Match Report Premier League

ပဲလေ့စ်ရဲ့ ပင်နယ်တီလက်ဆောင်နဲ့ပဲ အနိုင်ရပြီး အာဆင်နယ်ကို ဖိအားပေးတဲ့ မန်စီးတီး

မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အီဒါဆန်၊ ခံစစ်မှာ အာကန်ဂျီ၊ ရူဘင် ဒီယက်စ်၊ ဂျွန်စတုန်းစ်နဲ့ အာကေတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ရိုဒရီ၊ ဂွန်ဒိုးဝမ်နဲ့ ဘာနာဒို ဆေးလ်ဗားတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဂရီးလစ်ရှ်၊ ဖိုဒန်နဲ့ ဟားလန်းတို့ကို တွဲပေးခဲ့ပြီး ဒီဘရိုင်းနားကိုတော့ အရန်ခုံမှာပဲ ဆက်ထားခဲ့ပါတယ်။

အိမ်ရှင် ခရစ္စတယ်လ် ပဲလေ့စ်တို့ကတော့ ဂိုးသမား ဂွိုင်တာ၊ ခံစစ်မှာ ဂေးဟီ၊ အန်ဒါဆန်၊ ကလိုင်းန်နဲ့ မစ်ချဲလ်တို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ မီလီဗိုယေဗစ်ချ်၊ ဆမ်ဘီ လိုကွန်ဂါ၊ ရှလု(ပ်)၊ အိုလီဆေးနဲ့ ဇာဟာတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ အာယူးတစ်ဦးတည်းကို နေရာချထားခဲ့တာပါ။

ပွဲစကတည်းက မန်စီးတီးတို့ တဒိုင်းဒိုင်းကန်လိုက်ကြတာတွေက မြင်မကောင်း ရှုမကောင်းဖြစ်နေခဲ့ပြီး ပဲလေ့စ်နည်းပြ ဗီယာရာကတော့ ပိတ်ကစားဖို့ကလွဲပြီး တိကျသေချာတဲ့ Plan B လည်း မရှိခဲ့သလို တကယ်လို့ ဂိုးများပေးလိုက်ရရင် ဘယ်လိုတုံ့ပြန်ပြီး ချေပမလဲဆိုတဲ့ တိုက်စစ်ကို သွားဖို့ ဗျူဟာကလည်း ဇာဟာနဲ့ အာယူးတို့နှစ်ယောက်ဆီမှာ အဖြေရှိမနေခဲ့တာဖြစ်ပါတယ်။

ဒီပွဲမတိုင်ခင် လီဗာပူးလ်၊ ဗီလာတို့နဲ့ ပွဲတွေမှာ ဂိုးပေါက်တစ်ကြိမ်မှ မတည့်ခဲ့တာ သုံးနာရီတိတိ ရှိသွားပြီဖြစ်တဲ့ တိုက်စစ်ကို ပဲလေ့စ်တို့ ဘာမှ ပြင်ဆင်မထားနိုင်ခဲ့ဘဲ မန်စီးတီးတို့ဘက်ကို ကောင်တာတောင် အဖြစ်ရှိအောင် မဖောက်တတ်ခဲ့သလို ဧည့်သည်တွေဘက်က ဂရီးလစ်ရှ်နဲ့ ဟားလန်းတို့ လွဲချော်နေခဲ့ပြီး ဖရီးကစ်ကနေ ရိုဒရီရဲ့ ခေါင်းတိုက်ချက်ကလည်း ဂိုးသမား ဂွိုင်တာတည့်တည့်ကို တိုက်မိခဲ့တာပါ။

ပထမပိုင်းမှာ ဂိုးမရှိသရေ ရလဒ်သာ ထွက်ပေါ်နေခဲ့ပြီး ဒုတိယပိုင်းမှာလည်း မန်စီးတီးတို့ပဲ ဆက်ပြီး ဖိကစားခဲ့ပေမယ့် အနည်းငယ် ကျလာတဲ့ တိုက်စစ်ပိုင်းကို အားဖြည့်ဖို့အတွက် ပွဲချိန် ၅၈ မိနစ်မှာ ဖိုဒန်အစား အယ်လ်ဗာရက်ဇ်ကို ထည့်သွင်းခဲ့ပြီး သူ့ရဲ့ အလိမ်အလှည့်တွေမှာ ပဲလေ့စ်တို့ ပိုပြီး ပျာယာခတ်လာခဲ့တာကြောင့် ခံစစ်မှာပဲ အချိန်ကုန်နေခဲ့ရပါတယ်။

ပွဲချိန် ၆၁ မိနစ်မှာ ကွင်းလယ်ကို ထိန်းကျောင်းပေးနေပေမယ့် အဝါထိထားတဲ့ မီလီဗိုယေဗစ်ချ်ကို ထုတ်ချိန်မှာ ဘာရုပ်မှ မပေါက်သေးဘဲ စတုဂတ်မှာ ရာသီဝက်သာ တူတူတန်တန် ကစားဖူးသေးတဲ့ အာဟာမာဒါကို ထည့်လိုက်တာက ကွင်းလယ်မှာ အိုးနင်းခွက်နင်းဖြစ်ဖို့ အကြောင်းဖန်လာပြီး ခြေမှန်နေတဲ့ ကလိုင်းန်အစား ဂျိုးလ်ဝါ့ဒ်ကို ထပ်ထည့်လိုက်တာကတော့ ဗီယာရာကို လမ်းဆုံးသွားစေခဲ့တာပါ။

ပွဲချိန် ၇၈ မိနစ်မှာတော့ မန်စီးတီးတို့ အဖွင့်ဂိုးကို စတင်သွင်းယူသွားခဲ့ပြီး ဒီဂိုးကိုတော့ ထောင့်ကန်ဘောကို ဧရိယာထဲဆီ အတိုးပေးရာမှာ ဘောလုံးရသွားတဲ့ ဂွန်ဒိုးဝမ်ကို လန့်နိုးလာပြီး သွေးရူးသွေးတန်းဖျက်တဲ့ အိုလီဆေးက ဘောလုံးမထိဘဲ ခြေထောက်ကိုပဲ ထိခဲ့တာကြောင့် ပေးခဲ့ရတဲ့ ပင်နယ်တီကို ဟားလန်းက အမှားအယွင်းမရှိ ကန်သွင်းသွားခဲ့တာဖြစ်ပါတယ်။

ဗီယာရာအနေနဲ့ မိုးလွန်မှ ထွန်ချပြီး မိနစ် ၈၀ မှာ အာယူးနဲ့ ရှလု(ပ်)တို့အစား အေဒူယာနဲ့ အီဇီတို့ကို ထည့်သွင်းခဲ့ပေမယ့် ပုံပျက်နေပြီးဖြစ်တဲ့ အသင်းမှာ ချေပဂိုးပြန်ရဖို့ ကြိုးစားမယ့်သူက လက်ချိုးပြီး ရေရလောက်အောင် ရှားပါးနေခဲ့တာကြောင့် ဒိုင်ခံရုန်းနေခဲ့ရတဲ့ ဇာဟာကို ဘယ်သူမှ လိုက်ပြီး ကူညီမယ့်သူ မရှိဘဲ မန်စီးတီးတို့ရဲ့ ထိန်းချုပ်ကစားခြင်းကို ခံခဲ့ရတာပါ။

ပွဲချိန်အပြည့်မှာတော့ ဂိုးပေါက်မတည့်တဲ့ နောက်တစ်ပွဲကို ပိုင်ဆိုင်သွားခဲ့ပြီး ကစားချိန် သုံးပွဲနဲ့ လေးနာရီခွဲတိတိ ဂိုးပေါက်နဲ့ စိတ်ကောက်နေခဲ့တဲ့ ပဲလေ့စ်တို့ကို မန်စီးတီးတို့က လက်ဆောင်ရတဲ့ ပင်နယ်တီနဲ့ အနိုင်ရရှိခဲ့သလို ဒီပွဲရလဒ်ကြောင့် အာဆင်နယ်တို့ မကစားခင် နှစ်မှတ်အကွာကို ပြန်လည် ချဉ်းကပ်နိုင်ခဲ့ကြပြီး အိမ်ရှင်တွေကတော့ နောက်ဆုံး ၁၀ ပွဲဆက်တိုက် နိုင်ပွဲမရှိပေမယ့် အမှတ်ရဖို့ ခက်တဲ့ ပရီးမီးယားလိဂ်ရဲ့ အဆင့် ၁၂ မှာ ရပ်တည်နိုင်ဆဲဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား အီဒါဆန္၊ ခံစစ္မွာ အာကန္ဂ်ီ၊ ႐ူဘင္ ဒီယက္စ္၊ ဂြၽန္စတုန္းစ္နဲ႔ အာေကတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ႐ိုဒရီ၊ ဂြန္ဒိုးဝမ္နဲ႔ ဘာနာဒို ေဆးလ္ဗားတို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ဂရီးလစ္ရွ္၊ ဖိုဒန္နဲ႔ ဟားလန္းတို႔ကို တြဲေပးခဲ့ၿပီး ဒီဘ႐ိုင္းနားကိုေတာ့ အရန္ခုံမွာပဲ ဆက္ထားခဲ့ပါတယ္။

အိမ္ရွင္ ခရစၥတယ္လ္ ပဲေလ့စ္တို႔ကေတာ့ ဂိုးသမား ဂြိဳင္တာ၊ ခံစစ္မွာ ေဂးဟီ၊ အန္ဒါဆန္၊ ကလိုင္းန္နဲ႔ မစ္ခ်ဲလ္တို႔ကို ကစားေစခဲ့ၿပီး ကြင္းလယ္မွာေတာ့ မီလီဗိုေယဗစ္ခ်္၊ ဆမ္ဘီ လိုကြန္ဂါ၊ ရွလု(ပ္)၊ အိုလီေဆးနဲ႔ ဇာဟာတို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ အာယူးတစ္ဦးတည္းကို ေနရာခ်ထားခဲ့တာပါ။

ပြဲစကတည္းက မန္စီးတီးတို႔ တဒိုင္းဒိုင္းကန္လိုက္ၾကတာေတြက ျမင္မေကာင္း ရႈမေကာင္းျဖစ္ေနခဲ့ၿပီး ပဲေလ့စ္နည္းျပ ဗီယာရာကေတာ့ ပိတ္ကစားဖို႔ကလြဲၿပီး တိက်ေသခ်ာတဲ့ Plan B လည္း မရွိခဲ့သလို တကယ္လို႔ ဂိုးမ်ားေပးလိုက္ရရင္ ဘယ္လိုတုံ႔ျပန္ၿပီး ေခ်ပမလဲဆိုတဲ့ တိုက္စစ္ကို သြားဖို႔ ဗ်ဴဟာကလည္း ဇာဟာနဲ႔ အာယူးတို႔ႏွစ္ေယာက္ဆီမွာ အေျဖရွိမေနခဲ့တာျဖစ္ပါတယ္။

ဒီပြဲမတိုင္ခင္ လီဗာပူးလ္၊ ဗီလာတို႔နဲ႔ ပြဲေတြမွာ ဂိုးေပါက္တစ္ႀကိမ္မွ မတည့္ခဲ့တာ သုံးနာရီတိတိ ရွိသြားၿပီျဖစ္တဲ့ တိုက္စစ္ကို ပဲေလ့စ္တို႔ ဘာမွ ျပင္ဆင္မထားႏိုင္ခဲ့ဘဲ မန္စီးတီးတို႔ဘက္ကို ေကာင္တာေတာင္ အျဖစ္ရွိေအာင္ မေဖာက္တတ္ခဲ့သလို ဧည့္သည္ေတြဘက္က ဂရီးလစ္ရွ္နဲ႔ ဟားလန္းတို႔ လြဲေခ်ာ္ေနခဲ့ၿပီး ဖရီးကစ္ကေန ႐ိုဒရီရဲ႕ ေခါင္းတိုက္ခ်က္ကလည္း ဂိုးသမား ဂြိဳင္တာတည့္တည့္ကို တိုက္မိခဲ့တာပါ။

ပထမပိုင္းမွာ ဂိုးမရွိသေရ ရလဒ္သာ ထြက္ေပၚေနခဲ့ၿပီး ဒုတိယပိုင္းမွာလည္း မန္စီးတီးတို႔ပဲ ဆက္ၿပီး ဖိကစားခဲ့ေပမယ့္ အနည္းငယ္ က်လာတဲ့ တိုက္စစ္ပိုင္းကို အားျဖည့္ဖို႔အတြက္ ပြဲခ်ိန္ ၅၈ မိနစ္မွာ ဖိုဒန္အစား အယ္လ္ဗာရက္ဇ္ကို ထည့္သြင္းခဲ့ၿပီး သူ႔ရဲ႕ အလိမ္အလွည့္ေတြမွာ ပဲေလ့စ္တို႔ ပိုၿပီး ပ်ာယာခတ္လာခဲ့တာေၾကာင့္ ခံစစ္မွာပဲ အခ်ိန္ကုန္ေနခဲ့ရပါတယ္။

ပြဲခ်ိန္ ၆၁ မိနစ္မွာ ကြင္းလယ္ကို ထိန္းေက်ာင္းေပးေနေပမယ့္ အဝါထိထားတဲ့ မီလီဗိုေယဗစ္ခ်္ကို ထုတ္ခ်ိန္မွာ ဘာ႐ုပ္မွ မေပါက္ေသးဘဲ စတုဂတ္မွာ ရာသီဝက္သာ တူတူတန္တန္ ကစားဖူးေသးတဲ့ အာဟာမာဒါကို ထည့္လိုက္တာက ကြင္းလယ္မွာ အိုးနင္းခြက္နင္းျဖစ္ဖို႔ အေၾကာင္းဖန္လာၿပီး ေျခမွန္ေနတဲ့ ကလိုင္းန္အစား ဂ်ိဳးလ္ဝါ့ဒ္ကို ထပ္ထည့္လိုက္တာကေတာ့ ဗီယာရာကို လမ္းဆုံးသြားေစခဲ့တာပါ။

ပြဲခ်ိန္ ၇၈ မိနစ္မွာေတာ့ မန္စီးတီးတို႔ အဖြင့္ဂိုးကို စတင္သြင္းယူသြားခဲ့ၿပီး ဒီဂိုးကိုေတာ့ ေထာင့္ကန္ေဘာကို ဧရိယာထဲဆီ အတိုးေပးရာမွာ ေဘာလုံးရသြားတဲ့ ဂြန္ဒိုးဝမ္ကို လန႔္ႏိုးလာၿပီး ေသြး႐ူးေသြးတန္းဖ်က္တဲ့ အိုလီေဆးက ေဘာလုံးမထိဘဲ ေျခေထာက္ကိုပဲ ထိခဲ့တာေၾကာင့္ ေပးခဲ့ရတဲ့ ပင္နယ္တီကို ဟားလန္းက အမွားအယြင္းမရွိ ကန္သြင္းသြားခဲ့တာျဖစ္ပါတယ္။

ဗီယာရာအေနနဲ႔ မိုးလြန္မွ ထြန္ခ်ၿပီး မိနစ္ ၈၀ မွာ အာယူးနဲ႔ ရွလု(ပ္)တို႔အစား ေအဒူယာနဲ႔ အီဇီတို႔ကို ထည့္သြင္းခဲ့ေပမယ့္ ပုံပ်က္ေနၿပီးျဖစ္တဲ့ အသင္းမွာ ေခ်ပဂိုးျပန္ရဖို႔ ႀကိဳးစားမယ့္သူက လက္ခ်ိဳးၿပီး ေရရေလာက္ေအာင္ ရွားပါးေနခဲ့တာေၾကာင့္ ဒိုင္ခံ႐ုန္းေနခဲ့ရတဲ့ ဇာဟာကို ဘယ္သူမွ လိုက္ၿပီး ကူညီမယ့္သူ မရွိဘဲ မန္စီးတီးတို႔ရဲ႕ ထိန္းခ်ဳပ္ကစားျခင္းကို ခံခဲ့ရတာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ ဂိုးေပါက္မတည့္တဲ့ ေနာက္တစ္ပြဲကို ပိုင္ဆိုင္သြားခဲ့ၿပီး ကစားခ်ိန္ သုံးပြဲနဲ႔ ေလးနာရီခြဲတိတိ ဂိုးေပါက္နဲ႔ စိတ္ေကာက္ေနခဲ့တဲ့ ပဲေလ့စ္တို႔ကို မန္စီးတီးတို႔က လက္ေဆာင္ရတဲ့ ပင္နယ္တီနဲ႔ အႏိုင္ရရွိခဲ့သလို ဒီပြဲရလဒ္ေၾကာင့္ အာဆင္နယ္တို႔ မကစားခင္ ႏွစ္မွတ္အကြာကို ျပန္လည္ ခ်ဥ္းကပ္ႏိုင္ခဲ့ၾကၿပီး အိမ္ရွင္ေတြကေတာ့ ေနာက္ဆုံး ၁၀ ပြဲဆက္တိုက္ ႏိုင္ပြဲမရွိေပမယ့္ အမွတ္ရဖို႔ ခက္တဲ့ ပရီးမီးယားလိဂ္ရဲ႕ အဆင့္ ၁၂ မွာ ရပ္တည္ႏိုင္ဆဲျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.