Analysis Article Match Report Premier League

ပေါ့တာအတွက် အောက်ဆီဂျင်ဘူးနဲ့ လက်စတာ 1-3 ချဲလ်ဆီးပွဲက ပြောစရာများ

တောက်ပခဲ့တဲ့ ဟာဗတ်ဇ်
ဒီနေ့ပွဲမှာတော့ ချဲလ်ဆီးတိုက်စစ်မှူး ခိုင် ဟာဗတ်ဇ်အနေနဲ့ အကောင်းဆုံး ကစားနိုင်ခဲ့ပြီး သရေကျနေချိန်မှာ အနိုင်ဂိုးကို ရှာဖွေပေးခဲ့သလို ပွဲသိမ်းသွားစေမယ့် တတိယဂိုးကိုလည်း အဓိကနေရာက စွမ်းဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ဂျာမန်သားအနေနဲ့ လျင်မြန်လှတဲ့သူမျိုး မဟုတ်ပေမယ့် လိုအပ်တဲ့အချိန်မှာ ပေါက်ကွဲနိုင်စွမ်းက လက်စတာနောက်ခံလူတွေကို ထိထိမိမိ ထိုးနှက်နိုင်ခဲ့ပြီး ဂိုးသွင်းယူခဲ့ပုံအတွက် အာဆင်နယ်ကွင်းလယ်လူဟောင်း ပေါလ်မာဆန်က ဒင်းနစ္စ ဘားကမ့်နဲ့ နှိုင်းယှဉ်ချီးကျူးသွားခဲ့သလို အသင်းရဲ့ တတိယဂိုးမှာတော့ ညာခြမ်းကနေ တောက်လျှောက်ဆွဲပြေးပြီး ဂိုးရှေ့ကို ဖြတ်တင်ပေးခဲ့ရာမှာ မူဒရစ်ခ်သာ တိုက်ရိုက်အဆုံးသတ်နိုင်ခဲ့မယ်ဆိုရင် ဟာဗတ်ဇ်ရဲ့ ဖန်တီးမှုလည်း ဖြစ်သွားခဲ့ဦးမှာပါ။

ပေါ့တာအတွက် အောက်ဆီဂျင်ဘူး နောက်တစ်ဘူး
ဖုတ်လှိုက်ဖုတ်လှိုက်ဖြစ်နေတဲ့ ဂရေဟမ် ပေါ့တာကို အသက်ဆက်ဖို့ လက်စတာကို နိုင်ပွဲက နောက်ထပ် အောက်ဆီဂျင်ဘူးတစ်ဘူး ရလာခဲ့သလို ဖြစ်ခဲ့ပြီး ခံစစ်ပိုင်းက အကောင်းကြီးတော့ မဟုတ်သေးပေမယ့် တိုက်စစ်က ဂိုးတွေ ရလာမှုကတော့ ဒီတစ်ပတ်အတွင်း ချဲလ်ဆီးတို့ရဲ့ သိသာထင်ရှားတဲ့ အပြောင်းအလဲဖြစ်ခဲ့တာပါ။ ပရီးမီးယားလိဂ်မှာ နှစ်ပွဲဆက်နိုင်လိုက်လို့ ဘရိုက်တန်နည်းပြဟောင်းအတွက် ဖိအားတွေ အတော်အတန် လျော့ပါးသွားခဲ့ပြီး ချန်ပီယံလိဂ်မှာလည်း နောက်တစ်ဆင့် တက်ထားတာက သူ့ကို ပိုင်ရှင် တော့ဒ် ဘိုလီ မျက်နှာသာ ဆက်ပေးဖို့ ဖြစ်စေနိုင်ပါတယ်။ လာမယ့်ပွဲတွေမှာ လီဗာပူးလ်နဲ့ မတွေ့ခင်အထိ နှစ်ပွဲဆက်တိုက် ပွဲချောင်နေတာကိုတော့ အခွင့်အရေးကို လွှင့်မပစ်ဘဲ နောက်ထပ်နှစ်ဘူးကို ရယူသင့်နေတာပါ။

အသင်းဟောင်းရဲ့ အမုန်းခံခဲ့ရတဲ့ ချေးလ်ဝဲလ်နဲ့ ဖိုဖာနာ
ချဲလ်ဆီးအသင်းရဲ့ နောက်ခံလူနှစ်ဦးဖြစ်တဲ့ ဘန် ချေးလ်ဝဲလ်နဲ့ ဝက်စ်လီ ဖိုဖာနာတို့ကတော့ လက်စတာနဲ့ ပြန်လည်တွေ့ဆုံချိန်မှာ သာမန် ကိစ္စရပ်အဖြစ် လက်ခံစဉ်းစားပေးဖို့ထက် အဆင်မပြေနဲ့ ပတ်ဝန်းကျင်နဲ့ပဲ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ ပွဲစကတည်းက ချေးလ်ဝဲလ် ဘောလုံးထိတိုင်းမှာ ကင်းပါဝါ ပရိသတ်တွေက အော်ဟစ်လှောင်ပြောင်ခဲ့ကြပြီး ဖိုဖာနာကိုတော့ သူ့ရဲ့ ကြမ်းတမ်းတဲ့ ကစားပုံမှာ နောက်ထပ်တစ်ဝါ ထပ်ထိစေချင်တဲ့အတွက် ဖိအားပေးပြီး တိုက်ခိုက်လာခဲ့ကြတာပါ။ ချေးလ်ဝဲလ်ကတော့ ၂၀၂၁ အက်ဖ်အေဖလားမှာ ဂိုးပယ်ဖျက်ခံခဲ့ရတဲ့ လှောင်ပြောင်မှုတွေအတွက် ပွဲချိန် ၁၂ မိနစ်မှာ လှပတဲ့ Volley ကန်ချက်နဲ့ တုံ့ပြန်သွားနိုင်ခဲ့ပြီး ဖိုဖာနာကလည်း အမှားအယွင်းမရှိ ကစားပြနိုင်ခဲ့တာဖြစ်ပါတယ်။

ထွက်သင့်နေပြီဖြစ်တဲ့ ရော့ဂျားစ်
ဘရန်ဒန် ရော့ဂျားစ်ကတော့ အသင်းကို ဖျက်ဆီးနေခဲ့တာဖြစ်သလို စိတ်ထိန်းနိုင်မှုဘဲ ကသမ်းကရမ်း ကစားနေတဲ့ နောက်ခံလူ ဗောက် ဖာ့စ်ကို နေရာပေးမှုက သူ့အတွက် စိတ်ပျက်စရာဖြစ်ခဲ့ပြီး ဘောလုံးသမား ဟုတ်ရဲ့လားတောင် မသိတဲ့ ကွင်းလယ်လူ ဘူဘာကာရီ ဆူမာရေးကို ထည့်သွင်းပြီး နာမည်ကျော် ယာယာ တိုရေးရဲ့ နံပါတ်ကြီး ၄၂ ကိုမှ အားမနာဘဲ လမ်းလျှောက်နေတဲ့ ပြင်သစ်သားကလည်း သူ့ကို ဆေးထိုးခဲ့တာပါ။ အမြဲတမ်း ကောင်တာကစားနေပြီး ကစားကွက်ဖော်ဖို့ မက်ဒီဆန် တစ်ယောက်တည်းကလွဲလို့ ဘယ်သူမှ မရှိခဲ့တဲ့ ကွင်းလယ်မှာ လက်စတာတို့အနေနဲ့ နိုင်ပွဲတွေ ပြန်လည်ရယူဖို့ဆိုရင် စိတ်ဓာတ်ကောင်းနဲ့အတူ နည်းပြရဲ့ ဉာဏ်ရည်ဉာဏ်သွေးလည်း လိုအပ်နေပြီး ကစားသမားကောင်းတွေကို အရန်ခုံမှာ ထားပြီး ရှုံးပွဲတွေ ဆက်နေတာကတော့ သနားစရာ မရှိသလို ရော့ဂျားစ်တစ်ယောက် မြန်မြန်ပြုတ်ဖို့ပဲ မြေခွေးတွေ ဆုတောင်းရမှာဖြစ်ပါတယ်။

ကံမကောင်းခဲ့တဲ့ ဖဲလစ္စ
ဂျာအို ဖဲလစ္စအနေနဲ့ ပရီးမီးယားလိဂ်မှာ ဂိုးတွေရဖို့ ဘာဖြစ်လို့ ဒီလောက်တောင် ခက်ခဲနေရတာလဲလို့ ညည်းတွားချင်စရာဖြစ်ခဲ့ရတာပါ။ ပြီးခဲ့တဲ့ ဝက်စ်ဟမ်းနဲ့ပွဲမှာ တစ်ဂိုးရအပြီး နောက်ထပ် စာရင်းသစ် ဖွင့်လှစ်နိုင်ဖို့ လိုအပ်နေတဲ့ ပေါ်တူဂီသားဟာ ဒီနေ့မှာလည်း အကောင်းဆုံး အခွင့်အရေးကနေ လက်စတာဂိုးသမား ဒန်နီ ဝါ့ဒ်ကို ကျော်ချပြီး ဂိုးသွင်းဖို့ ကြိုးစားခဲ့ပေမယ့် တိုင်ထိထွက်ခဲ့သလို နောက်တစ်ကြိမ်မှာလည်း လော့ဖ်တပ်စ်-ချိခ်ရဲ့ ဖန်တီးမှုကနေ ဂိုးပိုက်ထဲကို ဘောလုံးပို့နိုင်ခဲ့ပေမယ့် အနည်းငယ် လူကျွံနေခဲ့လို့ ပယ်ဖျက်ခံခဲ့ရပြီး သူ့ရဲ့ ထမ်းပိုးထားရတဲ့ မြင့်မားတဲ့ အငှားကြေးနဲ့ဆိုရင် ဒီထက်ပိုပြီး ဂိုးတွေ ရသင့်နေတာကြောင့် ကံကောင်းဖို့ကတော့ သူ့အတွက် အရေးကြီးနေပါတယ်။

အကောင်းအဆိုး ဒွန်တွဲနေတဲ့ အန်ဇို
ကွင်းလယ်အဖျက်သမားတစ်ယောက်အဖြစ် ကစားဖို့ကတော့ သူ့ရဲ့ အရပ်အမောင်း၊ ကိုယ်လုံးကိုယ်ထည်၊ ကြမ်းတမ်းပြီး ပါးနပ်မှုနည်းနေတဲ့ ဖျက်ထုတ်ပုံတွေက ပြဿနာရှိနေပေမယ့် တိုက်စစ်ကို လိုက်ပါပြီး ဘောလုံးတွေ ခင်းပေးဖို့ကတော့ သာမန်ကွင်းလယ်လူတစ်ယောက်ထက်ပိုပြီး ထူးချွန်နေခဲ့တာကတော့ ဒီနေ့ပွဲမှာ တွေ့ခဲ့ရတဲ့အချက်တွေ ဖြစ်ခဲ့ပါတယ်။ 3 Back ကစားကွက်ရဲ့ ရှေ့မှာ နေရာယူထားချိန်မှာ သူ့ကို ကူညီမယ့် ဗဟိုခံစစ်မှူး တစ်ဦးဦးကတော့ ရှိနေသင့်ပေမယ့် ပေါ့တာအနေနဲ့ ဒီနေရာမှာ နောက်ခံအလယ်လူစစ်စစ်အစား ကူကူရဲလားကို ထည့်သွင်းထားက ဖာနန်ဒက်ဇ်ကို ကူမယ့် တစ်ယောက် ပျောက်ဆုံးနေစေခဲ့သလို အဝါကတ်တွေနဲ့ ပိုမိုရင်ဆိုင်ရဖို့ ရှိနေပါတယ်။ ဒီနေ့ပွဲမှာ မက်ဒီဆန်ကို တက်နင်းခဲ့တာက ကံကောင်းလို့ အဝါကတ်နဲ့ လွဲခဲ့တာဖြစ်ပြီး အိမ်ရှင်တွေဘက်က ဖိအားပေးမှု ရှိရင်၊ ဒါမှမဟုတ် ပြိုင်ဘက်က အသင်းကြီးသာ ဖြစ်ခဲ့ရင် သူ့အတွက် ကံဆိုးနိုင်ပြီး ဖြစ်နိုင်ရင်တော့ သူနဲ့ ကိုဗာချစ်ထက် ဇာကာရီးယားနဲ့ တွဲပေးတာက ချဲလ်ဆီးတို့ထက် ပိုမိုသင့်တော်နိုင်တာပါ။

ရှားပါးတဲ့ သွင်းဂိုးကို ကြုံသလို ရယူပေးခဲ့တဲ့ ကိုဗာချစ်ချ်
ချဲလ်ဆီးကွင်းလယ်လူ ကိုဗာချစ်ချ်ကတော့ ဘယ်သူမှ ထင်မထားတဲ့ အနေအထားမှာ အသင်းအတွက် အနိုင်သေချာစေမယ့် တတိယဂိုးကို ခုန်ပျံကန်သွင်းပြီး ရယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။ သွင်းဂိုးတွေ ရှားပါးလေ့ရှိတဲ့ Box to Box ကစားသမားဟာ ချဲလ်ဆီးအသင်းနဲ့ ၅ ရာသီကြာအောင် ကစားပေးထားခဲ့တာဖြစ်ပေမယ့် သွင်းဂိုးကတော့ ဒီနေ့မှာ ရရှိခဲ့တဲ့ ဂိုးကို ထည့်တွက်ရင်တောင် ၄ ဂိုးပဲ ရှိခဲ့သေးတာဖြစ်ပါတယ်။ ခရိုအေးရှားသားအနေနဲ့ နည်းပြအဆက်ဆက်ရဲ့ ပွဲထွက်ကစားသမားအဖြစ် ခြေစွမ်းပြကစားထားနိုင်ခဲ့ပြီး လက်စတာနဲ့ပွဲက သွင်းဂိုးအတွက်တော့ ရှားပါးပစ္စည်းမှန်း သိကြတဲ့ သူ့ရဲ့ အသင်းဖော်တွေက ဝိုင်းဝန်းဂုဏ်ပြုပေးခဲ့ကြပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေတာက္ပခဲ့တဲ့ ဟာဗတ္ဇ္
ဒီေန႔ပြဲမွာေတာ့ ခ်ဲလ္ဆီးတိုက္စစ္မႉး ခိုင္ ဟာဗတ္ဇ္အေနနဲ႔ အေကာင္းဆုံး ကစားႏိုင္ခဲ့ၿပီး သေရက်ေနခ်ိန္မွာ အႏိုင္ဂိုးကို ရွာေဖြေပးခဲ့သလို ပြဲသိမ္းသြားေစမယ့္ တတိယဂိုးကိုလည္း အဓိကေနရာက စြမ္းေဆာင္ေပးႏိုင္ခဲ့တာျဖစ္ပါတယ္။ ဂ်ာမန္သားအေနနဲ႔ လ်င္ျမန္လွတဲ့သူမ်ိဳး မဟုတ္ေပမယ့္ လိုအပ္တဲ့အခ်ိန္မွာ ေပါက္ကြဲႏိုင္စြမ္းက လက္စတာေနာက္ခံလူေတြကို ထိထိမိမိ ထိုးႏွက္ႏိုင္ခဲ့ၿပီး ဂိုးသြင္းယူခဲ့ပုံအတြက္ အာဆင္နယ္ကြင္းလယ္လူေဟာင္း ေပါလ္မာဆန္က ဒင္းနစၥ ဘားကမ့္နဲ႔ ႏႈိင္းယွဥ္ခ်ီးက်ဴးသြားခဲ့သလို အသင္းရဲ႕ တတိယဂိုးမွာေတာ့ ညာျခမ္းကေန ေတာက္ေလွ်ာက္ဆြဲေျပးၿပီး ဂိုးေရွ႕ကို ျဖတ္တင္ေပးခဲ့ရာမွာ မူဒရစ္ခ္သာ တိုက္႐ိုက္အဆုံးသတ္ႏိုင္ခဲ့မယ္ဆိုရင္ ဟာဗတ္ဇ္ရဲ႕ ဖန္တီးမႈလည္း ျဖစ္သြားခဲ့ဦးမွာပါ။

ေပါ့တာအတြက္ ေအာက္ဆီဂ်င္ဘူး ေနာက္တစ္ဘူး
ဖုတ္လႈိက္ဖုတ္လႈိက္ျဖစ္ေနတဲ့ ဂေရဟမ္ ေပါ့တာကို အသက္ဆက္ဖို႔ လက္စတာကို ႏိုင္ပြဲက ေနာက္ထပ္ ေအာက္ဆီဂ်င္ဘူးတစ္ဘူး ရလာခဲ့သလို ျဖစ္ခဲ့ၿပီး ခံစစ္ပိုင္းက အေကာင္းႀကီးေတာ့ မဟုတ္ေသးေပမယ့္ တိုက္စစ္က ဂိုးေတြ ရလာမႈကေတာ့ ဒီတစ္ပတ္အတြင္း ခ်ဲလ္ဆီးတို႔ရဲ႕ သိသာထင္ရွားတဲ့ အေျပာင္းအလဲျဖစ္ခဲ့တာပါ။ ပရီးမီးယားလိဂ္မွာ ႏွစ္ပြဲဆက္ႏိုင္လိုက္လို႔ ဘ႐ိုက္တန္နည္းျပေဟာင္းအတြက္ ဖိအားေတြ အေတာ္အတန္ ေလ်ာ့ပါးသြားခဲ့ၿပီး ခ်န္ပီယံလိဂ္မွာလည္း ေနာက္တစ္ဆင့္ တက္ထားတာက သူ႔ကို ပိုင္ရွင္ ေတာ့ဒ္ ဘိုလီ မ်က္ႏွာသာ ဆက္ေပးဖို႔ ျဖစ္ေစႏိုင္ပါတယ္။ လာမယ့္ပြဲေတြမွာ လီဗာပူးလ္နဲ႔ မေတြ႕ခင္အထိ ႏွစ္ပြဲဆက္တိုက္ ပြဲေခ်ာင္ေနတာကိုေတာ့ အခြင့္အေရးကို လႊင့္မပစ္ဘဲ ေနာက္ထပ္ႏွစ္ဘူးကို ရယူသင့္ေနတာပါ။

အသင္းေဟာင္းရဲ႕ အမုန္းခံခဲ့ရတဲ့ ေခ်းလ္ဝဲလ္နဲ႔ ဖိုဖာနာ
ခ်ဲလ္ဆီးအသင္းရဲ႕ ေနာက္ခံလူႏွစ္ဦးျဖစ္တဲ့ ဘန္ ေခ်းလ္ဝဲလ္နဲ႔ ဝက္စ္လီ ဖိုဖာနာတို႔ကေတာ့ လက္စတာနဲ႔ ျပန္လည္ေတြ႕ဆုံခ်ိန္မွာ သာမန္ ကိစၥရပ္အျဖစ္ လက္ခံစဥ္းစားေပးဖို႔ထက္ အဆင္မေျပနဲ႔ ပတ္ဝန္းက်င္နဲ႔ပဲ ရင္ဆိုင္ခဲ့ရတာျဖစ္ပါတယ္။ ပြဲစကတည္းက ေခ်းလ္ဝဲလ္ ေဘာလုံးထိတိုင္းမွာ ကင္းပါဝါ ပရိသတ္ေတြက ေအာ္ဟစ္ေလွာင္ေျပာင္ခဲ့ၾကၿပီး ဖိုဖာနာကိုေတာ့ သူ႔ရဲ႕ ၾကမ္းတမ္းတဲ့ ကစားပုံမွာ ေနာက္ထပ္တစ္ဝါ ထပ္ထိေစခ်င္တဲ့အတြက္ ဖိအားေပးၿပီး တိုက္ခိုက္လာခဲ့ၾကတာပါ။ ေခ်းလ္ဝဲလ္ကေတာ့ ၂၀၂၁ အက္ဖ္ေအဖလားမွာ ဂိုးပယ္ဖ်က္ခံခဲ့ရတဲ့ ေလွာင္ေျပာင္မႈေတြအတြက္ ပြဲခ်ိန္ ၁၂ မိနစ္မွာ လွပတဲ့ Volley ကန္ခ်က္နဲ႔ တုံ႔ျပန္သြားႏိုင္ခဲ့ၿပီး ဖိုဖာနာကလည္း အမွားအယြင္းမရွိ ကစားျပႏိုင္ခဲ့တာျဖစ္ပါတယ္။

ထြက္သင့္ေနၿပီျဖစ္တဲ့ ေရာ့ဂ်ားစ္
ဘရန္ဒန္ ေရာ့ဂ်ားစ္ကေတာ့ အသင္းကို ဖ်က္ဆီးေနခဲ့တာျဖစ္သလို စိတ္ထိန္းႏိုင္မႈဘဲ ကသမ္းကရမ္း ကစားေနတဲ့ ေနာက္ခံလူ ေဗာက္ ဖာ့စ္ကို ေနရာေပးမႈက သူ႔အတြက္ စိတ္ပ်က္စရာျဖစ္ခဲ့ၿပီး ေဘာလုံးသမား ဟုတ္ရဲ႕လားေတာင္ မသိတဲ့ ကြင္းလယ္လူ ဘူဘာကာရီ ဆူမာေရးကို ထည့္သြင္းၿပီး နာမည္ေက်ာ္ ယာယာ တိုေရးရဲ႕ နံပါတ္ႀကီး ၄၂ ကိုမွ အားမနာဘဲ လမ္းေလွ်ာက္ေနတဲ့ ျပင္သစ္သားကလည္း သူ႔ကို ေဆးထိုးခဲ့တာပါ။ အၿမဲတမ္း ေကာင္တာကစားေနၿပီး ကစားကြက္ေဖာ္ဖို႔ မက္ဒီဆန္ တစ္ေယာက္တည္းကလြဲလို႔ ဘယ္သူမွ မရွိခဲ့တဲ့ ကြင္းလယ္မွာ လက္စတာတို႔အေနနဲ႔ ႏိုင္ပြဲေတြ ျပန္လည္ရယူဖို႔ဆိုရင္ စိတ္ဓာတ္ေကာင္းနဲ႔အတူ နည္းျပရဲ႕ ဉာဏ္ရည္ဉာဏ္ေသြးလည္း လိုအပ္ေနၿပီး ကစားသမားေကာင္းေတြကို အရန္ခုံမွာ ထားၿပီး ရႈံးပြဲေတြ ဆက္ေနတာကေတာ့ သနားစရာ မရွိသလို ေရာ့ဂ်ားစ္တစ္ေယာက္ ျမန္ျမန္ျပဳတ္ဖို႔ပဲ ေျမေခြးေတြ ဆုေတာင္းရမွာျဖစ္ပါတယ္။

ကံမေကာင္းခဲ့တဲ့ ဖဲလစၥ
ဂ်ာအို ဖဲလစၥအေနနဲ႔ ပရီးမီးယားလိဂ္မွာ ဂိုးေတြရဖို႔ ဘာျဖစ္လို႔ ဒီေလာက္ေတာင္ ခက္ခဲေနရတာလဲလို႔ ညည္းတြားခ်င္စရာျဖစ္ခဲ့ရတာပါ။ ၿပီးခဲ့တဲ့ ဝက္စ္ဟမ္းနဲ႔ပြဲမွာ တစ္ဂိုးရအၿပီး ေနာက္ထပ္ စာရင္းသစ္ ဖြင့္လွစ္ႏိုင္ဖို႔ လိုအပ္ေနတဲ့ ေပၚတူဂီသားဟာ ဒီေန႔မွာလည္း အေကာင္းဆုံး အခြင့္အေရးကေန လက္စတာဂိုးသမား ဒန္နီ ဝါ့ဒ္ကို ေက်ာ္ခ်ၿပီး ဂိုးသြင္းဖို႔ ႀကိဳးစားခဲ့ေပမယ့္ တိုင္ထိထြက္ခဲ့သလို ေနာက္တစ္ႀကိမ္မွာလည္း ေလာ့ဖ္တပ္စ္-ခ်ိခ္ရဲ႕ ဖန္တီးမႈကေန ဂိုးပိုက္ထဲကို ေဘာလုံးပို႔ႏိုင္ခဲ့ေပမယ့္ အနည္းငယ္ လူကြၽံေနခဲ့လို႔ ပယ္ဖ်က္ခံခဲ့ရၿပီး သူ႔ရဲ႕ ထမ္းပိုးထားရတဲ့ ျမင့္မားတဲ့ အငွားေၾကးနဲ႔ဆိုရင္ ဒီထက္ပိုၿပီး ဂိုးေတြ ရသင့္ေနတာေၾကာင့္ ကံေကာင္းဖို႔ကေတာ့ သူ႔အတြက္ အေရးႀကီးေနပါတယ္။

အေကာင္းအဆိုး ဒြန္တြဲေနတဲ့ အန္ဇို
ကြင္းလယ္အဖ်က္သမားတစ္ေယာက္အျဖစ္ ကစားဖို႔ကေတာ့ သူ႔ရဲ႕ အရပ္အေမာင္း၊ ကိုယ္လုံးကိုယ္ထည္၊ ၾကမ္းတမ္းၿပီး ပါးနပ္မႈနည္းေနတဲ့ ဖ်က္ထုတ္ပုံေတြက ျပႆနာရွိေနေပမယ့္ တိုက္စစ္ကို လိုက္ပါၿပီး ေဘာလုံးေတြ ခင္းေပးဖို႔ကေတာ့ သာမန္ကြင္းလယ္လူတစ္ေယာက္ထက္ပိုၿပီး ထူးခြၽန္ေနခဲ့တာကေတာ့ ဒီေန႔ပြဲမွာ ေတြ႕ခဲ့ရတဲ့အခ်က္ေတြ ျဖစ္ခဲ့ပါတယ္။ 3 Back ကစားကြက္ရဲ႕ ေရွ႕မွာ ေနရာယူထားခ်ိန္မွာ သူ႔ကို ကူညီမယ့္ ဗဟိုခံစစ္မႉး တစ္ဦးဦးကေတာ့ ရွိေနသင့္ေပမယ့္ ေပါ့တာအေနနဲ႔ ဒီေနရာမွာ ေနာက္ခံအလယ္လူစစ္စစ္အစား ကူကူရဲလားကို ထည့္သြင္းထားက ဖာနန္ဒက္ဇ္ကို ကူမယ့္ တစ္ေယာက္ ေပ်ာက္ဆုံးေနေစခဲ့သလို အဝါကတ္ေတြနဲ႔ ပိုမိုရင္ဆိုင္ရဖို႔ ရွိေနပါတယ္။ ဒီေန႔ပြဲမွာ မက္ဒီဆန္ကို တက္နင္းခဲ့တာက ကံေကာင္းလို႔ အဝါကတ္နဲ႔ လြဲခဲ့တာျဖစ္ၿပီး အိမ္ရွင္ေတြဘက္က ဖိအားေပးမႈ ရွိရင္၊ ဒါမွမဟုတ္ ၿပိဳင္ဘက္က အသင္းႀကီးသာ ျဖစ္ခဲ့ရင္ သူ႔အတြက္ ကံဆိုးႏိုင္ၿပီး ျဖစ္ႏိုင္ရင္ေတာ့ သူနဲ႔ ကိုဗာခ်စ္ထက္ ဇာကာရီးယားနဲ႔ တြဲေပးတာက ခ်ဲလ္ဆီးတို႔ထက္ ပိုမိုသင့္ေတာ္ႏိုင္တာပါ။

ရွားပါးတဲ့ သြင္းဂိုးကို ႀကဳံသလို ရယူေပးခဲ့တဲ့ ကိုဗာခ်စ္ခ်္
ခ်ဲလ္ဆီးကြင္းလယ္လူ ကိုဗာခ်စ္ခ်္ကေတာ့ ဘယ္သူမွ ထင္မထားတဲ့ အေနအထားမွာ အသင္းအတြက္ အႏိုင္ေသခ်ာေစမယ့္ တတိယဂိုးကို ခုန္ပ်ံကန္သြင္းၿပီး ရယူေပးႏိုင္ခဲ့တာျဖစ္ပါတယ္။ သြင္းဂိုးေတြ ရွားပါးေလ့ရွိတဲ့ Box to Box ကစားသမားဟာ ခ်ဲလ္ဆီးအသင္းနဲ႔ ၅ ရာသီၾကာေအာင္ ကစားေပးထားခဲ့တာျဖစ္ေပမယ့္ သြင္းဂိုးကေတာ့ ဒီေန႔မွာ ရရွိခဲ့တဲ့ ဂိုးကို ထည့္တြက္ရင္ေတာင္ ၄ ဂိုးပဲ ရွိခဲ့ေသးတာျဖစ္ပါတယ္။ ခ႐ိုေအးရွားသားအေနနဲ႔ နည္းျပအဆက္ဆက္ရဲ႕ ပြဲထြက္ကစားသမားအျဖစ္ ေျခစြမ္းျပကစားထားႏိုင္ခဲ့ၿပီး လက္စတာနဲ႔ပြဲက သြင္းဂိုးအတြက္ေတာ့ ရွားပါးပစၥည္းမွန္း သိၾကတဲ့ သူ႔ရဲ႕ အသင္းေဖာ္ေတြက ဝိုင္းဝန္းဂုဏ္ျပဳေပးခဲ့ၾကပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.