက္ခဲ့ရမႈအတြက္ ျပည္တြင္း ခ်န္ပီယံဆုကိုပဲ အာ႐ုံစိုက္ၿပီး ခပ္ေစာေစာ ရယူႏိုင္ေအာင္ ႀကိဳးစားဖြယ္ရွိေနေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.