Match Report Premier League

တပ်ပျက် လက်စတာကို ဟာဗတ်ဇ် ခြေစွမ်းပြမှုနဲ့ နှစ်ပွဲဆက်အနိုင်ရတဲ့ ချဲလ်ဆီး

ချဲလ်ဆီးအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ကီပါ၊ ခံစစ်မှာ ကူလီဘေလီ၊ ဖိုဖာနာနဲ့ ကူကူရဲလားတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ကိုဗာချစ်ချ်၊ အန်ဇို ဖာနန်ဒက်ဇ်၊ လော့ဖ်တပ်စ်-ချိခ်နဲ့ ချေးလ်ဝဲလ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ မူဒရစ်ခ်၊ ဂျာအို ဖဲလစ္စနဲ့ ဟာဗတ်ဇ်တို့ကို ပွဲထုတ်ခဲ့တာ ဖြစ်ပါတယ်။

အိမ်ရှင် လက်စတာစီးတီးတို့ကတော့ ဂိုးသမား ဒန်နီ ဝါ့ဒ်၊ ခံစစ်မှာ ဆောက်တာ၊ အမာတေနဲ့ ဖာ့စ်တို့ကို အထိုင်ချခဲ့ပြီး ကွင်းလယ်မှာတော့ နမ်ပလီ မန်ဒီ၊ ဂျူးစ်ဘာရီ-ဟောလ်၊ ရီကာဒို ပါရဲရား၊ ကက်စတာညာနဲ့ မက်ဒီဆန်တို့ကို စုဖွဲ့လာခဲ့သလို တိုက်စစ်မှာတော့ အီဟန်နာချိုနဲ့ ဒါကာတို့ကို တွဲဖက်ကစားစေခဲ့တာပါ။

နည်းပြ ဘရန်ဒန် ရော့ဂျားစ်အနေနဲ့ နောက်ခံလူ ဗက်စတာဂါ့ဒ်နဲ့ ပုဂ္ဂိုလ်ရေးအရပါ အဆင်မပြေဘဲဖြစ်နေခဲ့ချိန်မှာ အန်ဒီဒီနဲ့ ပရက်တို့လို ရင့်ကျက်ပါးနပ်တဲ့ ကစားသမားကောင်းတွေကို ခေါက်ထားပြီး ဘောလုံးဦးနှောက် မရှိတဲ့ မန်ဒီနဲ့ ဘာတွေဖြစ်ချင်နေတာလဲလို့ မေးခွန်းထုတ်ရမလိုဖြစ်ခဲ့ပြီး ကွင်းလယ်မှာ ချူချာလွန်းတဲ့ ကစားသမားတွေကို မက်ဒီဆန်တစ်ယောက်တည်း ထိန်းကျောင်းလို့ မရနိုင်ဘဲဖြစ်နေခဲ့ပါတယ်။

ပွဲချိန် ၁၁ မိနစ်မှာ ချဲလ်ဆီးတို့ အဖွင့်ဂိုး စတင်ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာထောင့်ကန်ဘောကို ချေးလ်ဝဲလ် ဖြတ်တင်ရာကနေ ပြန်ကျလာတဲ့ ဘောလုံးကို ကူလီဘေလီက လိုက်လံရယူပြီး ဂိုးရှေ့ကို ပြန်မ,ပေးရာမှာ လက်စတာခံစစ်ရဲ့ ‌ဖျက်ဖို့ မကြိုးစားကြတဲ့ အမှားကို အခွင့်ကောင်း ယူပြီး ချေးလ်ဝဲလ်က Volley ကန်သွင်းယူခဲ့ရာမှာ အနီးတိုင်ခြေကို ဝင်သွားခဲ့လို့ ဂိုးသမား ဝါ့ဒ်ရဲ့ နှေးကွေးမှုမှာ ဂိုးပေးလိုက်ရတာပါ။

ဒီဂိုးအတွက် ပွဲကြည့်စင်ရှေ့မှာ အောင်ပွဲခံခဲ့တဲ့ ချေးဝဲလ်ကို အသင်းဟောင်း လက်စတာပရိသတ်တွေက ဒေါသထွက်ခဲ့ကြပြီး ဘောလုံးထိတိုင်း လှောင်ပြောင်ခဲ့ကြသလို နောက်ထပ် ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ဖိုဖာနာနဲ့လည်း ဆက်ဆံရေးက ဆိုးရွားခဲ့တာကို တွေ့ရပြီး ပွဲချိန် ၁၄ မိနစ်မှာတော့ မက်ဒီဆန်ရဲ့ ဖရီးကစ်ကနေ အမာတေ ခေါင်းမတိုက်နိုင်ဘဲ လွဲချော်ခဲ့လို့ တစ်ဂိုးစီသရေဖြစ်ခွင့် လွဲချော်ခဲ့ပါတယ်။

လက်စတာရဲ့ တစ်ပွဲလုံးမှာ လူကျွံဘော ဖမ်းပုံ မသေသပ်တဲ့ ခံစစ်လိုင်းကို ဧည့်သည်တွေက ထိုးနှက်ဖို့ ကြိုးစားခဲ့ကြသလို ပွဲချိန် ၂၄ မိနစ်မှာ လွတ်ထွက်သွားတဲ့ ဂျာအို ဖဲလစ္စက ဂိုးသမား ဝါ့ဒ်ကို ကျော်ချဖို့ ကြိုးစားခဲ့တာက တိုင်ထိထွက်ခဲ့လို့ အိမ်ရှင်တွေ သက်သာခဲ့ရပြီး ပွဲချိန် ၂၆ မိနစ်မှာတော့ ဂျူးစ်ဘာရီ-ဟောလ်ရဲ့ ဧရိယာထိပ်ကန်ချက် ဘားထိထွက်ခဲ့သလို ဖဲလစ္စရဲ့ ပွဲချိန် ၃၄ မိနစ်က သွင်းဂိုးကတော့ လူကျွံနေခဲ့တာပါ။

ပွဲချိန် ၃၉ မိနစ်မှာတော့ လက်စတာတို့ ချေပဂိုး ပြန်လည်သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းခံစစ်ဇုန်မှာ မလိုအပ်ဘဲ လိမ်ခေါက်ပြီး ဘောလုံးပျက်တဲ့ ဂျာအို ဖဲလစ္စကြောင့် ရီကာဒို ပါရဲရားက လုယူသွားနိုင်ခဲ့ပြီး ဒါကာကို ပေးရာမှာ ဇမ်ဘီယာတိုက်စစ်မှူးက ဧရိယာအပြင်ကနေ အပြင်း ကန်သွင်းခဲ့တာကို ကီပါ မကာကွယ်နိုင်ခဲ့လို့ တစ်ဂိုးစီသရေပြန်ဖြစ်နေခဲ့ပါတယ်။

ပွဲချိန် ၄၁ မိနစ်မှာ ဧရိယာထိပ်က မက်ဒီဆန်ရဲ့ ကန်ချက်တစ်ကြိမ်နဲ့ နောက်တစ်မိနစ်အကြာမှာ အီဟန်နာချိုရဲ့ ဧရိယာထဲက Volley ကန်ချက်တစ်ကြိမ်ကို ဂိုးသမား ကီပါ ကာကွယ်နိုင်ခဲ့တာကတော့ ဒီပွဲရဲ့ အလှည့်အပြောင်းလည်းဖြစ်ခဲ့ပြီး အိမ်ရှင်တွေရဲ့ ဦးဆောင်ခွင့်ကို ငြင်းပယ်ပစ်နိုင်ခဲ့သလို ထပ်မံဦးဆောင်နိုင်ဖို့ အကြောင်းဖန်လာခဲ့တာပါ။

နာကျင်အချိန်ပို ၆ မိနစ်မှာတော့ ချဲလ်ဆီးတို့ နောက်တစ်ကြိမ် ထပ်မံဦးဆောင်နိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘောလုံးကောင်းကောင်း မကစားတတ်ဘူးလို့ လက်စတာဖန်တွေရဲ့ ဝေဖန်ခံနေရတဲ့ နောက်ခံလူ ဖာ့စ်ရဲ့ ခေါင်းပေါ်ကနေ အန်ဇို ဖာနန်ဒက်ဇ်က ကျော်ချပေးခဲ့ရာမှာ ဟာဗတ်ဇ်က ပြေးလိုက်ပြီး ဂိုးသမား ဝါ့ဒ်ရဲ့ ခေါင်းပေါ်ကနေ ကျော်သွင်းယူခဲ့လို့ ပထမပိုင်းအပြီးမှာ နှစ်ဂိုး-တစ်ဂိုးဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်းအစမှာတော့ ကွင်းလယ်ကို ပိုအားပြုဖို့ ဂျာအို ဖဲလစ္စအစား ဂါလာဂါကို ထည့်သွင်းလာခဲ့ချိန်မှာ ပိုမိုအားကောင်းလာတဲ့ ချဲလ်ဆီးရဲ့ ကစားအားမှာ လက်စတာတို့ ရုန်းကန်နေခဲ့ရပြီး မက်ဒီဆန်တစ်ယောက်တည်း အလူးအလဲဖြစ်နေခဲ့သလို ပွဲချိန် ၆၅ မိနစ်မှာတော့ ထောင့်ကန်ဘောကနေ ဆောက်တာက ပိတ်သွင်းဖို့ ကြိုးစားခဲ့တာကိုတော့ ဂိုးသမား ကီပါ လွတ်ထွက်သွားခဲ့ပေမယ့် ဂါလာဂါက ရှင်းထုတ်သွားနိုင်ခဲ့တာပါ။

ပွဲချိန် ၆၆ မိနစ်မှာတော့ လက်စတာနည်းပြ ရော့ဂျားစ်အနေနဲ့ သရေပြန်ရနေမှာစိုးလို့များ လူလဲလိုက်သလားလို့ လှောင်ပြောင်ရအောင် အလွဲတွေ လုပ်ခဲ့ပြန်ပြီး ကွင်းလယ်မှာ ဖျက်အားကောင်းတဲ့ မန်ဒီကို ထုတ်ပြီး ဘောလုံးသမား ဟုတ်ပုံမရတဲ့ ဆူမာရေးကို ထည့်သွင်းခဲ့ရာမှာတော့ ကစားကွက်က ဆိုးဆိုးရွားရွားကို လေးပင်သွားခဲ့ပြီး အမာတေနဲ့ ဒါကာအစား ဝင်လာတဲ့ တီတီနဲ့ ဟာဗီ ဘန်းစ်တို့ကတော့ အနည်းငယ် လှုပ်ရှားပြနိုင်ခဲ့ကြတာဖြစ်ပါတယ်။

ပွဲချိန် ၆၈ မိနစ်မှာ ထောင့်ကန်ဘောကနေ ဟာဗတ်ဇ်ရဲ့ လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက်ချက်ကို ဂိုးသမား ဝါ့ဒ် ပုတ်ထုတ်ခဲ့ရသလို ပွဲချိန် ၇၂ မိနစ်မှာ ဟာဗီ ဘန်းစ် ခေါင်းတိုက်ချပေးတာကို ပိတ်နိုင်ရုံနဲ့ ဝင်နေပြီဖြစ်တဲ့ ဘောလုံးကိုတော့ ဂျူးစ်ဘာရီ-ဟောလ်က ချော်ကန်ပစ်ခဲ့ပြီး ကောင်တာကနေ ဂိုးသွင်းခဲ့တဲ့ မူဒရစ်ခ်ရဲ့ ၇၅ မိနစ် သွင်းဂိုးကတော့ လူကျွံနေခဲ့လို့ ပယ်ဖျက်ခံခဲ့ရတာပါ။

ပွဲချိန် ၇၇ မိနစ်မှာတော့ ချဲလ်ဆီးတို့အတွက် အနိုင်သေချာစေမယ့် တတိယဂိုးကို ရရှိခဲ့ပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ လူကျွံထောင်ချောက်ကို ဖြတ်ထိုးပေးခဲ့တဲ့ ဘောလုံးကို ဟာဗတ်ဇ်က ညာခြမ်းကနေ ဆွဲပြေးပြီး ဂိုးရှေ့ကို ဖြတ်တင်ပေးခဲ့ရာမှာ မူဒရစ်ခ်က ဂိုးရှေ့ကို ခေါင်းပြန်တိုက်အချမှာ နောက်က လိုက်လာခဲ့တဲ့ ကိုဗာချစ်ချ်က ပြေးဝင်ကန်သွင်းပြီး ရယူသွားခဲ့တာဖြစ်ပါတယ်။

လက်ကျန်ပွဲချိန်တွေမှာတော့ ချဲလ်ဆီးတို့ပဲ ပွဲကို ထိန်းချုပ်ကစားသွားခဲ့ပြီး ပွဲချိန်အပြည့်မှာတော့ လက်စတာတို့ကို သုံးဂိုး-တစ်ဂိုးနဲ့ အနိုင်ရခဲ့သလို ဒီပွဲရလဒ်ကြောင့် အဆင့် ၁၀ မှာပဲ ဆက်လက်ရပ်တည်နေခဲ့ပေမယ့် ရှေ့က အသင်းတွေ ခြေချော်ရင် အခွင့်အရေး အပြည့်အဝ ယူနိုင်မယ့် အနေအထားကို ရောက်ရှိသွားခဲ့ချိန်မှာ အိမ်ရှင်မြေခွေးတွေကတော့ ရော့ဂျားစ်နဲ့အတူ ချန်ပီယံရှစ်ကို သွားမယ့် ပုံစံရှိနေခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ကီပါ၊ ခံစစ္မွာ ကူလီေဘလီ၊ ဖိုဖာနာနဲ႔ ကူကူရဲလားတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ကိုဗာခ်စ္ခ်္၊ အန္ဇို ဖာနန္ဒက္ဇ္၊ ေလာ့ဖ္တပ္စ္-ခ်ိခ္နဲ႔ ေခ်းလ္ဝဲလ္တို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ မူဒရစ္ခ္၊ ဂ်ာအို ဖဲလစၥနဲ႔ ဟာဗတ္ဇ္တို႔ကို ပြဲထုတ္ခဲ့တာ ျဖစ္ပါတယ္။

အိမ္ရွင္ လက္စတာစီးတီးတို႔ကေတာ့ ဂိုးသမား ဒန္နီ ဝါ့ဒ္၊ ခံစစ္မွာ ေဆာက္တာ၊ အမာေတနဲ႔ ဖာ့စ္တို႔ကို အထိုင္ခ်ခဲ့ၿပီး ကြင္းလယ္မွာေတာ့ နမ္ပလီ မန္ဒီ၊ ဂ်ဴးစ္ဘာရီ-ေဟာလ္၊ ရီကာဒို ပါရဲရား၊ ကက္စတာညာနဲ႔ မက္ဒီဆန္တို႔ကို စုဖြဲ႕လာခဲ့သလို တိုက္စစ္မွာေတာ့ အီဟန္နာခ်ိဳနဲ႔ ဒါကာတို႔ကို တြဲဖက္ကစားေစခဲ့တာပါ။

နည္းျပ ဘရန္ဒန္ ေရာ့ဂ်ားစ္အေနနဲ႔ ေနာက္ခံလူ ဗက္စတာဂါ့ဒ္နဲ႔ ပုဂၢိဳလ္ေရးအရပါ အဆင္မေျပဘဲျဖစ္ေနခဲ့ခ်ိန္မွာ အန္ဒီဒီနဲ႔ ပရက္တို႔လို ရင့္က်က္ပါးနပ္တဲ့ ကစားသမားေကာင္းေတြကို ေခါက္ထားၿပီး ေဘာလုံးဦးေႏွာက္ မရွိတဲ့ မန္ဒီနဲ႔ ဘာေတြျဖစ္ခ်င္ေနတာလဲလို႔ ေမးခြန္းထုတ္ရမလိုျဖစ္ခဲ့ၿပီး ကြင္းလယ္မွာ ခ်ဴခ်ာလြန္းတဲ့ ကစားသမားေတြကို မက္ဒီဆန္တစ္ေယာက္တည္း ထိန္းေက်ာင္းလို႔ မရႏိုင္ဘဲျဖစ္ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၁၁ မိနစ္မွာ ခ်ဲလ္ဆီးတို႔ အဖြင့္ဂိုး စတင္ရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ညာေထာင့္ကန္ေဘာကို ေခ်းလ္ဝဲလ္ ျဖတ္တင္ရာကေန ျပန္က်လာတဲ့ ေဘာလုံးကို ကူလီေဘလီက လိုက္လံရယူၿပီး ဂိုးေရွ႕ကို ျပန္မ,ေပးရာမွာ လက္စတာခံစစ္ရဲ႕ ‌ဖ်က္ဖို႔ မႀကိဳးစားၾကတဲ့ အမွားကို အခြင့္ေကာင္း ယူၿပီး ေခ်းလ္ဝဲလ္က Volley ကန္သြင္းယူခဲ့ရာမွာ အနီးတိုင္ေျခကို ဝင္သြားခဲ့လို႔ ဂိုးသမား ဝါ့ဒ္ရဲ႕ ေႏွးေကြးမႈမွာ ဂိုးေပးလိုက္ရတာပါ။

ဒီဂိုးအတြက္ ပြဲၾကည့္စင္ေရွ႕မွာ ေအာင္ပြဲခံခဲ့တဲ့ ေခ်းဝဲလ္ကို အသင္းေဟာင္း လက္စတာပရိသတ္ေတြက ေဒါသထြက္ခဲ့ၾကၿပီး ေဘာလုံးထိတိုင္း ေလွာင္ေျပာင္ခဲ့ၾကသလို ေနာက္ထပ္ ကစားသမားေဟာင္းတစ္ဦးျဖစ္တဲ့ ဖိုဖာနာနဲ႔လည္း ဆက္ဆံေရးက ဆိုး႐ြားခဲ့တာကို ေတြ႕ရၿပီး ပြဲခ်ိန္ ၁၄ မိနစ္မွာေတာ့ မက္ဒီဆန္ရဲ႕ ဖရီးကစ္ကေန အမာေတ ေခါင္းမတိုက္ႏိုင္ဘဲ လြဲေခ်ာ္ခဲ့လို႔ တစ္ဂိုးစီသေရျဖစ္ခြင့္ လြဲေခ်ာ္ခဲ့ပါတယ္။

လက္စတာရဲ႕ တစ္ပြဲလုံးမွာ လူကြၽံေဘာ ဖမ္းပုံ မေသသပ္တဲ့ ခံစစ္လိုင္းကို ဧည့္သည္ေတြက ထိုးႏွက္ဖို႔ ႀကိဳးစားခဲ့ၾကသလို ပြဲခ်ိန္ ၂၄ မိနစ္မွာ လြတ္ထြက္သြားတဲ့ ဂ်ာအို ဖဲလစၥက ဂိုးသမား ဝါ့ဒ္ကို ေက်ာ္ခ်ဖို႔ ႀကိဳးစားခဲ့တာက တိုင္ထိထြက္ခဲ့လို႔ အိမ္ရွင္ေတြ သက္သာခဲ့ရၿပီး ပြဲခ်ိန္ ၂၆ မိနစ္မွာေတာ့ ဂ်ဴးစ္ဘာရီ-ေဟာလ္ရဲ႕ ဧရိယာထိပ္ကန္ခ်က္ ဘားထိထြက္ခဲ့သလို ဖဲလစၥရဲ႕ ပြဲခ်ိန္ ၃၄ မိနစ္က သြင္းဂိုးကေတာ့ လူကြၽံေနခဲ့တာပါ။

ပြဲခ်ိန္ ၃၉ မိနစ္မွာေတာ့ လက္စတာတို႔ ေခ်ပဂိုး ျပန္လည္သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘယ္ျခမ္းခံစစ္ဇုန္မွာ မလိုအပ္ဘဲ လိမ္ေခါက္ၿပီး ေဘာလုံးပ်က္တဲ့ ဂ်ာအို ဖဲလစၥေၾကာင့္ ရီကာဒို ပါရဲရားက လုယူသြားႏိုင္ခဲ့ၿပီး ဒါကာကို ေပးရာမွာ ဇမ္ဘီယာတိုက္စစ္မႉးက ဧရိယာအျပင္ကေန အျပင္း ကန္သြင္းခဲ့တာကို ကီပါ မကာကြယ္ႏိုင္ခဲ့လို႔ တစ္ဂိုးစီသေရျပန္ျဖစ္ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၄၁ မိနစ္မွာ ဧရိယာထိပ္က မက္ဒီဆန္ရဲ႕ ကန္ခ်က္တစ္ႀကိမ္နဲ႔ ေနာက္တစ္မိနစ္အၾကာမွာ အီဟန္နာခ်ိဳရဲ႕ ဧရိယာထဲက Volley ကန္ခ်က္တစ္ႀကိမ္ကို ဂိုးသမား ကီပါ ကာကြယ္ႏိုင္ခဲ့တာကေတာ့ ဒီပြဲရဲ႕ အလွည့္အေျပာင္းလည္းျဖစ္ခဲ့ၿပီး အိမ္ရွင္ေတြရဲ႕ ဦးေဆာင္ခြင့္ကို ျငင္းပယ္ပစ္ႏိုင္ခဲ့သလို ထပ္မံဦးေဆာင္ႏိုင္ဖို႔ အေၾကာင္းဖန္လာခဲ့တာပါ။

နာက်င္အခ်ိန္ပို ၆ မိနစ္မွာေတာ့ ခ်ဲလ္ဆီးတို႔ ေနာက္တစ္ႀကိမ္ ထပ္မံဦးေဆာင္ႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ေဘာလုံးေကာင္းေကာင္း မကစားတတ္ဘူးလို႔ လက္စတာဖန္ေတြရဲ႕ ေဝဖန္ခံေနရတဲ့ ေနာက္ခံလူ ဖာ့စ္ရဲ႕ ေခါင္းေပၚကေန အန္ဇို ဖာနန္ဒက္ဇ္က ေက်ာ္ခ်ေပးခဲ့ရာမွာ ဟာဗတ္ဇ္က ေျပးလိုက္ၿပီး ဂိုးသမား ဝါ့ဒ္ရဲ႕ ေခါင္းေပၚကေန ေက်ာ္သြင္းယူခဲ့လို႔ ပထမပိုင္းအၿပီးမွာ ႏွစ္ဂိုး-တစ္ဂိုးျဖစ္ေနခဲ့ပါတယ္။

ဒုတိယပိုင္းအစမွာေတာ့ ကြင္းလယ္ကို ပိုအားျပဳဖို႔ ဂ်ာအို ဖဲလစၥအစား ဂါလာဂါကို ထည့္သြင္းလာခဲ့ခ်ိန္မွာ ပိုမိုအားေကာင္းလာတဲ့ ခ်ဲလ္ဆီးရဲ႕ ကစားအားမွာ လက္စတာတို႔ ႐ုန္းကန္ေနခဲ့ရၿပီး မက္ဒီဆန္တစ္ေယာက္တည္း အလူးအလဲျဖစ္ေနခဲ့သလို ပြဲခ်ိန္ ၆၅ မိနစ္မွာေတာ့ ေထာင့္ကန္ေဘာကေန ေဆာက္တာက ပိတ္သြင္းဖို႔ ႀကိဳးစားခဲ့တာကိုေတာ့ ဂိုးသမား ကီပါ လြတ္ထြက္သြားခဲ့ေပမယ့္ ဂါလာဂါက ရွင္းထုတ္သြားႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၆၆ မိနစ္မွာေတာ့ လက္စတာနည္းျပ ေရာ့ဂ်ားစ္အေနနဲ႔ သေရျပန္ရေနမွာစိုးလို႔မ်ား လူလဲလိုက္သလားလို႔ ေလွာင္ေျပာင္ရေအာင္ အလြဲေတြ လုပ္ခဲ့ျပန္ၿပီး ကြင္းလယ္မွာ ဖ်က္အားေကာင္းတဲ့ မန္ဒီကို ထုတ္ၿပီး ေဘာလုံးသမား ဟုတ္ပုံမရတဲ့ ဆူမာေရးကို ထည့္သြင္းခဲ့ရာမွာေတာ့ ကစားကြက္က ဆိုးဆိုး႐ြား႐ြားကို ေလးပင္သြားခဲ့ၿပီး အမာေတနဲ႔ ဒါကာအစား ဝင္လာတဲ့ တီတီနဲ႔ ဟာဗီ ဘန္းစ္တို႔ကေတာ့ အနည္းငယ္ လႈပ္ရွားျပႏိုင္ခဲ့ၾကတာျဖစ္ပါတယ္။

ပြဲခ်ိန္ ၆၈ မိနစ္မွာ ေထာင့္ကန္ေဘာကေန ဟာဗတ္ဇ္ရဲ႕ လြတ္လြတ္ကြၽတ္ကြၽတ္ ေခါင္းတိုက္ခ်က္ကို ဂိုးသမား ဝါ့ဒ္ ပုတ္ထုတ္ခဲ့ရသလို ပြဲခ်ိန္ ၇၂ မိနစ္မွာ ဟာဗီ ဘန္းစ္ ေခါင္းတိုက္ခ်ေပးတာကို ပိတ္ႏိုင္႐ုံနဲ႔ ဝင္ေနၿပီျဖစ္တဲ့ ေဘာလုံးကိုေတာ့ ဂ်ဴးစ္ဘာရီ-ေဟာလ္က ေခ်ာ္ကန္ပစ္ခဲ့ၿပီး ေကာင္တာကေန ဂိုးသြင္းခဲ့တဲ့ မူဒရစ္ခ္ရဲ႕ ၇၅ မိနစ္ သြင္းဂိုးကေတာ့ လူကြၽံေနခဲ့လို႔ ပယ္ဖ်က္ခံခဲ့ရတာပါ။

ပြဲခ်ိန္ ၇၇ မိနစ္မွာေတာ့ ခ်ဲလ္ဆီးတို႔အတြက္ အႏိုင္ေသခ်ာေစမယ့္ တတိယဂိုးကို ရရွိခဲ့ၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္ကေန လူကြၽံေထာင္ေခ်ာက္ကို ျဖတ္ထိုးေပးခဲ့တဲ့ ေဘာလုံးကို ဟာဗတ္ဇ္က ညာျခမ္းကေန ဆြဲေျပးၿပီး ဂိုးေရွ႕ကို ျဖတ္တင္ေပးခဲ့ရာမွာ မူဒရစ္ခ္က ဂိုးေရွ႕ကို ေခါင္းျပန္တိုက္အခ်မွာ ေနာက္က လိုက္လာခဲ့တဲ့ ကိုဗာခ်စ္ခ်္က ေျပးဝင္ကန္သြင္းၿပီး ရယူသြားခဲ့တာျဖစ္ပါတယ္။

လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ ခ်ဲလ္ဆီးတို႔ပဲ ပြဲကို ထိန္းခ်ဳပ္ကစားသြားခဲ့ၿပီး ပြဲခ်ိန္အျပည့္မွာေတာ့ လက္စတာတို႔ကို သုံးဂိုး-တစ္ဂိုးနဲ႔ အႏိုင္ရခဲ့သလို ဒီပြဲရလဒ္ေၾကာင့္ အဆင့္ ၁၀ မွာပဲ ဆက္လက္ရပ္တည္ေနခဲ့ေပမယ့္ ေရွ႕က အသင္းေတြ ေျခေခ်ာ္ရင္ အခြင့္အေရး အျပည့္အဝ ယူႏိုင္မယ့္ အေနအထားကို ေရာက္ရွိသြားခဲ့ခ်ိန္မွာ အိမ္ရွင္ေျမေခြးေတြကေတာ့ ေရာ့ဂ်ားစ္နဲ႔အတူ ခ်န္ပီယံရွစ္ကို သြားမယ့္ ပုံစံရွိေနခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.