Premier League Transfer News

12 Mar နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်တို့အနေနဲ့ ဖူလ်ဟမ်နဲ့ပွဲမှာ ဒဏ်ရာက ပြန်လာမယ့် ဂါဘရီယယ်လ် ဂျေဆူးစ်ကို အလောတကြီး မသုံးလောက်သေးဘူးလို့ ခန့်မှန်းနေကြပြီး ကွင်းလယ်လူ ဖာဘီယို ဗီယာရာကိုပဲ False 9 အဖြစ် တိုက်စစ်ကို ဦးဆောင်သွားခိုင်းဖို့ ရှိနေနိုင်သလို မာတီနယ်လီကို ဘယ်တောင်ပံမှာ ပြန်လည်အသုံးပြုဖွယ်ရှိနေ။

– ပြီးခဲ့တဲ့ စပို့တင်းလစ္စဘွန်းနဲ့ ယူရိုပါလိဂ် အဝေးကွင်းပွဲစဉ်ကို အဖျားဝေဒနာကြောင့် သွားရောက်နိုင်ခြင်း မရှိဘဲ လွဲချော်ခဲ့တဲ့ ကပ္ပတိန် မာတင် အော်ဒီဂွါဒ်ကတော့ ပြန်လည်ကောင်းမွန်လာပြီး ဖူလ်ဟမ်နဲ့ပွဲမှာ ပွဲထွက်ကစားဖွယ်ရှိနေသလို ဂျေဆူးစ်ကတော့ လီယန်ဒရို ထရော့ဆတ်နဲ့အတူ အရန်ခုံမှာ ပါဝင်လာမယ်လို့ ဂျာနယ်လစ် ချားလ်စ် ဝပ်ထ် ဖော်ပြ။

– အေစီမီလန်အသင်းအနေနဲ့ အာဆင်နယ်အသင်းကနေ အငှားချထားပြီး ပြင်သစ်လိဂန်ကလပ် ရင်းမ်စ်အသင်းမှာ ခြေစွမ်းပြနေခဲ့တဲ့ တိုက်စစ်မှူး ဖိုလာရင် ဘာလိုဂွန်ကို နွေရာသီမှာ ခေါ်ယူသွားဖို့ ကြိုးစားလာဖွယ်ရှိနေပြီး သူတို့ရဲ့ ဂန်းနားဟောင်းတစ်ဦးဖြစ်တဲ့ တိုက်စစ်မှူး အိုလီဗီးယေး ဂျီရူးရဲ့ နေရာမှာ အစားထိုးသွားဖွယ်ရှိနေ။

– “ဖေဖော်ဝါရီလအတွက် အကောင်းဆုံး ကစားသမားဆုကို မဲပေးခဲ့ကြလို့ ကျေးဇူးတင်ပါတယ်”လို့ နောက်ခံလူ အိုလက်ဇန်ဒါ ဇင်ချန်ကိုက ပရိသတ်တွေကို ပြောကြားလိုက်ပြီး “အသင်းဖော်တွေကတော့ ကျွန်တော့်ကို သတ်ကြတော့မယ်ထင်တယ်။ ဘောလုံးအကြောင်း နားလည်ရင် ဘယ်သူမှ ကျွန်တော့်ကို မဲမပေးလောက်ဘူးလို့ ထင်ထားကြလို့ပါ”ဆိုပြီး စနောက်သွားခဲ့။

– အာဆင်နယ်တို့အနေနဲ့ ဝက်စ်ဟမ်းကွင်းလယ်လူ ဒက်ကလန် ရိုက်စ်ကို ခေါ်ယူရာမှာ ပြိုင်ဘက်မရှိဖြစ်နေလိမ့်မယ်လို့ အစောပိုင်းက ခန့်မှန်းခံထားခဲ့ရပေမယ့် လက်ရှိမှာတော့ ပြိုင်ဘက်ပေါ်လာပြီဖြစ်ပြီး လာမယ့်ရာသီမှာ ချန်ပီယံလိဂ် ကစားခွင့် သေချာသလောက်ဖြစ်နေတဲ့ မန်ချက်စတာယူနိုက်တက်နဲ့ အပြိုင်လုရဖွယ်ရှိနေ။

– လာမယ့်နွေရာသီမှာ တောင်ပံပစ်မှတ်အဖြစ် အားဖြည့်သွားဖွယ်ရှိနေတဲ့ အေစီမီလန်ကစားသမား ရာဖေးလ် လီယာအိုဟာ သူတို့ကို ချန်ပီယံ ဆုတွေအတွက် ကူညီနိုင်မယ့် ကစားသမားမျိုး မဟုတ်တာကြောင့် လက်ရှောင်သင့်တယ်လို့ စီးရီးအေ တိုက်စစ်မှူးဟောင်း အန်တိုနီယို ကက်ဆာနိုက သတိပေးလိုက်ပြီး ပရိသတ်တွေအနေနဲ့လည်း ပေါင်သန်း ၈၀ ပေးရမယ့် ပေါ်တူဂီသားက နောက်ထပ် ပေပေဖြစ်လာမှာ စိုးရိမ်နေကြ။

– အာဆင်နယ်နည်းပြ မီခယ်လ် အာတီတာအနေနဲ့ သူတို့ရဲ့ တိုက်စစ်ပိုင်းမှာ ကစားသမားအင်အား လျော့ကျနေမှုအတွက် စိတ်ပူနေပြီး အက်ဒီ နကီးတီးယားကို လုံးဝ လက်လွှတ်ထားခဲ့ရချိန်မှာ လီယန်ဒရို ထရော့ဆတ်နဲ့ ဂါဘရီယယ်လ် ဂျေဆူးစ်တို့ကို ရက်ပိုင်းအတွင်း ပြန်လည်ကစားနိုင်ဖို့ မျှော်လင့်နေပြီး အလျင်အမြန်သုံးစွဲလာလိမ့်မယ်လို့ သတင်းထွက်လာ။

– ဂန်းနားတွေအနေနဲ့ ဖူလ်ဟမ်နဲ့ အဝေးကွင်း ကရာဗင်ကော့တေ့ချ်မှာ တွေ့ဆုံရမယ့် ပွဲစဉ်မှာ အိမ်ရှင်ဘယ်တောင်ပံကစားသမား မေနာ ဆော်လမွန်ကို အာရုံစိုက်ရလိမ့်မယ်လို့ ပရီးမီးယားလိဂ်ဝက်ဘ်ဆိုက်က ရေးသားလိုက်ပြီး နောက်ဆုံး ကန်ချက် ၅ ကြိမ်မှာ ၄ ဂိုးရထားတဲ့ အစ္စရေးသားရဲ့ ဂိုးသွင်းစွမ်းရည်က အန္တရာယ်ပေးလာလိမ့်မယ်လို့ သတိပေး။

– အာဆင်နယ်တို့အနေနဲ့ နွေရာသီအတွက် စောစောစီးစီး ခြေလှမ်းစတင်နေပြီလို့ သတင်းတွေက ဖော်ပြခဲ့ကြပြီး အနည်းဆုံး ချန်ပီယံလိဂ် ဝင်ခွင့်ရတော့မယ့် အနေအထားမှာ နာမည်ကြီး ကစားသမားတွေကို ချိတ်ဆက်နေခဲ့သလို ဘိုင်ယာလေဗာကူဆင်တောင်ပံသမား မူဆာ ဒီယာဘီနဲ့အတူ ယူရိုသန်း ၆၀ လောက် ကျသင့်မယ့် ဘရာဇီးလ်လူငယ် ဗစ်တာ ရိုကေးလည်း ပါဝင်နေ။

– အာဆင်နယ်ကွင်းလယ်လူ ဂရာနစ် ချာကာက သူတို့အသင်းအနေနဲ့ ပရီးမီးယားလိဂ်ဆုဖလားနဲ့အတူ ယူရိုပါလိဂ်ကိုပါ ဗိုလ်စွဲနိုင်အောင် ကြိုးစားယှဉ်ပြိုင်သွားကြမယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပြီး အသင်းရဲ့ အဝတ်လဲခန်းထဲမှာ အဓိက ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ဆွစ်ဇာလန်ဝါရင့်အနေနဲ့ လူငယ်တွေနဲ့အတူ လုပ်ပြနိုင်မယ်လို့ ယုံကြည်နေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္တို႔အေနနဲ႔ ဖူလ္ဟမ္နဲ႔ပြဲမွာ ဒဏ္ရာက ျပန္လာမယ့္ ဂါဘရီယယ္လ္ ေဂ်ဆူးစ္ကို အေလာတႀကီး မသုံးေလာက္ေသးဘူးလို႔ ခန႔္မွန္းေနၾကၿပီး ကြင္းလယ္လူ ဖာဘီယို ဗီယာရာကိုပဲ False 9 အျဖစ္ တိုက္စစ္ကို ဦးေဆာင္သြားခိုင္းဖို႔ ရွိေနႏိုင္သလို မာတီနယ္လီကို ဘယ္ေတာင္ပံမွာ ျပန္လည္အသုံးျပဳဖြယ္ရွိေန။

– ၿပီးခဲ့တဲ့ စပို႔တင္းလစၥဘြန္းနဲ႔ ယူ႐ိုပါလိဂ္ အေဝးကြင္းပြဲစဥ္ကို အဖ်ားေဝဒနာေၾကာင့္ သြားေရာက္ႏိုင္ျခင္း မရွိဘဲ လြဲေခ်ာ္ခဲ့တဲ့ ကပၸတိန္ မာတင္ ေအာ္ဒီဂြါဒ္ကေတာ့ ျပန္လည္ေကာင္းမြန္လာၿပီး ဖူလ္ဟမ္နဲ႔ပြဲမွာ ပြဲထြက္ကစားဖြယ္ရွိေနသလို ေဂ်ဆူးစ္ကေတာ့ လီယန္ဒ႐ို ထေရာ့ဆတ္နဲ႔အတူ အရန္ခုံမွာ ပါဝင္လာမယ္လို႔ ဂ်ာနယ္လစ္ ခ်ားလ္စ္ ဝပ္ထ္ ေဖာ္ျပ။

– ေအစီမီလန္အသင္းအေနနဲ႔ အာဆင္နယ္အသင္းကေန အငွားခ်ထားၿပီး ျပင္သစ္လိဂန္ကလပ္ ရင္းမ္စ္အသင္းမွာ ေျခစြမ္းျပေနခဲ့တဲ့ တိုက္စစ္မႉး ဖိုလာရင္ ဘာလိုဂြန္ကို ေႏြရာသီမွာ ေခၚယူသြားဖို႔ ႀကိဳးစားလာဖြယ္ရွိေနၿပီး သူတို႔ရဲ႕ ဂန္းနားေဟာင္းတစ္ဦးျဖစ္တဲ့ တိုက္စစ္မႉး အိုလီဗီးေယး ဂ်ီ႐ူးရဲ႕ ေနရာမွာ အစားထိုးသြားဖြယ္ရွိေန။

– “ေဖေဖာ္ဝါရီလအတြက္ အေကာင္းဆုံး ကစားသမားဆုကို မဲေပးခဲ့ၾကလို႔ ေက်းဇူးတင္ပါတယ္”လို႔ ေနာက္ခံလူ အိုလက္ဇန္ဒါ ဇင္ခ်န္ကိုက ပရိသတ္ေတြကို ေျပာၾကားလိုက္ၿပီး “အသင္းေဖာ္ေတြကေတာ့ ကြၽန္ေတာ့္ကို သတ္ၾကေတာ့မယ္ထင္တယ္။ ေဘာလုံးအေၾကာင္း နားလည္ရင္ ဘယ္သူမွ ကြၽန္ေတာ့္ကို မဲမေပးေလာက္ဘူးလို႔ ထင္ထားၾကလို႔ပါ”ဆိုၿပီး စေနာက္သြားခဲ့။

– အာဆင္နယ္တို႔အေနနဲ႔ ဝက္စ္ဟမ္းကြင္းလယ္လူ ဒက္ကလန္ ႐ိုက္စ္ကို ေခၚယူရာမွာ ၿပိဳင္ဘက္မရွိျဖစ္ေနလိမ့္မယ္လို႔ အေစာပိုင္းက ခန႔္မွန္းခံထားခဲ့ရေပမယ့္ လက္ရွိမွာေတာ့ ၿပိဳင္ဘက္ေပၚလာၿပီျဖစ္ၿပီး လာမယ့္ရာသီမွာ ခ်န္ပီယံလိဂ္ ကစားခြင့္ ေသခ်ာသေလာက္ျဖစ္ေနတဲ့ မန္ခ်က္စတာယူႏိုက္တက္နဲ႔ အၿပိဳင္လုရဖြယ္ရွိေန။

– လာမယ့္ေႏြရာသီမွာ ေတာင္ပံပစ္မွတ္အျဖစ္ အားျဖည့္သြားဖြယ္ရွိေနတဲ့ ေအစီမီလန္ကစားသမား ရာေဖးလ္ လီယာအိုဟာ သူတို႔ကို ခ်န္ပီယံ ဆုေတြအတြက္ ကူညီႏိုင္မယ့္ ကစားသမားမ်ိဳး မဟုတ္တာေၾကာင့္ လက္ေရွာင္သင့္တယ္လို႔ စီးရီးေအ တိုက္စစ္မႉးေဟာင္း အန္တိုနီယို ကက္ဆာႏိုက သတိေပးလိုက္ၿပီး ပရိသတ္ေတြအေနနဲ႔လည္း ေပါင္သန္း ၈၀ ေပးရမယ့္ ေပၚတူဂီသားက ေနာက္ထပ္ ေပေပျဖစ္လာမွာ စိုးရိမ္ေနၾက။

– အာဆင္နယ္နည္းျပ မီခယ္လ္ အာတီတာအေနနဲ႔ သူတို႔ရဲ႕ တိုက္စစ္ပိုင္းမွာ ကစားသမားအင္အား ေလ်ာ့က်ေနမႈအတြက္ စိတ္ပူေနၿပီး အက္ဒီ နကီးတီးယားကို လုံးဝ လက္လႊတ္ထားခဲ့ရခ်ိန္မွာ လီယန္ဒ႐ို ထေရာ့ဆတ္နဲ႔ ဂါဘရီယယ္လ္ ေဂ်ဆူးစ္တို႔ကို ရက္ပိုင္းအတြင္း ျပန္လည္ကစားႏိုင္ဖို႔ ေမွ်ာ္လင့္ေနၿပီး အလ်င္အျမန္သုံးစြဲလာလိမ့္မယ္လို႔ သတင္းထြက္လာ။

– ဂန္းနားေတြအေနနဲ႔ ဖူလ္ဟမ္နဲ႔ အေဝးကြင္း ကရာဗင္ေကာ့ေတ့ခ်္မွာ ေတြ႕ဆုံရမယ့္ ပြဲစဥ္မွာ အိမ္ရွင္ဘယ္ေတာင္ပံကစားသမား ေမနာ ေဆာ္လမြန္ကို အာ႐ုံစိုက္ရလိမ့္မယ္လို႔ ပရီးမီးယားလိဂ္ဝက္ဘ္ဆိုက္က ေရးသားလိုက္ၿပီး ေနာက္ဆုံး ကန္ခ်က္ ၅ ႀကိမ္မွာ ၄ ဂိုးရထားတဲ့ အစၥေရးသားရဲ႕ ဂိုးသြင္းစြမ္းရည္က အႏၲရာယ္ေပးလာလိမ့္မယ္လို႔ သတိေပး။

– အာဆင္နယ္တို႔အေနနဲ႔ ေႏြရာသီအတြက္ ေစာေစာစီးစီး ေျခလွမ္းစတင္ေနၿပီလို႔ သတင္းေတြက ေဖာ္ျပခဲ့ၾကၿပီး အနည္းဆုံး ခ်န္ပီယံလိဂ္ ဝင္ခြင့္ရေတာ့မယ့္ အေနအထားမွာ နာမည္ႀကီး ကစားသမားေတြကို ခ်ိတ္ဆက္ေနခဲ့သလို ဘိုင္ယာေလဗာကူဆင္ေတာင္ပံသမား မူဆာ ဒီယာဘီနဲ႔အတူ ယူ႐ိုသန္း ၆၀ ေလာက္ က်သင့္မယ့္ ဘရာဇီးလ္လူငယ္ ဗစ္တာ ႐ိုေကးလည္း ပါဝင္ေန။

– အာဆင္နယ္ကြင္းလယ္လူ ဂရာနစ္ ခ်ာကာက သူတို႔အသင္းအေနနဲ႔ ပရီးမီးယားလိဂ္ဆုဖလားနဲ႔အတူ ယူ႐ိုပါလိဂ္ကိုပါ ဗိုလ္စြဲႏိုင္ေအာင္ ႀကိဳးစားယွဥ္ၿပိဳင္သြားၾကမယ္လို႔ ထုတ္ေဖာ္ေျပာၾကားလိုက္ၿပီး အသင္းရဲ႕ အဝတ္လဲခန္းထဲမွာ အဓိက ဦးေဆာင္သူတစ္ဦးျဖစ္တဲ့ ဆြစ္ဇာလန္ဝါရင့္အေနနဲ႔ လူငယ္ေတြနဲ႔အတူ လုပ္ျပႏိုင္မယ္လို႔ ယုံၾကည္ေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.